20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ေတာင္ႀကီး-မိတီၳလာလမ္း မိုင္တိုင္ ၃၈/၄ နဲ႔ ၅ အၾကား သာစည္ၿမိဳ႕နယ္ ေရေပါင္းဆုံရြာအနီးမွာ ေမ ၁၆ ရက္ေန႔လယ္က ခရီးသည္တင္ကားနဲ႔ ေထာက္ပို႔တပ္ကားတို႔ တိုက္မိရာ ၁ ဦးေသဆုံး၊ ၁၁ ဦး ဒဏ္ရာရသြားတယ္လုိ႔ ယင္းမာပင္ရြာရဲစခန္းက ေျပာပါတယ္။

ယာဥ္ေမာင္း စုိးမင္းေထြးက ေမာင္းလာတဲ့  မေကြး-ေတာင္ႀကီး ခရီးသည္တင္ကားကုိ တပ္သား ေအာင္ေဇာ္မင္း (ခ) ဒိန္းေဒါင္ ေမာင္းလာတဲ့ ေထာက္ပုိ႔တပ္ကားက လမ္းအေကြ႔မွာ ခရီးသည္တင္ကားရဲ႕ ဘယ္ဘက္ျခမ္းေနာက္ဘက္အား တိုက္မိခ့ဲတာပါ။

ခရီးသည္တင္ကားေပၚပါ အမ်ိဳးသား ၇ ဦး၊ အမ်ိဳးသမီး ၅ ဦး ဒဏ္ရာရၾကၿပီး ရွားေတာရြာ ေခ်ာက္ၿမိဳ႕နယ္ေန ေဒၚျမင့္ျမင့္သန္း (၅၀ ႏွစ္) ကေတာ့ အခင္းျဖစ္ေနရာမွာ ေသဆုံးသြားပါတယ္။

ယင္းမာပင္ရြာရဲစခန္း တာဝန္က်ရဲအရာရွိက “ခရီးသည္ကားက ယာဥ္ေမာင္းပါ ၁၂ ဦး ဒဏ္ရာရတယ္။ အမ်ိဳးသမီး ၁ ဦးကေတာ့ ေနရာတင္ ေသဆုံးသြားတယ္။ ယင္းမာပင္တိုက္နယ္ေဆး႐ုံ ပုိ႔ေပးရတယ္” လုိ႔ ေျပာပါတယ္။

ေရေပါင္းဆုံရြာခံတဦးက “ကားေတြကေတာ့ ႏွစ္စီးလုံး စုတ္ျပတ္ကုန္တာပဲ။ အရွိန္ေတြပါၾကတယ္၊ ခရီးသည္ေတြ ဒဏ္ရာရကုန္တယ္”လုိ႔ ေျပာပါတယ္။

ေထာက္ပို႔တပ္ကားေပၚပါ တပ္ၾကပ္ႀကီး ေအာင္ဝင္း နဲ႔ ယာဥ္ေမာင္း တပ္သားေအာင္ေဇာ္မင္း (ခ) ဒိန္းေဒါင္တို႔ကေတာ့ ဒဏ္ရာမရၾကဘူးလုိ႔ ဆုိပါတယ္။

သာစည္ၿမိဳ႕နယ္ ယင္းမာပင္ရြာ ရဲစခန္းက တပ္သားေအာင္ေဇာ္မင္း (ခ) ဒိန္းေဒါင္ကို ယာဥ္မဆင္မျခင္ေမာင္းႏွင္မႈေၾကာင့္ လူေသဆုံးမႈ ရာဇသတ္ႀကီးပုဒ္မ-၃၀၄(က) ျပင္းထန္ဒဏ္ရာရရွိမႈ ရာဇသတ္ႀကီး ပုဒ္မ-၃၃၈၊ သာမန္ဒဏ္ရာရေစမႈရာဇသတ္ႀကီး ပုဒ္မ-၃၃၇ တို႔နဲ႔ အမႈဖြင့္ထားတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

တောင်ကြီး-မိတ္ထီလာလမ်း မိုင်တိုင် ၃၈/၄ နဲ့ ၅ အကြား သာစည်မြို့နယ် ရေပေါင်းဆုံရွာအနီးမှာ မေ ၁၆ ရက်နေ့လယ်က ခရီးသည်တင်ကားနဲ့ ထောက်ပို့တပ်ကားတို့ တိုက်မိရာ ၁ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရသွားတယ်လို့ ယင်းမာပင်ရွာရဲစခန်းက ပြောပါတယ်။

ယာဉ်မောင်း စိုးမင်းထွေးက မောင်းလာတဲ့  မကွေး-တောင်ကြီး ခရီးသည်တင်ကားကို တပ်သား အောင်ဇော်မင်း (ခ) ဒိန်းဒေါင် မောင်းလာတဲ့ ထောက်ပို့တပ်ကားက လမ်းအကွေ့မှာ ခရီးသည်တင်ကားရဲ့ ဘယ်ဘက်ခြမ်းနောက်ဘက်အား တိုက်မိခဲ့တာပါ။

ခရီးသည်တင်ကားပေါ်ပါ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး ဒဏ်ရာရကြပြီး ရှားတောရွာ ချောက်မြို့နယ်နေ ဒေါ်မြင့်မြင့်သန်း (၅၀ နှစ်) ကတော့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။

ယင်းမာပင်ရွာရဲစခန်း တာဝန်ကျရဲအရာရှိက “ခရီးသည်ကားက ယာဉ်မောင်းပါ ၁၂ ဦး ဒဏ်ရာရတယ်။ အမျိုးသမီး ၁ ဦးကတော့ နေရာတင် သေဆုံးသွားတယ်။ ယင်းမာပင်တိုက်နယ်ဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။

ရေပေါင်းဆုံရွာခံတဦးက “ကားတွေကတော့ နှစ်စီးလုံး စုတ်ပြတ်ကုန်တာပဲ။ အရှိန်တွေပါကြတယ်၊ ခရီးသည်တွေ ဒဏ်ရာရကုန်တယ်”လို့ ပြောပါတယ်။

ထောက်ပို့တပ်ကားပေါ်ပါ တပ်ကြပ်ကြီး အောင်ဝင်း နဲ့ ယာဉ်မောင်း တပ်သားအောင်ဇော်မင်း (ခ) ဒိန်းဒေါင်တို့ကတော့ ဒဏ်ရာမရကြဘူးလို့ ဆိုပါတယ်။

သာစည်မြို့နယ် ယင်းမာပင်ရွာ ရဲစခန်းက တပ်သားအောင်ဇော်မင်း (ခ) ဒိန်းဒေါင်ကို ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) ပြင်းထန်ဒဏ်ရာရရှိမှု ရာဇသတ်ကြီး ပုဒ်မ-၃၃၈၊ သာမန်ဒဏ်ရာရစေမှုရာဇသတ်ကြီး ပုဒ်မ-၃၃၇ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top