” ေအ့ … ေသာက္ေတာ္ဘူးရယ္နဲ႕ … အိုမကြာအိုမကြာ… ေဟ့…… ေသာက္ေတာ္ဘူးရယ္နဲ႕ အိုမကြာ အိုမကြာ…… ေအ့… ေဂ႔ …… ဘာတ့ဲတုန္းဟ … ”ထုံးအိုးၾကီးရြာလမ္းတစ္ေလ်ာက္ လူတစ္ဦးပုဆိုးစလြယ္သိုင္းကာ လက္တစ္ဖက္က ငါးတြဲ တစ္တြဲကို ကိုင္ဆြဲထားလ်က္ သီခ်င္းတေၾကာ္ေၾကာ္ေအာ္ဟစ္ကာ သီဆိုရင္း ဒယီးဒယိုင္ ေျခလွမ္းမ်ားျဖင့္ သိုင္းကြက္နင္း ကာ ဝင္ေရာက္လာေလသည္။ ထိုသူကား ” ျမေဆာင္ ” ။ တနည္းအားျဖင့္ဆိုရပါလ်ွင္ ထုံအိုးၾကီးရြာသား ”ေအာ့ေၾကာလန္ ျမေဆာင္ ” ” ေျမြ ျမေဆာင္” ပင္ ။

ျမေဆာင္ဟုဆိုလိုက္လ်ွင္ ထုံးအိုးၾကီးရြာတစ္ေလ်ာက္ ကေလးအစ ေခြးအဆုံး တစ္ရြာလုံးသိၾကေလသည္။ ျမေဆာင္ ကလည္း မမူးရင္သာအေကာင္း ပင္က်ေရေလးမ်ားနည္းနည္းေလာက္ဝင္ျပီေဟ့ဆိုရင္ေတာ့ တစ္ရြာလုံးပတ္ကာ ငါကိုင္ တုတ္ရင္း ေအာ္ဆဲေလေတာ့သည္။ ျမေဆာင္အလုပ္က ေတာထဲဝင္ကာ ရသမ်ွအေကာင္ပေလာင္ ဖမ္းဆီးကာ ေရာင္းသည္။ မ်ားေသာအားျဖင့္ သူအဓိကဖမ္းေလ့ရွိသည္က အရြယ္စုံ အမ်ိဳးအစားစုံေျမြမ်ား။ ေျမြဖမ္းကလည္း ဘာကြ်မ္းသလဲမေမးနဲ႕ ျမေဆာင္ဖမ္းျပီေဟ့ဆိုရင္ မမိတ့ဲေျမြမရွိသေလာက္ပင္ရွားသည္။

ေျမြဖမ္းသည္ဆို၍လည္း လက္နက္ၾကီးၾကီးမားမားပါသလားမေမးနဲ႕ ေတာထဲေတြ႔သည့္ သစ္ကိုင္းေျခာက္မ်ားကပင္ ျမေဆာင္၏လက္နက္။ အရြယ္ခပ္လတ္လတ္ သစ္ကိုင္းေျခာက္တစ္ေခ်ာင္းေလာက္ရွိယုံမ်ွနဲ႕ပင္ ျမေဆာင္တို႔က ေျမြဖမ္းဖို႔အဆင္ေျပျပီးသားပင္။ တခါတေလေတာ့ သူဖမ္းမိသည့္ေျမြမ်ားကို သြားေရာက္ေရာင္းခ်ေလ့ရွိေပမယ့္ တခါတေလမွာေတာ့ ဖမ္းမိသည့္ေျမြအမ်ားစုမွာ အေရခြံဆုတ္ခံရျပီး သူအရက္ႏွင့္ျမည္းသည့္ အျမည္းျဖစ္သြား ရသည္ကပိုမ်ားေလသည္။ အေကာင္ပေလာင္ေတြသတ္သည့္ေနရာမွာလည္း လက္ရဲဇက္ရဲက ဘာရွိသလားမေမးနဲ႕ ထစ္ခနဲဆို ျမေဆာင္တို႔က ခုတ္ျပီး ထစ္ျပီး အေရခြံဆုတ္ျပီးသားအသင့္။ ထို႔ေၾကာင့္ပင္ တစ္ရြာလုံးက သူ႔နာမည္အရင္း ျမေဆာင္ဆိုတာရဲ႕ေရွ႕မွာ ”ေအာ့ေၾကာလန္ျမေဆာင္ ” ”ေျမြျမေဆာင္” ဆိုသည့္ ဂုဏ္ပုဒ္ကို အလိုလိုကင္ပြန္းတပ္ခ့ဲၾကေလသည္။

ေဟာ ! ဒီေန႔လည္း ျမေဆာင္တစ္ေယာက္ မိုးလင္းကထဲက ရြာထိပ္က ကိုဖိုေခြးထန္းေတာမွာ ပင္က်ရည္ ႏွစ္ျမဴ ခန္႔ဝင္ခ် ျပီး ရီေဝေဝျဖင့္ ေတာထဲသို႔ထြက္လာခ့ဲေလသည္။ ဒီေန႔ သူ ေျမြဖမ္းရမည္။ မေန႔က ထန္းေရဝိုင္းမွာ ရြာထဲကငမူးမ်ားႏွင့္ ဝိုင္းဖြဲ႕ေသာက္စားေနရင္း သူတို႔ဝိုင္းဘက္သို႔ ဟိုဘက္ရြာက ဖဲသမားေအာင္ဘနဲ႕ လူစိမ္းတခ်ိဳ႕ေရာက္လာျပီး ျမေဆာင္ စိတ္ဝင္စားေစမည့္အေၾကာင္းအရာတခ်ိဳ႕ကို ကမ္းလွမ္းလာခ့ဲသည္။ တျခားေတာ့မဟုတ္ ထိုလူစိမ္းက ျမေဆာင္ေျမြဖမ္း ကြ်မ္းက်င္သည့္အလုပ္ကို ေဘးပတ္ဝန္းက်င္အေျပာအရ ၾကားဖူးျပီးျဖစ္ေနသည့္အတြက္ အကယ္၍ ျမေဆာင္သာ ေျမြမ်ားဖမ္းဆီးယူေဆာင္ေပးႏိုင္မည္ဆိုပါက ေငြေၾကးစို႔စို႔ပို႔ပို႔ေပးဝယ္မည္ဟု ကမ္းလွမ္းလာခ့ဲေလသည္။ ထိုကမ္းလွမ္း ခ်က္က ျမေဆာင္လို လူတစ္ေယာက္အတြက္ေတာ့ မက္ေလာက္စရာမက္လုံးတစ္ခုပင္ …ေျမြဖမ္းသည္ဆိုသည္ကလည္း သူ႔အတြက္ေတာ့ အလြယ္ကူဆုံးအလုပ္တစ္ခုပင္မဟုတ္ပါတကားးး ……”

”ေတာက္ ! ဒီေန႔မွ ေသာက္ေျမြေတြက ဘယ္သြားေသေနၾကလဲမသိဘူးကြာ …”ျမေဆာင္ေဒါသတၾကီး ေရရြတ္ရင္း ေတာအတြင္းပိုင္းဆီသို႔ ပို၍ပင္တိုးကာ ဝင္ေရာက္လာခ့ဲသည္။ ဒီေန႔ေျမြဖမ္းမည္ဟု လာမွပင္ ေျမြေတြကတစ္ေကာင္မွ မေတြ႔ ။ ျမေဆာင္ေဒါသတၾကီးျဖင့္ ေတြ႔သမ်ွ ျခံဳ ပုတ္မ်ားကို အတင္းဆြဲျဖဲကာ ေျမြရွာပုံေတာ္ဖြင့္ေလျပီ။
ထိုအခိုက္ ……” ရႊီ ရႊီ ” ” ရႊီ ”

”ဟင္ ! ေျမြတြန္သံပါလား တြန္သံက သံျပတ္ဆိုေတာ့ ေျမြေကာင္းေတာ့မျဖစ္ႏိုင္ဘူး ဘာေျမြပဲျဖစ္ျဖစ္ ဒိီေန႔ေတာ့ ျမေဆာင္လက္က မလြတ္ေစရဘူးေဟ့ အသံက ဒီနားတဝိုက္ကပဲလာတာဆိုေတာ့ ေျမြကလည္း က်ိန္းေသ ဒီနား တဝိုက္မွာပဲရွိရမယ္ ……အဟင္းးးဟင္းး ျမေဆာင္နဲ႕ေတာ့ေတြ႔ၾကျပီေပါ့ကြာ ”

