ကမၻာပ်က္ တာနဲ႔ ပတ္သတ္ၿပီး တပည့္ေတာ္မ သိခ်င္ ပါတယ္ဘုရား။ ယခု ကမၻာ ဟာ ဘဒၵကမၻာ လို႕ ဆိုပါတယ္။ သုိ႔ေသာ္ လည္း ဂဂၤါ၀ါဠဳ သဲစုမ က ဘုရား ေတြ ပြင့္ခဲ့ တယ္ ဆိုတဲ့ အဆိုက ဘယ္ လိုမ်ိဳး မ်ား ကို ဆိုလုိ တာ လည္း ဘုရား၊ ကမၻာ ပ်က္ တာက ဘယ္လုိမ်ိဳး ျဖစ္တာလည္း ဘုရား။ ဘာေၾကာင့္ ကမၻာ ပ်က္ရတယ္ ဆိုတာကို လည္း သိခ်င္ ပါတယ္ ဘုရား။

ကမၻာ ေပါင္း မ်ားစြာ ျဖစ္ေပၚ ခဲ့ပါတယ္။ ကမၻာေပါင္း မ်ားစြာ ပ်က္ခဲ့ပါတယ္။ ေရတြက္ လို႕ မရပါ။ ကမၻာ ဟာ ေရတြက္ လို႔ မရသလို သတၱ၀ါ တစ္ေယာက္ရဲ႕ ဘ၀ဟာ လည္း ေရတြက္ လို႔ မရေအာင္ မ်ားျပား လွပါတယ္။

ဗုဒၶ လက္ထက္ က ဥပသာလက အမည္ ရွိတဲ့ ပုဏၰားႀကီး ဟာ ရာဇၿဂိဳလ္ၿမိဳ႕ ကို ရံပတ္ထား တဲ့ ေ တာ င္ငါးလံုး ထဲက ဂုဇၥ်ကုဋ္တာင္ေပၚ ကို တက္သြား ၿပီး ေတာင္ထိပ္ က ေျမျပန္႔ေလး မွာ သူ႔ကို ျမဳ တ္ဖုိ႔ သားျဖစ္သူ ကို ျပတယ္။

ၿပီးတာ နဲ႔ ေတာင္ေအာက္ ကို ျပန္ဆင္း လာတဲ့ အခါ ဘုရားရွင္ နဲ႔ ေတြ႔ တယ္၊ အက်ိဳး အေၾကာင္း ေ မးၿပီး တာနဲ႔ ဘုရားရွင္ ဟာ လူေသ မျမဳပ္ဖူး ေသးဘူးလို႕ ပုဏၰားႀကီး ယူဆ ထားတဲ့ ေနရာ ကို လုိက္ ၾကည့္ ၿပီး ဒီဂါထာ ကို ေဟာၾကား ပါတယ္။ ဒီဂါထာ အဆံုး မွာ ပုဏၰားႀကီး ဟာ ေသာတာပန္ တည္ ပါတယ္။ ဒီဂါထာ ဟာ သတၱ၀ါ တစ္ေယာက္ ရဲ႕ ဘ၀ေတြ ဟာ ဘယ္ ေလာက္ ထိ ေအာင္ မ်ားျပား တယ္ ဆိုတာ ကို ျပပါတယ္။

ဥပသာလက နာမာနိ၊
သဟႆနိ စတုဒၵသ။
အသိၼ ံပေဒေသ ဒဂနိ
နတိၱေလာေက အနာမတံ။

ပုဏၰားႀကီး သင္ယခု ညႊန္ျပ ေသာ ေနရာ ၌ ဥပသာလက ဟူေသာ အမည္ ျဖင့္ သင္ ၏ အေလာ င္းေ ကာင္ ေပါင္း တစ္ေသာင္း ေလးေထာင္ တိတိ မီးသၿဂိဳလ္ ေလာင္ ကၽြမ္း ျမဳပ္ႏွံ ခဲ့ဖူး ေလၿပီ။ ေ လာ က ေျမအျပင္ ၌ လူေသ ေကာင္ပုတ္ မျမဳတ္ဖူး ေသာ ေနရာ ဟူ၍ မရွိေပ။

ေတာင္ေပၚက သံုးေပ ေျခာက္ေပ ေနရာ ကြက္လပ္ေလး မွာ ေတာင္ အေလာင္းေကာင္ ေပါင္း ဥပ သာလက အမည္ တစ္ခုတည္း နဲ႔ တင္ တစ္ေသာင္းေလးေထာင္ ျမဳတ္ႏွံ ၿပီးသြားၿပီ ဆုိေတာ့ တျခား နာမည္ နဲ႔၊ တျခား ေျမျပန္႔ ေနရာေတြ မွာ ဘယ္ေလာက္ ထိ ေသခဲ႔ ျမႇပ္ႏွံ ခဲ့မယ္ ဆိုတာ သတိ သံေ ၀ဂ ယူသင့္ ပါတယ္။

ဘုရား ေတြ ပြင့္တယ္ ဆိုတာ သူ႔ကမၻာ နဲ႕သူ ပြင့္တာ ကို ေျပာတာပါ။ ဒီ ဘဒၵ ကမၻာမွာ ဘုရား ငါးဆူ ပြင့္ၿပီး မၿပီးမခ်င္း၊ ကမၻာ က မပ်က္ပါဘူး။ ကမၻာပ်က္ ပံုရယ္ ဘာေၾကာင့္ ပ်က္ရ တယ္ ဆိုတာရယ္ ကိုေပါင္း ၿပီး ေျဖပါမယ္။ ကမၻာ ဟာ မီးဖ်က္တဲ့ ကမၻာ၊ ေရဖ်က္တဲ့ ကမၻာ၊ ေလဖ်က္ တဲ့ ကမၻာလို႕ သံုးမ်ိဳး ရွိပါတယ္။

