ေဖေဖနဲ႔ ေမေမ အဆင္ေျပၾကရင္ သိပ္ေကာင္းမွာပဲလို႔ ေတြးေနမိတဲ့ ကေလးတစ္ေယာက္ရဲ႕ဆႏၵကို ျမင္နုိင္ၾကပါ့မလား။ သေဘာထားမတိုက္ဆိုင္လို႔၊ စီးပြားေရးအဆင္မေျပလို႔၊ အသစ္ေတြ႔လို႔၊ ေမတၱာခမ္း လို႔ စတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ရန္ျဖစ္ေနၾကမွာပါပဲ။ ဒီေနရာမွာ အထိခိုက္ဆံုးသူဟာ မိဘရဲ႕ရန္ပြဲအလယ္မွာ ရွိေနတဲ့ ကေလးေတြပဲ ဆိုတာ ေမ့မထား ၾကပါနဲ႔ေနာ္။

မိသားစုျပႆနာေတြနဲ႔ၾကီးျပင္းလာတဲ့ကေလးေတြကို စစ္တမ္းယူခဲ့တဲ့ တခ်ိဳ႕ေလ့လာမႈေတြကေျပာတယ္။ အိမ္ေထာင္ေရး အဆင္မေျပတဲ့ မိဘေတြၾကားမွာ ၾကီးျပင္းလာရတဲ့ကေလးေတြအတြက္ ျဖစ္လာတဲ့ရလဒ္က မိဘကြာရွင္းလိုက္လို႔ ခံစားရ  တဲ့ အက်ိဳးဆက္ထက္ ပိုဆိုးပါတယ္တဲ့။

တခ်ိဳ႕မိဘေတြက မေမ့ပါဘူး။ ကေလးအတြက္ စဥ္းစားျပီး အဆင္မေျပတဲ့အိမ္ေထာင္ကို ျပန္ေပါင္းစည္းဖို႔ၾကိဳးစားၾကတယ္။ မိသားစုျပန္ေပါင္းစည္းသြားရင္ေကာင္းေပမယ့္ သိပ္ကိုကြဲအက္သြားတဲ့ဆက္ဆံေရးမ်ိဳးဆိုရင္ေတာ့ အတင္းအက်ပ္ ျပန္ခ်ည္ ေႏွာင္တာဟာ ေနာက္ဆံုးေတာ့ ကေလးကိုထိခိုက္နိုင္ပါတယ္။ ဘာလို႔ဆို အေဖနဲ႔ အေမ ရဲ႕ တစ္ေယာက္ကို တစ္ေယာက္ ထိုးႏွက္မႈေတြ၊ မေက်လည္မႈေတြဟာ သူတို႔အလယ္မွာရွိေနတဲ့ ကေလးကိုပဲ ထိုးစိုက္မိမွာ မို႔လို႔ပါပဲ။ ျပန္ညွိႏိႈင္းယူလို႔ မရ နိုင္ေတာ့တဲ့ ဆက္ဆံေရးျဖစ္ေနျပီဆိုရင္ေတာ့ ခြဲေနလိိုက္တာ အေကာင္းဆံုးပါပဲ။

လူၾကီးေတြရဲ႕ျပႆနာကို ေသခ်ာနားမလည္ေသးတဲ့ ကေလးတစ္ေယာက္ရဲ႕အျမင္မွာ ဝမ္းနည္းမႈေတြ၊ ေၾကာက္စိတ္ေတြ၊ ခိုကိုးရာမဲ့တာေတြ၊ ေပ်ာ္ရႊင္မႈနည္းလာတာေတြ၊ မေကာင္းတဲ့သက္ေရာက္မႈေတြ ဖိစီးေနမွာ ေသခ်ာပါတယ္။ မိဘ အဆင္ မေျပရင္ ဒီကေလး အရြယ္ေရာက္လာတဲ့အခါ ဘယ္လိုရလဒ္ေတြျဖစ္လာမလဲ ေမေမတို႔ သိရဲ႕လား ….

