၁၉၅၅ ခုႏွစ္မွစတင္ကာ ႏိုင္ငံေပါင္း ၂၉ ႏိုင္ငံကို ခင္ပြန္းသည္ႏွင့္အတူ ဒုတိယကမၻာစစ္လက္က်န္ ေမာ္ေတာ္ ဆိုင္ကယ္အေဟာင္းႏွင့္ ကမၻာပတ္ခဲ့သူ ေဒၚတင္တင္စိန္သည္ သိန္းေပါင္း ၆ ေသာင္းတန္ဖိုးရွိသည့္ သူပိုင္ဆိုင္ေသာ ျမပုဂံဟိုတယ္ႏွင့္ ေျမကြက္ ၆ ကြက္ကိုေရာင္းခ်ၿပီးပါက လွဴဒါန္းမႈမ်ားျပဳလုပ္၍ သီလရွင္ဝတ္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ျမပုဂံဟိုတယ္သည္ ပုဂံၿမိဳ႕ေလာကနႏၵာဘုရားအနီးတြင္တည္ ရွိၿပီး ဘန္ဂလို ၁၁ လံုးျဖင့္ ဖြဲ႕စည္းထားေသာ ဟိုတယ္ ျဖစ္သည္။ အက်ယ္အဝန္းအားလံုးသည္ ၂ ဧကခန္႔ရွိၿပီး ေပ ၆ဝ ထ ၈ဝ ေျခာက္ကြက္ရွိေၾကာင္း သိရသည္။ ကာလ ေပါက္ေစ်းအရ ယင္းေျမကြက္မ်ားသည္ တကြက္လွ်င္ သိန္းတေသာင္းခန္႔ရွိသည္။

”အမွန္က ေျမကြက္ႀကီးပဲဆိုရင္ ၆ ကြက္ပါတယ္။ ေစ်းကေတာ့ ဖြင့္မထားဘူး။ ေပးတဲ့သူေပၚမွာမူတည္ၿပီး ဆံုးျဖတ္ဖို႔ ကြၽန္မစိတ္ကူးထားပါတယ္။ ပုဂံက ဟိုတယ္ေတြက အလုပ္ျဖစ္ၾကပါတယ္။ ေရာင္းတာတို႔၊ ဝယ္တာတို႔ အဲဒီလိုလုပ္ ၾကတယ္။ အဲဒါေၾကာင့္မို႔လို႔ ကြၽန္မက ေစ်းမဖြင့္ဘဲနဲ႔ ထားထားတာပါ” ဟု ေဒၚတင္တင္စိန္က ေျပာသည္။ ေဒၚတင္တင္စိန္သည္ ယခုအခါအသက္ ၈၄ ႏွစ္ရွိၿပီျဖစ္ၿပီး သက္သတ္လြတ္ စားခဲ့သည္မွာ ႏွစ္ေပါင္း ၅ဝ ရွိကာ ေန႔တိုင္းဥပုသ္ေစာင့္ခဲ့သည္မွာလည္း တႏွစ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

”တကြက္ကို သိန္းတေသာင္းေပါက္တယ္။ ေျခာက္ကြက္ဆိုေတာ့ ေျခာက္ေသာင္း။ လက္ရွိအေဆာက္အဦေတြ ကလည္း သိန္းတေသာင္းေက်ာ္တန္ပါတယ္။ ၿခံႀကီးက အက်ယ္ႀကီးေပါ့။ ေလာကနႏၵာဘုရားနဲ႔ နီးတယ္ဆိုေပမဲ့ ေရွးေဟာင္းဘုရား ေတြ နဲ႔ လြတ္ပါတယ္။ ေစ်းနဲ႔လည္း နီးပါတယ္။ ေရာင္းရင္ေတာ့ အကုန္လံုးတၿပိဳင္တည္း ေရာင္းမွာပါ။ ဖဲ့ေတာ့ မေရာင္း ပါဘူး”ဟု ဆိုသည္။