လိုခ်င္တဲ့ ေလာဘ ဓါတ္ ေတြ လူသား ေတြ သႏၲာန္မွာ အားႀကီး လာရင္ ကမၻာ ေလာက ႀကီး အင တ္ေဘး ဆိုက္တယ္၊ ေလာဘ ဓါတ္ ဟာ ဒီထက္ ပို၍ အားႀကီး လာမယ္ ဆိုရင္ ကမၻာ ေလာကႀကီး ဟာ မီးေလာင္ ၿပီး ပ်က္စီး သြား ရတယ္။ ကမၻာ ဖ်က္ မီးေလာင္ရင္ ေျမႀကီး ပါ မက်န္ေအာင္ ေလာ င္ကၽြမ္း တဲ့ အတြက္ အပါယ္ ေလးဘံု၊ လူ႕ဘံု၊ နတ္ၿပည္ ေျခာက္ထပ္၊ ျဗဟၼဘံု ႏွစ္ဆယ္ ထဲက ပထ မ စ်ာန္ ျဗဟၼ ဘံု ၃ဘံု ပါသြားတယ္။

စိတ္ဆိုး တဲ့ အမ်က္ ထြက္တဲ့၊ ရန္ၿငိဳး ဖြဲ႕တဲ့ ေဒါသ ဓါတ္ေတြ လူသား ေတြ သႏၲာန္မွာ အားႀကီး လာ ရ င္ ကမၻာ ေလာက ႀကီးက လက္နက္ေဘး ( စစ္ပြဲေဘး ) ဆိုက္ တယ္၊ စစ္ပြဲ မွန္သမွ် ဟာ ေဒါ သ ေ ၾကာင့္ ျဖစ္ရတာ ခ်ည္းပါ။ ဒီထက္ ေဒါသဓါတ္ ေတြ မ်ားလာ မယ္ ဆိုရင္ ကမၻာ ေလာကႀကီး ဟာ ေရေတြ လႊမ္းမိုးၿပီး ပ်က္စီး သြားရတယ္။ ေရေၾကာင့္ ကမၻာ ပ်က္ၿပီ ဆိုရင္ အပၸါယ္ ေလးဘံု၊ လူ႕ဘံု၊ နတ္ဘံု၊ ပထမ စ်ာန္ ျဗဟၼဘံု ၃ ဘံု ႏွင့္ ဒုတိယ စ်ာန္ ျဗဟၼ ဘံု ၃ဘံု ပ်က္စီး သြား ပါတယ္။

အမွန္ ကို မသိတဲ့၊ ေတြေ၀ တဲ့ ေမာဟ ဓါတ္ေတြ လူသား ေတြ သႏၱာန္မွာ အားၾကီး လာမယ္ ဆိုရင္ ကမၻာ ေလာကႀကီး ဟာ ေရာဂါ ေဘးဆိုက္ တယ္။ ေအအိုင္ဒီအက္ (စ္)တို႕၊ ဆားစ္ ေရာဂါ တို႔၊ ၾကက္တုပ္ေကြး၊ ၀က္တုပ္ ေကြး ေရာဂါေတြ ဟာ ေမာဟဓါတ္ ေၾကာင့္ ျဖစ္လာ တာပါ၊ ဒီ့ထက္ ေမာ ဟ ဓါတ္ေတြ အားႀကီး လာမယ္ ဆိုရင္ ကမၻာ ေလာက ႀကီး ဟာ ေလေတြ လႊမ္း မိုးၿပီး ပ်က္စီး သြား ရပါတယ္။

ေလေၾကာင့္ ကမၻာ ပ်က္ ၿပီဆိုရင္ အပါယ္ ေလးဘုံ၊ လူ႕ဘုံ၊ နတ္ဘုံ၊ ပထမ စ်ာန္ ျဗဟၼာ ဘုံ သုံးဘုံ၊ ဒုတိယ စ်ာန္ ျဗဟၼာ ဘုံ သုံးဘုံ၊ တတိယ စ်ာန္ ျဗဟၼာ ဘုံ သုံးဘုံ ထိ ပ်က္စိးသြား ပါတယ္။ က်န္ တဲ့ ျဗဟၼာ ဘုံ ( ၁၁ ) ဘုံ ကေတာ့ မီး၊ ေရ၊ ေလ ဘာပဲ ဖ်က္ဖ်က္ မပ်က္ ဘဲ က်န္ ခဲ့ပါတယ္။ ကမၻာ ေလာကမွာ လူစ ျဖစ္တယ္ ဆိုတာ အဲဒီ က်န္ ခဲ့တဲ့ ျဗဟၼာဘုံ ( ၁၁ ) ဘုံက ျဗဟၼာ ေ တြ ျဗ ဟၼာ သက္ကုန္လို႕ ေသ ၿပီး လူ႕ဘ၀ ေရာက္ရာ ကေန စၾက တာပါပဲ။

အက်ဥ္းခ်ဴပ္ လိုက္ရင္ ေတာ့ ဘာေၾကာင့္ ကမၻာ ပ်က္ ရတာလဲ ဆိုရင္ လူသား ေတြ ရဲ႕ သႏၱာန္ မွာ ျဖစ္ေပၚ လာတဲ့ ေလာဘ၊ ေဒါသ၊ ေမာဟ ဆိုတဲ့ ကိေလသာ ေတြ ေၾကာင့္ ပါပဲ။ ဒါေၾကာင့္ ေ လာဘ ကုန္ဖို ့ အတြက္ ဒါန မ်ားမ်ား ျပဳပါ … ဓူတင္ ေဆာက္တည္ ပါ … အသုဘ ဘာ၀နာ ပြါးပါ …. ၀ိပႆနာ တရား နာၾကား ရႈပြါး ပါ။ ေဒါသ ကုန္ ဖို ့အတြက္ ေမတၱာ ဘာ၀နာ အၿမဲ ပြါး ပါ ။ ေ မာဟ ကုန္ဖို႔ အတြက္ ရဟႏၲာ ျဖစ္တဲ့ အထိ ၀ိပႆနာ တရား ကို နာၾကား ရွုပြါးပါ။