ဒီလိုနဲ႔ၾကီးျပင္းခဲ့ရတဲ့ ကေလးေတြက –

(၁) ရင္းနွီးခ်စ္ခင္ရမွာ ေၾကာက္တယ္

သူအရင္းနွီးဆံုးၾကံဳေတြ႔ခဲ့ရတဲ့ မိဘေတြရဲ႕ဆက္ဆံေရးက ေနာက္ဆံုးမွာ မေကာင္းတဲ့ အေနအထား တစ္ခုကို ေရာက္ေန ခဲ့တာ၊ မိသားစုထဲမွာ ခ်စ္ခင္မႈနဲ႔ေမတၱာေတြကို မျမင္ေတြ႔ရတဲ့ကေလးက တျခားသူေတြကို ခ်စ္ခင္ဖို႔ မရဲေတာ့ပါဘူး။ ေပါင္းသင္း ဆက္ဆံေရးမွာ မဝံ့မရဲနဲ႔ သူငယ္ခ်င္းလည္းမရွိ၊ ခ်စ္ခင္မႈေတြကိုလည္း မယံုၾကည္ေတာ့ပါဘူး။ မိသားစု မွာလိုမ်ိဳး ေနာက္တစ္ၾကိမ္မခံစားခ်င္ေတာ့ဘူးေလ။

(၂) အိမ္မွာေနရင္ တင္းမာမႈေတြပဲျဖစ္လာတယ္

အေဖနဲ႔အေမက ကေလးေရွ႕မွာ မၾကာခဏစကားမ်ားတဲ့အခါ အိမ္မွာေနရတာ တင္းမာမႈ အေငြ႔အသက္ေတြ ခံစား မိလာမယ္၊ အိမ္က မေအးခ်မ္းဘဲ ပူေလာင္တဲ့ေနရာအျဖစ္ကေလးစိတ္ထဲစြဲသြားပါလိမ့္မယ္။ နည္းနည္းေလး အရြယ္ေရာက္လာတာနဲ႔ အိမ္ျပင္ထြက္ဖို႔ပဲ လမ္းရွာေနမယ္၊ အိမ္မျပန္ခ်င္ဘူး၊ ျပန္လာရင္ အရြဲ႕တိုက္တာမ်ိဳး ကေလးရဲ႕တံု႔ျပန္ပံုကပါ တင္းမာလာပါလိမ့္မယ္။

(၃) စိတ္ပိုင္းဆိုင္ရာျပႆနာေတြရွိလာတယ္

ဒီအပိုင္းမွာ သမီးမိန္းကေလးေတြက သားေယာက်္ားေလးေတြထက္ ခံစားခ်က္ပိုျပင္းထန္တတ္တယ္ဆိုေပမယ့္ ထိခိုက္ ခံစားရတာေတာ့ တူတူပါပဲ။ ကေလးဆိုတာ နဂိုကမွ စိတ္အားငယ္တတ္၊ မလံုျခံဳစိတ္ပိုခံစားရလြယ္တဲ့ အတြက္ ေႏြးေထြးမႈ ထက္ အျမဲတေစ ရန္ပြဲေတြ၊ စကားနာထိုးတာေတြပဲျမင္ေနရတဲ့အခါ စိတ္ထဲလံုျခံဳမႈ မခံစားရေတာ့ပါဘူး။ ေသခ်ာ ဂရုစိုက္ တယ္ဆိုရင္ေတာင္ မိဘေတြအဆင္မေျပတာကို ကေလးေတြက သိေနနိုုင္တဲ့အတြက္ ၾကာလာရင္ ဆိုးက်ိဳးေတြျဖစ္လာမွာ စိုးရပါတယ္။

