ေမလ(၆) ရက္ေန့က ေရႊထူးနဲ့ ေရႊမႈံရတီတို့ ဇနီးေမာင္နွံ နွစ္ဦးရဲ့ အိမ္ေျခယာမဲ့မ်ားကို အိပ္ယာခင္း၊ ေခါင္းအံုး၊ ေငြသား ေတြကို လိုက္လံလွဴဒါန္းခဲ့ျကတာ ျဖစ္ပါတယ္။ ေရႊထူးနဲ့ ေရႊမႈႈံတို့ရဲ့ အလွဴအမွတ္တရ ဗီဒီယိုေလးကို ျကည့္ရႈသူ (၁၀) သိန္းထိရိွလာျပီးတဲ့ေနာက္ သတင္းေကာင္းေလးတစ္ခုက တြဲလ်က္ေလး ထြက္ေပၚလာပါတယ္။ အဲ့ဒါကေတာ့ လြန္ခဲ့တဲ့ (၆) နွစ္ကတည္းက အိမ္နဲ့ ေဝးကြာေနတဲ့ စိတ္ေဝဒနာရွင္တစ္ဦးကို သူ့ရဲ့မိသားစုက ထိုဗီဒီယိုေလးမွာ ျပန္လည္ေတြ့ရိွခဲ့တာပဲ ျဖစ္ပါတယ္။

ထိုသူက လြန္ခဲ့တဲ့ ဆယ္နွစ္အတြင္းက အိမ္​​ေထာင္​ကြဲၿပီး အရက္​​ေသစာအလြန္​အကြၽံ​ေသာက္​စားၿပီး စိတ္​မူမမွန္သူအျဖစ္ စိတ္ေဝဒနာကို ခံစားေနရသူ တစ္ေယာက္ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ေျခာက္နွစ္ခန့္က ရန္ကုန္ျမိဳ့ ရပ္ကြက္ထဲရိွ အသုဘပို့တဲ့ ကားေတြနဲ့ လိုက္ပါသြားရာမွ မိသားစုနဲ့ အဆက္အသြယ္ျပတ္ေတာက္သြားတာ ဒီေန့ဒီအခ်ိန္ထိ ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ သက္ဆိုင္ရာကို တိုင္ျကားမႈမ်ား ျပုလုပ္ခဲ့ေပမယ့္လဲ တစ္စံုတစ္ရာ ထူးျခားမႈရိွမလာပဲ မိသားစုက လိုက္လံရွာေဖြေနတာ ေျခာက္နွစ္တာမွ် ရိွခဲ့ျပီ ျဖစ္ပါတယ္။

ဒါေပမယ့္ ကံေကာင္းေထာက္မစြာနဲ့ ေရႊထူးနဲ့ ေရႊမႈံရတီတို့ ညဘက္လုပ္တဲ့ အလွဴဗီဒီယိုေလးမွာ ထိုသူရဲ့ လမ္းေဘးက ပံုရိပ္ေတြကို အမွတ္မထင္ ျပန္လည္ေတြ့ရိွခဲ့ပါတယ္။ တကိုယ္​လံုးပိန္​ျခံဳးၿပီး ဆံပင္​​ေတြ ႐ွည္​​ေန​ေပမယ္​့ သူ႔ရဲ႕ အမူအယာကို ​ေကာင္​း​ေကာင္​းမွတ္​မိ​ေနပါတယ္​လို ့သူ့ရဲ့ အစ္ကိုျဖစ္သူက သူ့ရဲ့ လူမႈကြန္ယက္မွာ မွ်ေဝထားပါတယ္။

” ​ေအာက္​ပါပံုက ေရႊထူးနဲ့ ေရႊမႈံတို့ရဲ့ အလွဴဗီဒီယိုမွာ ေတြ့လိုက္ရတဲ့ ထိုသူရဲ့ပံုေတြကို Screenshot ရိုက္ကူးထားတဲ့ ပံုရိပ္ေတြပဲ ျဖစ္ပါတယ္။ အခုဆိုရင္ စိတ္​ပံုမွန္​မျဖစ္​​ေသးပဲ အိမ္​ကိုလဲ ျပန္​မလာတတ္​ လမ္​း​ေဘးမွာ​ေနၿပီး ျဖစ္​သလိုစား​ေသာက္​​ေနထိုင္​​ေနတဲ့သူ့ကို မိသားစုဝင္ေတြက အပူတျပင္း ျပန္လည္ရွာေဖြေနျကျပီ ျဖစ္ပါတယ္။ ရန္​ကုန္​ၿမိဳ႕တြင္​း ဂံုးတံတားမ်ား​ေအာက္မွာ​ညဘက္​အ​ေျခက်တတ္​ႏိုင္​သလို ​ေျခဦးတည္​့ရာ​ေလ်ာက္​သြား​ေနပံုရပါတဲ့အတြက္ သူ့ကို ေတြ့ရိွခဲ့ရင္ အခ်ိန္မေရြး သူ့ရဲ့ မိသားစုဝင္ေတြကို အေျကာင္းျကားေပးျကပါေနာ္။