ဥပသာဠကဇာတက ၊ ၁ ၊ ၄၁ ။
ဓမၼပဒ ၊ ႒၊ ၂ ၊ ၃၄၂ ။
ဇာတက ၊ ႒ ၊ ၂ ၊ ၅၀ ။

မီး – ေရ – ေလေၾကာင့္ ကမၻာပ်က္ပုံ

ကမၻာပ်က္တဲ့အခါမွာ မီးေၾကာင့္ ပ်က္တာလည္း ရွိတယ္၊ ေရေၾကာင့္ ပ်က္တာလည္း ရွိတယ္၊
ေလေၾကာင့္ ပ်က္တာလည္း ရွိတယ္။ မီးေၾကာင့္ (၇)ႀကိမ္တိုင္တိုင္ ပ်က္ၿပီးတဲ့အခါ (၈)ႀကိမ္ေျမာက္တိုင္း (၈)ႀကိမ္ေျမာက္တိုင္းမွာ ေရေၾကာင့္ ကမၻာႀကီး ပ်က္ရျပန္တယ္။

ဒီနည္းအတိုင္း မီးေၾကာင့္ (၇)ႀကိမ္ ေရေၾကာင့္ (၁)ႀကိမ္, မီးေၾကာင့္ (၇)ႀကိမ္, ေရေၾကာင့္ (၁)ႀကိမ္ – – ဆိုတဲ့ ဓမၼတာအတိုင္း ကမၻာႀကီး ပ်က္လာလိုက္တာ (၆၄)ႀကိမ္ျပည့္တဲ့အခါ ေလေၾကာင့္ တစ္ခါ ကမၻာႀကီး ပ်က္ရျပန္တယ္။
ဒါေၾကာင့္ ဒီကမၻာႀကီးဟာ မီးေၾကာင့္ ပ်က္တဲ့အခါလည္း ပ်က္တယ္၊ ေရေၾကာင့္ ပ်က္တဲ့အခါလည္း ပ်က္တယ္၊ ေလေၾကာင့္ ပ်က္တဲ့အခါလည္း ပ်က္တယ္။

မီးေၾကာင့္ ပ်က္တဲ့အခါ ကာမ (၁၁)ဘုံ ႏွင့္ ႐ူပါ၀စရျဗဟၼာ့ျပည္ထဲက ပထမစ်ာန္သုံးဘုံအထိ အကုန္လုံး ပ်က္တယ္။ ေရေၾကာင့္ ပ်က္တဲ့အခါ ကာမ (၁၁)ဘုံႏွင့္ ႐ူပါ၀စရျဗဟၼာ့ျပည္ထဲက ဒုတိယစ်ာန္သုံးဘုံအထိ အကုန္လုံး ပ်က္တယ္။ ေလေၾကာင့္ ပ်က္တဲ့အခါ ကာမ (၁၁)ဘုံႏွင့္ ႐ူပါ၀စရျဗဟၼာ့ျပည္ထဲက ေ၀ဟပၹိဳလ္ဘုံေအာက္ တတိယစ်ာန္ သုံးဘုံအထိ အကုန္လုံး ပ်က္တယ္။

အဲဒီလို ကမၻာႀကီး ပ်က္ေနတာလည္း အႏၲရကပ္ေပါင္း (၆၄)ႀကိမ္ေလာက္ပဲ အခ်ိန္ကာလ ၾကာေညာင္း ပါတယ္၊ သံ၀႗ကပ္ = ပ်က္ဆဲကပ္လို႔ ေခၚဆိုပါတယ္၊ ပရမာဏုျမဴခန္႔ အမႈန္ကေလးေတြေတာင္ မက်န္ရေအာင္ အားလုံး ပ်က္သြားတယ္။ ပ်က္သြားၿပီး တဲ့အခါ ဘာမွ်မရွိဘဲ လဟာျပင္ အတိုင္း တည္ေနတာလည္း အႏၲရကပ္ေပါင္း (၆၄)ႀကိမ္ေလာက္ပဲ အခ်ိန္ ကာလ ၾကာေညာင္းပါတယ္၊ သံ၀႗ဌာယီကပ္လို႔ ေခၚဆိုပါတယ္၊ အပ်က္အတိုင္း တည္ေနတဲ့ ကပ္ပဲ။

တစ္ခါ ကမၻာျပဳမိုး ရြာတဲ့အခ်ိန္အခါက စၿပီး ေန, လ, နကၡတ္တာရာေတြ ထြက္လာတဲ့အခ်ိန္အထိ ကမၻာႀကီး တည္လာ
တာလည္း အႏၲရကပ္ေပါင္း (၆၄)ႀကိမ္ေလာက္ပဲ အခ်ိန္ကာလ ၾကာေညာင္းပါတယ္၊ ၀ိ၀႗ကပ္လို႔ ေခၚတယ္၊ ကမၻာတည္ ေနဆဲကပ္ပဲ။

ေန, လ, နကၡတ္တာရာေတြ ထြက္တဲ့အခ်ိန္အခါက စၿပီး ကမၻာႀကီး ပ်က္တဲ့အခ်ိန္အထိ ကမၻာႀကီး တည္ေနတာလည္း အႏၲရကပ္ေပါင္း (၆၄)ႀကိမ္ေလာက္ပဲ ၾကာေညာင္းပါတယ္၊ ၀ိ၀႗ဌာယီကပ္လို႔ ေခၚဆိုပါတယ္၊ တည္ၿပီးအတိုင္း ဆက္လက္ တည္ရွိေနတဲ့ ကပ္ပဲ။ ခုေျပာခဲ့တဲ့ သံ၀႗, သံ၀႗ဌာယီ, ၀ိ၀႗, ၀ိ၀႗ဌာယီလို႔ေခၚတဲ့ ကပ္ေလးကပ္ကို တစ္ကမၻာလို႔
ေခၚဆိုပါတယ္။

အခု ေဟာေနတဲ့ ဂဒၵဳလဗဒၶသုတၱန္မွာေတာ့ ကမၻာပ်က္မႈနဲ႔ ပတ္သက္လို႔ မီးေၾကာင့္ပ်က္တဲ့ ကမၻာကို
စံထားၿပီးေတာ့ ဘုရားရွင္က တရားေတာ္ကို ေဟာၾကားေတာ္မူေနပါတယ္။
(ပထမဂဒၵဳလဗဒၶသုတၱန္)