(၄) ကိုယ့္ကိုယ္ကိုယံုၾကည္မႈနည္းလာတယ္

စကားမ်ား ရန္ျဖစ္ေလ့ရွိတဲ့၊ အဆင္မေျပတဲ့ မိဘေတြၾကားမွာ ၾကီးျပင္းလာတဲ့ကေလးက သူ႔ကိုယ္သူ အေရးပါတဲ့လူ တစ္ေယာက္အျဖစ္ မခံစားမိေတာ့ပါဘူး။ ေနာက္ပိုင္းမွာ မဝ့ံမရဲနဲ႔ မလုပ္ရဲမကိုင္ရဲနဲ႔ ဖြံ႔ျဖိဳးမႈမွာ အဖုအထစ္ျဖစ္ေစနိုင္တယ္။ ကိုယ့္ကို မိဘေတြကခ်စ္လားမခ်စ္လားေတာင္ သံသယအျမဲရွိေနျပီး သိမ္ငယ္စိတ္ဝင္ေစနုိင္ပါတယ္။

(၅) အျပဳအမူပိုင္း ျပႆနာရွိလာနုိင္တယ္

မိသားစုခ်င္းအဆင္မေျပတဲ့ အိမ္မွာေနရတာက ကေလးအတြက္ ခါးသက္တဲ့အေတြ႔အၾကံဳေတြကို အေစာၾကီး ထိေတြ႔ေစ လိုက္တာပဲျဖစ္ပါတယ္။ ဒီလိုကေလးေတြမွာ အျပဳအမူပိုင္း ျပႆနာရွိေနတာ တျခားကေလးေတြနဲ႔ယွဥ္ရင္ သိသာပါတယ္။ သူတို႔ၾကံဳေတြ႔ရတဲ့ ျပႆနာကို ဘယ္လိုတံု႔ျပန္ရမွန္းမသိလို႔ ကေလးရဲ႕ဖြံ႔ျဖိဳးမႈ၊ သင္ယူေလ့လာမႈပိုင္းမွာ အဟန္႔အတား ျဖစ္ေစ နိုင္ ပါတယ္။ အၾကမ္းဖက္တာေတြ ေတြ႔ရတယ္ဆို သူတို႔အေပၚ သက္ေရာက္မႈဒဏ္ကမေသးသလို ကေလး ရဲ႕အက်င့္စရိုက္မွာ အမည္းစက္ျဖစ္ေစနိုင္ပါတယ္။

(၆) စိတ္အတက္အက်ျပႆနာ

ေပ်ာ္စရာမေကာင္းတဲ့အိမ္မွာ မျဖစ္မေန ေနထိုင္ေနရတဲ့ ကေလးရဲ႕စိတ္မွာ ခံစားခ်က္ကမတည္ျငိမ္နုိင္မွာ ေသခ်ာပါတယ္။ ဘာမဟုတ္တဲ့ အေသးအဖြဲကိစၥေလးေတြကိုေတာင္ သူတို႔ရဲ႕တုံ႔ျပန္မႈ၊ ခံစားမႈက ျပင္းထန္ေနတတ္တယ္၊ အခန္းေအာင္းျပီး ခံစားေနတတ္တယ္။

ဒါ့ေၾကာင့္ အေဖနဲ႔အေမျဖစ္လာျပီဆို ဘယ္လိုျပႆနာပဲရွိလာပါေစ ကေလးအတြက္စဥ္းစားပါ။ စဥ္းစားရာမွာ ကေလး အတြက္ ဆိုျပီး အဆင္မေျပတာကို ေအာင့္အည္း သည္းခံတာေတြက ကေလးအတြက္ ပိုျပီး အဆိပ္အေတာက္ ျဖစ္ေစ တာကိုလည္း မေမ့ပါနဲ႔။ ညွိႏိႈင္းလို႔ရတဲ့အိမ္ေထာင္ေရးကိုဆို ရေအာင္ၾကိဳးစားသင့္တာမွန္ပါတယ္။ တကယ္လို႔ အက္ေၾကာင္း ထင္ျပီးသား ဘယ္လိုမွျပန္မေပါင္းစည္းနုိင္ေတာ့တဲ့ ဆက္ဆံေရးဆိုရင္ေတာ့ အတင္းျပန္မခ်ည္ေႏွာင္ဘဲ ကြာရွင္းလိုိက္တာကမွ ကေလးအတြက္ ဒီဆိုးက်ိဳးေတြမျဖစ္ေစေတာ့ဘူးေပါ့။ ဘာပဲ ျဖစ္ျဖစ္ ဘက္စံုကေန ေသခ်ာစဥ္းစား ျပီးမွ ဆံုးျဖတ္ပါလို႔ အၾကံေပးခ်င္ပါတယ္။