ေဒၚတင္တင္စိန္သည္ ခင္ပြန္းသည္ႏွင့္အတူ အိႏၵိယ၊ ပါကစၥတန္၊ အီရတ္၊ ေဂ်ာ္ဒန္၊ ကူဝိတ္၊ ဆီးရီးယား၊ လက္ဘႏြန္၊ တူရကီ၊ ၾသစႀတီး ယား၊ ဂရိ၊ အယ္ေဘးနီးယား၊ ယူဂိုစလားဗီးယား၊ ဆြစ္ဇာလန္၊ အီတလီ၊ ဂ်ာမနီ၊ ဒိန္းမတ္၊ ေနာ္ေဝ၊ ဆြီဒင္၊ ျပင္သစ္၊ ၿဗိတိန္၊ ႐ူေမးနီးယား၊ ခ်က္ကိုစလိုဗက္ကီးယား၊ စပိန္၊ ေပၚတူဂီ၊ ဂ်ီဗလာတာ၊ ေဟာ္လန္၊ လူဇင္ဘတ္၊ ပိုလန္၊ ဘယ္ဂ်ီယံ စသည့္ႏိုင္ငံမ်ားသို႔ ေရာက္ရွိခဲ့ၿပီး ႏိုင္ငံ အသီးသီးမွေခါင္းေဆာင္မ်ား၊ ဘုရင္မ်ား၊ ဝန္ႀကီးခ်ဳပ္မ်ား၊ ဘုရင္ခံမ်ား ႏွင့္ေတြ႕ဆံုခြင့္ရခဲ့သည္။

ထို႔အျပင္ ၿဗိတိန္၊ အဂၤလန္သို႔ေရာက္ရွိစဥ္တြင္ တီဗီအင္တာဗ်ဴးအစီအစဥ္အတြက္ ေမးျမန္းျခင္းခံခဲ့ရသည္။ ထိုခရီး စဥ္မ်ားႏွင့္ပတ္သက္၍စာအုပ္မ်ားလည္း ထြက္ရွိခဲ့ၿပီးျဖစ္သည္။ ခရီးမိုင္ ေပါင္း ၅ ေသာင္း ၈ ေထာင္ခန္႔ကို တႏွစ္အတြင္း လွည့္လည္ သြားေရာက္ ခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ထိုခရီးစဥ္အားလံုးကို ဆိုင္ကယ္ႏွင့္အၿပီး သြားခဲ့ျခင္းမဟုတ္ဘဲ အဂၤလန္မွအျပန္ ခရီးတြင္ရထား၊ ကား၊ သေဘၤာတို႔ႏွင့္ အဆင့္ဆင့္ေျပာင္းစီးခဲ့ၿပီး ေနာက္ဆံုးတြင္ ကာလကတၲားမွတဆင့္ ရန္ ကုန္ၿမိဳ႕သို႔ ေလယာဥ္ျဖင့္ ျပန္လည္ေရာက္ရွိခဲ့ျခင္းျဖစ္သည္။

”ဟုတ္ပါတယ္။ လွဴမွာပါ။ လွဴၿပီးေတာ့ သီလရွင္ဝတ္ေတာ့မွာပါ။ ၈၄ ႏွစ္ရွိၿပီေလ”ဟု ေဒၚတင္တင္စိန္က သူ႕စိတ္ကူးကို ေျပာသည္။

