ညဘက္ေတြ အိပ္ေမာက်မသြားခင္မွာ အခ်ိန္အၾကာၾကီး အိပ္ရာထဲမွာ ဟုိဘက္လွည့္လိုက္၊ ဒီဘက္လွည့္လိုက္ျဖစ္ေနတယ္မလား။ စိတ္ဖိစီးမႈေတြက သင့္ကို ညဘက္ေတြမွာ ေအးေအးခ်မ္းခ်မ္း အိပ္ခြင့္မေပးခဲ့ပါဘူး။ သင္ဟာ စိတ္ဓာတ္က်ေနတဲ့အေတြးမ်ားစြာနဲ႔ တစ္ေန႔တာကို ေက်ာ္ျဖတ္ေနရလား။ အဲဒီလိုျပႆနာေတြ ျဖစ္ေနျပီဆိုရင္ သင့္အတြက္ ရိုးရွင္းျပီး ထိေရာက္တဲ့ေျဖရွင္းနည္းတစ္ခုရွိပါတယ္။

စံပယ္ပင္ကို သင္ ေတြးမိလိုက္တာနဲ႔ သင္းပ်ံ႕ပ်ံ႕ရနံ႕ေလးက သင့္ရဲ႕စိတ္ထဲကို ဝင္လာတဲ့ ပထမဆံုးအရာျဖစ္မွာပါ။ လူေတာ္ေတာ္မ်ားမ်ားက အခန္းတြင္းအပင္ေတြက အိမ္ထဲမွာရွိတဲ့ ေအာက္စီဂ်င္အဆင့္ေတြကို ျမွင့္ေပးတယ္လို႔ သိၾကေပမဲ့ လူအနည္းငယ္ကသာ အဲဒီအပင္ေတြက စိတ္ဖိစီးမႈနဲ႔ စိုးရိမ္ပူပန္ျခင္းေတြကို တိုက္ဖ်က္ေပးတယ္လို႔ သိၾကပါတယ္။ အဲဒီလိုမ်ိဳး အပင္တစ္ပင္က တည္ျငိမ္မႈနဲ႔ႏူးညံ့မႈ အစြမ္းအာနိသင္ကို ေပးစြမ္းတဲ့ စံပယ္ပင္ပဲျဖစ္ပါတယ္။

ေလ့လာခ်က္အေနနဲ႔ အိပ္စက္ျခင္းျဖစ္စဥ္မွာ ပါဝင္တဲ့သူေတြက အခန္းထဲကို စံပယ္ရနံ႔ဝင္လာတဲ့အခါ သူတို႔ရဲ႕အိပ္စက္ျခင္းေတြကို ေျပာင္းလဲသြားတာကို သိလိုက္ရပါတယ္။ ဒါ့အျပင္ အခ်ိန္ခဏေလးအိပ္စက္ခဲ့တဲ့အခါ သူတို႔ရဲ႕အိပ္စက္မႈကလည္း တိုးတတ္လာခဲ့ပါတယ္။ ခဏေမးျပီးေနာက္ ႏိုးထလာတဲ့အခါ စိုးရိမ္ပူပန္မႈေတြ ေလ်ာ့နည္းလာသလို ခံစားရတယ္လို႔ ဆိုပါတယ္။ စိတ္ဖိစီးမႈနဲ႔စိုးရိမ္ပူပန္မႈေတြကို ဖယ္ရွားဖို႔အတြက္ စံပယ္နဲ႔ျပဳလုပ္ထားတဲ့အဆီေတြကို လူသံုးမ်ားၾကပါတယ္။

ေကာင္းေကာင္းအိပ္စက္ႏိုင္ဖို႔နဲ႔ စိတ္ဖိစီးမႈေတြေလ်ာ့ခ်ဖို႔ သဘာဝနည္းတစ္ခု ရွာေနတယ္ဆိုရင္ စိတ္ျငိမ္ျငိမ္နဲ႔လန္းဆန္းေနဖို႔အတြက္ သင့္အိပ္ရာထဲမွာ စံပယ္ပင္တစ္ပင္ထည့္ထားဖို႔ အၾကံျပဳလိုက္ပါတယ္။

