ဒီစုန္းရြာကိစၥကိုမသိခင္ လြန္ခဲ ့တဲ ့ ၈ ႏွစ္က ကေလာမွာ အေဖၿမိဳ ့နယ္မႈးလုပ္တုန္းက အေဖ ့တပည္ ့ေတာေခါင္း ဦးေစာ၀င္းေသတာကေန စေၿပာရမွာပါပဲ။ ဦးေစာ၀င္းဆံုးေတာ ့ ကြ်န္ေတာ္တို ့ ရန္ကုန္ေၿပာင္းလာပါၿပီ။ အေဖက အဲဒီအခ်ိန္က ဒုညႊန္မွဴးဘ၀နဲ ့ ရန္ကုန္ရံုးခ်ဳပ္မွာပါ။

တစ္ေန ့အေဖ့ဆီ ကေလာက ဖုန္း၀င္လာပါတယ္။ဦးေစာ၀င္းဆံုးတယ္ ငွက္ဖ်ားနဲ ့လို ့ဆိုပါတယ္။ ဒီအထိ မထူးဆန္း ေသးပါဘူး။ တစ္ရက္ ဦးေစာ၀င္းရဲ ့မယားညီအစ္ကို အေဖ ့တပည္ ့ ေတာအုပ္ ဦးကိုၾကီးဆိုတာလာေတာ ့ အေဖ ့ကို ေၿပာၿပတယ္။ ဦးေစာ၀င္း ဘယ္လိုဆံုးလဲဆိုတာကိုေပါ ့။ ကြ်န္ေတာ္တို ့ညီအစ္ကို က ဦးေစာ၀င္းကို ခင္ပါတယ္။ သူတို ့ လင္မယားက ကေလးလည္းမရွိဘူး။ သူ ့မိန္းမက မပုလို ့ေခၚတယ္။ ကြ်န္ေတာ္တို ့ ညီအစ္ကို ကေလာမွာေနေတာ ့ သူတို ့ပဲထိန္းလာတာပါ။ ဒီေတာ ့ ကြ်န္ေတာ္လည္းနားေထာင္ေနလိုက္တယ္။

ဦးကိုၾကီးက ‘ဆရာ ့တပည္ ့ ကိုေစာ၀င္းက မဆံုးခင္ တစ္ပတ္ေလာက္က အၿပင္းဖ်ားတယ္။ ကြ်န္ေတာ္တို ့လည္း အစကငွက္ဖ်ားပဲထင္တာ။ ေနာက္ပိုင္းသူ ေယာင္ၿပီးလမ္းထေလွ်ာက္တယ္။ ထူးဆန္းတာက သူေယာင္ၿပီး လမ္းေလွ်ာက္ တာကို သူ ့မိန္းမ မပုလံုး၀မသိဘူး။ ေနာက္ပိုင္းသူ ့ကို မနက္ ၃နာရီေလာက္ဆို ဥယ်ာဥ္ၿခံလုပ္ငန္းေတြထဲ သြားတဲ ့ သူေတြ က ေတြ ့တယ္ေၿပာၾကတယ္။ သူသြားတဲ ့ ဘက္ကလည္း ကေလာသခ်ၤိဳင္းဘက္တဲ ့။’

ဒီေနရာမွာ ကေလာသစ္ေတာ၀င္းထဲက ဦးေစာ၀င္းတို ့အိမ္နဲ ့ဆို ကေလာသခ်ၤ ိဳင္းက လွမ္းၿမင္ေနရေပမယ္ ့ ဟိုဘက္ ေတာင္ထိပ္နဲ ့ ဒီဘက္ေတာင္ထိပ္ သြားမယ္ဆို ၁ နာရီေလာက္ လမ္းေလွ်ာက္ရပါတယ္။ ေသမလို အိပ္ယာထဲလဲေနတဲ ့ လူနာက အဲလိုေလွ်ာက္တယ္ဆိုတာ မၿဖစ္ႏိုင္ဘူးလို ့ သူ ့မိန္းမအပါအ၀င္ ဦးကိုၾကီးတို ့ကအစ ထင္ၾကတယ္လို ့ ဆိုပါတယ္။

ဦကိုၾကီးက ဆက္ၿပီး ‘ဒီလိုနဲ ့တစ္ရက္ေတာ ့ ကြ်န္ေတာ္တို ့ လင္မယားလည္း သူ ့ညီမ မပုတို ့အိမ္မွာေစာင္ ့အိပ္ၿပီး သတိထားေနေတာ ့ ည ၁နာရီေလာက္လည္းေရာက္ေရာ ကိုေစာ၀င္းက ထလာပါတယ္။ တကယ့္ကို ေပါ့ေပါ့ပါးပါးပါပဲ။ ကြ်န္ေတာ္တို ့က အခန္းတစ္ခုထဲကေန ေခ်ာင္းၾကည္ ့ေနတာပါ။ထူးၿခားတာက အရမ္း အအိပ္ဆတ္တဲ ့ သူ ့မိန္းမ မပု လံုး၀မႏိုးတာပါ။ ကြ်န္ေတာ္တို ့လည္း မၿဖစ္ဘူးဆိုၿပီး တံခါးဖြင့္ေနတဲ့ သူ႔ကို၀ိုင္းခ်ဳပ္ၿပီး ေအာ္ေတာ ့ ေဘးနားကပ္ေနတဲ ့ ၀န္ထမ္းအိမ္ေတြက ဘာၿဖစ္တာလဲဆိုၿပီး ေၿပးလာပါတယ္။