Hello Health Group သည္ ေဆးပညာဆိုင္ရာ အၾကံေပးခ်က္မ်ား၊ ေရာဂါရွာေဖြျခင္းႏွင့္ ကုသျခင္းမ်ား မျပဳလုပ္ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Hellosayarwon

#Unicode Version# ျဖင့္ဖတ္ပါ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

ဖေဖေနဲ့ မေမေ အဆင်ပြေကြရင် သိပ်ကောင်းမှာပဲလို့ တွေးနေမိတဲ့ ကလေးတစ်ယောက်ရဲ့ဆန္ဒကို မြင်နိုင်ကြပါ့မလား။ သဘောထားမတိုက်ဆိုင်လို့၊ စီးပွားရေးအဆင်မပြေလို့၊ အသစ်တွေ့လို့၊ မေတ္တာခမ်း လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ရန်ဖြစ်နေကြမှာပါပဲ။ ဒီနေရာမှာ အထိခိုက်ဆုံးသူဟာ မိဘရဲ့ရန်ပွဲအလယ်မှာ ရှိနေတဲ့ ကလေးတွေပဲ ဆိုတာ မေ့မထား ကြပါနဲ့နော်။

မိသားစုပြဿနာတွေနဲ့ကြီးပြင်းလာတဲ့ကလေးတွေကို စစ်တမ်းယူခဲ့တဲ့ တချို့လေ့လာမှုတွေကပြောတယ်။ အိမ်ထောင်ရေး အဆင်မပြေတဲ့ မိဘတွေကြားမှာ ကြီးပြင်းလာရတဲ့ကလေးတွေအတွက် ဖြစ်လာတဲ့ရလဒ်က မိဘကွာရှင်းလိုက်လို့ ခံစားရ  တဲ့ အကျိုးဆက်ထက် ပိုဆိုးပါတယ်တဲ့။

တချို့မိဘတွေက မမေ့ပါဘူး။ ကလေးအတွက် စဉ်းစားပြီး အဆင်မပြေတဲ့အိမ်ထောင်ကို ပြန်ပေါင်းစည်းဖို့ကြိုးစားကြတယ်။ မိသားစုပြန်ပေါင်းစည်းသွားရင်ကောင်းပေမယ့် သိပ်ကိုကွဲအက်သွားတဲ့ဆက်ဆံရေးမျိုးဆိုရင်တော့ အတင်းအကျပ် ပြန်ချည် နှောင်တာဟာ နောက်ဆုံးတော့ ကလေးကိုထိခိုက်နိုင်ပါတယ်။ ဘာလို့ဆို အဖေနဲ့ အမေ ရဲ့ တစ်ယောက်ကို တစ်ယောက် ထိုးနှက်မှုတွေ၊ မကျေလည်မှုတွေဟာ သူတို့အလယ်မှာရှိနေတဲ့ ကလေးကိုပဲ ထိုးစိုက်မိမှာ မို့လို့ပါပဲ။ ပြန်ညှိနှိုင်းယူလို့ မရ နိုင်တော့တဲ့ ဆက်ဆံရေးဖြစ်နေပြီဆိုရင်တော့ ခွဲနေလိုက်တာ အကောင်းဆုံးပါပဲ။

လူကြီးတွေရဲ့ပြဿနာကို သေချာနားမလည်သေးတဲ့ ကလေးတစ်ယောက်ရဲ့အမြင်မှာ ဝမ်းနည်းမှုတွေ၊ ကြောက်စိတ်တွေ၊ ခိုကိုးရာမဲ့တာတွေ၊ ပျော်ရွှင်မှုနည်းလာတာတွေ၊ မကောင်းတဲ့သက်ရောက်မှုတွေ ဖိစီးနေမှာ သေချာပါတယ်။ မိဘ အဆင် မပြေရင် ဒီကလေး အရွယ်ရောက်လာတဲ့အခါ ဘယ်လိုရလဒ်တွေဖြစ်လာမလဲ မေမေတို့ သိရဲ့လား ….