ျမေဆာင္တစ္ေယာက္ အနီးနားတဝိုက္သို႔ တစ္ခ်က္ေဝ႔ဝဲကာၾကည့္လိုက္ျပီး အရြယ္ခပ္လတ္လတ္ရွိျပီး ေျမြဖမ္းရန္ အတြက္အဆင္ေျပမည့္ သစ္ကိုင္းေျခာက္တစ္ေခ်ာင္းကို ရွာေဖြေကာက္ယူလိုက္ရင္း ေျမြဖမ္းခ်င္ေဇာျဖင့္ ေျမြတြန္သံ ၾကားရာ မလွမ္းမကမ္းမွ ျခံဳပုတ္ရွိရာဘက္သို႔ ခ် ဥ္းကပ္လာခဲ႔လိုက္သည္။”ဟာ ! နည္းတ့ဲအေကာင္ၾကီးမဟုတ္ပါလား …ငါေတာ့ပြျပီ ”

မွန္ေပသည္။ သူေတြ႔လိုက္ရသည္က ေယာက်ာ္းလက္ေကာက္ဝတ္ခန္႔လုံးပတ္ရွိသည့္ နက္ေမွာင္ေျပာင္လက္ေနေသာ ေျမြေဟာက္ၾကီးတစ္ေကာင္။ ေျမြၾကီးမွာ အႏၱရာယ္အနံ႕ကိုရေနသည့္အလား ေခါင္းၾကီးဘယ္ညာ ယိမ္းကာ ရန္သူကို ရွာေဖြေနသေယာင္ေယာင္။ ျမေဆာင္ သစ္ကိုင္းေျခာက္ကို အသင့္အေနအထားကိုင္၍ ေျမြၾကီးအနီးသို႔ သတိအေနအထား ျဖင့္ ခ်ဥ္းကပ္သြားေလသည္။ ေျမြၾကီးကလည္း ရန္သူကို ျမင္လိုက္ရသည္ႏွင့္ ျဗဳန္းခနဲဆိုသလိုပင္ ပါးပ်ဥ္းၾကီးေထာင္ကာ တရႊီရႊီအသံေပးလ်က္ ရန္သူကိုရင္ဆိုင္ရန္အသင့္အေနအထားျဖင့္ ေစာင့္ၾကည့္ေနေလသည္။

ျမေဆာင္ကေတာ့ ေျမြဖမ္းကြ်မ္းက်င္ေနေသာသူပီပီ ေျမြၾကီးကုိ မ်က္ေျခမပ်က္ၾကည့္ရင္းမွ ဖ်တ္ခနဲဆိုသလိုပင္ လက္ထဲမွ သစ္ကိုင္းခြျဖင့္ ေျမြၾကီး၏ လည္ဂုတ္ေနရာသို႔ခ်ိန္ဆ၍ လွမ္းေထာက္ခ်လိုက္ေလသည္။” ရႊီ
” ဟာ !ေတာက္ ”

ျမေဆာင္၏ တုတ္ခ်က္ကို ေျမြၾကီးက ေရွာခနဲ ေရွာင္ထြက္သြားေလသည္။ သူေဒါသထြက္ထြက္ျဖင့္ ေနာက္တေခါက္ ထပ္ဖမ္းမိေစရန္ ၾကိဳးစားလိုက္ျပန္သည္။ ေျမြၾကီးကလည္း ျမေဆာင္၏ တုတ္ခ်က္တိုင္းကို ကြ်မ္းက်င္ေနသူပမာ ေရွာခနဲ ေရွာခနဲ ေရွာင္ထြက္သြားေလသည္ခ်ည္းး။ ၾကာေတာ့ ျမေဆာင္ ေမာဟိုက္ကာ ေဒါသလည္းထြက္လာသည္။ သူေျမြဖမ္း လာခ့ဲသည့္ သက္တမ္းတေလ်ာက္လုံး ဘယ္လိုေျမြမ်ိဳးမဆို အလြယ္တကူဖမ္းမိခ့ဲသည္ခ်ည္းပင္။ ထို႔ေၾကာင့္ပင္လည္း အားလုံးက သူ႔အား ေျမြျမေဆာင္ဆိုသည့္ အမည္ကိုပင္ ေပးခ့ဲၾကသည္မဟုတ္ပါလား။ယခုေတာ့ သည္ေျမြႏွင့္မွ ျမေဆာင္ တစ္ေယာက္ အေတာ္ေမာေနေခ်ျပီ ။ သည္ေျမြကိုမွ မဖမ္းမိလ်ွင္ ေျမြျမေဆာင္သမိုင္း ရာဇဝင္ရိုင္းေခ် ေတာ့မည္။ ျမေဆာင္ ေဒါသထြက္ထြက္ႏွင့္ လက္ထဲရွိသစ္ကိုင္းခြကို ခ်ိန္ဆလိုက္ရင္း ေျမြၾကီးရွိရာသို႔ တဖန္လွမ္း၍ေထာက္လိုက္ျပန္သည္။” ရႊီ ” ” ျဖီးးးးးးးးး ”” ဟာ ”

ျမေဆာင္ကံဆိုးေခ် ျပီ ။ ဒီတခါလည္းေျမြၾကီးက သူ႔တုတ္ခ်က္ကို ကြ်မ္းက်င္စြာေရွာင္ထြက္သြားေလရာ ေဒါသ တၾကီး အရွိန္ျဖင့္ လွမ္းေထာက္လိုက္ေသာ ျမေဆာင္တစ္ေယာက္ သူ႔အရွိန္သူမထိန္းႏိုင္ေတာ့ပဲ ေျမြၾကီးေရွ႕သို႔ လဲက်သြား ေလေတာ့သည္။ ျမေဆာင္တစ္ေယာက္ မုဆိုးဘဝမွ သားေကာင္ဘဝသို႔ ခ်က္ခ်င္းပင္ ေရာက္ရွိသြားခ့ဲေခ် ျပီ။ သူ႔ေရွ႕မွ မည္းနက္ေျပာင္လက္ေနေသာ ေျမြေဟာက္ၾကီးကို ၾကည့္ရင္း ျမေဆာင္တခါမွ မခံစားခ့ဲဖူးေသာ ေၾကာက္စိတ္တို႔က ျဖစ္ေပၚလာေလသည္။ ေျမြၾကီးကလည္း ဒီတစ္ခါ ငါ့အလွည့္ပဲ ဆိုသည့္ပုံစံမ်ိဳးျဖင့္ ပါးျပင္းၾကီးခြက္ေနေအာင္ေထာင္ျပီး လ်ွာနီနီေလးကို ထုတ္ရင္း ေသးငယ္စူးရွေျပာင္လက္ေနေသာ မ်က္ဝန္းအစုံျဖင့္ ျမေဆာင္ကို စူးစိုက္ၾကည့္ေနေလသည္။

ျမေဆာင္လည္း ေျမြၾကီး၏ အျပဳ အမူတို႔ေၾကာင့္ ထိတ္လန္႔စိတ္မ်ားပို၍ပင္ ထိန္းမရျဖစ္ကာ လဲက်ေနရာမွ ထေျပးရန္ အလုပ္ ……” ျဖီးးးးးးး ” ” ေဖာက္ ”” အ … အ ”ေျမြၾကီးမွာ ျမေဆာင္၏အေတြးကိုသိေနသည့္အလား ထြက္ေျပးရန္အတြက္ ျမေဆာင္ဟန္ျပင္လိုက္သည့္ႏွင့္တျပိဳင္နက္ထဲပင္ ပါးပ်ဥ္းၾကီးကိုလႊဲကာ ျမေဆာင္၏ ေျခသလုံးေနရာသို႔ ေဖာက္ခနဲ ေဒါသတၾကီးေပါက္ခ်လိုက္ေလသည္။ ထို႔ေနာက္ စိတ္ေက်နပ္မႈ႕ရသြားသည့္အလား လဲက်ေနေသာျမေဆာင္အား ခနမ်ွစိုက္ၾကည့္ကာ ေတာထဲသို႔ေလ်ွာခနဲဝင္ေရာက္ေပ်ာက္ကြယ္သြားေလေတာ့သည္။

