2003ခုႏွစ္ေလာက္က ျမန္မာႏိုင္ငံရဲ႕ နာမည္ႀကီး IC ရဲ႕စင္တင္ အဆိုေတာ္အျဖစ္ ဂီတေလာကႀကီးထဲကို စတင္ေျခလွမ္းဝင္ေရာက္ခဲ့တဲ့ ျဖဴျဖဴေက်ာ္ေက်ာ္သိန္း ကိုေတာ့အားလံုးပဲသိၾကၿပီးသားျဖစ္ပါတယ္။ သူဟာ ျမန္မာႏိုင္ငံရဲ႕ကိုယ္စားအေနနဲ႔လည္းႏိုင္ငံတကာ ကို ျမန္မာႏိုင္ငံကိုယ္စားျပဳအေနနဲ႔သြားေရာက္သီဆိုခဲ့ရတဲ့ သူတစ္ေယာက္လည္းျဖစ္ပါတယ္။

သူရဲ႕သီခ်င္းေတြကလည္း တစ္ႏိုင္ငံလံုးမွာ ေအာင္ျမင္ေနပါတယ္။ သူနဲ႔We Media နဲ႔အင္တာဗ်ဴးတစ္ခုမွာ ေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ မိတ္ေဆြေတြသိေအာင္ျပန္ေျပာျပေပးလိုက္ပါတယ္။

“ Copy ရယ္ Own Tune ရယ္ဆိုၿပီး အစ္မဘယ္ေတာ့မွအဆင့္အတန္းခြဲေလ့မ႐ိွဘူး ။ ဘာလို႔လဲဆိုေတာ့ သူ႔ဟာနဲ႔သူတန္ဖိုးေလးေတြမတူၾကဘူး ။ႏွစ္မ်ိဳးလံုးကသူ႔တန္ဖိုးေလးနဲ႔သူ႐ိွတယ္။ ဘယ္သီခ်င္းကိုလုပ္လုပ္ လုပ္ရတာက သူ႔ရဲ႕တန္ဖိုးေလးေတြ ၊ ခက္ခဲမႈေလးေတြ ၊ပညာသားပါမႈေလးေတြ႐ိွတယ္။ အဲ့ဒီအတြက္ေၾကာင့္အစ္မကေတာ့ ဟယ္ငါေတာ့ ဒါပဲဆိုမယ္ ။ ဒါမလုပ္ဘူး ဒါပဲအထင္ႀကီးတယ္ ။



ဒါမ်ဳိးဆိုအထင္မႀကီးဘူးဆိုတဲ့စိတ္အစ္မမွာ လံုးဝမ႐ိွဘူး ။”ဆိုၿပီးသူရဲ႕ Copy နဲ႔ Own Tune အေပၚမွာထားတဲ့ စိတ္ကိုေျပာျပသြားပါတယ္။ ေနာက္ထပ္ၿပီးေတာ့လည္း ေအာင္ျမင္မႈေတြ ေရ႐ွည္မခံတဲ့အေပၚ သူရဲ႕အျမင္ကိုလည္း “ ဘာမဆိုခဏပဲခံတယ္။ စိတ္ဝင္စားမႈကိုလည္းၾကာၾကာဆြဲေဆာင္ႏိုင္စြမ္းမရိွေတာ့ဘူး ။ တစ္ေနရာရာမွာ စိတ္ကိုၾကာၾကာစိတ္ပါဝင္စားစြာ (ဘယ္လိုေခၚမလဲ ) စိတ္ႏွစ္ထားႏိုင္ခ်င္လည္းမ႐ိွေတာ့ဘူး ။ ၿပီးေတာ့ေခတ္ကိုကလည္းတိုးတက္ေျပာင္းလဲၿပီးေတာ့ စိတ္ဝင္စားစရာအရမ္းမ်ားလာ တာလည္းပါပါတယ္။

 ေပၚပင္ကိုသိပ္လိုက္ၾကတယ္။ ေပၚပင္ကိုလိုက္ရင္ခဏတျဖဳတ္နာမည္ႀကီးတာေတာ့မွန္တယ္။ သီခ်င္းရယ္လို႔ေတာ့အစ္မမဆိုလိုတာမဟုတ္ဘူးေနာ္ ။ ဘယ္ဟာကိုမဆို ေပၚပင္ကိုလုိုက္ရင္ခဏတျဖဳတ္ေတာ့ဝုန္းဆိုၿပီးနာမည္ႀကီးတာေတာ့မွန္တယ္။ ဝုန္းကနဲနာမည္ႀကီးတာလည္းမွန္တယ္။ အရမ္းအလုပ္ျဖစ္တာလည္းမွန္တယ္။ ပိုက္ဆံေတြကကိုယ့္ေနာက္လိုက္တာလည္း မွန္တယ္။ ေပၚပင္ျဖစ္တာနဲ႔ေသခ်ာတည္ေဆာက္ၿပီးျဖစ္ရတဲ့သမိုင္းေၾကာင္း ကြာတယ္။