ေဒၚတင္တင္စိန္အဘိုးသည္ အဂၤလိပ္လူမ်ဳိးရဲမင္းႀကီးသားျဖစ္ကာ အဘြားသည္ မြန္အမ်ဳိးသမီးေမာ္လၿမိဳင္သူ ေဒၚေငြၫြန္႔ ျဖစ္သည္။ အဘိုး၏ေသြးေၾကာင့္ သူ႕ပံုစံသည္ ႏွာတံစင္းစင္း၊ အရပ္ျမင့္ျမင့္ ေရႊေရာင္သန္းဆံပင္ႏွင့္ ျဖစ္ေသာ္လည္း ဗီဇသည္အဘြားဘက္သို႔ မ်ားခဲ့သည္။ ဝိပႆနာတရားမ်ားကို တကုိယ္တည္းက်င့္ႀကံအား ထုတ္႐ံုမွ်မက ေနာက္ပိုင္းတြင္ ခရီးသြားေလရာ၌ ဝိပႆနာတရားမ်ားကို ေဟာေျပာျပသျခင္း၊ တရားစခန္းမ်ား ဖြင့္လွစ္ျခင္းတို႔ကိုလည္းျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:News Watch

#Unicode Version#
၁၉၅၅ ခုနှစ်မှစတင်ကာ နိုင်ငံပေါင်း ၂၉ နိုင်ငံကို ခင်ပွန်းသည်နှင့်အတူ ဒုတိယကမ္ဘာစစ်လက်ကျန် မော်တော် ဆိုင်ကယ်အဟောင်းနှင့် ကမ္ဘာပတ်ခဲ့သူ ဒေါ်တင်တင်စိန်သည် သိန်းပေါင်း ၆ သောင်းတန်ဖိုးရှိသည့် သူပိုင်ဆိုင်သော မြပုဂံဟိုတယ်နှင့် မြေကွက် ၆ ကွက်ကိုရောင်းချပြီးပါက လှူဒါန်းမှုများပြုလုပ်၍ သီလရှင်ဝတ်တော့မည်ဖြစ်ကြောင်း သိရသည်။

မြပုဂံဟိုတယ်သည် ပုဂံမြို့လောကနန္ဒာဘုရားအနီးတွင်တည် ရှိပြီး ဘန်ဂလို ၁၁ လုံးဖြင့် ဖွဲ့စည်းထားသော ဟိုတယ် ဖြစ်သည်။ အကျယ်အဝန်းအားလုံးသည် ၂ ဧကခန့်ရှိပြီး ပေ ၆ဝ ထ ၈ဝ ခြောက်ကွက်ရှိကြောင်း သိရသည်။ ကာလ ပေါက်ဈေးအရ ယင်းမြေကွက်များသည် တကွက်လျှင် သိန်းတသောင်းခန့်ရှိသည်။

”အမှန်က မြေကွက်ကြီးပဲဆိုရင် ၆ ကွက်ပါတယ်။ ဈေးကတော့ ဖွင့်မထားဘူး။ ပေးတဲ့သူပေါ်မှာမူတည်ပြီး ဆုံးဖြတ်ဖို့ ကျွန်မစိတ်ကူးထားပါတယ်။ ပုဂံက ဟိုတယ်တွေက အလုပ်ဖြစ်ကြပါတယ်။ ရောင်းတာတို့၊ ဝယ်တာတို့ အဲဒီလိုလုပ် ကြတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မက ဈေးမဖွင့်ဘဲနဲ့ ထားထားတာပါ” ဟု ဒေါ်တင်တင်စိန်က ပြောသည်။ ဒေါ်တင်တင်စိန်သည် ယခုအခါအသက် ၈၄ နှစ်ရှိပြီဖြစ်ပြီး သက်သတ်လွတ် စားခဲ့သည်မှာ နှစ်ပေါင်း ၅ဝ ရှိကာ နေ့တိုင်းဥပုသ်စောင့်ခဲ့သည်မှာလည်း တနှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

”တကွက်ကို သိန်းတသောင်းပေါက်တယ်။ ခြောက်ကွက်ဆိုတော့ ခြောက်သောင်း။ လက်ရှိအဆောက်အဦတွေ ကလည်း သိန်းတသောင်းကျော်တန်ပါတယ်။ ခြံကြီးက အကျယ်ကြီးပေါ့။ လောကနန္ဒာဘုရားနဲ့ နီးတယ်ဆိုပေမဲ့ ရှေးဟောင်းဘုရား တွေ နဲ့ လွတ်ပါတယ်။ ဈေးနဲ့လည်း နီးပါတယ်။ ရောင်းရင်တော့ အကုန်လုံးတပြိုင်တည်း ရောင်းမှာပါ။ ဖဲ့တော့ မရောင်း ပါဘူး”ဟု ဆိုသည်။