” အ အားးကယ္ … ကယ္ၾကပါ ……… ကယ္ၾကပါ ”အခုေတာ့ ေျမြျမေဆာင္တစ္ေယာက္ သူဖမ္းခ့ဲေသာေျမြမ်ား၏ ဝဋ္ေတြလည္ျပီဟုပင္ဆိုရမည္လားမသိ ေျမြဆိပ္ဒဏ္ကို အလူးအလဲခံေနရေလျပီ။ ေျမြဆိပ္ဒဏ္ေၾကာင့္ တျဖည္းျဖည္းႏွင့္ ျမေဆာင္မ်က္ဝန္းမ်ားျပာေဝလာကာ အျမင္အာရံုမ်ားလည္း တျဖည္းျဖည္းေဝဝါးလာခ့ဲေခ် ျပီ။ ထိုအခိုက္ သူ႔ျမင္ကြင္းထဲသို႔ လူတစ္ေယာက္၏ ပုံရိပ္လိုလို အရိပ္သ႑ာန္တစ္ခုဝင္ေရာက္လာသည္ကို ေတြ႔လိုက္ရျပီး သူ႔အသိအာရံုတစ္ခုလုံး အေမွာင္က်သြားေလေတာ့သည္။

” အားး ကြ်တ္စ္ ……… က်ြတ္စ္ ”” လူေလး သတိရလာျပီလား ျဖည္းျဖည္းထကြယ့္ ျဖည္းျဖည္း ”” အ ကြ်တ္စ္ ကြ်တ္စ္ ! အ… အဘ …က် ဳပ္ က် ဳပ္ကို ေျမြ… ေျမြကိုက္သြား …… ”” အဘသိပါတယ္ လူေလးရ … အခုဘာမွ စိုးရိမ္စရာ မရွိေတာ့ ပါဘူး … အခုမင္းမွာ ဘာေျမြဆိပ္မွမရွိေတာ့ဘူးကြ …… အဘအခ်ိန္မွီေရာက္လာလို႔သာေပါ့ မဟုတ္ရင္ မင္းတမလြန္ ခရီးသြားေနေလာက္ျပီကြ … ဟားး ဟားး ”

သူ႕ေရွ႕မွ အဘၾကီး၏ ေျပာစကားေၾကာင့္ ျမေဆာင္အ့ံၾသတၾကီးျဖင့္ သူ႔ေျခေထာက္ကိုငုံ႕ၾကည့္မိေတာ့ ေျမြကိုက္ခံထား ရသည့္ ဒဏ္ရာမွ ညိဳပုတ္ပုတ္အေရာင္ေသြးမ်ားစီးက်ထားလ်က္ရွိသည္ကို ေတြ႔လိုက္ရျပီး ထုံးက့ဲသို႔အျဖဴေရာင္ သ႑ာန္ ရွိေသာ အရာတခ်ိဳ႕ကိုလည္း ဒဏ္ရာေဘးတြင္ ဝလုံးပုံသ႑ာန္ဝိုက္ကာ လိမ္းထားသည္ကိုျမင္လိုက္ရေလသည္။ ထူးဆန္းသည္က ဒဏ္ရာမွာ ကိုက္ခဲျခင္း နာက်င္ျခင္းစိုးစဥ္းမ်ွပင္မရွိပဲ ပကတိအတိုင္း လႈပ္ရွား၍ရေနျခင္းပင္။ ျမေဆာင္ အခုမွပင္ အ့ံၾသစိတ္ျဖင့္ သူ႔ေရွ႕မွ အဘိုးၾကီးကို အကဲခတ္သလိုၾကည့္လိုက္မိသည္။

ထိုလူၾကီး၏ပုံစံမွာ ညစ္ေထးေထး ဖ်င္ၾကမ္းတိုက္ပုံရင္ကြဲအက်ႋီႏွင့္ ပုဆိုးအကြက္ၾကဲၾကဲကို ဒူးအထိ ခပ္တိုတို ဝတ္ဆင္ထား ကာ အေတာ္ပင္ရွည္လ်ားေနျပီျဖစ္ေသာ မုတ္ဆိတ္ႏွင့္ ဆံပင္မ်ားက ေဖြးေဖြးျဖဴလ်က္။ နံေဘးတြင္ေတာ့ လြယ္အိတ္ စုတ္ၾကီးတစ္လုံးႏွင့္ ေတာင္ေဝွးတစ္ေခ်ာင္း။ ရယ္ေမာလိုက္တိုင္း ကြမ္းဂ်ိဳ းတက္ေနေသာသြားမ်ားကို အထင္းသား ျမင္ေနရျပီး ေဖြးေဖြးျဖဴေနေသာ မုတ္ဆိတ္ေမႊးမ်ားေပၚတြင္လည္း ကြမ္းေသြးတခ်ိဳ႕က ေပက်ံလ်က္။ ျမေဆာင္ ထိုအဘိုးၾကီး ကို အကဲခတ္သလို ၾကည့္ျပီးေနာက္ သူ႔အၾကည့္တို႔ကိုရုတ္သိမ္းလိုက္ရင္း……

” ေက်းဇူးတင္ပါတယ္အဘရယ္ … အဘသာမကယ္ခ့ဲရင္ ခုခ်ိန္ေလာက္ဆို က် ဳပ္ ေသျပီဗ် …… ေတာ္ေတာ္လ်င္တ့ဲ ေျမြၾကီးဗ်ာ … က် ဳပ္ ေျမြဖမ္းလာတ့ဲသက္တမ္းတေလ်ာက္ ဒီေလာက္လ်င္တ့ဲေျမြ တစ္ခါမွမၾကံဳဘူးေသးဘူး ”

” အိမ္းးးး ဒီမယ္ လူေလးရဲ႕ … မင္းအသက္ကို က်ဳပ္ကယ္လိုက္ႏိုင္တယ္ဆိုတာကလည္း မင္းမွာေသဖို႔ကံဇာတာ မပါေသး လို႔ပဲ …… တနည္းအားျဖင့္ေျပာရရင္ေတာ့ ေသခ်ိန္မတန္ေသးဘူးေပါ့ကြာ …… မင္းမွာ လူေတြရဲ႕ အက်ိဳးကို သယ္ပိုးေပး ရမယ့္ ကံဇာတာပါလာျပီးသားကြယ့္ …… မင္းလည္း ခုလိုဆိုးေပေတေနတ့ဲ ဘဝကေန ကြ်တ္ခ်ိန္တန္ပါျပီလူေလးရယ္ …… ကဲ အ့ဲဒီေတာ့ လူေလးအေနနဲ႕ ဒီအခ်ိန္ကစျပီး လူေတြရဲ႕ အက်ိဳးကို တတ္ႏိုင္တ့ဲဘက္ကေန သယ္ပိုးေပေတာ့ေဟ့ …… ”

” ဗ်ာ … က် ဳပ္ က်ဳပ္က လူေတြအက်ိဳးကို ဘယ္လိုသယ္ပိုးရမွာတုန္းအဘရဲ႕…… က်ဳပ္ ဘာမွမတတ္ဘူးဗ် ”” လူေလးရဲ႕ ကံဇာတာမွာ ဆိုးရမယ့္ မိုက္ရမယ့္အခ်ိန္က ကုန္သြားခ့ဲျပီကြယ့္ … အခု အဘက မင္းကို ပညာအေမြေပးခ့ဲပါမယ္ …… ကဲ လူေလး မင္း လက္ဖဝါးကိုျဖန္႔လိုက္စမ္းေဟ့ ”

ျမေဆာင္လည္း လူထူးဆန္းအဘိုးၾကီးေျပာသည့္အတိုင္း သူ၏လက္ဖဝါးႏွစ္ဖက္ကို ျဖန္႔ေပးလိုက္သည့္အခါ အဘိုးၾကီးက သူ၏လက္ညိႈးျဖင့္ ျမေဆာင္၏လက္ဖဝါးႏွစ္ဖက္ေပၚတြင္ ” ဝ ” အကၡရာကိုေရးလိုက္ျပီးေနာက္ သူ၏လက္ဖဝါးျဖင့္ ျမေဆာင္၏ လက္ဖဝါးႏွစ္ဖက္ကို ေျဖာင္းခနဲျမည္ေအာင္ပင္ရိုက္ခ်လိုက္ေလသည္။ ထို႔ေနာက္ ျမေဆာင္အား လ်ွာထုတ္ခိုင္း ျပီးေနာက္ သူ၏ညာဘက္လက္ညိႈးျဖင့္ ျမေဆာင္၏ လ်ွာေပၚတြင္ ” ဝ ”အကၡရာကို ထပ္မံေရးသားလိုက္ေလသည္။

