၎) Myocsrditis နှလုံးကြွက်သား ရောင်ခြင်း
Risk for SCD
၃) ECG ဆွဲခြင်း
# Unicode Version # ဖြင့် ဖတ်ပါ #
အသက် ၃၅ အောက် အားကစား သမားများ ယှဉ်ပြိုင် ကစားစဉ် သေဆုံးစေသော အကြောင်းရင်းများ-
၁) HOCM မွေးရာပါ နှလုံးကြွက်သား ထူသောရောဂါ (၃၅ %)
ရုတ်တရက် အားကစား လုပ်စဉ် မသေဆုံးမီ ၉၆ % သောလူနာများ ၏ ECG တွင် ရောဂါ တွေ့ရှိနိုင်သည်။
Population screening ခေါ် အားကစားသမားများ အားလုံး ဆေးစစ်ပါက ECG သည် Echocardiogram နှင့် ရလဒ် အတူတူဖြစ်သည်၊
၂) ARVT မွေးရာပါ နှလုံးလက်ယာဘက်အောက်ခန်း ရောဂါကြောင့် နှလုံးခုန် ရုတ်တရက် မြန်သောရောဂါ (၂၅ %)
ရုတ်တရက် အားကစား လုပ်စဉ်မသေဆုံးမီ ၈၈% ျသာလူနာများ၏ ECG တွင်ရောဂါ တွေ့နိုင်သည်။
၃) မွေးရာပါ လက်ဝဲ နှလုံးသွေးကြော မူမမှန်သောနေရာမှ ပေါ်ထွက်ခြင်း
၄) Myocsrditis နှလုံးကြွက်သား ရောင်ခြင်း
၅) Aortic rupture သွေးကြောမကြီး ပေါက်ကွဲခြင်း
၆) Valve disease နှလုံးအဆို့ရှင် ရောဂါ
၇) WPW နှင့် နှလုံးလျှပ်စီးပါတ်လမ်း မွေးရာပါ မူမမှန်ရောဂါ
၈) Brugada ကဲ့သို့ နှလုံးကြွက်သား ဆဲလ်များ၏ ion channel မူမမှန်ျသာရောဂါ
၉) ကုသထားသော / မကုသရသေးသော မွေးရာပါ နှလုံးရောဂါများ တို့ဖြစိသည်။
Risk for SCD
၁) ဖခင်သည် အားကစားပြုလုပ်စဉ် ရုတ်တရက်သေဆုံး ပါက သားသမီးတွင် ဖြစ်နိုင်ခြေ ၁.၈ ဆ
၂) မိခင်တွင် အားကစားပြုလုပ်စဉ် ရုတ်တရက်သေဆုံးပါက သားသမီးတွင်ဖြစ်နိုင်ခြေ ၂.၅၉ ဆ
၃) မိခင်ရော ဖခင်ပါ အားကစားပြုလုပ်စဉ် ရုတ်တရက် သေဆုံးပါက သားသမီးတွင်ဖြစ်နိုင်ခြေ ၉.၄၄ ဆ
ကာကွယ်ခြင်းသည် အကောင်းဆုံး အားကစားသမားများ အားလုံးအတွက်
၁) လူနာရာဇဝင် မေးခြင်း / မိသားစု ရာဇဝင်မေးခြင်း
၂) လူနာအား နှလုံး စမ်းသပ် ၍ နားကြပ်ဖြင့် နားထောင်ခြင်း
၃) ECG ဆွဲခြင်း
အထက်ပါကဲ့သို့ လုပ်ဆောင်ပါက false positive ခေါ် ထင်ယောင်မှားဖြစ်ခြင်း ၇% တွေ့ရပြီး positive finding မှာ ၉%, နှလုံးရောဂါ ၂% နှင့် အားကစားပြုလုပ်စဉ် သေဆုံးနိုင်သော ရောဂါ ဝ.၂ % သာတွေ့ရှိနိုင်သည်။
လူငယ် အားကစားသမားများ ၏ အားကစားလုပ် စဉ်ရုတ်တရက် သေဆုံး သော အကြောင်းများအား ကြိုတင်သိရှိနိုင်ခြင်း
အားကစားပြိုငိပွဲ မဝင်မီ/ပြင်းထန်သောအားကစား မပြုလုပ်မီ ဆေးစစ် ရန်လိုအပ်သည်
ဆေးစစ်၍ ကျရူံး သော အားကစား သမားများအား ပြိုင်ပွဲ မဝင်စေခြင်းဖြင့် အားကစားပြုလုပ်စဉ် ရုတ်တရက် သေဆုံးခြင်းအားကာကွယ်နိုင်သည်။
(အားကစားပြုလုပ် စဉ်ရုတ်တရက် နှလုံးရပ်ပါက Basic life support ပြုလုပ်ခြင်း AED DC shock ရိုက်ကုသ ရန်လိုအပ်သည်။ AED အလွယ်တကူ မရရှိသဖြင့် အများစုမှာ သေဆုံးသည် အသက်မကယ်နိုင်။)
ဖိုးသူတော် (www.phothutaw.com)
Credit:Dr. မောင်မောင်ဌေး(နှလုံးအထူးကု ဆရာဝန်ကြီး)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top