ဒါေပမယ္ ့ သူ ့မိန္းမ မပုက လံုး၀မႏိုးပါဘူး။ အတင္း၀ိုင္းၿပီး လႈပ္ႏႈိးမွႏိုးလာပါတယ္။ ကိုေစာ၀င္းကေတာ ့ ငူငူငိုင္ငိုင္ၾကီး ပါပဲ။ ကြ်န္ေတာ္တို ့လည္း ဒါပံုမွန္မဟုတ္ဘူးဆိုၿပီး အနီးနား ေဗာဓိကုန္း ဘုန္းၾကီးေက်ာင္းက ဆရာေတာ္ကို ေၿပးေလွ်ာက္ ေတာ ့ ဆရာေတာ္ၾကြလာပါတယ္။

ဆရာေတာ္ အိမ္ေပၚမတက္ခင္ မွာပဲ ကိုေစာ၀င္းက ဇာတ္ေလး ေခါက္ခနဲ က်ိ ဳးၿပီး ဆံုးသြားပါတယ္။ ဆရာေတာ္ကေတာ့ ဒကာေမာင္ေစာ၀င္းက ငွက္ဖ်ားနဲ ့ ေသငင္ေဇာေၿမာေနတာကို တစ္ေယာက္ ေယာက္ အစီအရင္လုပ္ထားတဲ့ ပံုပဲလိ႔ု  ေၿပာၿပီး။ အိမ္မွာ ပရိတ္ရြတ္၊ ေမတၱာပို ့ေပးခဲ ့ပါတယ္။ အဲဒီေန ရာမွာ တစ္ခုထူးတာ က ဆရာတို ့လက္ထက္ မတိုင္ခင္ ကထဲက အရမ္းစိတ္ခ်ရလို ့ဆိုၿပီး ညေစာင္ ့တာ၀န္ယူထားတဲ ့ ဦးဖိုးေထာင္ကလည္း တစ္သက္နဲ ့တစ္ကိုယ္ မၿဖစ္စဖူး အဲဒီညေတြမွာ အိပ္ေပ်ာ္ေနတယ္လို ့ဆိုပါတယ္ ဆရာ….’

ဦးကိုၾကီးရွင္းၿပတာကိုနားေထာင္ၿပီး ကြ်န္ေတာ္တို ့မိသားစုလည္း ေတာ္ေတာ္ေလးစိတ္၀င္စားမိၿပီး ဒီအေၾကာင္းေလးကို အၿမဲအမွတ္ရေနပါတယ္။ ဒီလိုနဲ ့ ေမ့ေမ့ေပ်ာက္ေပ်ာက္ ေနလာတာ ေနာက္ ၆ လေလာက္ၾကာေတာ့ ကြ်န္ေတာ္တို ့ အဖြားအိမ္မွာ သြားလည္ေနတုန္း ဦးေပါၿငိမ္း( ေဆး၀ဂၤပါ ဂိုဏ္းခ် ဳပ္) ေရာက္လာပါတယ္။ ေဆး၀ဂၤပါဂိုဏ္းဆိုတာ ကြ်န္ေတာ္တို ့ ေဆြစဥ္မ်ိဳးဆက္ အဆက္ဆက္နဲ ့ပတ္သက္လာခဲ့တဲ့ဘအထက္လမ္းဂိုဏ္းပါ။

ေရႊတိဂံုဘုရားမွာ ေဆး၀ဂၤပါဂိုဏ္ရဲ ့ ဇရပ္တန္ေဆာင္းရွိပါတယ္။ အၿမဲမၿပတ္လည္း အစည္းအေ၀းေတြ က်င္းပေလ ့ရွိတယ္။ ဒီဂိုဏ္းကေန ထြက္ရပ္လမ္းကိုၾကြၿမန္းတဲ့ သူေတြလည္းရွိခဲ ့ပါတယ္။ မွတ္တမ္းေတြလည္းရွိပါတယ္။ ထြက္နည္း (၃) နည္း ရွိပါတယ္။ ဒါကိုေတာ ့ ဒီစာနဲ ့မဆိုင္လို ့ေနာက္ပိုင္း ေရးပါဦးမယ္။ ဂိုဏ္း၀င္ေတြက ေခါင္းမွာ စုတ္၃ ခ်က္စီ ေပါက္ထား ပါတယ္။ ေဆးအနီနဲ ့ပါ။ အမဲသား၊ ၀က္သား ရာသက္ပန္ေရွာင္ရပါတယ္။