ဒေါ်တင်တင်စိန်သည် ခင်ပွန်းသည်နှင့်အတူ အိန္ဒိယ၊ ပါကစ္စတန်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ တူရကီ၊ သြစတြီး ယား၊ ဂရိ၊ အယ်ဘေးနီးယား၊ ယူဂိုစလားဗီးယား၊ ဆွစ်ဇာလန်၊ အီတလီ၊ ဂျာမနီ၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဗြိတိန်၊ ရူမေးနီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ စပိန်၊ ပေါ်တူဂီ၊ ဂျီဗလာတာ၊ ဟော်လန်၊ လူဇင်ဘတ်၊ ပိုလန်၊ ဘယ်ဂျီယံ စသည့်နိုင်ငံများသို့ ရောက်ရှိခဲ့ပြီး နိုင်ငံ အသီးသီးမှခေါင်းဆောင်များ၊ ဘုရင်များ၊ ဝန်ကြီးချုပ်များ၊ ဘုရင်ခံများ နှင့်တွေ့ဆုံခွင့်ရခဲ့သည်။

ထို့အပြင် ဗြိတိန်၊ အင်္ဂလန်သို့ရောက်ရှိစဉ်တွင် တီဗီအင်တာဗျူးအစီအစဉ်အတွက် မေးမြန်းခြင်းခံခဲ့ရသည်။ ထိုခရီး စဉ်များနှင့်ပတ်သက်၍စာအုပ်များလည်း ထွက်ရှိခဲ့ပြီးဖြစ်သည်။ ခရီးမိုင် ပေါင်း ၅ သောင်း ၈ ထောင်ခန့်ကို တနှစ်အတွင်း လှည့်လည် သွားရောက် ခဲ့ခြင်းဖြစ်သည်။ သို့သော်ထိုခရီးစဉ်အားလုံးကို ဆိုင်ကယ်နှင့်အပြီး သွားခဲ့ခြင်းမဟုတ်ဘဲ အင်္ဂလန်မှအပြန် ခရီးတွင်ရထား၊ ကား၊ သင်္ဘောတို့နှင့် အဆင့်ဆင့်ပြောင်းစီးခဲ့ပြီး နောက်ဆုံးတွင် ကာလကတ္တားမှတဆင့် ရန် ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

”ဟုတ်ပါတယ်။ လှူမှာပါ။ လှူပြီးတော့ သီလရှင်ဝတ်တော့မှာပါ။ ၈၄ နှစ်ရှိပြီလေ”ဟု ဒေါ်တင်တင်စိန်က သူ့စိတ်ကူးကို ပြောသည်။

ဒေါ်တင်တင်စိန်အဘိုးသည် အင်္ဂလိပ်လူမျိုးရဲမင်းကြီးသားဖြစ်ကာ အဘွားသည် မွန်အမျိုးသမီးမော်လမြိုင်သူ ဒေါ်ငွေညွန့် ဖြစ်သည်။ အဘိုး၏သွေးကြောင့် သူ့ပုံစံသည် နှာတံစင်းစင်း၊ အရပ်မြင့်မြင့် ရွှေရောင်သန်းဆံပင်နှင့် ဖြစ်သော်လည်း ဗီဇသည်အဘွားဘက်သို့ များခဲ့သည်။ ဝိပဿနာတရားများကို တကိုယ်တည်းကျင့်ကြံအား ထုတ်ရုံမျှမက နောက်ပိုင်းတွင် ခရီးသွားလေရာ၌ ဝိပဿနာတရားများကို ဟောပြောပြသခြင်း၊ တရားစခန်းများ ဖွင့်လှစ်ခြင်းတို့ကိုလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top