စံပယ္ပင္ကို ေနေရာင္ျခည္ရဖို႔အတြက္ ျပတင္းေပါက္နားမွာ ထားပါ။ အပင္ေကာင္းေကာင္းရွင္ဖို႔နဲ႔ အမွီသဟဲျပဳဖို႔ နံရံတစ္ခု လိုပါတယ္။ စံပယ္ပင္ကို ေရအမ်ားႀကီးမေလာင္ပါနဲ႔။ ေနေရာင္ျခည္နဲ႔လည္း တိုက္ရိုက္မထိေတြ႔မိေစပါနဲ႔လို႕ အၾကံျပဳလိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MM

#Unicode Version# ျဖင့္ဖတ္ပါ ။

ညဘက်တွေ အိပ်မောကျမသွားခင်မှာ အချိန်အကြာကြီး အိပ်ရာထဲမှာ ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်ဖြစ်နေတယ်မလား။ စိတ်ဖိစီးမှုတွေက သင့်ကို ညဘက်တွေမှာ အေးအေးချမ်းချမ်း အိပ်ခွင့်မပေးခဲ့ပါဘူး။ သင်ဟာ စိတ်ဓာတ်ကျနေတဲ့အတွေးများစွာနဲ့ တစ်နေ့တာကို ကျော်ဖြတ်နေရလား။ အဲဒီလိုပြဿနာတွေ ဖြစ်နေပြီဆိုရင် သင့်အတွက် ရိုးရှင်းပြီး ထိရောက်တဲ့ဖြေရှင်းနည်းတစ်ခုရှိပါတယ်။

စံပယ်ပင်ကို သင် တွေးမိလိုက်တာနဲ့ သင်းပျံ့ပျံ့ရနံ့လေးက သင့်ရဲ့စိတ်ထဲကို ဝင်လာတဲ့ ပထမဆုံးအရာဖြစ်မှာပါ။ လူတော်တော်များများက အခန်းတွင်းအပင်တွေက အိမ်ထဲမှာရှိတဲ့ အောက်စီဂျင်အဆင့်တွေကို မြှင့်ပေးတယ်လို့ သိကြပေမဲ့ လူအနည်းငယ်ကသာ အဲဒီအပင်တွေက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေကို တိုက်ဖျက်ပေးတယ်လို့ သိကြပါတယ်။ အဲဒီလိုမျိုး အပင်တစ်ပင်က တည်ငြိမ်မှုနဲ့နူးညံ့မှု အစွမ်းအာနိသင်ကို ပေးစွမ်းတဲ့ စံပယ်ပင်ပဲဖြစ်ပါတယ်။

လေ့လာချက်အနေနဲ့ အိပ်စက်ခြင်းဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေက အခန်းထဲကို စံပယ်ရနံ့ဝင်လာတဲ့အခါ သူတို့ရဲ့အိပ်စက်ခြင်းတွေကို ပြောင်းလဲသွားတာကို သိလိုက်ရပါတယ်။ ဒါ့အပြင် အချိန်ခဏလေးအိပ်စက်ခဲ့တဲ့အခါ သူတို့ရဲ့အိပ်စက်မှုကလည်း တိုးတတ်လာခဲ့ပါတယ်။ ခဏမေးပြီးနောက် နိုးထလာတဲ့အခါ စိုးရိမ်ပူပန်မှုတွေ လျော့နည်းလာသလို ခံစားရတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားဖို့အတွက် စံပယ်နဲ့ပြုလုပ်ထားတဲ့အဆီတွေကို လူသုံးများကြပါတယ်။

ကောင်းကောင်းအိပ်စက်နိုင်ဖို့နဲ့ စိတ်ဖိစီးမှုတွေလျော့ချဖို့ သဘာဝနည်းတစ်ခု ရှာနေတယ်ဆိုရင် စိတ်ငြိမ်ငြိမ်နဲ့လန်းဆန်းနေဖို့အတွက် သင့်အိပ်ရာထဲမှာ စံပယ်ပင်တစ်ပင်ထည့်ထားဖို့ အကြံပြုလိုက်ပါတယ်။

စံပယ်ပင်ကို နေရောင်ခြည်ရဖို့အတွက် ပြတင်းပေါက်နားမှာ ထားပါ။ အပင်ကောင်းကောင်းရှင်ဖို့နဲ့ အမှီသဟဲပြုဖို့ နံရံတစ်ခု လိုပါတယ်။ စံပယ်ပင်ကို ရေအများကြီးမလောင်ပါနဲ့။ နေရောင်ခြည်နဲ့လည်း တိုက်ရိုက်မထိတွေ့မိစေပါနဲ့လို့ အကြံပြုလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:MM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top