ေဆးသြင္းၿပီး ျပန္ရတဲ့ရပ္ေဝးကလူနာအခ်ိဳ႕လည္း သည္ေဆး႐ုံႀကီးအတြင္းမွာပဲ ရွာႀကံေနေနရတယ္။ လူနာေစာင့္ေတာင္ အေတာ္ပူတာ၊ လူနာဆိုရင္ေတာ့ ေတာ္ေတာ္ခံရမွာ၊ ျပင္ပလူနာလာျပသူေတြကို နားခိုဖို႔ေနရာေလးေကာင္းေကာင္း ရွိေစခ်င္တယ္။ အရိပ္ရသရက္ပင္ႀကီး တစ္ပင္ေအာက္မွာ ပလတ္စတစ္ဖ်ာခင္း ၿပီး နားေနၾကပုံေပၚတဲ့ သက္ႀကီးပိုင္း အ႐ြယ္လူႏွစ္ဦးကို အထုပ္အပိုးအခ်ိဳ႕နဲ႕ အတူေတြ႕ရပါတယ္။

ဦးေခါင္းထက္က ျဖဴေဖြးေနတဲ့ဆံပင္ ပါးေလးေတြကို ထိပ္မွာစုခ်ည္ထုံးထားတဲ့ ပိန္ပိန္ပါးပါးနဲ႕ အသက္ ၇၀ အ႐ြယ္အမ်ိဳး သမီးတစ္ဦးကေတာ့ မ်က္ႏွာမွာ ေဝဒနာခံ စားေနရပုံေပါက္ၿပီး ခပ္ေလ်ာ့ေလ်ာ့ဝတ္ ထားတဲ့ ထဘီစကို ကိုင္ၿပီး ေျခဆင္း ထိုင္ေနပါတယ္။

သူ႕ေဘးမွာေတာ့ ေရသန႔္ဘူးတစ္ ဘူး၊ ဓာတ္ဘူးတစ္လုံး၊ ေရခြက္တစ္ခြက္ ရွိေနၿပီး ေဘးမွာရွိေနတဲ့အမ်ိဳးသားႀကီး တစ္ဦးကေတာ့ ထမင္းစားေနၿပီး ယပ္ေတာင္တစ္ခ်ာင္းကလည္း ေဘးမွာခ် လ်က္။ တိုက္ခတ္လာတဲ့ ေလအပူနဲ႕အတူ အရိပ္မိုးထားတဲ့သစ္ပင္ၾကားက က် ေရာက္လာတဲ့ေနေရာင္ေၾကာင့္ ေခြၽးေတြ စီးက်ေနပါတယ္။

သူတို႔ဟာ ေဆး႐ုံႀကီးဝင္းထဲက သရက္ပင္ေအာက္မွာေနေနတာ ငါးရက္ ရွိေနၿပီ။ ကင္ဆာေရာဂါေဆးသြင္းၿပီး ေဆး႐ုံ ရက္ခ်ိန္းျပဖို႔ မေကြးတိုင္းေဒသ ႀကီး၊ ေအာင္လံၿမိဳ႕နယ္ ေက်း႐ြာတစ္ခု ကေန လာေရာက္ျပသေနတာပါ။

ေဆး႐ုံျပရမယ့္ အမ်ိဳးသမီးႀကီးနာ မည္ဟာ ေဒၚၾကင္ေ႐ႊျဖစ္ၿပီး ေတာင္သူ အလုပ္လုပ္ကိုင္ခဲ့တဲ့ဒဏ္၊ ေရာဂါေဝဒနာ ခံစားရတဲ့ဒဏ္ေၾကာင့္ ရွိရင္းစြဲအသက္ထက္ပိုၿပီး အိုစာေနပုံေပါက္ပါတယ္။ တ ကယ္တမ္းေတာ့ သူ႕အသက္က ၅၈ ႏွစ္ပဲရွိ ေသးတယ္လို႔ သူက ေျပာတယ္။ ေဆး႐ုံ ေစာင့္လူနာအျဖစ္ သူ႕ရဲ႕ေယာက်ာ္းျဖစ္သူ တစ္ေယာက္တည္းသာပါလာၿပီး လူနာ ေစာင့္က အျပင္သြားခ်ိန္မွာဆိုရင္ ပစၥည္း ေတြ ေပ်ာက္မွာစိုးလို႔ လွဲမေနရဲဘဲ  ငုတ္ တုတ္ထိုင္ေစာင့္ေနရတယ္လို႔ အေျခအ ေနကို ေျပာျပပါတယ္။

သူဟာ အစာအိမ္ကင္ဆာေရာဂါ ေဝဒနာေၾကာင့္ ဓာတ္ကင္၊ ေဆးသြင္းကု သခဲ့တာဟာ ေလးႏွစ္ရွိၿပီျဖစ္ၿပီး ေဆး႐ုံ ရက္ခ်ိန္းျပရမယ့္ရက္မတိုင္မီ သည္လို အရိပ္ရသစ္ပင္ႀကီးရဲ႕ေအာက္မွာ ခိုနားေန ရတာပါ။

“ေဆး ေျခာက္ႀကိမ္သြင္းၿပီးၿပီ၊ ဓာတ္ လဲကင္ၿပီးၿပီ၊ ခုဟာက ဗိုက္ႀကီးပူလာလို႔ မေနနိုင္လို႔ လာျပတာပါ၊ ေဆးျပန္သြင္းရ ဦးမယ္ေျပာလို႔ လာျပတာ၊ ေသြးစစ္ၿပီးျပန္ ျပဆိုလို႔ေစာင့္ေနတာ၊ ေဆး႐ုံဖြင့္ရက္မွ ျပန္ျပရမွာ၊ ပုံမွန္လူေတာင္ ဒီေလာက္ပူ ေနရင္ ကင္ဆာေဝဒနာသည္ေတြဆို ပို ဆိုးတာေပါ့၊ မခံခ်ိမခံသာကို ခံစားေနရ တာ” လို႔ လက္ရွိအေျခအေနကို ရွင္းျပပါ တယ္။