တည္ေဆာက္ၿပီးျဖစ္ရတဲ့သူကေလ ေစာင့္ေနရေတာ့သူကၾကာေတာ့ၾကာတယ္။ သိလား(သေဘာက်လ်က္) သူတို႔လည္းတစ္ခါတေလစိတ္ညစ္ၾကတာေပါ့ေနာ္ ။ ေသခ်ာတည္ေဆာက္ေနၾကတဲ့ သူေတြခမ်ာၾကလည္းဟိုေပၚပင္ေတြၾကည့္ၿပီးတဲ့အခါမွာ စိတ္ညစ္႐ွာမွာေပါ့ ။



မွန္ရာကန္ရာ လမ္းေၾကာင္းနဲ႔ပံ့ပိုးေပးရမွာက စတုတၳမ႑ိဳင္ မီဒီယာရဲ႕တာဝန္ေလ ။ မီဒီယာကပါ အဲ့ဒီေနာက္ကိုလိုက္ၿပီးေတာ့ ေပၚပင္ဆန္ေနရင္ ေတာ့ လူေတြကိုဘယ္လိုပညာေပးမလဲ ဘယ္လိုကူညီမလဲ မီဒီယာေတြကိုတိုင္ကိုက ဖြဖို႔အတြက္ပဲ သီတင္း႐ွာေနမယ္ ။တခ်ိဳ႕လူေတြကက်ေတာ့ နာမည္မႀကီးႀကီးေအာင္ ကိုယ္ဒီလိုလုပ္ရင္ နာမည္ႀကီးမယ္ ဆိုတာသိလို႔လုပ္ၾကတာ ။

အဲ့ဒီေနာက္ကို ညီမေလးတို႔က ေရလိုက္ငါးလိုက္လိုက္ေနၾကမယ္ ဆိုရင္ေတာ့ တျခားလူေကာင္းသူေကာင္းေတြခမ်ာ သနားပါတယ္။ ေရစုန္ေမ်ာရခ်ည္ရဲ႕ဟုတ္ဘူးလား ။ အစ္မကေတာ့ ကိုယ္ခင္တဲ့မီဒီယာေတြ ၊ေလးနက္မႈထားတဲ့မီဒီယာေတြဆိုရင္ေတာ့ ေမတၱာရပ္ခံခ်င္တာကေတာ့ ေခတ္အလိုက္ေပၚပင္ကို သတင္းအျဖစ္လိုက္ရတာမွန္ပါတယ္ ၊နားလည္တယ္။

ဒါေပမယ့္တစ္ဖက္ကလည္း တန္ဖိုး႐ိွတာေလးေတြ ၊Serious ျဖစ္တာေလးေတြ အႏုပညာ႐ွင္ေတြတကယ္အလုပ္လုပ္ေနၾကတဲ့ အႏုပညာ႐ွင္ေတြ သူတို႔ရဲ႕ဖန္တီးမႈေတြ အသစ္ကေလးေတြ အဲ့တာေလးေတြကိုလည္း လိုက္ၿပီးေတာ့စံုစမ္းေဖာ္ထုတ္ေပးေစ ခ်င္တယ္။”ဆိုၿပီးေျပာျပသြားပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


2003ခုနှစ်လောက်က မြန်မာနိုင်ငံရဲ့ နာမည်ကြီး IC ရဲ့စင်တင် အဆိုတော်အဖြစ် ဂီတလောကကြီးထဲကို စတင်ခြေလှမ်းဝင်ရောက်ခဲ့တဲ့ ဖြူဖြူကျော်ကျော်သိန်း ကိုတော့အားလုံးပဲသိကြပြီးသားဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံရဲ့ကိုယ်စားအနေနဲ့လည်းနိုင်ငံတကာ ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့သွားရောက်သီဆိုခဲ့ရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူရဲ့သီချင်းတွေကလည်း တစ်နိုင်ငံလုံးမှာ အောင်မြင်နေပါတယ်။ သူနဲ့We Media နဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင်ပြန်ပြောပြပေးလိုက်ပါတယ်။

“ Copy ရယ် Own Tune ရယ်ဆိုပြီး အစ်မဘယ်တော့မှအဆင့်အတန်းခွဲလေ့မရှိဘူး ။ ဘာလို့လဲဆိုတော့ သူ့ဟာနဲ့သူတန်ဖိုးလေးတွေမတူကြဘူး ။နှစ်မျိုးလုံးကသူ့တန်ဖိုးလေးနဲ့သူရှိတယ်။ ဘယ်သီချင်းကိုလုပ်လုပ် လုပ်ရတာက သူ့ရဲ့တန်ဖိုးလေးတွေ ၊ ခက်ခဲမှုလေးတွေ ၊ပညာသားပါမှုလေးတွေရှိတယ်။ အဲ့ဒီအတွက်ကြောင့်အစ်မကတော့ ဟယ်ငါတော့ ဒါပဲဆိုမယ် ။ ဒါမလုပ်ဘူး ဒါပဲအထင်ကြီးတယ် ။