သူလာတာက ကြ်န္ေတာ္ ့ဦးေလးအငယ္ကို လာေခၚတာပါ။ ကိစၥက လွည္းကူနားမွာ စုန္းေတြ ရြာတည္ေနေၾကာင္း။ ဒီစုန္း ေတြက လြိဳင္ေကာ္ဘက္ကေန အုပ္စုလိုက္ ဆင္းလာတာၿဖစ္ေၾကာင္း၊ လြြိဳင္ေကာ္ကေန ကေလာ၊ ကေလာ ကေန ယင္းမာပင္၊ ယင္းမာပင္ကေန သာစည္ အဲဒီကေနေတာက္ေလွ်ာက္ ဆင္းလာၿပီး လမ္းတေလွ်ာက္က ၿမိဳ ့ေတြမွာ ကံနိမ့္ ေနတဲ ့ လူေတြရဲ ့ အသက္ေတြကို ႏႈတ္ၿပီးလိုသလို ခိုင္းစားေနတဲ ့ ဂိုဏ္းျဖစ္တယ္လို ့ဆိုပါတယ္။

ဒါနဲ ့ သက္ဆိုင္ရာၿမိဳ ့ေတြက က်န္းမာေရးအစီရင္ခံစာေတြအရ လူနာေတြ ေသဆံုးပံုေတြ၊အိပ္ယာထဲလဲေနတဲ့ လူနာေတြက ညဘက္လမ္းအေ၀းၾကီးေလွ်ာက္တာေတြ တူညီေနလို ့ က်န္းမာေရးဌာန ဗဟိုကို တင္ၿပၾကပါတယ္။ ဒါနဲ ့ေထာက္လွမ္းေရး ေတြလည္း ေတာက္ေလွ်ာက္လိုက္ေတာ့ မသကၤာစရာလူတစ္စု လိြဳင္ေကာ္ဘက္ကေန လူအင္အား ၃၀ ေလာက္နဲ ့ ဆင္းလာၿပီး တစ္ၿမိဳ ့မွာ ခဏေနလိုက္ ၿပီးေနာက္ၿမိဳ ့ ကူးလိုက္နဲ ့ေမးေတာ ့လည္း နယ္လွည္ ့ ေဆးဆရာေတြလို႔ ဆိုပါ တယ္။ ထူးၿခားတာက သူတို ့ေနခဲ ့တဲ ့ၿမိဳ ့ေတြမွာဒီလိုမ်ိဳး ထူးထူးၿခားၿခား လူေသမႈေတြ ျဖစ္ေနတာပါ။

ဒါနဲ ့ ေထာက္လွမ္းေရးကလည္း သူတို ့ကို ေအာက္လမ္း ဆရာေတြလို ့မသကၤာတာနဲ ့ ဒီအတိုင္းေစာင္ ့ၾကည္ ့ေနတုန္း အဲဒီလွည္းကူးတ၀ိုက္က ေဒသခံ ေဆး၀ဂၤပါ ဂိုဏ္းသားေတြက သိၿပီး ရန္ကုန္ကို အေၾကာင္းၾကားလို ့ ဆရာဦးေပါၿငိမ္း တို ့ကလိုက္သြားတာပါ။ ဒီေတာ ့မွ ကြ်န္ေတာ္တို ့မိသားစုလည္း ဦးေစာ၀င္း ေသဆံုးပံုကို ျပန္ၿပီး အမွတ္ရမိပါတယ္။

(ေအာက္ေဖာ္ၿပပါ အေၾကာင္းအရာေတြကေတာ ့ ဦးေလးရဲ ့မွတ္တမ္းကို ဦးေလးရဲ ့ေနရာကေန ကြ်န္ေတာ္ ခ်ံဳ႕ၿပီးၿပန္ေရးတာပါ…..)

သူတို ့စုန္းေတြ တည္ထားတဲ ့ရြာက ရန္ကုန္က သြားရင္ လွည္းကူး အေက်ာ္ေလးမွာပါ။ မီးရထားလမ္းက ကားလမ္းကို ျဖတ္ထားတဲ့ ေနရာေလးမေရာက္ခင္ေလးပါ။ အဲဒီကေက်ာ္ရင္ေတာ ့ သခ်ၤ ိဳင္းကုန္းပါ။ သူတို ့က ယာယီတဲေလးေတြနဲ ့ လယ္ကြင္းေဘးက ကြင္းၿပင္ထဲမွာ ေနေနတာပါ။ သတင္းအရ လံုၿခံဳေရးယူေပးဖို ့ရဲတပ္စိတ္တစ္စိတ္ကလည္း မသိမသာ ေရာက္ေနပါတယ္။ သူတို ့ကလည္း အဲဒီလူစုေနာက္ကို လိုက္ေနတာပါပဲ။ ေဆး၀ဂၤပါဂိုဏ္းက ရန္ကုန္က ကား ၂ စီးနဲ ့ လူ ၉ ေယာက္ ၊လွည္းကူးဂိုဏ္းခြဲက ဒိုင္နာ တစ္စီးနဲ ့ ဂိုဏ္းသား ၉ ေယာက္ ပါလာပါတယ္။