လူဦးေရ အမ်ားဆုံးနဲ႕ ေ႐ႊ႕ေျပာင္းလုပ္ သားေတြအမ်ားဆုံးေနထိုင္တဲ့ရန္ကုန္ၿမိဳ႕ ဟာလည္း (ရန္ကုန္ကမıာေအး) မိုးေလ ဝသစခန္းဖြင့္ခဲ့ၿပီးေနာက္ပိုင္း ၅၁ ႏွစ္အ တြင္း အျမင့္ဆုံးအပူခ်ိန္အျဖစ္ ၄၂ ဒီဂရီ စင္တီဂရိတ္အထိျမင့္တက္ခဲ့ရပါတယ္။

အပူခ်ိန္ ၄၀ ဒီဂရီစင္တီဂရိတ္က စတင္ကာ က်န္းမာေရးအရ သတိျပဳေန ထိုင္ရန္ လိုအပ္ေၾကာင္း ကမၻာ႔က်န္းမာေရးအဖြဲ႕ က သတ္မွတ္သတိေပးထားၿပီး နိုင္ငံပိုင္မီဒီယာေတြမွာလည္း အပူခ်ိန္နဲ႕ ပတ္သက္တဲ့သတ္ေပးမႈေတြ ထုတ္ျပန္ ေပးထားေပမဲ့ လူအမ်ားစုကေတာ့ လိုက္ နာေနထိုင္ျခင္းမရွိဘဲ စားဝတ္ေနေရး အေျခေနအရ လုပ္လက္စအလုပ္ေတြကို သာ လုပ္ေနရပါတယ္။

သည္လိုအပူဒဏ္ခံစားေနသူေတြထဲ မွာ ကင္ဆာေရာဂါေဝဒနာေၾကာင့္ ဓာတ္ ကင္ ကုသေနရတဲ့ ရန္ကုန္ေဆး႐ုံႀကီးက ေဝဒနာသည္ေတြနဲ႕ ရပ္ေဝးကေန လာ ေရာက္ျပသေနရတဲ့ကင္ဆာေဝဒနာသည္ အခ်ိဳ႕ကေတာ့ အပူဒဏ္ကို အဆိုး႐ြားဆုံး ခံစားေနၾကရပါတယ္။

အစာအိမ္ကင္ဆာေရာဂါနဲ႕ ေဆး႐ုံ ရက္ခ်ိန္းျပန္ျပေနရတဲ့ ေဒၚၾကင္ေ႐ႊက “သားေတြ သမီးေတြေတာ့ရွိတယ္၊ အိမ္ ေထာင္ကြဲေတြ၊ ႐ြာမွာပဲ၊ မေျပလည္ၾက ေတာ့ လိုက္မလာနိုင္ဘူး၊ တည္းခိုစရာ ေနရာလဲမရွိေသးဘူး၊ ထပ္ျပဖို႔ ရက္ခ်ိန္း ထပ္ေပးေတာ့ မျပန္ေသးဘဲ ဒီေအာက္ မွာေနတာ၊ ထပ္ျပဖို႔ ရက္ခ်ိန္းထပ္ေပးရင္ လဲ ဒီမွာပဲထပ္ေနရဦးမွာေပါ့၊ ေဆး႐ုံတက္ ခြင့္ရမွသာ ခုတင္ေပၚအိပ္နိုင္တာ၊ ပူတဲ့ ဒဏ္ကေတာ့ခံရမွာေပါ့”လို႔ ေျပာပါတယ္။

ေဆး႐ုံႀကီးအတြင္းမွာ အတြင္းလူနာ အျဖစ္ တက္စရာမလိုဘဲ ေဆးသြင္းၿပီး ျပန္ရတဲ့ရပ္ေဝးကလူနာအခ်ိဳ႕လည္း သည္ ေဆး႐ုံႀကီးအတြင္းမွာပဲ ရွာႀကံေနေနရ တယ္လို႔ ေဆး႐ုံႀကီးအတြင္းမွာ ေဆး႐ုံ ရက္ခ်ိန္းျပဖို႔ လာေရာက္ေနထိုင္ေနၾကတဲ့ ရပ္ေဝးက လူနာရွင္အခ်ိဳ႕က ဆိုပါတယ္။

အပူဒဏ္အန္တု

တခ်ိဳ႕ကလည္း ေဆြမ်ိဳးသားခ်င္းမရွိ သလို အခ်ိဳ႕ကလည္း တည္းခိုတဲ့ေနရာ ကေန ေဆး႐ုံႀကီးကိုလာရင္ ကားငွားရ မယ့္ စရိတ္မတတ္နိုင္၊ စားေသာက္တဲ့ ကုန္က်စရိတ္မရွိလို႔ အပူဒဏ္ကိုအန္တု ကာ ေဆး႐ုံႀကီးဝင္းထဲက အရိပ္ရအပင္ ေအာက္ေတြ၊ အေဆာက္အအုံအခ်ိဳ႕ေတြ ရဲ႕ ေထာင့္ေနရာေတြမွာ တည္းခိုေနရင္း ရက္ခ်ိန္းျပမယ့္ေန႕ကို ေစာင့္ေနရတာလို႔ ေျပာပါတယ္။

