နံနက္စာစားျပီးတိုင္း အခြံစိမ္းစိမ္း လတ္လတ္ဆတ္ဆတ္ သံပုရာသီးတစ္လံုးကို ေလးစိပ္စိပ္၍ ေရေႏြးျဖဴစိမ္ ေသာက္ေပးရမွာပါ။

သံပုရာသီးေတြ ႏြမ္ေပ်ာ့သြားတဲ့အထိ ေရေႏြးျဖဴအသစ္ ထပ္ေလာင္းထည့္၍ ေရဆာတဲ့အခါတိုင္း ေသာက္ေပးပါ။ ဖန္ခြက္၊ ေကာ္ခြက္၊ စတီးလ္ခြက္၊ ဖိုင္ဘာခြက္ေတြကိုမသံုးဘဲ က်န္းမာေရးနဲ့ ညီညြတ္တဲ့ ေၾကြပန္းကန္လံုးကိုသာ သံုးစြဲဖို ့မေမ့နဲ့ေနာ္။

ဤနည္းအတိုင္း တစ္ေန့ကို သံပုရာသီး တစ္လံုးႏႈန္းျဖင့္ သံပုရာသီးေရေႏြးစိမ္ရည္ကို တစ္ႏွစ္ၾကာေသာက္ျပီးေနာက္မွာ သင့္အတြက္ ဘာေတြထူးျခားလာမလဲ။ ဘာေတြျဖစ္လာမလဲ။

၁။ အဆိပ္အေတာက္မ်ား ေျပေစပါတယ္။

အိပ္ယာကနိုးထလာတဲ့အခါ ခႏၶာကိုယ္ကဆဲလ္ေတြ သန္ ့စင္ဖို ့အတြက္လည္းေကာင္း၊ ေျခာက္ေသြ့ေနတဲ့ ဆဲလ္ေတြကို သစ္လြင္ လန္းဆန္းေစဖို ့အတြက္လည္းေကာင္း၊ ၄င္းဆဲလ္မ်ားက်န္းမာေစဖို ့အတြက္ ခႏၶာကိုယ္က ေရကို လိုအပ္လ်က္ရွိေနပါတယ္။

သံပုရာသီး ေရေႏြးစိမ္ေသာက္ေပးျခင္းျဖင့္ အဆိပ္အေတာက္ေတြ ေျပေစျပီး တစ္ေန့တာလံုး ေပါ့ပါးသြက္လက္ေစပါမယ္။

၂။ PH ပမာဏကို မွ်တေစပါတယ္။

အယ္လ္ကာလီ ဆိုသည္မွာ အက္ဆစ္တို့ႏွင့္ ဓာတ္ျပဳကာ ဓာတုေဗဒသေဘာအရ ဆားျဖစ္လာေသာအရာမ်ိဳးပါ။ သံပုရာသီးဟာ သဘာ၀ကရရွိေသာ အလြန္အံ့ဖြယ္ေကာင္းတဲ့ အယ္လ္ကာလီဓာတ္တို ့စုေ၀းရာ အသီးတစ္မ်ိဳးဘဲျဖစ္ပါတယ္။

သံပုရာသီး၏ သေဘာသဘာ၀က အက္ဆစ္ဓာတ္ေတြ ပိုင္ဆိုင္ထားေသာ္လဲ၊ ၄င္းကိုစားသံုးျပီးေနာက္ ခႏၶာကို္ယ္ထဲေရာက္သြားတဲ့အခါမွာေတာ့ လူသားေတြ က်န္းမာေရးအတြက္ ေကာင္းကိ်ဳးျပဳေစေသာ အယ္လ္ကာလိုင္းအျဖစ္ အက်ိဳးျဖစ္ေစပါတယ္။

၃။ အစာေက်ညက္ေစပါတယ္။

သံပုရာသီးထဲမွာ သဘာ၀ ဗီတာမင္ နဲ ့သတၱဳဓာတ္ေတြ ျမင့္မားစြာပါရွိေန၍အူသိမ္အူမမ်ားကို အဆိပ္ ႏွင့္ ေရာဂါပိုးမႊား ညစ္ညမ္းျခင္းမွ ကာကြယ္ေပးနိုင္စြမ္း ရွိပါတယ္။ ၄င္းသံပုရာသီးကို ေရေႏြးနဲ့ စိမ္ေသာက္လိုက္တဲ့ အခါမွာေတာ့ အစာအိမ္ႏွင့္ ့အူလမ္းေၾကာင္းစနစ္ကို လွံဳ့ေဆာ္ေပးကာ၊ အစာေၾကလမ္းေၾကာင္းအတြင္း အစာကိုလႈပ္ရွားေရြ့လ်ားေစသည့္ အလိုအေလ်ာက္ ၾကြက္သားလႈပ္ရွားမႈကို ေကာင္းစြာ အေထာက္အပံ့ျဖစ္ေစပါတယ္။