” ဖားေအာက္ေတာရဆရာေတာ္ “(စိတ္ဓာတ္ျပဳျပင္ေျပာင္းလဲေရးတရားေဒသနာေတာ္)

မဟာသမုဒၵရာေရ ခန္းေျခာက္ခ်ိန္
ေဟာတိ ေသာ ဘိကၡေ၀ သမေယာ ယံ မဟာသမုေဒၵါ ဥႆုႆတိ ၀ိသုႆတိ န ဘ၀တိ၊
န ေတြ၀ါဟံ ဘိကၡေ၀ အ၀ိဇၨာနီ၀ရဏာနံ သတၱာနံ တဏွာသံေယာဇနာနံ သႏၶာ၀တံ သံသရတံ
ဒုကၡႆ အႏၲကိရိယံ ၀ဒါမိ။

ဘိကၡေ၀ = ခ်စ္သားရဟန္းတုိ႔ …။ ယံ = ယသၼႎ ကာေလ = အၾကင္ အခါကာလ၌။
မဟာသမုေဒၵါ = မဟာသမုဒၵရာႀကီးသည္။ ဥႆုႆတိ = အထက္၌ ခန္းေျခာက္၍ သြားေပ၏။
၀ိႆုႆတိ = အထူးထူး အျပားျပား ခန္းေျခာက္၍ သြားေပ၏။ န ဘ၀တိ = မျဖစ္မရွိေတာ့ေပ။

ေသာ သမေယာ = ထိုကဲ့သို႔ေသာ အခ်ိန္အခါမ်ဳိးသည္။ ေဟာတိ = ရွိေသးသည္သာလွ်င္တည္း။ တစ္ခ်ိန္ ကမၻာပ်က္ခါနီး ၿပီဆိုတဲ့ အခ်ိန္ကာလတစ္ခုသို႔ ဆုိက္ေရာက္လာၿပီ ဆိုၾကစို႔၊ အလြန္ ႀကီးက်ယ္ေနတဲ့ ေရထုထည္ မ်ားျပားေနတဲ့ မဟာ သမုဒၵရာႀကီး ရွိတယ္။ ေနေတြ တစ္စင္းၿပီး တစ္စင္း, တစ္စင္းၿပီး တစ္စင္း ထြက္လာရာက ေနငါးစင္း ေလာက္ ထြက္လာ ၿပီဆိုရင္ မဟာသမုဒၵရာေရေတြ အားလံုး ခန္းေျခာက္သြားတယ္။ အဲဒီလို အခ်ိန္အခါမ်ဳိးဟာ တစ္ခ်ိန္ ၾကံဳၾကလိမ့္မယ္၊

သံသရာခရီး မဆံုးေသးရင္ေတာ့ မိမိတို႔ကလည္း လူ႕ဘ၀မွာပဲ တည္ရွိေနၾကေသးတယ္ဆိုရင္ ဒီဒုကၡက မိမိတို႔
ရင္ဆိုင္ ၾကရမည့္ ဒုကၡတစ္ခု ျဖစ္ပါတယ္။ အဲဒီလုိ မဟာသမုဒၵရာေရေတြ ခန္းေျခာက္သြားတဲ့ အခ်ိန္အခါမ်ဳိး
မွာေတာင္ သတၱ၀ါေတြရဲ႕ သံသရာခရီးကို ဘုရားရွင္က ဘယ္လို ေဟာေတာ္မူသလဲ?

န ေတြ၀ါဟံ ဘိကၡေ၀ အ၀ိဇၨာနီ၀ရဏာနံ သတၱာနံ တဏွာသံေယာဇနာနံ သႏၶာ၀တံ သံသရတံ ဒုကၡႆ အႏၲကိရိယံ ၀ဒါမိ။

ဘိကၡေ၀ = ခ်စ္သားရဟန္းတို႔ …။ တဒါ = တသိၼမၸိ ကာေလ = ထိုကဲ့သို႔ေသာ အခ်ိန္ခါမ်ဳိး၌ေသာ္လည္း
ပဲ။ အ၀ိဇၨာနီ၀ရဏာနံ = အ၀ိဇၨာနီ၀ရဏတရားသည္ ပိတ္ဖံုးကာဆီးအပ္ကုန္သည္ျဖစ္၍။
တဏွာသံေယာဇနာနံ = တဏွာတည္းဟူေေသာ သံေယာဇဥ္ႀကဳိးက ရစ္ပတ္ေႏွာင္ဖဲြ႕ထားအပ္ကုန္သည္ျဖစ္၍။
သႏၶာ၀တံ = ထိုဘ၀မွ ဤဘ၀, ဤဘ၀မွ ထိုဘ၀သို႔ တေျပာင္းျပန္ျပန္ က်င္လည္
က်က္စား ေျပးသြား၍ ေနၾကရကုန္ေသာ။

သံသရတံ = တစ္ခုေသာ ဘ၀၌လည္းပဲ ထပ္ကာထပ္ကာ
က်င္လည္က်က္စား ေျပးသြား၍ ေနၾကရကုန္ေသာ။ သတၱာနံ = သတၱ၀ါတို႔၏။ ဒုကၡႆ = သံသရာ
၀ဋ္ဆင္းရဲဒုကၡ၏။ အႏၲကိရိယံ = အဆံုးအပိုင္းအျခားကို ျပဳျခင္းကို။ အဟံ = ငါဘုရားသည္။ န
ေတြ၀ ၀ဒါမိ = ေဟာေတာ္မမူသည္သာလွ်င္တည္း။

ေနငါးစင္းထြက္လာလို႔ မဟာသမုဒၵရာေရေတြ ခန္းေျခာက္သြားတဲ့ အခ်ိန္အခါကာလတစ္ခု တစ္ေန႔ ျဖစ္ေပၚလာလိမ့္မယ္။ အဲဒီအခ်ိန္အခါမ်ဳိးမွာေသာ္လည္း အ၀ိဇၨာနီ၀ရဏတရားက ပိတ္ဖံုး ကာဆီးထားအပ္တဲ့, တဏွာတည္းဟူေသာ သံေယာဇဥ္ႀကိဳးရဲ႕ ရစ္ပတ္ေႏွာင္ဖြဲ႕မႈကို ခံေနရတဲ့ ဒီသတၱ၀ါေတြရဲ႕ သံသရာ၀ဋ္ဆင္းရဲဒုကၡႀကီးဟာ ကုန္ဆံုးသြားလိမ့္ မယ္လုိ႔ ငါဘုရား မေဟာဘူး။