နွစ္ေပါင္းမ်ားစြာ မိသားစုနဲ့ ေဝးကြာျပီး လမ္းေဘးမွာ ဒုကၡေရာက္ေနရာမွ အခုလို ထူးဆန္းတဲ့ ကံျကမၼာနဲ့ ျပန္လည္ရွာေတြ့ခဲ့တာ အ့ံအားသင့္စရာပါပဲေနာ္။ ပရိသတ္ေတြလဲ ထိုသူကိုမ်ား လမ္းမွာ အမွတ္မထင္ ေတြ့ရိွခဲ့ရင္ သူ့ရဲ့အစ္ကိုျဖစ္သူရဲ့ ဖုန္းနံပါတ္ (09428169345 / 09977875319) ကို ဆက္သြယ္ကူညီေပးျကပါဦးလို့တာင္းဆိုပါတယ္ေနာ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Rowena
Source: နန္း မဟာ’s fb

#Unicode Version#
မေလ(၆) ရက်နေ့က ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ နှစ်ဦးရဲ့ အိမ်ခြေယာမဲ့များကို အိပ်ယာခင်း၊ ခေါင်းအုံး၊ ငွေသား တွေကို လိုက်လံလှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုှုံတို့ရဲ့ အလှူအမှတ်တရ ဗီဒီယိုလေးကို ကြည့်ရှုသူ (၁၀) သိန်းထိရှိလာပြီးတဲ့နောက် သတင်းကောင်းလေးတစ်ခုက တွဲလျက်လေး ထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ လွန်ခဲ့တဲ့ (၆) နှစ်ကတည်းက အိမ်နဲ့ ဝေးကွာနေတဲ့ စိတ်ဝေဒနာရှင်တစ်ဦးကို သူ့ရဲ့မိသားစုက ထိုဗီဒီယိုလေးမှာ ပြန်လည်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ထိုသူက လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းက အိမ်ထောင်ကွဲပြီး အရက်သေစာအလွန်အကျွံသောက်စားပြီး စိတ်မူမမှန်သူအဖြစ် စိတ်ဝေဒနာကို ခံစားနေရသူ တစ်ယောက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်ခန့်က ရန်ကုန်မြို့ ရပ်ကွက်ထဲရှိ အသုဘပို့တဲ့ ကားတွေနဲ့ လိုက်ပါသွားရာမှ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်သွားတာ ဒီနေ့ဒီအချိန်ထိ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာကို တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့်လဲ တစ်စုံတစ်ရာ ထူးခြားမှုရှိမလာပဲ မိသားစုက လိုက်လံရှာဖွေနေတာ ခြောက်နှစ်တာမျှ ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ညဘက်လုပ်တဲ့ အလှူဗီဒီယိုလေးမှာ ထိုသူရဲ့ လမ်းဘေးက ပုံရိပ်တွေကို အမှတ်မထင် ပြန်လည်တွေ့ရှိခဲ့ပါတယ်။ တကိုယ်လုံးပိန်ခြုံးပြီး ဆံပင်တွေ ရှည်နေပေမယ့် သူ့ရဲ့ အမူအယာကို ကောင်းကောင်းမှတ်မိနေပါတယ်လို့သူ့ရဲ့ အစ်ကိုဖြစ်သူက သူ့ရဲ့ လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။

” အောက်ပါပုံက ရွှေထူးနဲ့ ရွှေမှုံတို့ရဲ့ အလှူဗီဒီယိုမှာ တွေ့လိုက်ရတဲ့ ထိုသူရဲ့ပုံတွေကို Screenshot ရိုက်ကူးထားတဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ အခုဆိုရင် စိတ်ပုံမှန်မဖြစ်သေးပဲ အိမ်ကိုလဲ ပြန်မလာတတ် လမ်းဘေးမှာနေပြီး ဖြစ်သလိုစားသောက်နေထိုင်နေတဲ့သူ့ကို မိသားစုဝင်တွေက အပူတပြင်း ပြန်လည်ရှာဖွေနေကြပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်း ဂုံးတံတားများအောက်မှာညဘက်အခြေကျတတ်နိုင်သလို ခြေဦးတည့်ရာလျောက်သွားနေပုံရပါတဲ့အတွက် သူ့ကို တွေ့ရှိခဲ့ရင် အချိန်မရွေး သူ့ရဲ့ မိသားစုဝင်တွေကို အကြောင်းကြားပေးကြပါနော်။

နှစ်ပေါင်းများစွာ မိသားစုနဲ့ ဝေးကွာပြီး လမ်းဘေးမှာ ဒုက္ခရောက်နေရာမှ အခုလို ထူးဆန်းတဲ့ ကံကြမ္မာနဲ့ ပြန်လည်ရှာတွေ့ခဲ့တာ အံ့အားသင့်စရာပါပဲနော်။ ပရိသတ်တွေလဲ ထိုသူကိုများ လမ်းမှာ အမှတ်မထင် တွေ့ရှိခဲ့ရင် သူ့ရဲ့အစ်ကိုဖြစ်သူရဲ့ ဖုန်းနံပါတ် (09428169345 / 09977875319) ကို ဆက်သွယ်ကူညီပေးကြပါဦးလို့  တောင်းဆိုပါတယ်နော်။

ဖိုးသူတော်(www.phothutaw.com)
Credit:Rowena
Source: နန်း မဟာ’s fb


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top