၄။ အေရျပားသန့္ေစပါတယ္။

ဗီတာမင္စီရဲ ့ သေဘာသဘာ၀က အေရျပားေလ်ာ့ရဲျခင္း ႏွင့္ ၀က္ျခံမ်ားကိုေလ်ာ့ပါးသက္သာေစျပီး၊ သံပုရာသီး နဲ ့ေရေႏြးပူတို ့ ေပါင္းစပ္ ဓာတ္ျပဳလိုက္တဲ့အခါမွာေတာ့ ခႏၶာကိုယ္ထဲရွိ ေသြးမ်ားကို အဆိပ္အေတာက္ေျပ သန့္ရွင္းေပးလိုက္တာေၾကာင့္ အေရျပားမ်ား ၾကည္လင္သန့္စင္လာပါတယ္။

၅။ ကိုယ္ခံစြမ္းအားကို တိုးတက္ျမင့္မားေစပါတယ္။

သံပုရာသီးထဲရွိ စြမ္းအားျပည့္ဗီတာမင္စီဓာတ္က အေအးမိျခင္းကို အ့ံဖြယ္တြန္းလွန္းေပးျခင္း၊ စြမ္းအားျပည့္ ပိုတက္စီယမ္ဓာတ္က အာရံုေၾကာႏွင့္ ဦးေႏွာက္ေဆာင္တာေတြကို ႏိႈးဆြေပးပါတယ္​။

ေသြးေၾကာၾကြတ္ဆတ္မႈကို ထိန္းခ်ဳပ္ေပးျခင္း၊ ပန္းနာရင္က်ပ္ ႏွင့္ အသက္ရႈေလျပြန္ဆိုင္ရာေ၀ဒနာေတြကို ေကာင္းမြန္ေစျခင္း၊ ခႏၶာကို္ယ္ၾကီး ကိုယ္ခံအားေကာင္းေစဖို ့အတြက္ မရွိမျဖစ္ လိုအပ္ေနေသာ သံဓာတ္ကိုစုပ္ယူမႈအားေကာင္းေစျခင္း ..စသျဖင့္ သံပုရာသီးက ေကာင္းက်ိဳးျပဳပါတယ္။

သံပုရာသီးေရေႏြးစိမ္ရည္ ေသာက္ေပးျခင္းျဖင့္ ေအာက္ပါ က်န္းမာေရးအက်ိဳးေက်းဇူးေတြကိ္ု ရရွိေစမွာျဖစ္ပါတယ္။ အီလက္ထရိုလိုက္ အစြမ္းပါရွိေနတာေၾကာင့္လည္း ခႏၶကိုယ္အတြက္ သြယ္၀ိုက္ေသာနည္းျဖင့္ ေရဓာတ္အျဖစ္ ပံ့ပိုးေပးနိုင္ပါတယ္။

ၾကြက္သား နဲ ့ အရိုးဆစ္ျမစ္ေတြ နာက်င္မႈကို သက္သာေစပါတယ္။ အင္ဇိုင္းပမာဏေတြ တိုးပြားလာေစပါတယ္။ ေသြးတိုးေရာဂါသည္မ်ားကို ေကာင္းက်ိဳးျပဳပါတယ္။ ကင္ဆာေရာဂါမ်ားမွ ကာကြယ္ေပးနိုင္ပါတယ္။ ကိုယ္အေလးခ်ိန္ကို ထိန္းညွ္ိေပးနိုင္ပါတယ္။

ကယ္လ္စီယမ္အနည္မ်ားကို ေပ်ာ္ဝင္ေစနိုင္တာေၾကာင့္လည္းေက်ာက္ကပ္ေက်ာက္တည္ျခင္း၊ သည္းေျခ ေက်ာက္တည္ျခင္း၊ မံု့ခ်ိဳအိတ္(ပန္ကရိယ) ေက်ာက္တည္ျခင္း စတာေတြ မျဖစ္ေစေတာ့ပါဘူး။ ရင္ပူျခင္းကို သက္သာေစပါတယ္။