အဲဒီကိုေရာက္ေတာ ့ ည ၈ နာရီခြဲပါ။ ျပင္စရာရွိတာေတြၿပင္ၿပီး ည ၉ နာရီအတိမွာ ထံုးစံအတိုင္း ဘုရားကိုးဆူမွာ အဓိဌာန္ ၀င္ ေရးဆြဲထားတဲ ့ အင္းတစ္ခ်ပ္ကို ၿမွားထိပ္မွာလိပ္ မီးရိႈ ့ၿပီး ဆရာဦးေပါၿငိမ္း ကိုယ္တိုင္ ပထမ မီးၿမွားကို ပစ္ပါတယ္။ သူတို ့ထဲက ရုတ္ရုတ္ ရုတ္ရုတ္အသံေတြ ထြက္လာၿပီး မဲမဲ ေကာင္ၾကီးေတြ ကြ်န္ေတာ္တို ့ဘက္ကို ေၿပးလာပါတယ္။ ဒါနဲ ့ ဆရာဦးေပါၿငိမ္းလည္း ဒုတိယ မီးၿမွားကို ပစ္တဲ ့အခ်ိန္မွာေတာ ့ ေၿပးလာေနတာေတြေပ်ာက္ အသံေတြၿငိမ္က်သြား ပါတယ္။ ခဏေနေတာ ့ သူတို ့ထဲက ေခါင္းေဆာင္ဆိုသူထြက္လာၿပီး။ ဆရာဦးေပါၿငိမ္းကိုေတာင္းပန္ ၿပီး အညံ ့ခံပါတယ္။

ေနာက္ဆံုးၿမွားကို မပစ္ပဲ သူတို ့ကို လႊတ္ေပးဖို ့လာေၿပာတာပါ။ ခက္တာက သူတို ့ က လူသတ္မႈလည္းမဟုတ္ ကံနိမ္ ့ေနတဲ ့ေသခါနီး ေရာဂါသည္ေတြကို ၿပဳစားတာၿဖစ္လို ့ဥပေဒေၾကာင္းအရ အေရးယူဖို ့မလြယ္ပါဘူး။ လက္စုပ္ လက္ကိုင္လည္း မၿပႏိုင္ပါဘူး။ သူတို ့ေဒသမွာ စား၀တ္ေနေရးမေၿပလည္လို ့ ေအာက္ဘက္ကို ဆင္းလာၿပီး လူေတြကို ၿပဳစား ေဆးကုနဲ ့ သရဲေတြကိုေမြးလာတာၿဖစ္ေၾကာင္း ေၿပာပါတယ္။ ဒါနဲ ့သူတို ့ကို ပညာစြန္ ့ခိုင္း သစၥာဆိုခိုင္းၿပီးသူတို ့ ဇာတိ လိြဳင္ေကာ္ဘက္ကို ၿပန္ခိုင္းလိုက္ပါတယ္။ ရဲေတြလည္း မွတ္တမ္ေတြယူၿပီး ဘာဆက္လုပ္ရမလဲ အထက္ကို တင္ၿပ ဖို ့ၿပန္သြားၾကပါတယ္။

ဒါနဲ ့ သူတို ့ကို ဘယ္လိုမွ အေရးမယူေတာ ့ဘူးလားေမးေတာ ့ သူတို ့ ပညာရွိတုန္းေတာ ့ ေတာ္ရံု ကံနိမ္းတာကို ႏိုင္တယ္။ အခု သူတို ့ ပညာမရွိေတာ ့ဘူးဆိုေတာ ့ သူတို ့အကုသိုလ္အက်ိ ဳးေပးပါလိမ္ ့မယ္လို ့ပဲ ဆရာဦးေပါၿငိမ္းက မိန္ ့ပါတယ္။ ဒါနဲ ့ေနာက္ဆံုး မီးၿမွားပစ္ရင္ ဘာၿဖစ္မလဲလို ့ေမးေတာ ့ ပထမၿမွားႏွစ္စင္းက သတိေပးတာပဲ။ ေနာက္ဆံုးၿမွားသာ ပစ္ခဲ ့ လို ့ရွိရင္ အဲဒီနားက ၀မ္းတြင္းမွာ စုန္း ပညာရွိသူအကုန္ ေသြးအန္ေသမယ္တဲ ့။ ပစ္တဲ ့ဆရာမွာလည္း အကုသိုလ္ၿဖစ္ၿပီး ငရဲၾကီးတယ္လို ့ဆိုပါတယ္။ ဒါနဲ ့ညတြင္းခ်င္းပဲ ရန္ကုန္ၿပန္ခဲ ့ၾကပါတယ္။

