ေလာက၌ မိဘစကားကို နားေထာင္ေသာ သူမ်ား ႀကီးပြားတိုးတက္ ၾကသကဲ့သို႔ မိဘစကား နားမေထာင္ မိၾက၍ ေနာင္တတစ္ဖန္ ပူပန္ျခင္း မ်ားစြာျဖင့္
ဒုကၡပင္လယ္ ေဝရသူမ်ားလည္း ရွိ၏။ မည္သည့္ မိဘမဆို မိမိတုိ႔ သားသမီးမ်ား အေပၚ ဆိုးေစလိုေသာ ဆႏၵမရွိ၊ ေကာင္းေစလိုေသာ ဆႏၵသာ ရွိ၏။
ေကာင္းေစလိုေသာ သေဘာျဖင့္သာ ေျပာဆိုဆံုးမ တတ္ၾကပါသည္။ သို႔ေသာ္ အခ်ဳိ႕ေသာ သားသမီး တုိ႔က ”အေဖက ဘာသိလို႔လဲ။ အေမ မသိဘဲနဲ႔ ေျပာေနျပန္ၿပီ၊

အေဖ နားမလည္ပါဘူး၊ အေမ မသိပါဘူး … ” ဟု ဆိုကာ ကိုယ္ထင္ရာ ကိုယ္စိုင္း တတ္ၾကသျဖင့္ ဒုကၡႏွင့္ ရင္ဆိုင္ရသူ ဒုႏွင့္ေဒး ရွိ၏။
ျမန္မာ ဆို႐ိုးစကား၌ ”မိဘစကား၊ နားေထာင္ျငား၊ သံျပား ေက်ာက္ေစာင္း၊ ႀကိဳေသာ္ေပ်ာင္း” မိဘစကား၊ နားေထာင္လွ်င္ မိမိ သြားရမည့္ လမ္းခရီးတြင္
သံျပားေက်ာက္ေစာင္းမ်ား ႀကိဳဆီးေနေစကာမူ မိဘ၏ ဂုဏ္ေက်းဇူး ေၾကာင့္ ေပ်ာ့ေပ်ာင္း သြားၾကရသည္ဟု လည္းေကာင္း၊ ”မိဘစကား နားမေထာင္၊ သားတစ္ေကာင္ ႏွင့္

တိုးလိုးတြဲလဲ ” မိဘစကား နားမေထာင္ေသာ သမီးသည္ အိမ္ေထာင္ေရး၌ ဒုကၡ ေရာက္တတ္သည္ ဟု လည္းေကာင္း ျပဆိုထား ပါသည္။မိဘစကား နားမေထာင္မိ၍ ခိုးသားဓားျပ တို႔၏ ႐ိုက္ပုတ္ျခင္း ခံရၿပီး ပစၥည္းမ်ားလုယူ ခံရသူ တစ္ဦးအေၾကာင္း ကို စာေပက်မ္းဂန္ မွ ထုတ္ႏုတ္ တင္ျပလို ပါသည္။ေရွးအခါ ဗာရာဏသီျပည္ ျဗဟၼဒတ္ မင္းႀကီး လက္ထက္တြင္ အလွဴ မဂၤလာပြဲ၊ နတ္ပြဲမ်ား၌ စည္တီး၍ အသက္ေမြး ဝမ္းေက်ာင္း ျပဳေသာ သားအဖရွိ၏။ တစ္ေန႔ေသာ အခါသူတို႔ သားအဖသည္ နတ္ပြဲ တစ္ခုသို႔ သြားေရာက္ တီးရသျဖင့္ ခိုးသား ဓားျပတို႔ ခိုေအာင္းရာ ေတာအုပ္ႀကီး အတြင္း ျဖတ္သန္း ရေလသည္။

သားျဖစ္သူသည္ ေတာအုပ္တြင္း ျဖတ္သန္းစဥ္ ျပည့္ရွင္ မင္းႀကီး၏ စည္တီးသံဟု မွတ္ယူၿပီး ခိုးသားဓားျပတို႔ ထြက္ေျပး ေစရန္ လမ္းတစ္ေလွ်ာက္ စည္ကို အဆက္မျပတ္က်ယ္ေလာင္စြာ တီး၍ လိုက္လာ ေလသည္။ ထုိအခါ ဖခင္ျဖစ္သူက မင္းႀကီး၏ စည္သည္ ရံဖန္ရံခါမွ တီးသည္ ျဖစ္၍ စည္ကို အဆက္မျပတ္ မတီးရန္ သားျဖစ္သူကိုသတိေပး ဆံုးမ၏။ သို႔ေသာ္ သားျဖစ္သူက ဖခင္၏ သတိေပး ဆံုးမမႈကို မနာယူဘဲ စည္ကို အဆက္မျပတ္ တီးခတ္ လိုက္ပါ လာေလသည္။ထုိစဥ္တြင္ ေတာအုပ္ အတြင္းရွိ ခိုးသားဓားျပ တို႔စု႐ံုး ေရာက္ရွိလာၿပီး ထိုသားအဖကို ႐ိုက္ပုတ္၍ စည္တီး ေဖ်ာ္ေျဖရာမွ ရရွိလာေသာ ေငြအသျပာ မ်ားကို