ဒီလိုနဲ့ကြီးပြင်းခဲ့ရတဲ့ ကလေးတွေက –

(၁) ရင်းနှီးချစ်ခင်ရမှာ ကြောက်တယ်

သူအရင်းနှီးဆုံးကြုံတွေ့ခဲ့ရတဲ့ မိဘတွေရဲ့ဆက်ဆံရေးက နောက်ဆုံးမှာ မကောင်းတဲ့ အနေအထား တစ်ခုကို ရောက်နေ ခဲ့တာ၊ မိသားစုထဲမှာ ချစ်ခင်မှုနဲ့မေတ္တာတွေကို မမြင်တွေ့ရတဲ့ကလေးက တခြားသူတွေကို ချစ်ခင်ဖို့ မရဲတော့ပါဘူး။ ပေါင်းသင်း ဆက်ဆံရေးမှာ မဝံ့မရဲနဲ့ သူငယ်ချင်းလည်းမရှိ၊ ချစ်ခင်မှုတွေကိုလည်း မယုံကြည်တော့ပါဘူး။ မိသားစု မှာလိုမျိုး နောက်တစ်ကြိမ်မခံစားချင်တော့ဘူးလေ။

(၂) အိမ်မှာနေရင် တင်းမာမှုတွေပဲဖြစ်လာတယ်

အဖေနဲ့အမေက ကလေးရှေ့မှာ မကြာခဏစကားများတဲ့အခါ အိမ်မှာနေရတာ တင်းမာမှု အငွေ့အသက်တွေ ခံစား မိလာမယ်၊ အိမ်က မအေးချမ်းဘဲ ပူလောင်တဲ့နေရာအဖြစ်ကလေးစိတ်ထဲစွဲသွားပါလိမ့်မယ်။ နည်းနည်းလေး အရွယ်ရောက်လာတာနဲ့ အိမ်ပြင်ထွက်ဖို့ပဲ လမ်းရှာနေမယ်၊ အိမ်မပြန်ချင်ဘူး၊ ပြန်လာရင် အရွဲ့တိုက်တာမျိုး ကလေးရဲ့တုံ့ပြန်ပုံကပါ တင်းမာလာပါလိမ့်မယ်။

(၃) စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိလာတယ်

ဒီအပိုင်းမှာ သမီးမိန်းကလေးတွေက သားယောကျ်ားလေးတွေထက် ခံစားချက်ပိုပြင်းထန်တတ်တယ်ဆိုပေမယ့် ထိခိုက် ခံစားရတာတော့ တူတူပါပဲ။ ကလေးဆိုတာ နဂိုကမှ စိတ်အားငယ်တတ်၊ မလုံခြုံစိတ်ပိုခံစားရလွယ်တဲ့ အတွက် နွေးထွေးမှု ထက် အမြဲတစေ ရန်ပွဲတွေ၊ စကားနာထိုးတာတွေပဲမြင်နေရတဲ့အခါ စိတ်ထဲလုံခြုံမှု မခံစားရတော့ပါဘူး။ သေချာ ဂရုစိုက် တယ်ဆိုရင်တောင် မိဘတွေအဆင်မပြေတာကို ကလေးတွေက သိနေနိုင်တဲ့အတွက် ကြာလာရင် ဆိုးကျိုးတွေဖြစ်လာမှာ စိုးရပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းလာတယ်