ရန္ကုန္ၿပန္ေရာက္ၿပီး မနက္ေရာက္ေတာ ့ညက အိပ္ေရးပ်က္ထားေတာ ့ အတိုးနဲ ့အိပ္တာေပါ ့။ ညေနလည္းေရာက္ေရာ ဆရာဦးေပါၿငိမ္းဆီက ဖုန္း၀င္လာပါတယ္။ သူ ့ဆီ ရဲစခန္းက ဖုန္းဆက္ေၾကာင္း ၊ဆရာ ့ကိုေတာင္းပန္ၿပီး ၿပန္သြားတဲ့ သူေတြစီးနင္းလိုက္ပါသြားတဲ ့ ခရီးသည္တင္ကားၾကီး ကေလာအတက္ ၀က္ၿဖဴေရေကြ ့မွာေခ်ာက္ထဲက်ၿပီး မီးေလာင္ ေပါက္ကြဲသြားတာ ေတာ္ေတာ္မ်ားမ်ား လူရုပ္ေတာင္ ဖမ္းမမိေတာ ့ဟု ဆိုပါေၾကာင္း …….

(ကြ်န္ေတာ္ ့ဦးေလးမွတ္တမ္းကို ဆီေလ်ာ္ေအာင္ၿပန္ေရးပါသည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lu Myanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒီစုန်းရွာကိစ္စကိုမသိခင် လွန်ခဲ့တဲ့ ၈ နှစ်က ကလောမှာ အဖေမြို့နယ်မှုးလုပ်တုန်းက အဖေ့တပည့်တောခေါင်း ဦးစောဝင်းသေတာကနေ စပြောရမှာပါပဲ။ ဦးစောဝင်းဆုံးတော့ ကျွန်တော်တို့ ရန်ကုန်ပြောင်းလာပါပြီ။ အဖေက အဲဒီအချိန်က ဒုညွှန်မှူးဘဝနဲ့ ရန်ကုန်ရုံးချုပ်မှာပါ။

တစ်နေ့အဖေ့ဆီ ကလောက ဖုန်းဝင်လာပါတယ်။ဦးစောဝင်းဆုံးတယ် ငှက်ဖျားနဲ့လို့ဆိုပါတယ်။ ဒီအထိ မထူးဆန်း သေးပါဘူး။ တစ်ရက် ဦးစောဝင်းရဲ့မယားညီအစ်ကို အဖေ့တပည့် တောအုပ် ဦးကိုကြီးဆိုတာလာတော့ အဖေ့ကို ပြောပြတယ်။ ဦးစောဝင်း ဘယ်လိုဆုံးလဲဆိုတာကိုပေါ့။ ကျွန်တော်တို့ညီအစ်ကို က ဦးစောဝင်းကို ခင်ပါတယ်။ သူတို့ လင်မယားက ကလေးလည်းမရှိဘူး။ သူ့မိန်းမက မပုလို့ခေါ်တယ်။ ကျွန်တော်တို့ ညီအစ်ကို ကလောမှာနေတော့ သူတို့ပဲထိန်းလာတာပါ။ ဒီတော့ ကျွန်တော်လည်းနားထောင်နေလိုက်တယ်။

ဦးကိုကြီးက ‘ဆရာ့တပည့် ကိုစောဝင်းက မဆုံးခင် တစ်ပတ်လောက်က အပြင်းဖျားတယ်။ ကျွန်တော်တို့လည်း အစကငှက်ဖျားပဲထင်တာ။ နောက်ပိုင်းသူ ယောင်ပြီးလမ်းထလျှောက်တယ်။ ထူးဆန်းတာက သူယောင်ပြီး လမ်းလျှောက် တာကို သူ့မိန်းမ မပုလုံးဝမသိဘူး။ နောက်ပိုင်းသူ့ကို မနက် ၃နာရီလောက်ဆို ဥယျာဉ်ခြံလုပ်ငန်းတွေထဲ သွားတဲ့ သူတွေ က တွေ့တယ်ပြောကြတယ်။ သူသွားတဲ့ ဘက်ကလည်း ကလောသင်္ချိုင်းဘက်တဲ့။’

ဒီနေရာမှာ ကလောသစ်တောဝင်းထဲက ဦးစောဝင်းတို့အိမ်နဲ့ဆို ကလောသင်္ချ ိုင်းက လှမ်းမြင်နေရပေမယ့် ဟိုဘက် တောင်ထိပ်နဲ့ ဒီဘက်တောင်ထိပ် သွားမယ်ဆို ၁ နာရီလောက် လမ်းလျှောက်ရပါတယ်။ သေမလို အိပ်ယာထဲလဲနေတဲ့ လူနာက အဲလိုလျှောက်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ သူ့မိန်းမအပါအဝင် ဦးကိုကြီးတို့ကအစ ထင်ကြတယ်လို့ ဆိုပါတယ်။