“ေနေရာင္အပူေရာ၊ ေရာဂါအပူေရာ၊ ေငြေၾကးအပူေတြေရာ ေရာေနလို႔ ဘယ္ ဟာေတြ ဘယ္လိုပူေနမွန္းကို မသိေတာ့ ဘူး၊ ယပ္ေတာင္ေလးပဲ အေဖာ္ျပဳေနရ တယ္၊ တကယ့္ကို အတြင္းထဲက လွိုက္ ခနဲပူေနရတဲ့အထဲ ေလကလဲ ပူ ေနကလဲ ပူနဲ႕ ေလာကငရဲခံေနရသလိုပဲ”လို႔ လည္ ေခ်ာင္းကင္ဆာနဲ႕ေဆး႐ုံရက္ခ်ိန္းလာျပတဲ့ ဧရာဝတီတိုင္းေဒသႀကီး ေဒးဒရဲၿမိဳ႕နယ္ ႐ြာတစ္႐ြာကေန ေဆး႐ုံရက္ခ်ိန္းလာျပ ေနတဲ့၊ ေဆး႐ုံဝင္းထဲမွာ တည္းခိုေနထိုင္ တဲ့ ကိုျမတ္သူက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕မွာ အပူဒဏ္သက္သာဖို႔ အဲကြန္း၊ အဲကူလာ၊ ပန္ကာေတြသုံးတာ၊ ေရွာ့ပင္းစင္တာႀကီးေတြမွာ အပူေရွာင္ ေနၾကတာေတြရွိေနေပမဲ့ ေဆး႐ုံဝင္းႀကီး အတြင္းမွာ ဓာတ္ေရာင္ျခည္ကင္ဖို႔ ရပ္ေဝး ကေနလာျပသူအခ်ိဳ႕ကေတာ့ သစ္ပင္ေတြ ကိုသာ အေဖာ္ျပဳေနၾကရပါတယ္။

ရန္ကုန္ၿမိဳ႕အပါအဝင္ ၿမိဳ႕ေျခာက္ၿမိဳ႕ အပူခ်ိန္စံခ်ိန္သစ္တင္ၿပီး တိုင္းေဒသႀကီး နဲ႕ ျပည္နယ္ ၁၃ ခုမွာ ပုံမွန္အပူခ်ိန္ထက္ ျမင့္မားေနတယ္လို႔ မိုးဇလဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ေဆး႐ုံႀကီးအတြင္းကကင္ဆာကုဌာန က အတြင္းလူနာေဆာင္ဟာ အရင္က ႏွစ္ ထပ္အေဆာင္ကေန ၂၀၁၉ ခုႏွစ္အတြင္း မွာ ငါးထပ္ေဆာင္အသစ္ကို ေျပာင္းလဲ ကုသမႈျပဳလုပ္ေပးခဲ့လို႔ ေနရာအခက္အခဲ ျဖစ္တာေတြ အရင္ကထက္ ေလ်ာ့က်ခဲ့ ေပမဲ့ ကင္ဆာလူနာေတြက ခုတင္အျပည့္ ေနရာယူထားၾကပါတယ္။

ရက္ခ်ိန္းျပတဲ့ ျပင္ပလူနာျပသတဲ့ေန႕ ေတြမွာလည္း ရန္ကုန္တိုင္းအတြင္းသာ မက အနီးနားဝန္းက်င္ၿမိဳ႕က လူနာေတြ ဟာ ရက္ခ်ိန္းျပဖို႔ မနက္ ၄းဝဝ နာရီက တည္းက စာအုပ္ေတြ လာထပ္ၾကရပါ တယ္။

“မထပ္လို႔မရဘူး၊ ေနာက္က်မွထပ္ရင္ ေနာက္ေန႕ကူးသြားလိမ့္မယ္၊ လာျပသူေတြ က အမ်ားႀကီး၊ ဒါေၾကာင့္ မနက္အေစာ ကတည္းက လာတင္ေနသူေတြ အမ်ား ႀကီးရွိေနတယ္၊ ေန႕လယ္မွစသြင္းရင္ လူ နာလဲေတာ္ေတာ္ခံရတယ္၊ ေစာင့္တဲ့သူ လဲ မသက္သာဘူး၊ လူနာေစာင့္ေတာင္ အေတာ္ပူတာ၊ လူနာဆိုရင္ေတာ့ ေတာ္ ေတာ္ခံရမွာ၊ ျပင္ပလူနာလာျပသူေတြကို နားခိုဖို႔ေနရာေလးေကာင္းေကာင္းရွိေစ ခ်င္တယ္”လို႔ မအူပင္ၿမိဳ႕နယ္ကေန လာ ေရာက္ျပသေနတဲ့ ပါးေစာင္ကင္ဆာေဝဒ နာရွင္ကို ကူညီေနတဲ့ ကိုညီညီက ေျပာပါ တယ္။

ရက္ခ်ိန္းျပန္ျပရမယ့္လူနာေတြ၊ လူနာ အသစ္ေတြဟာလည္း ဓာတ္ေရာင္ျခည္ ကုဌာနအနီးက ထိုင္ခုံေတြနဲ႕ေဆး႐ုံၾကမ္း ျပင္ေတြ၊ လူသြားစၾကၤံအနီးနားက အရိပ္ ရေနရာေတြမွာ ပါလာတဲ့ကတ္ထူျပားေတြ၊ ဖ်ာေတြ၊ တခ်ိဳ႕လူနာေတြက လက္တြန္း လွည္းေတြေပၚမွာ ထိုင္ရင္း အပူဒဏ္ကို အန္တုရင္ဆိုင္ေနၾကရပါတယ္။

“မနက္အေစာႀကီးကတည္းက လာ ေစာင့္ေနမွ နားေနဖို႔ထိုင္ခုံရတာေလ၊ ဒီထဲ မွာ ညအိပ္ေစာင့္ေနသူေတာင္ရွိတယ္၊ ပူေပမဲ့ အထူးကုေဆး႐ုံေတြမွာ ျပဖို႔ ေငြ အင္အားမွမရွိေတာ့ အပူခံၿပီးေတာ့ကို ေစာင့္ရမွာ၊ ဒီလိုပဲေအးတဲ့ေနရာေလးေတြ ရွာေနၾကရတာပဲ”လို႔ လွိုင္သာယာၿမိဳ႕ နယ္ကေန လာေရာက္ျပသေနတဲ့ သား အိမ္ကင္ဆာခံစားေနရတဲ့ ေဒၚၾကင္ႏုက ေျပာပါတယ္။

ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီးဆိုတာ ဟာ က်န္းမာေရးနဲ႕ပတ္သက္ၿပီး ျမန္မာ နိုင္ငံေဒသအႏွံ႕အျပားက အေျခခံလူတန္း စားေတြသာမက အလယ္အလတ္လူတန္း စားေတြပါ အားကိုးေနရတဲ့ ခုတင္ ၂ဝဝဝ ဆံ့ ျပည္သူ႕ေဆး႐ုံႀကီးတစ္ခုပါ။ ကင္ဆာ ေရာဂါနဲ႕ပတ္သက္ၿပီးလည္း ေဆးဝါး၊ စက္ ကိရိယာေတြ အစုံအလင္ရွိၿပီး ေဆးအခ်ိဳ႕ က ပုံမွန္ေဆး႐ုံေတြထက္ အခမဲ့ပိုရတာ ေၾကာင့္ ရာသီဥတုပူေပမဲ့လည္း သည္ ေဆး႐ုံရွိရာေနရာကိုသာ လာေရာက္ကုသ ေနၾကရတာလို႔ လူနာအခ်ိဳ႕က ေျပာပါ တယ္။

အားထားစရာ

ေဆးဝါးအျပင္ စားေသာက္ဖို႔လႉဒါန္း သူေတြမ်ားသလို အသုံးေဆာင္ပစၥည္း အခ်ိဳ႕နဲ႕ ေငြေရးေၾကးေရးကအစ လႉဒါန္း သူေတြမ်ားတာေၾကာင့္ တကယ္မရွိလို႔ ရပ္ေဝးကေန ေဆး႐ုံတက္ေနသူေတြအ တြက္ေတာ့ အားထားစရာေနရာတစ္ခုအ ျဖစ္ ရွိေနတာပါ။

ဒါေၾကာင့္ အျခားအခမဲ့တည္းခိုခြင့္ရ တဲ့ ဘုန္းႀကီးေက်ာင္းေတြမွာလည္း ေဆး ႐ုံလာျပတဲ့ရပ္ေဝးကလူနာေတြနဲ႕ျပည့္ေန ၾကၿပီး ေဆး႐ုံဝင္းႀကီးထက္ ပိုပူတာ ေၾကာင့္ မတည္းေတာ့ဘဲ ရန္ကုန္ေဆး႐ုံ ႀကီးအတြင္းမွာပဲ လာေရာက္ခိုလႈံေနၾက ရတာပါ။

“ေဆးသြင္းၿပီးတဲ့သူေတြအတြက္ နားေနေဆာင္ေတာ့ရွိေပမဲ့ မျပရေသးတဲ့သူ ေတြကေတာ့ ဒီလိုပဲေနေနရတာ၊ ပူလြန္း လို႔ မေနနိုင္ဘူး၊ အျခားဘယ္မွလဲ မသြား တတ္ မလာတတ္ေတာ့ ဒီထဲမွာပဲေအးတဲ့ ေနရာရွာႀကံေနရတယ္”လို႔ မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕ကေန ရင္သားကင္ဆာေဆး လာသြင္းေနရတဲ့ ေဒၚေသာင္းၾကည္က ေျပာပါတယ္။

ျမန္မာနိုင္ငံေဒသအႏွံ႕ ၿမိဳ႕ ၂၀ ေက်ာ္ မွာ ေန႕အပူခ်ိန္ ၄၀ ဒီဂရီ စင္တီဂရိတ္အ ထက္ ေရာက္ရွိေနပါတယ္။ အပူခ်ိန္အျမင့္ ဆုံးမွာ ေညာင္ဦး၊ ေခ်ာက္၊ ေအာင္လံ၊ ေတာင္တြင္းႀကီး၊ ေတာင္ငူနဲ႕ ေဘာ္လခဲ ၿမိဳ႕တို႔ျဖစ္ၿပီး ဧၿပီ ၂၇ ရက္ေန႕မွာ ၄၄ ဒီဂရီ စင္တီဂရိတ္ရွိေနပါတယ္။

ျမင္းမူ၊ မိတၳီလာ၊ ျမင္းၿခံ၊ ေက်ာက္ ဆည္၊ မေကြး၊ ဂန႔္ေဂါ၊ ႀကိဳ႕ပင္ေကာက္၊ ေတာင္ငူနဲ႕ ဟသၤာတၿမိဳ႕တို႔တြင္ ၄၃ ဒီဂရီ စင္တီဂရိတ္ရွိေနတယ္လို႔ ထုတ္ျပန္ထား ပါတယ္။

ရန္ကုန္ေဆး႐ုံႀကီးမွာ ျပသေနတဲ့ ကင္ဆာအမ်ားစုကေတာ့ အဆုတ္ကင္ဆာ၊ လည္ေခ်ာင္းကင္ဆာ၊ ခံတြင္းနဲ႕ဆိုင္တဲ့ ကင္ဆာ၊ ရင္သားကင္ဆာ၊ သားအိမ္ ကင္ဆာနဲ႕ သားအိမ္ေခါင္းကင္ဆာေရာ ဂါခံစားေနရသူေတြ အမ်ားဆုံးလာေရာက္ ကုသေနၾကတယ္လို႔ သိရပါတယ္။

ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီး၊ ကင္ဆာ ေရာဂါေဆးကုသမႈ ျပင္ပလူနာဌာနနဲ႕ ကင္ ဆာကုသေဆာင္သစ္ ငါးထပ္အေဆာက္ အအုံကို ျပည္ေထာင္စုဝန္ႀကီး သြား ေရာက္ ၿပီး ထပ္မံလိုအပ္သည္မ်ား ျဖည့္ ဆည္း ေဆာင္႐ြက္ေပးခဲ့ပါတယ္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက မတ္လ ၁၁ ရက္ေန႕က ရန္ကုန္ ျပည္သူ႕ေဆး႐ုံႀကီး၊ ကင္ဆာေရာဂါေဆး ကုသမႈ ျပင္ပလူနာဌာနမွာ က်န္းမာေရး ေစာင့္ေရွာက္ေပးေနမႈမ်ား၊ လူနာမွတ္ တမ္းထားရွိမႈမ်ားကို ၾကည့္ရႈခဲ့ပါတယ္။

ကင္ဆာေရာဂါေဝဒနာခံစားေနရတဲ့ ေဝဒနာရွင္ေတြကို ပိုမိုအရည္အေသြးျပည့္ ဝေသာ က်န္းမာေရးေစာင့္ေရွာက္မႈေတြနဲ႕ ကုသမႈေတြကို သက္ေသာင့္သက္သာရွိ စြာျဖင့္ ခံယူရရွိနိုင္ရန္အတြက္ ထပ္မံလို အပ္သည္ေတြကို ဝန္ႀကီးဌာနမွ ဆက္ လက္ပံ့ပိုးေပးသြားမယ္လို႔ ကတိေပးခဲ့ပါ တယ္။

ရန္ကုန္ေဆး႐ုံႀကီး ေဆးလူမႈဆက္ဆံ ေရးဌာနမွလည္း ေန႕စဥ္ကူညီေနရသူေတြ ထဲမွာ ကင္ဆာေဝဒနာသည္ ေတြ ေန႕တိုင္း ပါဝင္ေနတယ္လို႔သိရၿပီး တစ္ရက္ကို ႏွစ္ေယာက္ကေန ေလးေယာက္အထိ ကူညီ ေပးေန တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Uploader

#Unicode Version# ျဖင့္ဖတ္ပါ ။

ဆေးသွင်းပြီး ပြန်ရတဲ့ရပ်ဝေးကလူနာအချို့လည်း သည်ဆေးရုံကြီးအတွင်းမှာပဲ ရှာကြံနေနေရတယ်။ လူနာစောင့်တောင် အတော်ပူတာ၊ လူနာဆိုရင်တော့ တော်တော်ခံရမှာ၊ ပြင်ပလူနာလာပြသူတွေကို နားခိုဖို့နေရာလေးကောင်းကောင်း ရှိစေချင်တယ်။ အရိပ်ရသရက်ပင်ကြီး တစ်ပင်အောက်မှာ ပလတ်စတစ်ဖျာခင်း ပြီး နားနေကြပုံပေါ်တဲ့ သက်ကြီးပိုင်း အရွယ်လူနှစ်ဦးကို အထုပ်အပိုးအချို့နဲ့ အတူတွေ့ရပါတယ်။

ဦးခေါင်းထက်က ဖြူဖွေးနေတဲ့ဆံပင် ပါးလေးတွေကို ထိပ်မှာစုချည်ထုံးထားတဲ့ ပိန်ပိန်ပါးပါးနဲ့ အသက် ၇၀ အရွယ်အမျိုး သမီးတစ်ဦးကတော့ မျက်နှာမှာ ဝေဒနာခံ စားနေရပုံပေါက်ပြီး ခပ်လျော့လျော့ဝတ် ထားတဲ့ ထဘီစကို ကိုင်ပြီး ခြေဆင်း ထိုင်နေပါတယ်။

သူ့ဘေးမှာတော့ ရေသန့်ဘူးတစ် ဘူး၊ ဓာတ်ဘူးတစ်လုံး၊ ရေခွက်တစ်ခွက် ရှိနေပြီး ဘေးမှာရှိနေတဲ့အမျိုးသားကြီး တစ်ဦးကတော့ ထမင်းစားနေပြီး ယပ်တောင်တစ်ချာင်းကလည်း ဘေးမှာချ လျက်။ တိုက်ခတ်လာတဲ့ လေအပူနဲ့အတူ အရိပ်မိုးထားတဲ့သစ်ပင်ကြားက ကျ ရောက်လာတဲ့နေရောင်ကြောင့် ချွေးတွေ စီးကျနေပါတယ်။

သူတို့ဟာ ဆေးရုံကြီးဝင်းထဲက သရက်ပင်အောက်မှာနေနေတာ ငါးရက် ရှိနေပြီ။ ကင်ဆာရောဂါဆေးသွင်းပြီး ဆေးရုံ ရက်ချိန်းပြဖို့ မကွေးတိုင်းဒေသ ကြီး၊ အောင်လံမြို့နယ် ကျေးရွာတစ်ခု ကနေ လာရောက်ပြသနေတာပါ။

ဆေးရုံပြရမယ့် အမျိုးသမီးကြီးနာ မည်ဟာ ဒေါ်ကြင်ရွှေဖြစ်ပြီး တောင်သူ အလုပ်လုပ်ကိုင်ခဲ့တဲ့ဒဏ်၊ ရောဂါဝေဒနာ ခံစားရတဲ့ဒဏ်ကြောင့် ရှိရင်းစွဲအသက်ထက်ပိုပြီး အိုစာနေပုံပေါက်ပါတယ်။ တ ကယ်တမ်းတော့ သူ့အသက်က ၅၈ နှစ်ပဲရှိ သေးတယ်လို့ သူက ပြောတယ်။ ဆေးရုံ စောင့်လူနာအဖြစ် သူ့ရဲ့ယောကျာ်းဖြစ်သူ တစ်ယောက်တည်းသာပါလာပြီး လူနာ စောင့်က အပြင်သွားချိန်မှာဆိုရင် ပစ္စည်း တွေ ပျောက်မှာစိုးလို့ လှဲမနေရဲဘဲ  ငုတ် တုတ်ထိုင်စောင့်နေရတယ်လို့ အခြေအ နေကို ပြောပြပါတယ်။