” ကဲ …လူေလး အခုအခ်ိန္ကစျပီး မင္းက ေဆးဆရာတစ္ဦးျဖစ္သြားျပီ … မင္းရဲ႕ လက္နဲ႕ကုေပးလိုက္သမ်ွ လူနာအားလုံး ေရာဂါေပ်ာက္ကင္းၾကရလိမ့္မယ္ကြဲ႕ …ဒါေပမယ့္ လူေလးျမဲျမဲမွတ္ထားရမွာက ဒီေန႔ကစျပီး လူေလးအေနနဲ႕ ကံငါးပါးကို လုံေအာင္ထိန္းရမယ္ … ေမာ္ၾကြားေမာက္မာျခင္း မလုပ္ရဘူး …အယုတ္အလတ္အျမတ္မေရြး လူတိုင္းကို ေစတနာ ေရွ႕ထား ျပီးကုသေပးရမယ္ …ေကာင္းမႈ႕ျမတ္ႏိုး ေကာင္းေအာင္ၾကိဳး၍ ေကာင္းက်ိဳးကိုယ္၌ တည္ေစမင္းတ့ဲ ကိုယ္ျပဳသမ်ွ က ကိုယ့္အရိပ္ပဲကြယ့္ …အ့ဲဒါကို ဘယ္ေတာ့မွ မေမ့နဲ႕ၾကားလား … ကဲ ကဲ လူေတြအက်ိဳးကို တဖက္တလမ္းကေန သယ္ပိုးေပေတာ့ …… အဘသြားျပီေဟ့ ”

ေျပာေျပာဆိုဆိုျဖင့္ပင္ လူထူးဆန္းအဘိုးၾကီးမွ ထိုင္ေနရာမွ ထကာ လြယ္အိတ္ၾကီးကိုလြယ္လိုက္ရင္း ေတာင္ေဝွးၾကီးကို ေဝွ႕ယမ္းကာ ျမေဆာင္ေရွ႕မွလွည့္ထြက္သြားေလသည္။ ထိုအခါမွပင္ ျမေဆာင္တစ္ေယာက္ အ့ံၾသစိတ္ျဖင့္ ေၾကာင္ၾကည့္ ေနမိရာမွ ဖ်တ္ခနဲအသိဝင္လာျပီး ……

” အဘ … အဘေနပါဦးအဘရဲ႕ … အဘက ဘယ္မွာေနတာလဲ က်ဳပ္အဘကိုေတြ႔ခ်င္ရင္ ဘယ္လိုလာရွာရမလဲဗ် …”” ဘယ္မွာေနသလဲဆိုေတာ့ ဒီကမၻာေျမၾကီးက ငါ့အိမ္ပဲေပါ့ကြာ … မင္း ငါ့ကို လိုက္ရွာလည္းေတြ႔မွာမဟုတ္ဘူးကြ … ေတြ႕ဖို႔အေၾကာင္းကံထပ္ျပီး ဖန္လာခ်ိန္ေရာက္ရင္ေတာ့ ငါတို႔ ျပန္ဆုံၾကတာေပါ့ကြာ ဟုတ္ျပီလား …… ”

” ဒါ ဒါဆိုလည္းအဘရယ္ က် ဳပ္ကို အဘနာမည္ေလးေတာ့ ေျပာခ့ဲပါဦး … ”” အိမ္းး ငါ့နာမည္ … ငါ့နာမည္ ဘမုတ္ဆိတ္လို႔သာမွတ္ထားေပေတာ့ကြာ … ကဲ ကဲ မင္းလည္းအခ်ိန္မလင့္ခင္ ရြာျပန္ေတာ့ ငါလည္းသြားျပီေဟ့ ”

‘ေရႊလမ္းေငြလမ္း ခင္းလို႔ေပးမယ္ တို႔ကိုၾကီးေက်ာ္  နယ္တိုင္းမွာဆိုရင္ ကိုၾကီးေက်ာ္ကို တၾကပါသေနာ္အရပ္တိုင္းမွာဆိုရင္ ကိုၾကီးေက်ာ္ကိုတၾကပါသေနာ္ေမာင္းမမ်ားနဲ႔ ေက်ာင္းဒကာၾကီး ေဖေဖေက်ာ္က်ာ္ ေက်ာ္ ေက်ာ္ ေက်ာ္ ျမင္းညိဳၾကီးလည္း စီးတ့ဲကိုၾကီးေက်ာ္ဟ့ ေဟ့ ေဟ့ ”

ေျပာရင္းဆိုရင္းျဖင့္ပင္ ဘမုတ္ဆိတ္ေခၚ လူထူးဆန္းအဘိုးၾကီးမွာ ကိုၾကီးေက်ာ္သီခ်င္းကို အသံဝါၾကီးျဖင့္ ေအာ္ဟစ္သီဆို ရင္း ျမေဆာင္ေရွ႕မွ တေရြ႕ေရြ႕ျဖင့္ထြက္ခြာသြားေလေတာ့သည္။

ထိုေန႔မွစ၍ ျမေဆာင္တစ္ေယာက္ ေျပာင္းလဲသြားခ့ဲေခ်ျပီ။ အရင္လို မူးယစ္ရမ္းကားျခင္း သူတစ္ပါးအသက္ သတ္ျဖတ္ျခင္း မ်ိဳး လုံးဝပင္ မေတြ႔ရေတာ့။ တစ္ရြာလုံးကေတာ့ ေျပာင္းလဲသြားေသာ ျမေဆာင္ကိုၾကည့္ျပီး အ့ံၾသလို႔မဆုံးၾကေပ။ တစ္ေန႔ ျမေဆာင္ရြာလယ္သို႔သြားရင္း အရီးေလးေဒၚပုတို႔အိမ္ေရွ႕အေရာက္ ……

” အမေလးးးး လုပ္ၾကပါဦးေတာ့ သား ၾကြက္နီ လူေလး သတိထားဦးေလ … သား ”” လူေလးး ၾကြက္နီ ၾကြက္နီ … သတိထားေလ … ဟ့ဲ ဒီလိုၾကည့္ေနလို႔ဘယ္ျဖစ္မလဲ တခုခုလုပ္ၾကပါဦးဟ ”အရီးေလးေဒၚပုအိမ္ထဲမွ ၾကားလိုက္ရေသာ အသံမ်ားေၾကာင့္ ျမေဆာင္ေျခလွမ္းမ်ားကို အရီးေလးေဒၚပု အိမ္ထဲသို႔ဦးတည္လိုက္ေလသည္။

” အရီး … ၾကြက္နီ ဘာျဖစ္တာတုန္းဗ် ”” မေန႔က ေတာထဲဝါးခုတ္သြားရင္း ငုတ္စူးလာတာျမေဆာင္ေရ … ငါတို႔လည္း အနာကို ဖန္ေရေဆးျပီး ငန္းေဆးေလးေတာ့တိုက္ထားတာပဲဟယ္ …… ဒါေပမယ့္ ညကထဲက အနာရွိန္နဲ႕အဖ်ားေတြ ၾကီးျပီး အခုသတိလစ္သြားတာပဲ ျမေဆာင္ရဲ႕ … ငါ့သားေလးေတာ့ ကိုယ္က်ိဳးနည္းျပီထင္ပါရဲ႕ေအ အီးးဟီးးး ဟီးးး ”

ျမေဆာင္လူနာကို တစ္ခ်က္ၾကည့္လိုက္သည္။ ငုတ္စူးထားေသာေျခေထာက္မွာ အေတာ္ပင္ေယာင္ကိုင္းေနျပီး တကိုယ္လုံးလည္းမီးက်ီးခဲပမာျခစ္ျခစ္ေတာက္ပူက်က္ေနေလသည္။” အရီး က်ဳပ္ ၾကြက္နီကို ေဆးကုေပးလို႔ရမလား ”” ဟ့ဲ နင္ကကုတတ္လို႔လားဟ့ဲ … ျမေဆာင္ရယ္ ငါ့တသက္နဲ႕တကိုယ္ နင္ေဆးကုတတ္တယ္လို႔လည္းမၾကားမိပါလားဟယ္ … ဟုတ္မွလည္းလုပ္ပါျမေဆာင္ရဲ႕ ”