ဦကိုကြီးက ဆက်ပြီး ‘ဒီလိုနဲ့တစ်ရက်တော့ ကျွန်တော်တို့ လင်မယားလည်း သူ့ညီမ မပုတို့အိမ်မှာစောင့်အိပ်ပြီး သတိထားနေတော့ ည ၁နာရီလောက်လည်းရောက်ရော ကိုစောဝင်းက ထလာပါတယ်။ တကယ့်ကို ပေါ့ပေါ့ပါးပါးပါပဲ။ ကျွန်တော်တို့က အခန်းတစ်ခုထဲကနေ ချောင်းကြည့်နေတာပါ။ထူးခြားတာက အရမ်း အအိပ်ဆတ်တဲ့ သူ့မိန်းမ မပု လုံးဝမနိုးတာပါ။ ကျွန်တော်တို့လည်း မဖြစ်ဘူးဆိုပြီး တံခါးဖွင့်နေတဲ့ သူ့ကိုဝိုင်းချုပ်ပြီး အော်တော့ ဘေးနားကပ်နေတဲ့ ဝန်ထမ်းအိမ်တွေက ဘာဖြစ်တာလဲဆိုပြီး ပြေးလာပါတယ်။

ဒါပေမယ့် သူ့မိန်းမ မပုက လုံးဝမနိုးပါဘူး။ အတင်းဝိုင်းပြီး လှုပ်နှိုးမှနိုးလာပါတယ်။ ကိုစောဝင်းကတော့ ငူငူငိုင်ငိုင်ကြီး ပါပဲ။ ကျွန်တော်တို့လည်း ဒါပုံမှန်မဟုတ်ဘူးဆိုပြီး အနီးနား ဗောဓိကုန်း ဘုန်းကြီးကျောင်းက ဆရာတော်ကို ပြေးလျှောက် တော့ ဆရာတော်ကြွလာပါတယ်။

ဆရာတော် အိမ်ပေါ်မတက်ခင် မှာပဲ ကိုစောဝင်းက ဇာတ်လေး ခေါက်ခနဲ ကျိ ုးပြီး ဆုံးသွားပါတယ်။ ဆရာတော်ကတော့ ဒကာမောင်စောဝင်းက ငှက်ဖျားနဲ့ သေငင်ဇောမြောနေတာကို တစ်ယောက် ယောက် အစီအရင်လုပ်ထားတဲ့ ပုံပဲလိ့ု  ပြောပြီး။ အိမ်မှာ ပရိတ်ရွတ်၊ မေတ္တာပို့ပေးခဲ့ပါတယ်။ အဲဒီနေ ရာမှာ တစ်ခုထူးတာ က ဆရာတို့လက်ထက် မတိုင်ခင် ကထဲက အရမ်းစိတ်ချရလို့ဆိုပြီး ညစောင့်တာဝန်ယူထားတဲ့ ဦးဖိုးထောင်ကလည်း တစ်သက်နဲ့တစ်ကိုယ် မဖြစ်စဖူး အဲဒီညတွေမှာ အိပ်ပျော်နေတယ်လို့ဆိုပါတယ် ဆရာ….’

ဦးကိုကြီးရှင်းပြတာကိုနားထောင်ပြီး ကျွန်တော်တို့မိသားစုလည်း တော်တော်လေးစိတ်ဝင်စားမိပြီး ဒီအကြောင်းလေးကို အမြဲအမှတ်ရနေပါတယ်။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် နေလာတာ နောက် ၆ လလောက်ကြာတော့ ကျွန်တော်တို့ အဖွားအိမ်မှာ သွားလည်နေတုန်း ဦးပေါငြိမ်း( ဆေးဝင်္ဂပါ ဂိုဏ်းချ ုပ်) ရောက်လာပါတယ်။ ဆေးဝင်္ဂပါဂိုဏ်းဆိုတာ ကျွန်တော်တို့ ဆွေစဉ်မျိုးဆက် အဆက်ဆက်နဲ့ပတ်သက်လာခဲ့တဲ့ဘအထက်လမ်းဂိုဏ်းပါ။

ရွှေတိဂုံဘုရားမှာ ဆေးဝင်္ဂပါဂိုဏ်ရဲ့ ဇရပ်တန်ဆောင်းရှိပါတယ်။ အမြဲမပြတ်လည်း အစည်းအဝေးတွေ ကျင်းပလေ့ရှိတယ်။ ဒီဂိုဏ်းကနေ ထွက်ရပ်လမ်းကိုကြွမြန်းတဲ့ သူတွေလည်းရှိခဲ့ပါတယ်။ မှတ်တမ်းတွေလည်းရှိပါတယ်။ ထွက်နည်း (၃) နည်း ရှိပါတယ်။ ဒါကိုတော့ ဒီစာနဲ့မဆိုင်လို့နောက်ပိုင်း ရေးပါဦးမယ်။ ဂိုဏ်းဝင်တွေက ခေါင်းမှာ စုတ်၃ ချက်စီ ပေါက်ထား ပါတယ်။ ဆေးအနီနဲ့ပါ။ အမဲသား၊ ဝက်သား ရာသက်ပန်ရှောင်ရပါတယ်။