သူဟာ အစာအိမ်ကင်ဆာရောဂါ ဝေဒနာကြောင့် ဓာတ်ကင်၊ ဆေးသွင်းကု သခဲ့တာဟာ လေးနှစ်ရှိပြီဖြစ်ပြီး ဆေးရုံ ရက်ချိန်းပြရမယ့်ရက်မတိုင်မီ သည်လို အရိပ်ရသစ်ပင်ကြီးရဲ့အောက်မှာ ခိုနားနေ ရတာပါ။

“ဆေး ခြောက်ကြိမ်သွင်းပြီးပြီ၊ ဓာတ် လဲကင်ပြီးပြီ၊ ခုဟာက ဗိုက်ကြီးပူလာလို့ မနေနိုင်လို့ လာပြတာပါ၊ ဆေးပြန်သွင်းရ ဦးမယ်ပြောလို့ လာပြတာ၊ သွေးစစ်ပြီးပြန် ပြဆိုလို့စောင့်နေတာ၊ ဆေးရုံဖွင့်ရက်မှ ပြန်ပြရမှာ၊ ပုံမှန်လူတောင် ဒီလောက်ပူ နေရင် ကင်ဆာဝေဒနာသည်တွေဆို ပို ဆိုးတာပေါ့၊ မခံချိမခံသာကို ခံစားနေရ တာ” လို့ လက်ရှိအခြေအနေကို ရှင်းပြပါ တယ်။

လူဦးရေ အများဆုံးနဲ့ ရွှေ့ပြောင်းလုပ် သားတွေအများဆုံးနေထိုင်တဲ့ရန်ကုန်မြို့ ဟာလည်း (ရန်ကုန်ကမıာအေး) မိုးလေ ဝသစခန်းဖွင့်ခဲ့ပြီးနောက်ပိုင်း ၅၁ နှစ်အ တွင်း အမြင့်ဆုံးအပူချိန်အဖြစ် ၄၂ ဒီဂရီ စင်တီဂရိတ်အထိမြင့်တက်ခဲ့ရပါတယ်။

အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်က စတင်ကာ ကျန်းမာရေးအရ သတိပြုနေ ထိုင်ရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတ်မှတ်သတိပေးထားပြီး နိုင်ငံပိုင်မီဒီယာတွေမှာလည်း အပူချိန်နဲ့ ပတ်သက်တဲ့သတ်ပေးမှုတွေ ထုတ်ပြန် ပေးထားပေမဲ့ လူအများစုကတော့ လိုက် နာနေထိုင်ခြင်းမရှိဘဲ စားဝတ်နေရေး အခြေနေအရ လုပ်လက်စအလုပ်တွေကို သာ လုပ်နေရပါတယ်။

သည်လိုအပူဒဏ်ခံစားနေသူတွေထဲ မှာ ကင်ဆာရောဂါဝေဒနာကြောင့် ဓာတ် ကင် ကုသနေရတဲ့ ရန်ကုန်ဆေးရုံကြီးက ဝေဒနာသည်တွေနဲ့ ရပ်ဝေးကနေ လာ ရောက်ပြသနေရတဲ့ကင်ဆာဝေဒနာသည် အချို့ကတော့ အပူဒဏ်ကို အဆိုးရွားဆုံး ခံစားနေကြရပါတယ်။

အစာအိမ်ကင်ဆာရောဂါနဲ့ ဆေးရုံ ရက်ချိန်းပြန်ပြနေရတဲ့ ဒေါ်ကြင်ရွှေက “သားတွေ သမီးတွေတော့ရှိတယ်၊ အိမ် ထောင်ကွဲတွေ၊ ရွာမှာပဲ၊ မပြေလည်ကြ တော့ လိုက်မလာနိုင်ဘူး၊ တည်းခိုစရာ နေရာလဲမရှိသေးဘူး၊ ထပ်ပြဖို့ ရက်ချိန်း ထပ်ပေးတော့ မပြန်သေးဘဲ ဒီအောက် မှာနေတာ၊ ထပ်ပြဖို့ ရက်ချိန်းထပ်ပေးရင် လဲ ဒီမှာပဲထပ်နေရဦးမှာပေါ့၊ ဆေးရုံတက် ခွင့်ရမှသာ ခုတင်ပေါ်အိပ်နိုင်တာ၊ ပူတဲ့ ဒဏ်ကတော့ခံရမှာပေါ့”လို့ ပြောပါတယ်။

ဆေးရုံကြီးအတွင်းမှာ အတွင်းလူနာ အဖြစ် တက်စရာမလိုဘဲ ဆေးသွင်းပြီး ပြန်ရတဲ့ရပ်ဝေးကလူနာအချို့လည်း သည် ဆေးရုံကြီးအတွင်းမှာပဲ ရှာကြံနေနေရ တယ်လို့ ဆေးရုံကြီးအတွင်းမှာ ဆေးရုံ ရက်ချိန်းပြဖို့ လာရောက်နေထိုင်နေကြတဲ့ ရပ်ဝေးက လူနာရှင်အချို့က ဆိုပါတယ်။

အပူဒဏ်အန်တု

တချို့ကလည်း ဆွေမျိုးသားချင်းမရှိ သလို အချို့ကလည်း တည်းခိုတဲ့နေရာ ကနေ ဆေးရုံကြီးကိုလာရင် ကားငှားရ မယ့် စရိတ်မတတ်နိုင်၊ စားသောက်တဲ့ ကုန်ကျစရိတ်မရှိလို့ အပူဒဏ်ကိုအန်တု ကာ ဆေးရုံကြီးဝင်းထဲက အရိပ်ရအပင် အောက်တွေ၊ အဆောက်အအုံအချို့တွေ ရဲ့ ထောင့်နေရာတွေမှာ တည်းခိုနေရင်း ရက်ချိန်းပြမယ့်နေ့ကို စောင့်နေရတာလို့ ပြောပါတယ်။