လုယက္ ထြက္ေျပးၾက ေလသည္။ ဤကား ငါးရာ့ငါးဆယ္ နိပါတ္ေတာ္ လာ ဇာတ္ေတာ္ ျဖစ္ပါသည္။ အလားတူ သာဓကမ်ား၊ အျဖစ္အပ်က္မ်ား ေလာက၌ မ်ားစြာ ရွိေလသည္။ပစၥဳပၸန္ မ်က္ေမွာက္ေခတ္ တြင္လည္း မိမိတု႔ိ ပတ္ဝန္းက်င္ကို ေလ့လာၾကည့္ ပါလွ်င္ မိဘစကား နားေထာင္သူ မ်ားႏွင့္ နားမေထာင္ သူမ်ား ဘဝ အေနအထား ျခားနားပံုကိုေတြ႕ျမင္ရမည္ ျဖစ္၏။

မိဘတို႔ မည္သည္ လမ္းေကာင္း ကိုသာ ၫႊန္ျပ တတ္၏။ လမ္းမွားကို ျပေလ့ မရွိေပ။ ေကာင္းေသာလမ္း၊ ေကာင္းေသာ အဆံုးအမ စကားတို႔ျဖင့္သားသမီးတုိ႔ အေပၚ ေျပာဆိုဆံုးမ တတ္ၾက ပါသည္။ မိဘစကား ေျမဝယ္မက် နားေထာင္ တတ္ေသာ သားသမီး တို႔သည္ ဘဝ အဆင့္ဆင့္ တက္လွမ္း ႏုိင္ၾကကုန္၏။

သို႔ပါ၍ လူငယ္လူရြယ္ တို႔သည္ မိဘ၊ ဆရာသမား တို႔၏ ဆိုဆံုးမမႈမ်ား အေပၚ ႐ိုေသ ေလးစားစြာ နာခံ ေဆာင္ရြက္ ျခင္းျဖင့္ ဘဝလမ္းေၾကာင္း ေျဖာင့္ကာ တစ္ဆင့္ထက္တစ္ဆင့္ တက္လွမ္းလ်က္ ဘဝတြင္ တုိးတက္ ေအာင္ျမင္ ၾကမည္သာ ျဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


လောက၌ မိဘစကားကို နားထောင်သော သူများ ကြီးပွားတိုးတက် ကြသကဲ့သို့ မိဘစကား နားမထောင် မိကြ၍ နောင်တတစ်ဖန် ပူပန်ခြင်း များစွာဖြင့်
ဒုက္ခပင်လယ် ဝေရသူများလည်း ရှိ၏။ မည်သည့် မိဘမဆို မိမိတို့ သားသမီးများ အပေါ် ဆိုးစေလိုသော ဆန္ဒမရှိ၊ ကောင်းစေလိုသော ဆန္ဒသာ ရှိ၏။
ကောင်းစေလိုသော သဘောဖြင့်သာ ပြောဆိုဆုံးမ တတ်ကြပါသည်။ သို့သော် အချို့သော သားသမီး တို့က ”အဖေက ဘာသိလို့လဲ။ အမေ မသိဘဲနဲ့ ပြောနေပြန်ပြီ၊

အဖေ နားမလည်ပါဘူး၊ အမေ မသိပါဘူး … ” ဟု ဆိုကာ ကိုယ်ထင်ရာ ကိုယ်စိုင်း တတ်ကြသဖြင့် ဒုက္ခနှင့် ရင်ဆိုင်ရသူ ဒုနှင့်ဒေး ရှိ၏။
မြန်မာ ဆိုရိုးစကား၌ ”မိဘစကား၊ နားထောင်ငြား၊ သံပြား ကျောက်စောင်း၊ ကြိုသော်ပျောင်း” မိဘစကား၊ နားထောင်လျှင် မိမိ သွားရမည့် လမ်းခရီးတွင်
သံပြားကျောက်စောင်းများ ကြိုဆီးနေစေကာမူ မိဘ၏ ဂုဏ်ကျေးဇူး ကြောင့် ပျော့ပျောင်း သွားကြရသည်ဟု လည်းကောင်း၊ ”မိဘစကား နားမထောင်၊ သားတစ်ကောင် နှင့်