အရိုး အဆစ္အျမစ္ေတြကို ဒုကၡေပးတဲ့ ယူရစ္အက္ဆစ္ပမာဏမ်ားကို က်ေစပါတယ္။ ကိုယ္တြင္းကိုယ္ပ ေရာင္ရမ္းနာမ်ားကို ေကာင္းက်ိဳးျပဳပါတယ္။ အေရျပားေပၚရွိ အမာရြတ္မ်ား၊ အမည္းကြက္ စတဲ့အျပစ္အနာဆာမ်ားကို ေျပေလ်ာ့ သက္သာေစပါတယ္။ အရိုးႏုမ်ား၊ အရိုး ႏွင့္ တစ္ရႈးေတြကို က်န္းမာေစပါတယ္။
ေဆးေသာက္နည္းကေတာ့

(၁) နံက္စာစားျပီးခ်ိန္မွစ၍ ေသာက္ပါ။

(၂) လတ္ဆတ္တဲ့ အစိမ္းေရာင္အခြံသံပုရာသီးတစ္လံုးသံံုးပါ။

(၃) အထဲကအရည္လိုက္ လာေစရန္ ႏွင့္ အခြံမွ အဆီထြက္လာေစရန္တို ့အတြက္၊ ဦးစြာသံပုရာသီးကို စားပြဲသန့္သန့္ (သို့) စဥ့္ႏွီတံုး သန့္သန့္ေပၚတင္၍ လက္ျဖင့္ ႏွစ္ပတ္ သံုးပတ္ အသာအယာလွိမ့္ေပးပါ။

(၄) ျပီးရင္ သံပုရာသီးကို ေလးစိပ္ စိပ္ပါ။

(၅) ေရေႏြးျဖဴပူပူ ထည့္ထားတဲ့ ေျကြပန္းကန္လံုးထဲသို့ ထိုသံပုရာသီး ေလးစိပ္ကို လက္ျဖင့္အရည္ထြက္ေအာင္ ညွစ္၍၊ သံပုရာရည္၊ သံပုရာခြံ၊ သံပုရာေစ့ အားလံုးကို ေျကြခြက္ထဲသို့ ထည့္၍ ေသာက္ေပးရံုပါဘဲ။

(၆) ေရေႏြးကုန္သြားတဲ့အခါ ထိုသံပုရာခြက္ထဲသို ့ ေရေႏြးပူပူထပ္ျဖည့္၍ ေသာက္ပါ။ ေရဆာတိုင္းေရေႏြးပူျဖည့္၍ ေသာက္ေပးပါ။

(၇) သံပုရာေစ့မ်ားကို ဝါးစားမ်ိဳခ်နိုင္ပါတယ္။ (ေသြးတိုးေရာဂါရွိ သူမ်ား အတြက္ ထိုသံပုရာေစ့ကလြန္စြာေဆးဖက္၀င္ပါတယ္)

မွတ္ခ်က္။

(က) လတ္ဆတ္တဲ့ အစိမ္းေရာင္အခြံ သံပုရာသီးကိုသာသံုးပါ။ ထိုအစိမ္းေရာင္အသီးက ပထမဆံုးေရေႏြးခြက္မွာသာ အရသာ ခ်ဥ္ေသာ္လည္း၊ ဒုတိယ တတိယခြက္ေတြမွာေတာ့ အရသာမခ်ဥ္ေတာ့ပါဘူး။

ေနာက္ျပီး ေရေႏြးပူနဲ့ ထိေတြ့တဲ့အခါ လတ္ဆတ္ တဲ့ အခြံကထြက္လာတဲ့ အဆီက၊ အ၀လြန္အဆီပိုေတြကို ေကာင္းက်ိဳးျပဳပါတယ္။

(ခ) အခြံအေရာင္၀ါတဲ့ အသီးကို မသံုးပါႏွင့္။ ၄င္းအခြံ၀ါက ေရေႏြးပူနဲ ့ေတြ ့တဲ့အခါ အတန္ငယ္ ခြ်ဲထြက္လာျပီး အရသာမွာလည္း
ခါးသက္လွပါတယ္။

(ဂ) အထက္ပါနည္း အတိုင္း သံပုရာသီး တစ္ေန့ တစ္လံုး မွန္မွန္ေသာက္ေပးျခင္းျဖင့္ သံုးလအတြင္းမွာပင္ စာေရးသူ၏ ၀မ္းဗိုက္ႏွင့္ခါးမွ အဆီမ်ားက်၍ ႏွစ္လကၡခန္ ့ သိသိသသာသာ ကိုယ္ေရစစ္က်သြားတာကို လက္ေတြ ့ခံစားသိရွိရပါတယ္။