” က်ဳပ္ကိုယုံပါအရီး … အရီးတို႔ၾကြက္နီကို ဒီတိုင္းထိုင္ၾကည့္ေနမယ့္အစား က်ဳပ္ကုိေဆးကုခြင့္ေပးပါ ”” ေအးေလ …… ခုအေျခအေနက အဆိုးဆုံးကိုေရာက္ေနျပီပဲ … ငါတို႔လည္းဘာမွလုပ္တတ္တာမွမဟုတ္တာ … အ့ဲဒီေတာ့ နင္ကုတတ္ သပဆိုလည္းကုေပါ့ ”

အရီးပုဆီမွ ခြင့္ျပဳခ်က္ရျပီးသည္ႏွင့္ ျမေဆာင္မွာ လူနာေဘးတြင္ တင္ပၸလင္ေခြကာထိုင္ခ်လိုက္ရင္း လက္ေကာက္ဝတ္ကို ကိုင္ကာ ေသြးခုန္ႏႈန္းတိုင္းလိုက္ေလသည္။ ထို႔ေနာက္ ေသာက္ေရတစ္ခြက္ေတာင္းယူလိုက္ျပီး အနေႏၱာအနႏၱငါးပါးႏွင့္ တကြ ေက်းဇူးရွင္အဘဆရာ ဘမုတ္ဆိတ္ကို စိတ္ထဲမွ ရည္စူးကာ ဦးခ်ကန္ေတာ့လိုက္ေလသည္။ ထို႔ေနာက္ သူ၏ ညာဘက္လက္ညိႈးျဖင့္ ေရခြက္ထဲသို႔ ေမႊလိုက္ရင္း သရဏဂံုသုံးပါးကို သုံးခါတိတိရြတ္ဆိုလိုက္သည္။ ထို႔ေနာက္ ထိုခြက္ထဲမွေရျဖင့္ သတိလစ္ေမ့ေျမာေနေသာ ၾကြက္နီ၏ ေခါင္းေပၚသို႔အနည္းငယ္ေတာက္ခ်လိုက္ျပီး က်န္သည့္ေရမ်ား ကိုလည္း ၾကြက္နီ၏ပါးစပ္ထဲသို႔ဝင္ေအာင္ တိုက္ခိုင္းလိုက္ေလသည္။ တခဏမ်ွအၾကာ ……

” အင္းး ဟင္းးးးးးး ဟင္းးး ”” ဟယ္ … ၾကြက္နီ ၾကြက္နီသတိရလာျပီ … အမေလးးး ငါ့သားေလး ငါ့သားေလး မေသေတာ့ ဘူး ……က် ဳပ္သားေလး မေသေတာ့ဘူးေတာ့ …”” ဟာ … ၾကြက္နီသတိရလာျပီေဟ့ … အ့ံၾသစရာေကာင္းလိုက္တာကြာ”

” ျမေဆာင္ … အရီးလူေလးကိုဘယ္လိုေက်းဇူးတင္ရမွန္းေတာင္မသိေတာ့ပါဘူးကြယ္ … အရီးသားေလးမွာ လူေလးေပးတ့ဲ အသက္ပဲရွိပါေတာ့တယ္ … ေက်းဇူးဆပ္တ့ဲအေနနဲ႕ ဒီေငြေလးေတြကိုလက္ခံပါကြယ္ ေနာ္ ”

” မလိုပါဘူးအရီး … က်ဳပ္ အ့ဲဒီေငြေတြကိုမယူပါရေစနဲ႕ … အရီးတို႔က်ဳပ္ကို တကယ္ေက်းဇူးတင္တယ္ဆိုရင္သာ နာမက်န္း ျဖစ္ေနတ့ဲလူနာေတြ ထိခိုက္ဒဏ္ရာ ရထားတ့ဲလူနာေတြကို က်ဳပ္က အခေၾကးေငြမယူပဲ ေမတၱာနဲ႕ေဆးကုေပးေနတယ္ ဆိုတ့ဲ အေၾကာင္းကိုသာ လက္လွမ္းမွီသေလာက္ ေျပာေပးပါ ”” ေကာင္းပါျပီကြယ္ ေကာင္းပါျပီ ေမာင္မင္းၾကီးသား ဘုန္းၾကီးပါေစ … သက္ရွည္ပါေစကြယ္ …… ”

ေနာက္တစ္ေန႔တြင္လည္း လယ္ထဲဆင္းရင္း ပိုးထိခံရေသာလူနာတစ္ဦးအား ျမေဆာင္မွအလားတူပင္ကုသေပးလိုက္ရာ ေျမြဆိပ္မ်ားခ်က္ခ်င္းက်ျပီး လူနာမွာခ်က္ခ်င္းပင္ ေငါက္ခနဲထထိုင္ေလေတာ့သည္။ ထိုအခ်ိန္မွစ၍ တဆင့္စကား တဆင့္နားျဖင့္ ရြာနီးခ်ဳပ္စပ္မွ လူနာမ်ား ျမေဆာင္ဆီတဖြဲဖြဲလာေရာက္ကာ ေဆးကုၾကေလေတာ့သည္။ ျမေဆာင္ကလည္း ဘာစြမ္းသလဲမေမးနဲ႕ ႏွာေစး ေခ်ာင္းဆိုး ဗိုက္နာ ေခါင္းကိုက္ ဖ်ားနာ ေျမြကိုက္ စသည့္လူနာမ်ားအျပင္ စုန္းတိုက္ ပေယာဂတိုက္ အပင္းသြင္းခံရသည့္ လူနာမ်ားကိုပါ ေပ်ာက္ကင္းေအာင္ကုသေပးႏိုင္ေလသည္။

တစ္ခါကဆိုလ်ွင္ ဟိုဘက္ရြာမွ မိန္းကေလးတစ္ဦးလူျပဳစားခံရ၍ ဆရာေဆာင္ဆီသို႔ေရာက္လာေလသည္။ မိန္းကေလးမွာ မနက္အေစာပိုင္းဆိုလ်ွင္အေကာင္း မြန္းလြဲေက်ာ္ျပီဆိုလ်ွင္ ဝမ္းဗိုက္ထဲမွ မခံမရပ္ႏိုင္ေလာက္ေအာင္ပင္အာင့္သည္ဟု ဆိုကာ တငိုငိုတရယ္ရယ္ျဖင့္ လူးလွိမ့္ေနရေလသည္။ ေဆးဆရာမ်ား ပေယာဂဆရာမ်ားျဖင့္ ကုသေသာ္လည္း မသက္သာသျဖင့္ ေနာက္ဆုံး ဆရာေဆာင္ထံသို႔ အားကိုးတၾကီးျဖင့္ ေရာက္လာျခင္းပင္။

ျမေဆာင္ေခၚ ဆရာေဆာင္မွာ ေဆးမကုခင္ ထိုမိန္းကေလးကို ဘုရားစင္ေရွ႕တြင္ထိုင္ေစျပီး အနေႏၱာအနႏၱငါးပါးကို အာရံုျပဳကာရွိခိုးကန္ေတာ့ေစလိုက္သည္။ ထို႔ေနာက္ ထုံးစံအတိုင္းပင္ ေရတခြက္ထဲတြင္ ညာဘက္လက္ညိႈးျဖင့္ ဝပုံသ႑ာန္ေမႊကာ ထိုေရျဖင့္ လူနာမိန္းကေလး၏ နဖူးေပၚတြင္ ဝပုံသ႑ာန္ကိုေရးလိုက္ေလသည္။ ထို႔ေနာက္ ထိုခြက္ထဲမွ ေရကို လူနာအားေသာက္ေစျပီး တခ်ိဳ႕ကို လက္ခုပ္ထဲထည့္ကာ လူနာ၏ ခႏၶာကိုယ္အား အနည္းငယ္ ေတာက္ဖ်န္းလိုက္ေလသည္။ ထို႔ေနာက္ ပါးစပ္မွတစ္စုံတရာကို တီးတိုးရြတ္ဆိုလိုက္ရင္း ညာလက္ဖဝါးျဖင့္ လူနာမိန္းကေလး၏ ေက်ာကုန္းကို ခပ္ဆတ္ဆတ္လိုက္ခ်လိုက္ေလရာ ……

