မိုးေအာင္ရင္က သာသနာ့ေဘာင္ထဲဝင္ေနတာ (၂)ပတ္ေက်ာ္ေလာက္ ရွိသြားခဲ့ပါၿပီ။ ေမလ(၁၂) ရက္ေန႕ကတည္းက သာသနာ့ေဘာင္ထဲဝင္ခဲ့တာပါ။

၂၀၁၈ခုႏွစ္၊ေမလ(၁၂) ရက္ေန႕ကတည္းက သာသနာ့ေဘာင္ထဲ ဝင္ေရာက္ခဲ့တဲ့ မိုးေအာင္ရင္ဟာ အခုဆိုရင္ (၂)ပတ္ေက်ာ္ေက်ာ္သာသနာ့ေဘာင္ထဲမွာ ရွိေနတာပါ။ ေမလ(၂၅) ရက္ေန႕ကလည္း သကၤန္းဝတ္နဲ႕ ပထမဆံုးအႀကိမ္ ေရႊတိဂံုေစတီေတာ္ျမတ္ႀကီးကို သြားေရာက္ဖူးေမွ်ာ္ခဲ့ပါေသးတယ္။ ေရႊတိဂံုသို႕ သြားေရာက္ခဲ့တဲ့ အေၾကာင္းကိုလည္း သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ယခုလုိ ေရးသားထားတာပါ။

“First time going to Shwedagon Pagoda as a monk.” ဆုိၿပီး ေမလ(၂၅) ရက္ေန႕က ေရးသားထားကာ ဓာတ္ပံုေတြကိုလည္း တင္ခဲ့ပါေသးတယ္။

မုိးေအာင္ရင္ဟာ ေမလ ၇ ရက္ေန႔မွာ လြတ္ျငိမ္းခ်မ္းသာခြင့္ နဲ႔ အက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္လာတာျဖစ္ပါတယ္။ သူ႔ကုိေတာ့ မူးယစ္ေဆးဝါးမႈနဲ႔ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ ၂၉ ရက္ေန႔က မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရွိမႈနဲ႔ အက်ဥ္းခ်ခံခဲ့ရတာျဖစ္ပါတယ္။ သူဟာ မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရွိမႈနဲ႔ သုံးစြဲမႈ တုိ႔အတြက္ ၂၀၁၈ ခုႏွစ္ ႏုိဝင္ဘာလ အတြင္းက အလုပ္နဲ႔ ေထာင္ဒဏ္ ၁၅ ႏွစ္ က်ခံခဲ့ရတာျဖစ္ပါတယ္။

မုိးေအာင္ရင္ကုိေတာ့ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကား၊ တီဗီေၾကာ္ျငာေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာျဖစ္ပါတယ္။ သူဟာ အဆုိေတာ္ ေအာင္ရင္ရဲ႕ သားတစ္ေယာက္ျဖစ္ပါတယ္။ အျပဳံးခ်ဳိခ်ဳိ၊ သေဘာေကာင္းလြန္းသူ၊ ေပးလာတဲ့ ကာရုိက္တာအေပၚ အေကာင္းဆုံး သရုပ္ေဆာင္ႏုိင္သူျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ကုိ ဒီေန႔ အထိ ရရွိပုိင္ဆုိင္ထားတဲ့ မင္းသားေခ်ာတစ္ေယာက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

မိုးအောင်ရင်က သာသနာ့ဘောင်ထဲဝင်နေတာ (၂)ပတ်ကျော်လောက် ရှိသွားခဲ့ပါပြီ။ မေလ(၁၂) ရက်နေ့ကတည်းက သာသနာ့ဘောင်ထဲဝင်ခဲ့တာပါ။

၂၀၁၈ခုနှစ်၊မေလ(၁၂) ရက်နေ့ကတည်းက သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တဲ့ မိုးအောင်ရင်ဟာ အခုဆိုရင် (၂)ပတ်ကျော်ကျော်သာသနာ့ဘောင်ထဲမှာ ရှိနေတာပါ။ မေလ(၂၅) ရက်နေ့ကလည်း သင်္ကန်းဝတ်နဲ့ ပထမဆုံးအကြိမ် ရွှေတိဂုံစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမျှော်ခဲ့ပါသေးတယ်။ ရွှေတိဂုံသို့ သွားရောက်ခဲ့တဲ့ အကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာပါ။

“First time going to Shwedagon Pagoda as a monk.” ဆိုပြီး မေလ(၂၅) ရက်နေ့က ရေးသားထားကာ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။

မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အကျဉ်းချခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top