ဘယ္ဆက္ရမလဲ? အ၀ိဇၨာနီ၀ရဏပိတ္ဖံုးခံေနရတဲ့ သတၱ၀ါေတြအဖို႔ တဏွာတည္းဟူေသာ သံေယာဇဥ္ ႀကိဳးျဖင့္ ရစ္ပတ္ေႏွာင္ဖြဲ႕ခံေနရတဲ့ ဒီသတၱ၀ါေတြအဖို႔ ေရွ႕သံသရာခရီးက ဆီးႀကိဳေနပါတယ္။ ထုိအခ်ိန္ အခါမွာေပါ့ ဘ၀တစ္ခု ကုိေတာ့ လက္ခံရမည့္ အေျခအေန ရွိပါတယ္။ ဘယ္လို ဘ၀ဆိုတာကေတာ့ ၿပီးေတာ့မွ ထပ္ေျပာမယ္။ ေနာက္တစ္ခု ျမတ္စြာဘုရားက ဆက္ေဟာေတာ္မူျပန္တယ္။
(ပထမဂဒၵဳလဗဒၶသုတၱန္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ဖားေအာက္ေတာရဆရာေတာ္

#Unicode Version#  ျဖင့္ဖတ္ပါ ။

ကမ္ဘာပျက် တာနဲ့ ပတ်သတ်ပြီး တပည့်တော်မ သိချင် ပါတယ်ဘုရား။ ယခု ကမ္ဘာ ဟာ ဘဒ္ဒကမ္ဘာ လို့ ဆိုပါတယ်။ သို့သော် လည်း ဂင်္ဂါဝါဠု သဲစုမ က ဘုရား တွေ ပွင့်ခဲ့ တယ် ဆိုတဲ့ အဆိုက ဘယ် လိုမျိုး များ ကို ဆိုလို တာ လည်း ဘုရား၊ ကမ္ဘာ ပျက် တာက ဘယ်လိုမျိုး ဖြစ်တာလည်း ဘုရား။ ဘာကြောင့် ကမ္ဘာ ပျက်ရတယ် ဆိုတာကို လည်း သိချင် ပါတယ် ဘုရား။

ကမ္ဘာ ပေါင်း များစွာ ဖြစ်ပေါ် ခဲ့ပါတယ်။ ကမ္ဘာပေါင်း များစွာ ပျက်ခဲ့ပါတယ်။ ရေတွက် လို့ မရပါ။ ကမ္ဘာ ဟာ ရေတွက် လို့ မရသလို သတ္တဝါ တစ်ယောက်ရဲ့ ဘဝဟာ လည်း ရေတွက် လို့ မရအောင် များပြား လှပါတယ်။

ဗုဒ္ဓ လက်ထက် က ဥပသာလက အမည် ရှိတဲ့ ပုဏ္ဏားကြီး ဟာ ရာဇဂြိုလ်မြို့ ကို ရံပတ်ထား တဲ့ ေ တာ င်ငါးလုံး ထဲက ဂုဇ္ဈကုဋ်တာင်ပေါ် ကို တက်သွား ပြီး တောင်ထိပ် က မြေပြန့်လေး မှာ သူ့ကို မြု တ်ဖို့ သားဖြစ်သူ ကို ပြတယ်။

ပြီးတာ နဲ့ တောင်အောက် ကို ပြန်ဆင်း လာတဲ့ အခါ ဘုရားရှင် နဲ့ တွေ့ တယ်၊ အကျိုး အကြောင်း ေ မးပြီး တာနဲ့ ဘုရားရှင် ဟာ လူသေ မမြုပ်ဖူး သေးဘူးလို့ ပုဏ္ဏားကြီး ယူဆ ထားတဲ့ နေရာ ကို လိုက် ကြည့် ပြီး ဒီဂါထာ ကို ဟောကြား ပါတယ်။ ဒီဂါထာ အဆုံး မှာ ပုဏ္ဏားကြီး ဟာ သောတာပန် တည် ပါတယ်။ ဒီဂါထာ ဟာ သတ္တဝါ တစ်ယောက် ရဲ့ ဘဝတွေ ဟာ ဘယ် လောက် ထိ အောင် များပြား တယ် ဆိုတာ ကို ပြပါတယ်။

ဥပသာလက နာမာနိ၊
သဟဿနိ စတုဒ္ဒသ။
အသ္မိ ံပဒေသေ ဒဂနိ
နတ္တိလောကေ အနာမတံ။

ပုဏ္ဏားကြီး သင်ယခု ညွှန်ပြ သော နေရာ ၌ ဥပသာလက ဟူသော အမည် ဖြင့် သင် ၏ အလော င်းေ ကာင် ပေါင်း တစ်သောင်း လေးထောင် တိတိ မီးသဂြိုလ် လောင် ကျွမ်း မြုပ်နှံ ခဲ့ဖူး လေပြီ။ ေ လာ က မြေအပြင် ၌ လူသေ ကောင်ပုတ် မမြုတ်ဖူး သော နေရာ ဟူ၍ မရှိပေ။

တောင်ပေါ်က သုံးပေ ခြောက်ပေ နေရာ ကွက်လပ်လေး မှာ တောင် အလောင်းကောင် ပေါင်း ဥပ သာလက အမည် တစ်ခုတည်း နဲ့ တင် တစ်သောင်းလေးထောင် မြုတ်နှံ ပြီးသွားပြီ ဆိုတော့ တခြား နာမည် နဲ့၊ တခြား မြေပြန့် နေရာတွေ မှာ ဘယ်လောက် ထိ သေခဲ့ မြှပ်နှံ ခဲ့မယ် ဆိုတာ သတိ သံေ ဝဂ ယူသင့် ပါတယ်။