” ေဝ႔ါ ေဝါ့ ”” ဟင္ ” ”ဟာ ””အမေလးးးး ဘုရား ဘုရားး ”မိန္းကေလးမွာ တေဝါ့ေဝ႔ါျဖင့္ ထိုးအန္ေလေတာ့သည္။ သူအန္ခ်လိုက္သည္က ေသြးသံရဲရဲျဖင့္ ငါးအသားတစ္မ်ားႏွင့္ ငါးအူမ်ား ။ ျမင္လိုက္ရေသာ ျမင္ကြင္းေၾကာင့္ ေဘးမွၾကည့္ေနသူမ်ားအားလုံး ရင္တမမႏွင့္ ဘုရားတကုန္ၾကေလသည္။

” ကဲ ! အခုအားလုံး အဆင္ေျပသြားပါျပီ …ဘာမွစိုးရိမ္စရာမရွိေတာ့ပါဘူး…… ”” ေက်းဇူးတင္လိုက္တာဆရာရယ္ … ဒါနဲ႕က်ဳပ္တို႔သမီးကို အခုလိုလုပ္တ့ဲသူကိုသိခ်င္ပါတယ္ … ဆရာ့ပညာနဲ႕သိရင္ ေျပာျပေပးပါဆရာ…”

” အင္းး ဒါေတာ့သည္းခံၾကပါ …က်ဳပ္အေနနဲ႕ဒီကိစၥေတြမွာ ဘယ္သူမွားတယ္ မွန္တယ္ဆိုတာ ဝင္မစြက္ဖက္ခ်င္ပါဘူး … အရာရာဟာ ကံစီမံရာအတိုင္းပါပဲ … က်ဳပ္အေနနဲ႕အခုလုပ္ေပးႏိုင္တာ လုပ္ေပးျပီးပါျပီ … အနေႏၱာ အနႏၱငါးပါးကို မေမ့ဖို႔ေတာ့ က်ဳပ္အထူးမွာလိုက္ပါရေစ …… ကဲ ကဲ အခုစိတ္ခ်လက္ခ် ျပန္လို႔ရပါျပီ ”

လူနာရွင္မ္ိသားစုမွာ ျမေဆာင္အားေက်းဇူးတင္စကားအထပ္ထပ္ဆိုျပီး ျပန္သြားၾကေလသည္။ ထိုမိသားစုမွာ ရြာ၏ လူဂုဏ္ထံ ကုန္သည္ပြဲစားအသိုင္းအဝိုင္းမွ ျဖစ္သည့္အေလ်ာက္ ျမေဆာင္၏ဂုဏ္သတင္းမွာ ကုန္သည္ပြဲစား အခ်င္းခ်င္း ၾကား ေရပန္းစားလာခ့ဲျပီး သူ႔ထံသို႔ အျမိဳ႕ျမိဳ႕အနယ္နယ္မွ လူမ်ားပါ ကုန္းတစ္တန္ ေရတစ္တန္ျဖင့္ေဆးကုရန္ ေရာက္လာၾကေလသည္။

လူနာအသက္သာ ပါလာပါေစ ျမေဆာင္ကုသ၍မေပ်ာက္သည္ဟူ၍မရွိ။ ျမေဆာင္ ေဆးကုသပုံကလည္း အေထြအထူး မဟုတ္ မည္သည့္လူနာလာလာ အနေႏၱာ အနႏၱငါးပါးႏွင့္ အဘဆရာသခင္တို႔အား ရည္မွန္း၍ ေရတခြက္ထဲသို႔ လက္ညိႈးျဖင့္ေမႊကာထိုေရကို တိုက္လိုက္ယုံျဖင့္ပင္ ေရာဂါမွန္သမ်ွ ယူပစ္သလိုေပ်ာက္ကင္းသြားၾကသည္ခ်ည္းပင္။ အေတာ္အတန္ဆိုးဝါးေသာ ေရာဂါေဝဒနာရွင္မ်ားဆိုလ်ွင္ေတာ့ စကၠဴ ျဖဴ တစ္ရြက္ေပၚတြင္ ” ဝ ” အကၡရာကိုေရးကာ ထိုစကၠဴ ကိုျပာခ် ျပီး ထိုျပာကို ေရျဖင့္ေဖ်ာ္ကာ လိမ္းေပး၍တစ္မ်ိဳး အနည္းငယ္မ်ွတိုက္၍ တဖုံ ကုသေပးယုံမ်ွျဖင့္ပင္ သက္သာ ေပ်ာက္ကင္းသြားၾကေလသည္။

အရင္က ” ေအာ့ေၾကာလန္ျမေဆာင္ ” ”ေျမြျမေဆာင္ ”ဟု တစ္ရြာလုံးကေခၚေဝၚခ့ဲၾကသမ်ွ ယခုအခါမွာေတာ့ ထုံးအိုၾကီးရြာ တစ္ရြာလုံးသာမက ရြာနီးခ်ဳပ္စပ္ပါမက်န္ ” ဝတစ္လုံးဆရာေဆာင္ ” ဟူေသာ နာမည္ျဖင့္ ျမေဆာင္မွာ နာမည္ေက်ာ္ ေဆးဆရာတစ္ဦးျဖစ္ေနေခ်ေပျပီ ။ ဆရာေဆာင္မွာ ေဆးကုသရာတြင္ ေငြေၾကးကိုလက္မခံေပ။ လူနာရွင္မ်ားမွ ေစတနာ သဒၵါတရားထက္သန္စြာျဖင့္ လွဴ ဒါန္းသြားၾကေသာ ဆန္ ဆီ ငရုတ္ ၾကက္သြန္ အစရွိသည္တို႔ကိုလည္း ရြာဦးေက်ာင္း ဆရာေတာ္ထံတြင္ ျပန္လည္ကာ သြားေရာက္လွဴ ဒါန္းေလ့ရွိေပသည္။

အရင္က ျမေဆာင္အား မတူသလိုမတန္သလို ေဝးေဝးေရွာင္ခ့ဲၾကေသာ ရြာမွ သမီးရွင္မ်ားကလည္း ယခုအခါ ျမေဆာင္ အား သမက္ေတာ္ခ်င္ေနၾကသလို ရြာမွ လွပ်ိ ဳ ျဖဴ မ်ားပါးစပ္ဖ်ားတြင္လည္း အကိုျမေဆာင္ ေမာင္ၾကီးျမေဆာင္ႏွင့္ ျမေဆာင္တစ္ေယာက္ ေရပန္းစားလ်က္ရွိေနေပေတာ့သည္။ သို႔ေသာ္လည္း ျမေဆာင္တစ္ေယာက္ကေတာ့ျဖင့္ မည္သူ႔ကိုမွ စိတ္ဝင္စားျခင္းမရွိခ့ဲပါေခ် ။

ရက္ကိုလစား လကိုႏွစ္စားကာ ရာသီအလီလီေျပာင္းခ့ဲေခ်ျပီ။ ျမေဆာင္မွာလည္း ” ဝတစ္လုံးဆရာေဆာင္ ” ဟူေသာ အမည္ျဖင့္ သူတတ္စြမ္းသည့္ပညာႏွင့္ အမ်ားအက်ိ ဳးကို သယ္ပိုးလာခ့ဲသည္မွာ ယခုဆိုငါးႏွစ္တိတ္ိပင္ျပည့္ခ့ဲေလျပီ ။ ထိုေန႔က ရြာေတာင္ပိုင္းမွ ဖိုးေခြးတစ္ေယာက္ တစ္ညလုံးဝမ္းေတြေလ်ာကာ အိပ္မရျဖစ္ေနသျဖင့္ ဆရာေဆာင္ေခၚ ျမေဆာင္ႏွင့္ ကုသရန္အတြက္ ျမေဆာင္အိမ္သို႔ ေရာက္ရွိလာခ့ဲေလသည္။