စကားများ ရန်ဖြစ်လေ့ရှိတဲ့၊ အဆင်မပြေတဲ့ မိဘတွေကြားမှာ ကြီးပြင်းလာတဲ့ကလေးက သူ့ကိုယ်သူ အရေးပါတဲ့လူ တစ်ယောက်အဖြစ် မခံစားမိတော့ပါဘူး။ နောက်ပိုင်းမှာ မဝံ့မရဲနဲ့ မလုပ်ရဲမကိုင်ရဲနဲ့ ဖွံ့ဖြိုးမှုမှာ အဖုအထစ်ဖြစ်စေနိုင်တယ်။ ကိုယ့်ကို မိဘတွေကချစ်လားမချစ်လားတောင် သံသယအမြဲရှိနေပြီး သိမ်ငယ်စိတ်ဝင်စေနိုင်ပါတယ်။

(၅) အပြုအမူပိုင်း ပြဿနာရှိလာနိုင်တယ်

မိသားစုချင်းအဆင်မပြေတဲ့ အိမ်မှာနေရတာက ကလေးအတွက် ခါးသက်တဲ့အတွေ့အကြုံတွေကို အစောကြီး ထိတွေ့စေ လိုက်တာပဲဖြစ်ပါတယ်။ ဒီလိုကလေးတွေမှာ အပြုအမူပိုင်း ပြဿနာရှိနေတာ တခြားကလေးတွေနဲ့ယှဉ်ရင် သိသာပါတယ်။ သူတို့ကြုံတွေ့ရတဲ့ ပြဿနာကို ဘယ်လိုတုံ့ပြန်ရမှန်းမသိလို့ ကလေးရဲ့ဖွံ့ဖြိုးမှု၊ သင်ယူလေ့လာမှုပိုင်းမှာ အဟန့်အတား ဖြစ်စေ နိုင် ပါတယ်။ အကြမ်းဖက်တာတွေ တွေ့ရတယ်ဆို သူတို့အပေါ် သက်ရောက်မှုဒဏ်ကမသေးသလို ကလေး ရဲ့အကျင့်စရိုက်မှာ အမည်းစက်ဖြစ်စေနိုင်ပါတယ်။

(၆) စိတ်အတက်အကျပြဿနာ

ပျော်စရာမကောင်းတဲ့အိမ်မှာ မဖြစ်မနေ နေထိုင်နေရတဲ့ ကလေးရဲ့စိတ်မှာ ခံစားချက်ကမတည်ငြိမ်နိုင်မှာ သေချာပါတယ်။ ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စလေးတွေကိုတောင် သူတို့ရဲ့တုံ့ပြန်မှု၊ ခံစားမှုက ပြင်းထန်နေတတ်တယ်၊ အခန်းအောင်းပြီး ခံစားနေတတ်တယ်။

ဒါ့ကြောင့် အဖေနဲ့အမေဖြစ်လာပြီဆို ဘယ်လိုပြဿနာပဲရှိလာပါစေ ကလေးအတွက်စဉ်းစားပါ။ စဉ်းစားရာမှာ ကလေး အတွက် ဆိုပြီး အဆင်မပြေတာကို အောင့်အည်း သည်းခံတာတွေက ကလေးအတွက် ပိုပြီး အဆိပ်အတောက် ဖြစ်စေ တာကိုလည်း မမေ့ပါနဲ့။ ညှိနှိုင်းလို့ရတဲ့အိမ်ထောင်ရေးကိုဆို ရအောင်ကြိုးစားသင့်တာမှန်ပါတယ်။ တကယ်လို့ အက်ကြောင်း ထင်ပြီးသား ဘယ်လိုမှပြန်မပေါင်းစည်းနိုင်တော့တဲ့ ဆက်ဆံရေးဆိုရင်တော့ အတင်းပြန်မချည်နှောင်ဘဲ ကွာရှင်းလိုက်တာကမှ ကလေးအတွက် ဒီဆိုးကျိုးတွေမဖြစ်စေတော့ဘူးပေါ့။ ဘာပဲ ဖြစ်ဖြစ် ဘက်စုံကနေ သေချာစဉ်းစား ပြီးမှ ဆုံးဖြတ်ပါလို့ အကြံပေးချင်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top