ဘုရား တွေ ပွင့်တယ် ဆိုတာ သူ့ကမ္ဘာ နဲ့သူ ပွင့်တာ ကို ပြောတာပါ။ ဒီ ဘဒ္ဒ ကမ္ဘာမှာ ဘုရား ငါးဆူ ပွင့်ပြီး မပြီးမချင်း၊ ကမ္ဘာ က မပျက်ပါဘူး။ ကမ္ဘာပျက် ပုံရယ် ဘာကြောင့် ပျက်ရ တယ် ဆိုတာရယ် ကိုပေါင်း ပြီး ဖြေပါမယ်။ ကမ္ဘာ ဟာ မီးဖျက်တဲ့ ကမ္ဘာ၊ ရေဖျက်တဲ့ ကမ္ဘာ၊ လေဖျက် တဲ့ ကမ္ဘာလို့ သုံးမျိုး ရှိပါတယ်။

လိုချင်တဲ့ လောဘ ဓါတ် တွေ လူသား တွေ သန္တာန်မှာ အားကြီး လာရင် ကမ္ဘာ လောက ကြီး အင တ်ဘေး ဆိုက်တယ်၊ လောဘ ဓါတ် ဟာ ဒီထက် ပို၍ အားကြီး လာမယ် ဆိုရင် ကမ္ဘာ လောကကြီး ဟာ မီးလောင် ပြီး ပျက်စီး သွား ရတယ်။ ကမ္ဘာ ဖျက် မီးလောင်ရင် မြေကြီး ပါ မကျန်အောင် လော င်ကျွမ်း တဲ့ အတွက် အပါယ် လေးဘုံ၊ လူ့ဘုံ၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မဘုံ နှစ်ဆယ် ထဲက ပထ မ ဈာန် ဗြဟ္မ ဘုံ ၃ဘုံ ပါသွားတယ်။

စိတ်ဆိုး တဲ့ အမျက် ထွက်တဲ့၊ ရန်ငြိုး ဖွဲ့တဲ့ ဒေါသ ဓါတ်တွေ လူသား တွေ သန္တာန်မှာ အားကြီး လာ ရ င် ကမ္ဘာ လောက ကြီးက လက်နက်ဘေး ( စစ်ပွဲဘေး ) ဆိုက် တယ်၊ စစ်ပွဲ မှန်သမျှ ဟာ ဒေါ သ ေ ကြာင့် ဖြစ်ရတာ ချည်းပါ။ ဒီထက် ဒေါသဓါတ် တွေ များလာ မယ် ဆိုရင် ကမ္ဘာ လောကကြီး ဟာ ရေတွေ လွှမ်းမိုးပြီး ပျက်စီး သွားရတယ်။ ရေကြောင့် ကမ္ဘာ ပျက်ပြီ ဆိုရင် အပ္ပါယ် လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ပထမ ဈာန် ဗြဟ္မဘုံ ၃ ဘုံ နှင့် ဒုတိယ ဈာန် ဗြဟ္မ ဘုံ ၃ဘုံ ပျက်စီး သွား ပါတယ်။

အမှန် ကို မသိတဲ့၊ တွေေ၀ တဲ့ မောဟ ဓါတ်တွေ လူသား တွေ သန္တာန်မှာ အားကြီး လာမယ် ဆိုရင် ကမ္ဘာ လောကကြီး ဟာ ရောဂါ ဘေးဆိုက် တယ်။ အေအိုင်ဒီအက် (စ်)တို့၊ ဆားစ် ရောဂါ တို့၊ ကြက်တုပ်ကွေး၊ ဝက်တုပ် ကွေး ရောဂါတွေ ဟာ မောဟဓါတ် ကြောင့် ဖြစ်လာ တာပါ၊ ဒီ့ထက် မော ဟ ဓါတ်တွေ အားကြီး လာမယ် ဆိုရင် ကမ္ဘာ လောက ကြီး ဟာ လေတွေ လွှမ်း မိုးပြီး ပျက်စီး သွား ရပါတယ်။

လေကြောင့် ကမ္ဘာ ပျက် ပြီဆိုရင် အပါယ် လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ပထမ ဈာန် ဗြဟ္မာ ဘုံ သုံးဘုံ၊ ဒုတိယ ဈာန် ဗြဟ္မာ ဘုံ သုံးဘုံ၊ တတိယ ဈာန် ဗြဟ္မာ ဘုံ သုံးဘုံ ထိ ပျက်စိးသွား ပါတယ်။ ကျန် တဲ့ ဗြဟ္မာ ဘုံ ( ၁၁ ) ဘုံ ကတော့ မီး၊ ရေ၊ လေ ဘာပဲ ဖျက်ဖျက် မပျက် ဘဲ ကျန် ခဲ့ပါတယ်။ ကမ္ဘာ လောကမှာ လူစ ဖြစ်တယ် ဆိုတာ အဲဒီ ကျန် ခဲ့တဲ့ ဗြဟ္မာဘုံ ( ၁၁ ) ဘုံက ဗြဟ္မာ ေ တွ ဗြ ဟ္မာ သက်ကုန်လို့ သေ ပြီး လူ့ဘ၀ ရောက်ရာ ကနေ စကြ တာပါပဲ။

အကျဉ်းချူပ် လိုက်ရင် တော့ ဘာကြောင့် ကမ္ဘာ ပျက် ရတာလဲ ဆိုရင် လူသား တွေ ရဲ့ သန္တာန် မှာ ဖြစ်ပေါ် လာတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာ တွေ ကြောင့် ပါပဲ။ ဒါကြောင့် ေ လာဘ ကုန်ဖို့ အတွက် ဒါန များများ ပြုပါ … ဓူတင် ဆောက်တည် ပါ … အသုဘ ဘာဝနာ ပွါးပါ …. ဝိပဿနာ တရား နာကြား ရှုပွါး ပါ။ ဒေါသ ကုန် ဖို့အတွက် မေတ္တာ ဘာဝနာ အမြဲ ပွါး ပါ ။ ေ မာဟ ကုန်ဖို့ အတွက် ရဟန္တာ ဖြစ်တဲ့ အထိ ဝိပဿနာ တရား ကို နာကြား ရှုပွါးပါ။