ဒါမျိုးဆိုအထင်မကြီးဘူးဆိုတဲ့စိတ်အစ်မမှာ လုံးဝမရှိဘူး ။”ဆိုပြီးသူရဲ့ Copy နဲ့ Own Tune အပေါ်မှာထားတဲ့ စိတ်ကိုပြောပြသွားပါတယ်။ နောက်ထပ်ပြီးတော့လည်း အောင်မြင်မှုတွေ ရေရှည်မခံတဲ့အပေါ် သူရဲ့အမြင်ကိုလည်း “ ဘာမဆိုခဏပဲခံတယ်။ စိတ်ဝင်စားမှုကိုလည်းကြာကြာဆွဲဆောင်နိုင်စွမ်းမရှိတော့ဘူး ။ တစ်နေရာရာမှာ စိတ်ကိုကြာကြာစိတ်ပါဝင်စားစွာ (ဘယ်လိုခေါ်မလဲ ) စိတ်နှစ်ထားနိုင်ချင်လည်းမရှိတော့ဘူး ။ ပြီးတော့ခေတ်ကိုကလည်းတိုးတက်ပြောင်းလဲပြီးတော့ စိတ်ဝင်စားစရာအရမ်းများလာ တာလည်းပါပါတယ်။

 ပေါ်ပင်ကိုသိပ်လိုက်ကြတယ်။ ပေါ်ပင်ကိုလိုက်ရင်ခဏတဖြုတ်နာမည်ကြီးတာတော့မှန်တယ်။ သီချင်းရယ်လို့တော့အစ်မမဆိုလိုတာမဟုတ်ဘူးနော် ။ ဘယ်ဟာကိုမဆို ပေါ်ပင်ကိုလိုက်ရင်ခဏတဖြုတ်တော့ဝုန်းဆိုပြီးနာမည်ကြီးတာတော့မှန်တယ်။ ဝုန်းကနဲနာမည်ကြီးတာလည်းမှန်တယ်။ အရမ်းအလုပ်ဖြစ်တာလည်းမှန်တယ်။ ပိုက်ဆံတွေကကိုယ့်နောက်လိုက်တာလည်း မှန်တယ်။ ပေါ်ပင်ဖြစ်တာနဲ့သေချာတည်ဆောက်ပြီးဖြစ်ရတဲ့သမိုင်းကြောင်း ကွာတယ်။

တည်ဆောက်ပြီးဖြစ်ရတဲ့သူကလေ စောင့်နေရတော့သူကကြာတော့ကြာတယ်။ သိလား(သဘောကျလျက်) သူတို့လည်းတစ်ခါတလေစိတ်ညစ်ကြတာပေါ့နော် ။ သေချာတည်ဆောက်နေကြတဲ့ သူတွေခမျာကြလည်းဟိုပေါ်ပင်တွေကြည့်ပြီးတဲ့အခါမှာ စိတ်ညစ်ရှာမှာပေါ့ ။

မှန်ရာကန်ရာ လမ်းကြောင်းနဲ့ပံ့ပိုးပေးရမှာက စတုတ္ထမဏ္ဍိုင် မီဒီယာရဲ့တာဝန်လေ ။ မီဒီယာကပါ အဲ့ဒီနောက်ကိုလိုက်ပြီးတော့ ပေါ်ပင်ဆန်နေရင် တော့ လူတွေကိုဘယ်လိုပညာပေးမလဲ ဘယ်လိုကူညီမလဲ မီဒီယာတွေကိုတိုင်ကိုက ဖွဖို့အတွက်ပဲ သီတင်းရှာနေမယ် ။တချို့လူတွေကကျတော့ နာမည်မကြီးကြီးအောင် ကိုယ်ဒီလိုလုပ်ရင် နာမည်ကြီးမယ် ဆိုတာသိလို့လုပ်ကြတာ ။

အဲ့ဒီနောက်ကို ညီမလေးတို့က ရေလိုက်ငါးလိုက်လိုက်နေကြမယ် ဆိုရင်တော့ တခြားလူကောင်းသူကောင်းတွေခမျာ သနားပါတယ်။ ရေစုန်မျောရချည်ရဲ့ဟုတ်ဘူးလား ။ အစ်မကတော့ ကိုယ်ခင်တဲ့မီဒီယာတွေ ၊လေးနက်မှုထားတဲ့မီဒီယာတွေဆိုရင်တော့ မေတ္တာရပ်ခံချင်တာကတော့ ခေတ်အလိုက်ပေါ်ပင်ကို သတင်းအဖြစ်လိုက်ရတာမှန်ပါတယ် ၊နားလည်တယ်။

ဒါပေမယ့်တစ်ဖက်ကလည်း တန်ဖိုးရှိတာလေးတွေ ၊Serious ဖြစ်တာလေးတွေ အနုပညာရှင်တွေတကယ်အလုပ်လုပ်နေကြတဲ့ အနုပညာရှင်တွေ သူတို့ရဲ့ဖန်တီးမှုတွေ အသစ်ကလေးတွေ အဲ့တာလေးတွေကိုလည်း လိုက်ပြီးတော့စုံစမ်းဖော်ထုတ်ပေးစေ ချင်တယ်။”ဆိုပြီးပြောပြသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top