တိုးလိုးတွဲလဲ ” မိဘစကား နားမထောင်သော သမီးသည် အိမ်ထောင်ရေး၌ ဒုက္ခ ရောက်တတ်သည် ဟု လည်းကောင်း ပြဆိုထား ပါသည်။မိဘစကား နားမထောင်မိ၍ ခိုးသားဓားပြ တို့၏ ရိုက်ပုတ်ခြင်း ခံရပြီး ပစ္စည်းများလုယူ ခံရသူ တစ်ဦးအကြောင်း ကို စာပေကျမ်းဂန် မှ ထုတ်နုတ် တင်ပြလို ပါသည်။ရှေးအခါ ဗာရာဏသီပြည် ဗြဟ္မဒတ် မင်းကြီး လက်ထက်တွင် အလှူ မင်္ဂလာပွဲ၊ နတ်ပွဲများ၌ စည်တီး၍ အသက်မွေး ဝမ်းကျောင်း ပြုသော သားအဖရှိ၏။ တစ်နေ့သော အခါသူတို့ သားအဖသည် နတ်ပွဲ တစ်ခုသို့ သွားရောက် တီးရသဖြင့် ခိုးသား ဓားပြတို့ ခိုအောင်းရာ တောအုပ်ကြီး အတွင်း ဖြတ်သန်း ရလေသည်။

သားဖြစ်သူသည် တောအုပ်တွင်း ဖြတ်သန်းစဉ် ပြည့်ရှင် မင်းကြီး၏ စည်တီးသံဟု မှတ်ယူပြီး ခိုးသားဓားပြတို့ ထွက်ပြေး စေရန် လမ်းတစ်လျှောက် စည်ကို အဆက်မပြတ်ကျယ်လောင်စွာ တီး၍ လိုက်လာ လေသည်။ ထိုအခါ ဖခင်ဖြစ်သူက မင်းကြီး၏ စည်သည် ရံဖန်ရံခါမှ တီးသည် ဖြစ်၍ စည်ကို အဆက်မပြတ် မတီးရန် သားဖြစ်သူကိုသတိပေး ဆုံးမ၏။ သို့သော် သားဖြစ်သူက ဖခင်၏ သတိပေး ဆုံးမမှုကို မနာယူဘဲ စည်ကို အဆက်မပြတ် တီးခတ် လိုက်ပါ လာလေသည်။ထိုစဉ်တွင် တောအုပ် အတွင်းရှိ ခိုးသားဓားပြ တို့စုရုံး ရောက်ရှိလာပြီး ထိုသားအဖကို ရိုက်ပုတ်၍ စည်တီး ဖျော်ဖြေရာမှ ရရှိလာသော ငွေအသပြာ များကို

လုယက် ထွက်ပြေးကြ လေသည်။ ဤကား ငါးရာ့ငါးဆယ် နိပါတ်တော် လာ ဇာတ်တော် ဖြစ်ပါသည်။ အလားတူ သာဓကများ၊ အဖြစ်အပျက်များ လောက၌ များစွာ ရှိလေသည်။ပစ္စုပ္ပန် မျက်မှောက်ခေတ် တွင်လည်း မိမိတု့ိ ပတ်ဝန်းကျင်ကို လေ့လာကြည့် ပါလျှင် မိဘစကား နားထောင်သူ များနှင့် နားမထောင် သူများ ဘဝ အနေအထား ခြားနားပုံကိုတွေ့မြင်ရမည် ဖြစ်၏။

မိဘတို့ မည်သည် လမ်းကောင်း ကိုသာ ညွှန်ပြ တတ်၏။ လမ်းမှားကို ပြလေ့ မရှိပေ။ ကောင်းသောလမ်း၊ ကောင်းသော အဆုံးအမ စကားတို့ဖြင့်သားသမီးတို့ အပေါ် ပြောဆိုဆုံးမ တတ်ကြ ပါသည်။ မိဘစကား မြေဝယ်မကျ နားထောင် တတ်သော သားသမီး တို့သည် ဘဝ အဆင့်ဆင့် တက်လှမ်း နိုင်ကြကုန်၏။

သို့ပါ၍ လူငယ်လူရွယ် တို့သည် မိဘ၊ ဆရာသမား တို့၏ ဆိုဆုံးမမှုများ အပေါ် ရိုသေ လေးစားစွာ နာခံ ဆောင်ရွက် ခြင်းဖြင့် ဘဝလမ်းကြောင်း ဖြောင့်ကာ တစ်ဆင့်ထက်တစ်ဆင့် တက်လှမ်းလျက် ဘဝတွင် တိုးတက် အောင်မြင် ကြမည်သာ ဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top