ဥပသာဠကဇာတက ၊ ၁ ၊ ၄၁ ။
ဓမ္မပဒ ၊ ဋ္ဌ၊ ၂ ၊ ၃၄၂ ။
ဇာတက ၊ ဋ္ဌ ၊ ၂ ၊ ၅၀ ။

မီး – ရေ – လေကြောင့် ကမ္ဘာပျက်ပုံ

ကမ္ဘာပျက်တဲ့အခါမှာ မီးကြောင့် ပျက်တာလည်း ရှိတယ်၊ ရေကြောင့် ပျက်တာလည်း ရှိတယ်၊
လေကြောင့် ပျက်တာလည်း ရှိတယ်။ မီးကြောင့် (၇)ကြိမ်တိုင်တိုင် ပျက်ပြီးတဲ့အခါ (၈)ကြိမ်မြောက်တိုင်း (၈)ကြိမ်မြောက်တိုင်းမှာ ရေကြောင့် ကမ္ဘာကြီး ပျက်ရပြန်တယ်။

ဒီနည်းအတိုင်း မီးကြောင့် (၇)ကြိမ် ရေကြောင့် (၁)ကြိမ်, မီးကြောင့် (၇)ကြိမ်, ရေကြောင့် (၁)ကြိမ် – – ဆိုတဲ့ ဓမ္မတာအတိုင်း ကမ္ဘာကြီး ပျက်လာလိုက်တာ (၆၄)ကြိမ်ပြည့်တဲ့အခါ လေကြောင့် တစ်ခါ ကမ္ဘာကြီး ပျက်ရပြန်တယ်။
ဒါကြောင့် ဒီကမ္ဘာကြီးဟာ မီးကြောင့် ပျက်တဲ့အခါလည်း ပျက်တယ်၊ ရေကြောင့် ပျက်တဲ့အခါလည်း ပျက်တယ်၊ လေကြောင့် ပျက်တဲ့အခါလည်း ပျက်တယ်။

မီးကြောင့် ပျက်တဲ့အခါ ကာမ (၁၁)ဘုံ နှင့် ရူပါဝစရဗြဟ္မာ့ပြည်ထဲက ပထမဈာန်သုံးဘုံအထိ အကုန်လုံး ပျက်တယ်။ ရေကြောင့် ပျက်တဲ့အခါ ကာမ (၁၁)ဘုံနှင့် ရူပါဝစရဗြဟ္မာ့ပြည်ထဲက ဒုတိယဈာန်သုံးဘုံအထိ အကုန်လုံး ပျက်တယ်။ လေကြောင့် ပျက်တဲ့အခါ ကာမ (၁၁)ဘုံနှင့် ရူပါဝစရဗြဟ္မာ့ပြည်ထဲက ဝေဟပ္ဖိုလ်ဘုံအောက် တတိယဈာန် သုံးဘုံအထိ အကုန်လုံး ပျက်တယ်။

အဲဒီလို ကမ္ဘာကြီး ပျက်နေတာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ အချိန်ကာလ ကြာညောင်း ပါတယ်၊ သံဝဋ္ဋကပ် = ပျက်ဆဲကပ်လို့ ခေါ်ဆိုပါတယ်၊ ပရမာဏုမြူခန့် အမှုန်ကလေးတွေတောင် မကျန်ရအောင် အားလုံး ပျက်သွားတယ်။ ပျက်သွားပြီး တဲ့အခါ ဘာမျှမရှိဘဲ လဟာပြင် အတိုင်း တည်နေတာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ အချိန် ကာလ ကြာညောင်းပါတယ်၊ သံဝဋ္ဋဌာယီကပ်လို့ ခေါ်ဆိုပါတယ်၊ အပျက်အတိုင်း တည်နေတဲ့ ကပ်ပဲ။

တစ်ခါ ကမ္ဘာပြုမိုး ရွာတဲ့အချိန်အခါက စပြီး နေ, လ, နက္ခတ်တာရာတွေ ထွက်လာတဲ့အချိန်အထိ ကမ္ဘာကြီး တည်လာ
တာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ အချိန်ကာလ ကြာညောင်းပါတယ်၊ ဝိဝဋ္ဋကပ်လို့ ခေါ်တယ်၊ ကမ္ဘာတည် နေဆဲကပ်ပဲ။

နေ, လ, နက္ခတ်တာရာတွေ ထွက်တဲ့အချိန်အခါက စပြီး ကမ္ဘာကြီး ပျက်တဲ့အချိန်အထိ ကမ္ဘာကြီး တည်နေတာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ ကြာညောင်းပါတယ်၊ ဝိဝဋ္ဋဌာယီကပ်လို့ ခေါ်ဆိုပါတယ်၊ တည်ပြီးအတိုင်း ဆက်လက် တည်ရှိနေတဲ့ ကပ်ပဲ။ ခုပြောခဲ့တဲ့ သံဝဋ္ဋ, သံဝဋ္ဋဌာယီ, ဝိဝဋ္ဋ, ဝိဝဋ္ဋဌာယီလို့ခေါ်တဲ့ ကပ်လေးကပ်ကို တစ်ကမ္ဘာလို့
ခေါ်ဆိုပါတယ်။

အခု ဟောနေတဲ့ ဂဒ္ဒုလဗဒ္ဓသုတ္တန်မှာတော့ ကမ္ဘာပျက်မှုနဲ့ ပတ်သက်လို့ မီးကြောင့်ပျက်တဲ့ ကမ္ဘာကို
စံထားပြီးတော့ ဘုရားရှင်က တရားတော်ကို ဟောကြားတော်မူနေပါတယ်။
(ပထမဂဒ္ဒုလဗဒ္ဓသုတ္တန်)

” ဖားအောက်တောရဆရာတော် “(စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးတရားဒေသနာတော်)