သူလာတာက ကျွန်တော့်ဦးလေးအငယ်ကို လာခေါ်တာပါ။ ကိစ္စက လှည်းကူနားမှာ စုန်းတွေ ရွာတည်နေကြောင်း။ ဒီစုန်း တွေက လွိုင်ကော်ဘက်ကနေ အုပ်စုလိုက် ဆင်းလာတာဖြစ်ကြောင်း၊ လွိုင်ကော်ကနေ ကလော၊ ကလော ကနေ ယင်းမာပင်၊ ယင်းမာပင်ကနေ သာစည် အဲဒီကနေတောက်လျှောက် ဆင်းလာပြီး လမ်းတလျှောက်က မြို့တွေမှာ ကံနိမ့် နေတဲ့ လူတွေရဲ့ အသက်တွေကို နှုတ်ပြီးလိုသလို ခိုင်းစားနေတဲ့ ဂိုဏ်းဖြစ်တယ်လို့ဆိုပါတယ်။

ဒါနဲ့ သက်ဆိုင်ရာမြို့တွေက ကျန်းမာရေးအစီရင်ခံစာတွေအရ လူနာတွေ သေဆုံးပုံတွေ၊အိပ်ယာထဲလဲနေတဲ့ လူနာတွေက ညဘက်လမ်းအဝေးကြီးလျှောက်တာတွေ တူညီနေလို့ ကျန်းမာရေးဌာန ဗဟိုကို တင်ပြကြပါတယ်။ ဒါနဲ့ထောက်လှမ်းရေး တွေလည်း တောက်လျှောက်လိုက်တော့ မသင်္ကာစရာလူတစ်စု လွိုင်ကော်ဘက်ကနေ လူအင်အား ၃၀ လောက်နဲ့ ဆင်းလာပြီး တစ်မြို့မှာ ခဏနေလိုက် ပြီးနောက်မြို့ ကူးလိုက်နဲ့မေးတော့လည်း နယ်လှည့် ဆေးဆရာတွေလို့ ဆိုပါ တယ်။ ထူးခြားတာက သူတို့နေခဲ့တဲ့မြို့တွေမှာဒီလိုမျိုး ထူးထူးခြားခြား လူသေမှုတွေ ဖြစ်နေတာပါ။

ဒါနဲ့ ထောက်လှမ်းရေးကလည်း သူတို့ကို အောက်လမ်း ဆရာတွေလို့မသင်္ကာတာနဲ့ ဒီအတိုင်းစောင့်ကြည့်နေတုန်း အဲဒီလှည်းကူးတဝိုက်က ဒေသခံ ဆေးဝင်္ဂပါ ဂိုဏ်းသားတွေက သိပြီး ရန်ကုန်ကို အကြောင်းကြားလို့ ဆရာဦးပေါငြိမ်း တို့ကလိုက်သွားတာပါ။ ဒီတော့မှ ကျွန်တော်တို့မိသားစုလည်း ဦးစောဝင်း သေဆုံးပုံကို ပြန်ပြီး အမှတ်ရမိပါတယ်။

(အောက်ဖော်ပြပါ အကြောင်းအရာတွေကတော့ ဦးလေးရဲ့မှတ်တမ်းကို ဦးလေးရဲ့နေရာကနေ ကျွန်တော် ချုံ့ပြီးပြန်ရေးတာပါ…..)

သူတို့စုန်းတွေ တည်ထားတဲ့ရွာက ရန်ကုန်က သွားရင် လှည်းကူး အကျော်လေးမှာပါ။ မီးရထားလမ်းက ကားလမ်းကို ဖြတ်ထားတဲ့ နေရာလေးမရောက်ခင်လေးပါ။ အဲဒီကကျော်ရင်တော့ သင်္ချ ိုင်းကုန်းပါ။ သူတို့က ယာယီတဲလေးတွေနဲ့ လယ်ကွင်းဘေးက ကွင်းပြင်ထဲမှာ နေနေတာပါ။ သတင်းအရ လုံခြုံရေးယူပေးဖို့ရဲတပ်စိတ်တစ်စိတ်ကလည်း မသိမသာ ရောက်နေပါတယ်။ သူတို့ကလည်း အဲဒီလူစုနောက်ကို လိုက်နေတာပါပဲ။ ဆေးဝင်္ဂပါဂိုဏ်းက ရန်ကုန်က ကား ၂ စီးနဲ့ လူ ၉ ယောက် ၊လှည်းကူးဂိုဏ်းခွဲက ဒိုင်နာ တစ်စီးနဲ့ ဂိုဏ်းသား ၉ ယောက် ပါလာပါတယ်။