”ဆရာေဆာင္ …… ဆရာေဆာင္ ”” ဗ်ိ ဳ႕ … ဆရာေဆာင္ ဆရာေဆာင္ရွိပါသလားခင္ဗ် ”” ဝတစ္လုံးဆရာေဆာင္” ေခၚ ျမေဆာင္အိမ္ေရွ႕သို႔ေရာက္ေသာအခါ ထူးဆန္းစြာပင္ အိမ္တံခါးမၾကီးပိတ္ထားသည္ကို ေတြ႔လိုက္ရေလသည္။ ဖိုးေခြးတို႔ လူစု အိမ္ေရွ႕မွ တေၾကာ္ေၾကာ္ေအာ္ဟစ္ကာ ေခၚေနေသာ္လည္း အိမ္တြင္းဘက္ဆီမွ တုံ႕ျပန္သံမၾကားရသျဖင့္ အိမ္တံခါးမၾကီးကို အသာအယာတြန္းဖြင့္ၾကည့္လိုက္ေသာအခါ အလြယ္တကူပင္ပြင့္သြားသည္ကို ေတြ႔ရေလသည္။ ဖိုးေခြးတို႔လည္း အ့ံၾသစိတ္ ဆရာေဆာင္အတြက္စိုးရိမ္စိတ္တို႔ျဖင့္ အိမ္ေပၚသို႔တက္ၾကည့္လိုက္ၾကေသာအခါ ဆရာေဆာင္ ထိုင္၍ ေဆးကုေနက် ဘုရားစင္ေရွ႕နား စားပြဲေပၚတြင္ ခဲလုံးျဖင့္ ဖိထားေသာစာတစ္ေဆာင္ကို ေတြ႔လိုက္ၾကရေလသည္။ ထိုစာကို ဖြင့္ကာ ဖတ္ၾကည့္လိုက္မိစဥ္မွာေတာ့ ……

” ရြာသူ ရြာသားအေပါင္းတို႕ …က်ဳပ္ဟာ တတ္စြမ္းတ့ဲပညာနဲ႕ က် ဳပ္တတ္ႏိုင္တ့ဲဘက္ကေန လူေတြအက်ိ ဳးကို သယ္ပိုး လာခ့ဲတာ အခုဆို ငါးႏွစ္တိတိျပည့္ခ့ဲပါျပီ … အခုအခ်ိန္ကစျပီး …က်ဳပ္ရဲ႕ အဘဆရာၾကီးေတြ ညႊန္ၾကားမႈ႕နဲ႕ ထြက္ရပ္ လမ္းစဥ္ေတြကို လိုက္ဖို႔ အခ်ိန္က်လာခ့ဲပါျပီ … အ့ဲဒီအတြက္ က် ဳပ္ ဒီရြာကေန ထြက္သြားခ့ဲပါျပီ… ကံမကုန္ေသးရင္ေတာ့ က် ဳပ္တို႔ျပန္ဆုံၾကရဦးမွာပါ … က် ဳပ္ ရြာသူ ရြာသားေတြကို ေနာက္ဆုံးအေနနဲ႕လက္ေဆာင္ေပးခ့ဲခ်င္တာက … က်ဳပ္ရဲ႕ အဘဆရာေျပာခ့ဲတ့ဲ စကားေလးကိုပါပဲ … ” ေကာင္းမႈ႕ျမတ္ႏိုး ေကာင္းေအာင္က်ိဳး၍ ေကာင္းက်ိဳးကိုယ္၌တည္ေစမင္း ”တ့ဲ ကိုယ္ျပဳတ့ဲကံဟာ ကိုယ့္ရဲ႕အရိပ္ပါပဲ … အရာရာဟာ မိမိစိတ္ရင္းအတိုင္းသာ အက်ိဳးေပးသြားမွာပါ … အားလုံးပဲ က်န္းမာ ခ်မ္းသာၾကပါေစ ……

ခင္ဗ်ားတို႔ရဲ႕ မိတ္ေဆြၾကၤီးျမေဆာင္ (ေခၚ )ဝတစ္လုံးဆရာေဆာင္

ဖိုးေခြးတို႔ လူစုမွာ ” ဝတစ္လုံး ဆရာေဆာင္” ေရးသားခ့ဲသည့္ စာကိုဖတ္ျပီးသကာလ ဘာစကားမွပင္မဆိုႏိုင္ေအာင္ ငိုင္က် သြားၾကေလေတာ့သည္။ ရြာသူ ရြာသားမ်ားမွာလည္း ဖိုးေခြးတို႔ ေျပာစကားျဖင့္ ဆရာေဆာင္ ရြာမွထြက္သြားသည့္ အေၾကာင္း ၾကားလိုက္ၾကရေသာအခါ ႏွေျမာတမ္းတစိတ္ျဖင့္ ငိုၾကယိုၾကေလသည္။ သူတို႔အားထားတာ ေရႊေတာင္ၾကီးေပ်ာက္ကြယ္သြားခ့ဲေလျပီ မဟုတ္ပါတကား …။

ထုံးအိုၾကီးရြာႏွင့္ ရြာနီးခ်ဳပ္စပ္မွ ရြာမ်ားကေတာ့ နာမက်န္းသူမ်ား ထိခိုက္ဒဏ္ရာရသူမ်ားရွိလာသည့္ အခါတိုင္း စာတစ္ေစာင္ ခ်န္ထားခ့ဲကာ ထူးဆန္းစြာပင္ ရြာမွေပ်ာက္ကြယ္သြားသည့္ နတ္ေဆးဆရာတစ္ပါးဟုပင္ တင္စား ရေလာက္ေအာင္ ေဆးစြမ္းထက္လွေသာ ” ဝတစ္လုံးဆရာေဆာင္ ” ေခၚ ျမေဆာင္ျပန္လာမည့္အခ်ိန္ကို တသသႏွင့္ ေမ်ွာ္မွန္းတမ္းတေနမိၾကမည္မွာ အမွန္ပင္ျဖစ္ေပေတာ့သည္။

စာခ်စ္သူအေပါင္း စိတ္၏ခ်မ္းသာျခင္း ကိုယ္၏က်န္းမာျခင္းမ်ားျဖင့္ ျပည့္စုံၾကပါေစ……

ဖိုးသူေတာ္ (www.phothutaw.com)
Credit:အမ္ႏိုင္း (oasis)

#Unicode Version# ျဖင့္ဖတ္ပါ ။

” အေ့ … သောက်တော်ဘူးရယ်နဲ့ … အိုမကွာအိုမကွာ… ဟေ့…… သောက်တော်ဘူးရယ်နဲ့ အိုမကွာ အိုမကွာ…… အေ့… ဂေ့ …… ဘာတဲ့တုန်းဟ … ”ထုံးအိုးကြီးရွာလမ်းတစ်လျောက် လူတစ်ဦးပုဆိုးစလွယ်သိုင်းကာ လက်တစ်ဖက်က ငါးတွဲ တစ်တွဲကို ကိုင်ဆွဲထားလျက် သီချင်းတကြော်ကြော်အော်ဟစ်ကာ သီဆိုရင်း ဒယီးဒယိုင် ခြေလှမ်းများဖြင့် သိုင်းကွက်နင်း ကာ ဝင်ရောက်လာလေသည်။ ထိုသူကား ” မြဆောင် ” ။ တနည်းအားဖြင့်ဆိုရပါလျှင် ထုံအိုးကြီးရွာသား ”အော့ကြောလန် မြဆောင် ” ” မြွေ မြဆောင်” ပင် ။

မြဆောင်ဟုဆိုလိုက်လျှင် ထုံးအိုးကြီးရွာတစ်လျောက် ကလေးအစ ခွေးအဆုံး တစ်ရွာလုံးသိကြလေသည်။ မြဆောင် ကလည်း မမူးရင်သာအကောင်း ပင်ကျရေလေးများနည်းနည်းလောက်ဝင်ပြီဟေ့ဆိုရင်တော့ တစ်ရွာလုံးပတ်ကာ ငါကိုင် တုတ်ရင်း အော်ဆဲလေတော့သည်။ မြဆောင်အလုပ်က တောထဲဝင်ကာ ရသမျှအကောင်ပလောင် ဖမ်းဆီးကာ ရောင်းသည်။ များသောအားဖြင့် သူအဓိကဖမ်းလေ့ရှိသည်က အရွယ်စုံ အမျိုးအစားစုံမြွေများ။ မြွေဖမ်းကလည်း ဘာကျွမ်းသလဲမမေးနဲ့ မြဆောင်ဖမ်းပြီဟေ့ဆိုရင် မမိတဲ့မြွေမရှိသလောက်ပင်ရှားသည်။