“နေရောင်အပူရော၊ ရောဂါအပူရော၊ ငွေကြေးအပူတွေရော ရောနေလို့ ဘယ် ဟာတွေ ဘယ်လိုပူနေမှန်းကို မသိတော့ ဘူး၊ ယပ်တောင်လေးပဲ အဖော်ပြုနေရ တယ်၊ တကယ့်ကို အတွင်းထဲက လှိုက် ခနဲပူနေရတဲ့အထဲ လေကလဲ ပူ နေကလဲ ပူနဲ့ လောကငရဲခံနေရသလိုပဲ”လို့ လည် ချောင်းကင်ဆာနဲ့ဆေးရုံရက်ချိန်းလာပြတဲ့ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ရွာတစ်ရွာကနေ ဆေးရုံရက်ချိန်းလာပြ နေတဲ့၊ ဆေးရုံဝင်းထဲမှာ တည်းခိုနေထိုင် တဲ့ ကိုမြတ်သူက ပြောပါတယ်။

ရန်ကုန်မြို့မှာ အပူဒဏ်သက်သာဖို့ အဲကွန်း၊ အဲကူလာ၊ ပန်ကာတွေသုံးတာ၊ ရှော့ပင်းစင်တာကြီးတွေမှာ အပူရှောင် နေကြတာတွေရှိနေပေမဲ့ ဆေးရုံဝင်းကြီး အတွင်းမှာ ဓာတ်ရောင်ခြည်ကင်ဖို့ ရပ်ဝေး ကနေလာပြသူအချို့ကတော့ သစ်ပင်တွေ ကိုသာ အဖော်ပြုနေကြရပါတယ်။

ရန်ကုန်မြို့အပါအဝင် မြို့ခြောက်မြို့ အပူချိန်စံချိန်သစ်တင်ပြီး တိုင်းဒေသကြီး နဲ့ ပြည်နယ် ၁၃ ခုမှာ ပုံမှန်အပူချိန်ထက် မြင့်မားနေတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဆေးရုံကြီးအတွင်းကကင်ဆာကုဌာန က အတွင်းလူနာဆောင်ဟာ အရင်က နှစ် ထပ်အဆောင်ကနေ ၂၀၁၉ ခုနှစ်အတွင်း မှာ ငါးထပ်ဆောင်အသစ်ကို ပြောင်းလဲ ကုသမှုပြုလုပ်ပေးခဲ့လို့ နေရာအခက်အခဲ ဖြစ်တာတွေ အရင်ကထက် လျော့ကျခဲ့ ပေမဲ့ ကင်ဆာလူနာတွေက ခုတင်အပြည့် နေရာယူထားကြပါတယ်။

ရက်ချိန်းပြတဲ့ ပြင်ပလူနာပြသတဲ့နေ့ တွေမှာလည်း ရန်ကုန်တိုင်းအတွင်းသာ မက အနီးနားဝန်းကျင်မြို့က လူနာတွေ ဟာ ရက်ချိန်းပြဖို့ မနက် ၄းဝဝ နာရီက တည်းက စာအုပ်တွေ လာထပ်ကြရပါ တယ်။

“မထပ်လို့မရဘူး၊ နောက်ကျမှထပ်ရင် နောက်နေ့ကူးသွားလိမ့်မယ်၊ လာပြသူတွေ က အများကြီး၊ ဒါကြောင့် မနက်အစော ကတည်းက လာတင်နေသူတွေ အများ ကြီးရှိနေတယ်၊ နေ့လယ်မှစသွင်းရင် လူ နာလဲတော်တော်ခံရတယ်၊ စောင့်တဲ့သူ လဲ မသက်သာဘူး၊ လူနာစောင့်တောင် အတော်ပူတာ၊ လူနာဆိုရင်တော့ တော် တော်ခံရမှာ၊ ပြင်ပလူနာလာပြသူတွေကို နားခိုဖို့နေရာလေးကောင်းကောင်းရှိစေ ချင်တယ်”လို့ မအူပင်မြို့နယ်ကနေ လာ ရောက်ပြသနေတဲ့ ပါးစောင်ကင်ဆာဝေဒ နာရှင်ကို ကူညီနေတဲ့ ကိုညီညီက ပြောပါ တယ်။

ရက်ချိန်းပြန်ပြရမယ့်လူနာတွေ၊ လူနာ အသစ်တွေဟာလည်း ဓာတ်ရောင်ခြည် ကုဌာနအနီးက ထိုင်ခုံတွေနဲ့ဆေးရုံကြမ်း ပြင်တွေ၊ လူသွားစြင်္ကံအနီးနားက အရိပ် ရနေရာတွေမှာ ပါလာတဲ့ကတ်ထူပြားတွေ၊ ဖျာတွေ၊ တချို့လူနာတွေက လက်တွန်း လှည်းတွေပေါ်မှာ ထိုင်ရင်း အပူဒဏ်ကို အန်တုရင်ဆိုင်နေကြရပါတယ်။