(ဃ) အစာအိမ္ေရာဂါရွိသူမ်ား၊ အစာအိမ္အက္ဆစ္ အထြက္မ်ားသူမ်ား၊ ေသြးေပါင္က်တတ္သူမ်ား ႏွင့္ထို သံပုရာသီး ေရေႏြးစိမ္ေသာက္ျပီးေနာက္ ဗိုက္ေအာင့္ လာသူမ်ား မေသာက္သံုးသင့္ပါဘူး။

(င) တစ္ေနကုန္ သံပုရာစိမ္ရည္ ေသာက္ထားတာေၾကာင့္ ညအိပ္ခါနီး ႏွင့္ နံက္အိပ္ယာထ သြားတိုက္ခါနီးတိုင္းမွာ ဦးစြာေရမ်ားမ်ားျဖင့္ ပလုပ္နာနာက်င္းေပးပါ။ ျပီးမွ သြားတိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #

နံနက်စာစားပြီးတိုင်း အခွံစိမ်းစိမ်း လတ်လတ်ဆတ်ဆတ် သံပုရာသီးတစ်လုံးကို လေးစိပ်စိပ်၍ ရေနွေးဖြူစိမ် သောက်ပေးရမှာပါ။

သံပုရာသီးတွေ နွမ်ပျော့သွားတဲ့အထိ ရေနွေးဖြူအသစ် ထပ်လောင်းထည့်၍ ရေဆာတဲ့အခါတိုင်း သောက်ပေးပါ။ ဖန်ခွက်၊ ကော်ခွက်၊ စတီးလ်ခွက်၊ ဖိုင်ဘာခွက်တွေကိုမသုံးဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကြွေပန်းကန်လုံးကိုသာ သုံးစွဲဖို့မမေ့နဲ့နော်။

ဤနည်းအတိုင်း တစ်နေ့ကို သံပုရာသီး တစ်လုံးနှုန်းဖြင့် သံပုရာသီးရေနွေးစိမ်ရည်ကို တစ်နှစ်ကြာသောက်ပြီးနောက်မှာ သင့်အတွက် ဘာတွေထူးခြားလာမလဲ။ ဘာတွေဖြစ်လာမလဲ။

၁။ အဆိပ်အတောက်များ ပြေစေပါတယ်။

အိပ်ယာကနိုးထလာတဲ့အခါ ခန္ဓာကိုယ်ကဆဲလ်တွေ သန့်စင်ဖို့အတွက်လည်းကောင်း၊ ခြောက်သွေ့နေတဲ့ ဆဲလ်တွေကို သစ်လွင် လန်းဆန်းစေဖို့အတွက်လည်းကောင်း၊ ၎င်းဆဲလ်များကျန်းမာစေဖို့အတွက် ခန္ဓာကိုယ်က ရေကို လိုအပ်လျက်ရှိနေပါတယ်။

သံပုရာသီး ရေနွေးစိမ်သောက်ပေးခြင်းဖြင့် အဆိပ်အတောက်တွေ ပြေစေပြီး တစ်နေ့တာလုံး ပေါ့ပါးသွက်လက်စေပါမယ်။

၂။ PH ပမာဏကို မျှတစေပါတယ်။

အယ်လ်ကာလီ ဆိုသည်မှာ အက်ဆစ်တို့နှင့် ဓာတ်ပြုကာ ဓာတုဗေဒသဘောအရ ဆားဖြစ်လာသောအရာမျိုးပါ။ သံပုရာသီးဟာ သဘာဝကရရှိသော အလွန်အံ့ဖွယ်ကောင်းတဲ့ အယ်လ်ကာလီဓာတ်တို့စုဝေးရာ အသီးတစ်မျိုးဘဲဖြစ်ပါတယ်။

သံပုရာသီး၏ သဘောသဘာဝက အက်ဆစ်ဓာတ်တွေ ပိုင်ဆိုင်ထားသော်လဲ၊ ၎င်းကိုစားသုံးပြီးနောက် ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါမှာတော့ လူသားတွေ ကျန်းမာရေးအတွက် ကောင်းကျိုးပြုစေသော အယ်လ်ကာလိုင်းအဖြစ် အကျိုးဖြစ်စေပါတယ်။