အဲဒီကိုရောက်တော့ ည ၈ နာရီခွဲပါ။ ပြင်စရာရှိတာတွေပြင်ပြီး ည ၉ နာရီအတိမှာ ထုံးစံအတိုင်း ဘုရားကိုးဆူမှာ အဓိဌာန် ဝင် ရေးဆွဲထားတဲ့ အင်းတစ်ချပ်ကို မြှားထိပ်မှာလိပ် မီးရှို့ပြီး ဆရာဦးပေါငြိမ်း ကိုယ်တိုင် ပထမ မီးမြှားကို ပစ်ပါတယ်။ သူတို့ထဲက ရုတ်ရုတ် ရုတ်ရုတ်အသံတွေ ထွက်လာပြီး မဲမဲ ကောင်ကြီးတွေ ကျွန်တော်တို့ဘက်ကို ပြေးလာပါတယ်။ ဒါနဲ့ ဆရာဦးပေါငြိမ်းလည်း ဒုတိယ မီးမြှားကို ပစ်တဲ့အချိန်မှာတော့ ပြေးလာနေတာတွေပျောက် အသံတွေငြိမ်ကျသွား ပါတယ်။ ခဏနေတော့ သူတို့ထဲက ခေါင်းဆောင်ဆိုသူထွက်လာပြီး။ ဆရာဦးပေါငြိမ်းကိုတောင်းပန် ပြီး အညံ့ခံပါတယ်။

နောက်ဆုံးမြှားကို မပစ်ပဲ သူတို့ကို လွှတ်ပေးဖို့လာပြောတာပါ။ ခက်တာက သူတို့ က လူသတ်မှုလည်းမဟုတ် ကံနိမ့်နေတဲ့သေခါနီး ရောဂါသည်တွေကို ပြုစားတာဖြစ်လို့ဥပဒေကြောင်းအရ အရေးယူဖို့မလွယ်ပါဘူး။ လက်စုပ် လက်ကိုင်လည်း မပြနိုင်ပါဘူး။ သူတို့ဒေသမှာ စားဝတ်နေရေးမပြေလည်လို့ အောက်ဘက်ကို ဆင်းလာပြီး လူတွေကို ပြုစား ဆေးကုနဲ့ သရဲတွေကိုမွေးလာတာဖြစ်ကြောင်း ပြောပါတယ်။ ဒါနဲ့သူတို့ကို ပညာစွန့်ခိုင်း သစ္စာဆိုခိုင်းပြီးသူတို့ ဇာတိ လွိုင်ကော်ဘက်ကို ပြန်ခိုင်းလိုက်ပါတယ်။ ရဲတွေလည်း မှတ်တမ်တွေယူပြီး ဘာဆက်လုပ်ရမလဲ အထက်ကို တင်ပြ ဖို့ပြန်သွားကြပါတယ်။

ဒါနဲ့ သူတို့ကို ဘယ်လိုမှ အရေးမယူတော့ဘူးလားမေးတော့ သူတို့ ပညာရှိတုန်းတော့ တော်ရုံ ကံနိမ်းတာကို နိုင်တယ်။ အခု သူတို့ ပညာမရှိတော့ဘူးဆိုတော့ သူတို့အကုသိုလ်အကျိ ုးပေးပါလိမ့်မယ်လို့ပဲ ဆရာဦးပေါငြိမ်းက မိန့်ပါတယ်။ ဒါနဲ့နောက်ဆုံး မီးမြှားပစ်ရင် ဘာဖြစ်မလဲလို့မေးတော့ ပထမမြှားနှစ်စင်းက သတိပေးတာပဲ။ နောက်ဆုံးမြှားသာ ပစ်ခဲ့ လို့ရှိရင် အဲဒီနားက ဝမ်းတွင်းမှာ စုန်း ပညာရှိသူအကုန် သွေးအန်သေမယ်တဲ့။ ပစ်တဲ့ဆရာမှာလည်း အကုသိုလ်ဖြစ်ပြီး ငရဲကြီးတယ်လို့ဆိုပါတယ်။ ဒါနဲ့ညတွင်းချင်းပဲ ရန်ကုန်ပြန်ခဲ့ကြပါတယ်။

ရန်ကုန်ပြန်ရောက်ပြီး မနက်ရောက်တော့ညက အိပ်ရေးပျက်ထားတော့ အတိုးနဲ့အိပ်တာပေါ့။ ညနေလည်းရောက်ရော ဆရာဦးပေါငြိမ်းဆီက ဖုန်းဝင်လာပါတယ်။ သူ့ဆီ ရဲစခန်းက ဖုန်းဆက်ကြောင်း ၊ဆရာ့ကိုတောင်းပန်ပြီး ပြန်သွားတဲ့ သူတွေစီးနင်းလိုက်ပါသွားတဲ့ ခရီးသည်တင်ကားကြီး ကလောအတက် ဝက်ဖြူရေကွေ့မှာချောက်ထဲကျပြီး မီးလောင် ပေါက်ကွဲသွားတာ တော်တော်များများ လူရုပ်တောင် ဖမ်းမမိတော့ဟု ဆိုပါကြောင်း …….

(ကျွန်တော့်ဦးလေးမှတ်တမ်းကို ဆီလျော်အောင်ပြန်ရေးပါသည်။)

ဖိုးသူတော် (www.phothutaw.com)
Credit:Lu Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top