“မနက်အစောကြီးကတည်းက လာ စောင့်နေမှ နားနေဖို့ထိုင်ခုံရတာလေ၊ ဒီထဲ မှာ ညအိပ်စောင့်နေသူတောင်ရှိတယ်၊ ပူပေမဲ့ အထူးကုဆေးရုံတွေမှာ ပြဖို့ ငွေ အင်အားမှမရှိတော့ အပူခံပြီးတော့ကို စောင့်ရမှာ၊ ဒီလိုပဲအေးတဲ့နေရာလေးတွေ ရှာနေကြရတာပဲ”လို့ လှိုင်သာယာမြို့ နယ်ကနေ လာရောက်ပြသနေတဲ့ သား အိမ်ကင်ဆာခံစားနေရတဲ့ ဒေါ်ကြင်နုက ပြောပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆိုတာ ဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံဒေသအနှံ့အပြားက အခြေခံလူတန်း စားတွေသာမက အလယ်အလတ်လူတန်း စားတွေပါ အားကိုးနေရတဲ့ ခုတင် ၂ဝဝဝ ဆံ့ ပြည်သူ့ဆေးရုံကြီးတစ်ခုပါ။ ကင်ဆာ ရောဂါနဲ့ပတ်သက်ပြီးလည်း ဆေးဝါး၊ စက် ကိရိယာတွေ အစုံအလင်ရှိပြီး ဆေးအချို့ က ပုံမှန်ဆေးရုံတွေထက် အခမဲ့ပိုရတာ ကြောင့် ရာသီဥတုပူပေမဲ့လည်း သည် ဆေးရုံရှိရာနေရာကိုသာ လာရောက်ကုသ နေကြရတာလို့ လူနာအချို့က ပြောပါ တယ်။

အားထားစရာ

ဆေးဝါးအပြင် စားသောက်ဖို့လှူဒါန်း သူတွေများသလို အသုံးဆောင်ပစ္စည်း အချို့နဲ့ ငွေရေးကြေးရေးကအစ လှူဒါန်း သူတွေများတာကြောင့် တကယ်မရှိလို့ ရပ်ဝေးကနေ ဆေးရုံတက်နေသူတွေအ တွက်တော့ အားထားစရာနေရာတစ်ခုအ ဖြစ် ရှိနေတာပါ။

ဒါကြောင့် အခြားအခမဲ့တည်းခိုခွင့်ရ တဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း ဆေး ရုံလာပြတဲ့ရပ်ဝေးကလူနာတွေနဲ့ပြည့်နေ ကြပြီး ဆေးရုံဝင်းကြီးထက် ပိုပူတာ ကြောင့် မတည်းတော့ဘဲ ရန်ကုန်ဆေးရုံ ကြီးအတွင်းမှာပဲ လာရောက်ခိုလှုံနေကြ ရတာပါ။

“ဆေးသွင်းပြီးတဲ့သူတွေအတွက် နားနေဆောင်တော့ရှိပေမဲ့ မပြရသေးတဲ့သူ တွေကတော့ ဒီလိုပဲနေနေရတာ၊ ပူလွန်း လို့ မနေနိုင်ဘူး၊ အခြားဘယ်မှလဲ မသွား တတ် မလာတတ်တော့ ဒီထဲမှာပဲအေးတဲ့ နေရာရှာကြံနေရတယ်”လို့ မွန်ပြည်နယ် ကျိုက်ထိုမြို့ကနေ ရင်သားကင်ဆာဆေး လာသွင်းနေရတဲ့ ဒေါ်သောင်းကြည်က ပြောပါတယ်။

မြန်မာနိုင်ငံဒေသအနှံ့ မြို့ ၂၀ ကျော် မှာ နေ့အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်အ ထက် ရောက်ရှိနေပါတယ်။ အပူချိန်အမြင့် ဆုံးမှာ ညောင်ဦး၊ ချောက်၊ အောင်လံ၊ တောင်တွင်းကြီး၊ တောင်ငူနဲ့ ဘော်လခဲ မြို့တို့ဖြစ်ပြီး ဧပြီ ၂၇ ရက်နေ့မှာ ၄၄ ဒီဂရီ စင်တီဂရိတ်ရှိနေပါတယ်။

မြင်းမူ၊ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက် ဆည်၊ မကွေး၊ ဂန့်ဂေါ၊ ကြို့ပင်ကောက်၊ တောင်ငူနဲ့ ဟင်္သာတမြို့တို့တွင် ၄၃ ဒီဂရီ စင်တီဂရိတ်ရှိနေတယ်လို့ ထုတ်ပြန်ထား ပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ပြသနေတဲ့ ကင်ဆာအများစုကတော့ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ခံတွင်းနဲ့ဆိုင်တဲ့ ကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ် ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာရော ဂါခံစားနေရသူတွေ အများဆုံးလာရောက် ကုသနေကြတယ်လို့ သိရပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာ ရောဂါဆေးကုသမှု ပြင်ပလူနာဌာနနဲ့ ကင် ဆာကုသဆောင်သစ် ငါးထပ်အဆောက် အအုံကို ပြည်ထောင်စုဝန်ကြီး သွား ရောက် ပြီး ထပ်မံလိုအပ်သည်များ ဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မတ်လ ၁၁ ရက်နေ့က ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါဆေး ကုသမှု ပြင်ပလူနာဌာနမှာ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများ၊ လူနာမှတ် တမ်းထားရှိမှုများကို ကြည့်ရှုခဲ့ပါတယ်။

ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ ဝေဒနာရှင်တွေကို ပိုမိုအရည်အသွေးပြည့် ဝသော ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ကုသမှုတွေကို သက်သောင့်သက်သာရှိ စွာဖြင့် ခံယူရရှိနိုင်ရန်အတွက် ထပ်မံလို အပ်သည်တွေကို ဝန်ကြီးဌာနမှ ဆက် လက်ပံ့ပိုးပေးသွားမယ်လို့ ကတိပေးခဲ့ပါ တယ်။

ရန်ကုန်ဆေးရုံကြီး ဆေးလူမှုဆက်ဆံ ရေးဌာနမှလည်း နေ့စဉ်ကူညီနေရသူတွေ ထဲမှာ ကင်ဆာဝေဒနာသည် တွေ နေ့တိုင်း ပါဝင်နေတယ်လို့သိရပြီး တစ်ရက်ကို နှစ်ယောက်ကနေ လေးယောက်အထိ ကူညီ ပေးနေ တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top