၃။ အစာကျေညက်စေပါတယ်။

သံပုရာသီးထဲမှာ သဘာ၀ ဗီတာမင် နဲ့သတ္တုဓာတ်တွေ မြင့်မားစွာပါရှိနေ၍အူသိမ်အူမများကို အဆိပ် နှင့် ရောဂါပိုးမွှား ညစ်ညမ်းခြင်းမှ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ၎င်းသံပုရာသီးကို ရေနွေးနဲ့ စိမ်သောက်လိုက်တဲ့ အခါမှာတော့ အစာအိမ်နှင့့်အူလမ်းကြောင်းစနစ်ကို လှုံ့ဆော်ပေးကာ၊ အစာကြေလမ်းကြောင်းအတွင်း အစာကိုလှုပ်ရှားရွေ့လျားစေသည့် အလိုအလျောက် ကြွက်သားလှုပ်ရှားမှုကို ကောင်းစွာ အထောက်အပံ့ဖြစ်စေပါတယ်။

၄။ အရေပြားသန့်စေပါတယ်။

ဗီတာမင်စီရဲ့ သဘောသဘာဝက အရေပြားလျော့ရဲခြင်း နှင့် ဝက်ခြံများကိုလျော့ပါးသက်သာစေပြီး၊ သံပုရာသီး နဲ့ရေနွေးပူတို့ ပေါင်းစပ် ဓာတ်ပြုလိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ထဲရှိ သွေးများကို အဆိပ်အတောက်ပြေ သန့်ရှင်းပေးလိုက်တာကြောင့် အရေပြားများ ကြည်လင်သန့်စင်လာပါတယ်။

၅။ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။

သံပုရာသီးထဲရှိ စွမ်းအားပြည့်ဗီတာမင်စီဓာတ်က အအေးမိခြင်းကို အံ့ဖွယ်တွန်းလှန်းပေးခြင်း၊ စွမ်းအားပြည့် ပိုတက်စီယမ်ဓာတ်က အာရုံကြောနှင့် ဦးနှောက်ဆောင်တာတွေကို နှိုးဆွပေးပါတယ်။

သွေးကြောကြွတ်ဆတ်မှုကို ထိန်းချုပ်ပေးခြင်း၊ ပန်းနာရင်ကျပ် နှင့် အသက်ရှုလေပြွန်ဆိုင်ရာဝေဒနာတွေကို ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်ကြီး ကိုယ်ခံအားကောင်းစေဖို့အတွက် မရှိမဖြစ် လိုအပ်နေသော သံဓာတ်ကိုစုပ်ယူမှုအားကောင်းစေခြင်း ..စသဖြင့် သံပုရာသီးက ကောင်းကျိုးပြုပါတယ်။

သံပုရာသီးရေနွေးစိမ်ရည် သောက်ပေးခြင်းဖြင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်။ အီလက်ထရိုလိုက် အစွမ်းပါရှိနေတာကြောင့်လည်း ခန္ဓကိုယ်အတွက် သွယ်ဝိုက်သောနည်းဖြင့် ရေဓာတ်အဖြစ် ပံ့ပိုးပေးနိုင်ပါတယ်။

ကြွက်သား နဲ့ အရိုးဆစ်မြစ်တွေ နာကျင်မှုကို သက်သာစေပါတယ်။ အင်ဇိုင်းပမာဏတွေ တိုးပွားလာစေပါတယ်။ သွေးတိုးရောဂါသည်များကို ကောင်းကျိုးပြုပါတယ်။ ကင်ဆာရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

ကယ်လ်စီယမ်အနည်များကို ပျော်ဝင်စေနိုင်တာကြောင့်လည်းကျောက်ကပ်ကျောက်တည်ခြင်း၊ သည်းခြေ ကျောက်တည်ခြင်း၊ မုံ့ချိုအိတ်(ပန်ကရိယ) ကျောက်တည်ခြင်း စတာတွေ မဖြစ်စေတော့ပါဘူး။ ရင်ပူခြင်းကို သက်သာစေပါတယ်။

အရိုး အဆစ်အမြစ်တွေကို ဒုက္ခပေးတဲ့ ယူရစ်အက်ဆစ်ပမာဏများကို ကျစေပါတယ်။ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများကို ကောင်းကျိုးပြုပါတယ်။ အရေပြားပေါ်ရှိ အမာရွတ်များ၊ အမည်းကွက် စတဲ့အပြစ်အနာဆာများကို ပြေလျော့ သက်သာစေပါတယ်။ အရိုးနုများ၊ အရိုး နှင့် တစ်ရှုးတွေကို ကျန်းမာစေပါတယ်။
ဆေးသောက်နည်းကတော့