မဟာသမုဒ္ဒရာရေ ခန်းခြောက်ချိန်
ဟောတိ သော ဘိက္ခေ၀ သမယော ယံ မဟာသမုဒ္ဒေါ ဥဿုဿတိ ဝိသုဿတိ န ဘဝတိ၊
န တွေဝါဟံ ဘိက္ခေ၀ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ
ဒုက္ခဿ အန္တကိရိယံ ဝဒါမိ။

ဘိက္ခေ၀ = ချစ်သားရဟန်းတို့ …။ ယံ = ယသ္မိံ ကာလေ = အကြင် အခါကာလ၌။
မဟာသမုဒ္ဒေါ = မဟာသမုဒ္ဒရာကြီးသည်။ ဥဿုဿတိ = အထက်၌ ခန်းခြောက်၍ သွားပေ၏။
ဝိဿုဿတိ = အထူးထူး အပြားပြား ခန်းခြောက်၍ သွားပေ၏။ န ဘဝတိ = မဖြစ်မရှိတော့ပေ။

သော သမယော = ထိုကဲ့သို့သော အချိန်အခါမျိုးသည်။ ဟောတိ = ရှိသေးသည်သာလျှင်တည်း။ တစ်ချိန် ကမ္ဘာပျက်ခါနီး ပြီဆိုတဲ့ အချိန်ကာလတစ်ခုသို့ ဆိုက်ရောက်လာပြီ ဆိုကြစို့၊ အလွန် ကြီးကျယ်နေတဲ့ ရေထုထည် များပြားနေတဲ့ မဟာ သမုဒ္ဒရာကြီး ရှိတယ်။ နေတွေ တစ်စင်းပြီး တစ်စင်း, တစ်စင်းပြီး တစ်စင်း ထွက်လာရာက နေငါးစင်း လောက် ထွက်လာ ပြီဆိုရင် မဟာသမုဒ္ဒရာရေတွေ အားလုံး ခန်းခြောက်သွားတယ်။ အဲဒီလို အချိန်အခါမျိုးဟာ တစ်ချိန် ကြုံကြလိမ့်မယ်၊

သံသရာခရီး မဆုံးသေးရင်တော့ မိမိတို့ကလည်း လူ့ဘဝမှာပဲ တည်ရှိနေကြသေးတယ်ဆိုရင် ဒီဒုက္ခက မိမိတို့
ရင်ဆိုင် ကြရမည့် ဒုက္ခတစ်ခု ဖြစ်ပါတယ်။ အဲဒီလို မဟာသမုဒ္ဒရာရေတွေ ခန်းခြောက်သွားတဲ့ အချိန်အခါမျိုး
မှာတောင် သတ္တဝါတွေရဲ့ သံသရာခရီးကို ဘုရားရှင်က ဘယ်လို ဟောတော်မူသလဲ?

န တွေဝါဟံ ဘိက္ခေ၀ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ ဒုက္ခဿ အန္တကိရိယံ ဝဒါမိ။

ဘိက္ခေ၀ = ချစ်သားရဟန်းတို့ …။ တဒါ = တသ္မိမ္ပိ ကာလေ = ထိုကဲ့သို့သော အချိန်ခါမျိုး၌သော်လည်း
ပဲ။ အဝိဇ္ဇာနီဝရဏာနံ = အဝိဇ္ဇာနီဝရဏတရားသည် ပိတ်ဖုံးကာဆီးအပ်ကုန်သည်ဖြစ်၍။
တဏှာသံယောဇနာနံ = တဏှာတည်းဟူေသော သံယောဇဉ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့ထားအပ်ကုန်သည်ဖြစ်၍။
သန္ဓာဝတံ = ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်
ကျက်စား ပြေးသွား၍ နေကြရကုန်သော။

သံသရတံ = တစ်ခုသော ဘဝ၌လည်းပဲ ထပ်ကာထပ်ကာ
ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော။ သတ္တာနံ = သတ္တဝါတို့၏။ ဒုက္ခဿ = သံသရာ
ဝဋ်ဆင်းရဲဒုက္ခ၏။ အန္တကိရိယံ = အဆုံးအပိုင်းအခြားကို ပြုခြင်းကို။ အဟံ = ငါဘုရားသည်။ န
တွေ၀ ဝဒါမိ = ဟောတော်မမူသည်သာလျှင်တည်း။

နေငါးစင်းထွက်လာလို့ မဟာသမုဒ္ဒရာရေတွေ ခန်းခြောက်သွားတဲ့ အချိန်အခါကာလတစ်ခု တစ်နေ့ ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအချိန်အခါမျိုးမှာသော်လည်း အဝိဇ္ဇာနီဝရဏတရားက ပိတ်ဖုံး ကာဆီးထားအပ်တဲ့, တဏှာတည်းဟူသော သံယောဇဉ်ကြိုးရဲ့ ရစ်ပတ်နှောင်ဖွဲ့မှုကို ခံနေရတဲ့ ဒီသတ္တဝါတွေရဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခကြီးဟာ ကုန်ဆုံးသွားလိမ့် မယ်လို့ ငါဘုရား မဟောဘူး။

ဘယ်ဆက်ရမလဲ? အဝိဇ္ဇာနီဝရဏပိတ်ဖုံးခံနေရတဲ့ သတ္တဝါတွေအဖို့ တဏှာတည်းဟူသော သံယောဇဉ် ကြိုးဖြင့် ရစ်ပတ်နှောင်ဖွဲ့ခံနေရတဲ့ ဒီသတ္တဝါတွေအဖို့ ရှေ့သံသရာခရီးက ဆီးကြိုနေပါတယ်။ ထိုအချိန် အခါမှာပေါ့ ဘဝတစ်ခု ကိုတော့ လက်ခံရမည့် အခြေအနေ ရှိပါတယ်။ ဘယ်လို ဘဝဆိုတာကတော့ ပြီးတော့မှ ထပ်ပြောမယ်။ နောက်တစ်ခု မြတ်စွာဘုရားက ဆက်ဟောတော်မူပြန်တယ်။
(ပထမဂဒ္ဒုလဗဒ္ဓသုတ္တန်)

ဖိုးသူတော် (www.phothutaw.com)
Credit:  ဖားအောက်တောရဆရာတော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top