(၁) နံက်စာစားပြီးချိန်မှစ၍ သောက်ပါ။

(၂) လတ်ဆတ်တဲ့ အစိမ်းရောင်အခွံသံပုရာသီးတစ်လုံးသံုံးပါ။

(၃) အထဲကအရည်လိုက် လာစေရန် နှင့် အခွံမှ အဆီထွက်လာစေရန်တို့အတွက်၊ ဦးစွာသံပုရာသီးကို စားပွဲသန့်သန့် (သို့) စဉ့်နှီတုံး သန့်သန့်ပေါ်တင်၍ လက်ဖြင့် နှစ်ပတ် သုံးပတ် အသာအယာလှိမ့်ပေးပါ။

(၄) ပြီးရင် သံပုရာသီးကို လေးစိပ် စိပ်ပါ။

(၅) ရေနွေးဖြူပူပူ ထည့်ထားတဲ့ ကြွေပန်းကန်လုံးထဲသို့ ထိုသံပုရာသီး လေးစိပ်ကို လက်ဖြင့်အရည်ထွက်အောင် ညှစ်၍၊ သံပုရာရည်၊ သံပုရာခွံ၊ သံပုရာစေ့ အားလုံးကို ကြွေခွက်ထဲသို့ ထည့်၍ သောက်ပေးရုံပါဘဲ။

(၆) ရေနွေးကုန်သွားတဲ့အခါ ထိုသံပုရာခွက်ထဲသို့ ရေနွေးပူပူထပ်ဖြည့်၍ သောက်ပါ။ ရေဆာတိုင်းရေနွေးပူဖြည့်၍ သောက်ပေးပါ။

(၇) သံပုရာစေ့များကို ဝါးစားမျိုချနိုင်ပါတယ်။ (သွေးတိုးရောဂါရှိ သူများ အတွက် ထိုသံပုရာစေ့ကလွန်စွာဆေးဖက်ဝင်ပါတယ်)

မှတ်ချက်။

(က) လတ်ဆတ်တဲ့ အစိမ်းရောင်အခွံ သံပုရာသီးကိုသာသုံးပါ။ ထိုအစိမ်းရောင်အသီးက ပထမဆုံးရေနွေးခွက်မှာသာ အရသာ ချဉ်သော်လည်း၊ ဒုတိယ တတိယခွက်တွေမှာတော့ အရသာမချဉ်တော့ပါဘူး။

နောက်ပြီး ရေနွေးပူနဲ့ ထိတွေ့တဲ့အခါ လတ်ဆတ် တဲ့ အခွံကထွက်လာတဲ့ အဆီက၊ အဝလွန်အဆီပိုတွေကို ကောင်းကျိုးပြုပါတယ်။

(ခ) အခွံအရောင်ဝါတဲ့ အသီးကို မသုံးပါနှင့်။ ၎င်းအခွံဝါက ရေနွေးပူနဲ့တွေ့တဲ့အခါ အတန်ငယ် ချွဲထွက်လာပြီး အရသာမှာလည်း
ခါးသက်လှပါတယ်။

(ဂ) အထက်ပါနည်း အတိုင်း သံပုရာသီး တစ်နေ့ တစ်လုံး မှန်မှန်သောက်ပေးခြင်းဖြင့် သုံးလအတွင်းမှာပင် စာရေးသူ၏ ဝမ်းဗိုက်နှင့်ခါးမှ အဆီများကျ၍ နှစ်လက္ခခန့် သိသိသသာသာ ကိုယ်ရေစစ်ကျသွားတာကို လက်တွေ့ခံစားသိရှိရပါတယ်။

(ဃ) အစာအိမ်ရောဂါရှိသူများ၊ အစာအိမ်အက်ဆစ် အထွက်များသူများ၊ သွေးပေါင်ကျတတ်သူများ နှင့်ထို သံပုရာသီး ရေနွေးစိမ်သောက်ပြီးနောက် ဗိုက်အောင့် လာသူများ မသောက်သုံးသင့်ပါဘူး။

(င) တစ်နေကုန် သံပုရာစိမ်ရည် သောက်ထားတာကြောင့် ညအိပ်ခါနီး နှင့် နံက်အိပ်ယာထ သွားတိုက်ခါနီးတိုင်းမှာ ဦးစွာရေများများဖြင့် ပလုပ်နာနာကျင်းပေးပါ။ ပြီးမှ သွားတိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top