မြွေဖမ်းသည်ဆို၍လည်း လက်နက်ကြီးကြီးမားမားပါသလားမမေးနဲ့ တောထဲတွေ့သည့် သစ်ကိုင်းခြောက်များကပင် မြဆောင်၏လက်နက်။ အရွယ်ခပ်လတ်လတ် သစ်ကိုင်းခြောက်တစ်ချောင်းလောက်ရှိယုံမျှနဲ့ပင် မြဆောင်တို့က မြွေဖမ်းဖို့အဆင်ပြေပြီးသားပင်။ တခါတလေတော့ သူဖမ်းမိသည့်မြွေများကို သွားရောက်ရောင်းချလေ့ရှိပေမယ့် တခါတလေမှာတော့ ဖမ်းမိသည့်မြွေအများစုမှာ အရေခွံဆုတ်ခံရပြီး သူအရက်နှင့်မြည်းသည့် အမြည်းဖြစ်သွား ရသည်ကပိုများလေသည်။ အကောင်ပလောင်တွေသတ်သည့်နေရာမှာလည်း လက်ရဲဇက်ရဲက ဘာရှိသလားမမေးနဲ့ ထစ်ခနဲဆို မြဆောင်တို့က ခုတ်ပြီး ထစ်ပြီး အရေခွံဆုတ်ပြီးသားအသင့်။ ထို့ကြောင့်ပင် တစ်ရွာလုံးက သူ့နာမည်အရင်း မြဆောင်ဆိုတာရဲ့ရှေ့မှာ ”အော့ကြောလန်မြဆောင် ” ”မြွေမြဆောင်” ဆိုသည့် ဂုဏ်ပုဒ်ကို အလိုလိုကင်ပွန်းတပ်ခဲ့ကြလေသည်။

ဟော ! ဒီနေ့လည်း မြဆောင်တစ်ယောက် မိုးလင်းကထဲက ရွာထိပ်က ကိုဖိုခွေးထန်းတောမှာ ပင်ကျရည် နှစ်မြူ ခန့်ဝင်ချ ပြီး ရီဝေဝေဖြင့် တောထဲသို့ထွက်လာခဲ့လေသည်။ ဒီနေ့ သူ မြွေဖမ်းရမည်။ မနေ့က ထန်းရေဝိုင်းမှာ ရွာထဲကငမူးများနှင့် ဝိုင်းဖွဲ့သောက်စားနေရင်း သူတို့ဝိုင်းဘက်သို့ ဟိုဘက်ရွာက ဖဲသမားအောင်ဘနဲ့ လူစိမ်းတချို့ရောက်လာပြီး မြဆောင် စိတ်ဝင်စားစေမည့်အကြောင်းအရာတချို့ကို ကမ်းလှမ်းလာခဲ့သည်။ တခြားတော့မဟုတ် ထိုလူစိမ်းက မြဆောင်မြွေဖမ်း ကျွမ်းကျင်သည့်အလုပ်ကို ဘေးပတ်ဝန်းကျင်အပြောအရ ကြားဖူးပြီးဖြစ်နေသည့်အတွက် အကယ်၍ မြဆောင်သာ မြွေများဖမ်းဆီးယူဆောင်ပေးနိုင်မည်ဆိုပါက ငွေကြေးစို့စို့ပို့ပို့ပေးဝယ်မည်ဟု ကမ်းလှမ်းလာခဲ့လေသည်။ ထိုကမ်းလှမ်း ချက်က မြဆောင်လို လူတစ်ယောက်အတွက်တော့ မက်လောက်စရာမက်လုံးတစ်ခုပင် …မြွေဖမ်းသည်ဆိုသည်ကလည်း သူ့အတွက်တော့ အလွယ်ကူဆုံးအလုပ်တစ်ခုပင်မဟုတ်ပါတကားးး ……”

”တောက် ! ဒီနေ့မှ သောက်မြွေတွေက ဘယ်သွားသေနေကြလဲမသိဘူးကွာ …”မြဆောင်ဒေါသတကြီး ရေရွတ်ရင်း တောအတွင်းပိုင်းဆီသို့ ပို၍ပင်တိုးကာ ဝင်ရောက်လာခဲ့သည်။ ဒီနေ့မြွေဖမ်းမည်ဟု လာမှပင် မြွေတွေကတစ်ကောင်မှ မတွေ့ ။ မြဆောင်ဒေါသတကြီးဖြင့် တွေ့သမျှ ခြုံ ပုတ်များကို အတင်းဆွဲဖြဲကာ မြွေရှာပုံတော်ဖွင့်လေပြီ။
ထိုအခိုက် ……” ရွှီ ရွှီ ” ” ရွှီ ”

”ဟင် ! မြွေတွန်သံပါလား တွန်သံက သံပြတ်ဆိုတော့ မြွေကောင်းတော့မဖြစ်နိုင်ဘူး ဘာမြွေပဲဖြစ်ဖြစ် ဒီနေ့တော့ မြဆောင်လက်က မလွတ်စေရဘူးဟေ့ အသံက ဒီနားတဝိုက်ကပဲလာတာဆိုတော့ မြွေကလည်း ကျိန်းသေ ဒီနား တဝိုက်မှာပဲရှိရမယ် ……အဟင်းးးဟင်းး မြဆောင်နဲ့တော့တွေ့ကြပြီပေါ့ကွာ ”

မြဆောင်တစ်ယောက် အနီးနားတဝိုက်သို့ တစ်ချက်ဝေ့ဝဲကာကြည့်လိုက်ပြီး အရွယ်ခပ်လတ်လတ်ရှိပြီး မြွေဖမ်းရန် အတွက်အဆင်ပြေမည့် သစ်ကိုင်းခြောက်တစ်ချောင်းကို ရှာဖွေကောက်ယူလိုက်ရင်း မြွေဖမ်းချင်ဇောဖြင့် မြွေတွန်သံ ကြားရာ မလှမ်းမကမ်းမှ ခြုံပုတ်ရှိရာဘက်သို့ ချ ဉ်းကပ်လာခဲ့လိုက်သည်။”ဟာ ! နည်းတဲ့အကောင်ကြီးမဟုတ်ပါလား …ငါတော့ပွပြီ ”

မှန်ပေသည်။ သူတွေ့လိုက်ရသည်က ယောကျာ်းလက်ကောက်ဝတ်ခန့်လုံးပတ်ရှိသည့် နက်မှောင်ပြောင်လက်နေသော မြွေဟောက်ကြီးတစ်ကောင်။ မြွေကြီးမှာ အန္တရာယ်အနံ့ကိုရနေသည့်အလား ခေါင်းကြီးဘယ်ညာ ယိမ်းကာ ရန်သူကို ရှာဖွေနေသယောင်ယောင်။ မြဆောင် သစ်ကိုင်းခြောက်ကို အသင့်အနေအထားကိုင်၍ မြွေကြီးအနီးသို့ သတိအနေအထား ဖြင့် ချဉ်းကပ်သွားလေသည်။ မြွေကြီးကလည်း ရန်သူကို မြင်လိုက်ရသည်နှင့် ဗြုန်းခနဲဆိုသလိုပင် ပါးပျဉ်းကြီးထောင်ကာ တရွှီရွှီအသံပေးလျက် ရန်သူကိုရင်ဆိုင်ရန်အသင့်အနေအထားဖြင့် စောင့်ကြည့်နေလေသည်။

မြဆောင်ကတော့ မြွေဖမ်းကျွမ်းကျင်နေသောသူပီပီ မြွေကြီးကို မျက်ခြေမပျက်ကြည့်ရင်းမှ ဖျတ်ခနဲဆိုသလိုပင် လက်ထဲမှ သစ်ကိုင်းခွဖြင့် မြွေကြီး၏ လည်ဂုတ်နေရာသို့ချိန်ဆ၍ လှမ်းထောက်ချလိုက်လေသည်။” ရွှီ
” ဟာ !တောက် ”

မြဆောင်၏ တုတ်ချက်ကို မြွေကြီးက ရှောခနဲ ရှောင်ထွက်သွားလေသည်။ သူဒေါသထွက်ထွက်ဖြင့် နောက်တခေါက် ထပ်ဖမ်းမိစေရန် ကြိုးစားလိုက်ပြန်သည်။ မြွေကြီးကလည်း မြဆောင်၏ တုတ်ချက်တိုင်းကို ကျွမ်းကျင်နေသူပမာ ရှောခနဲ ရှောခနဲ ရှောင်ထွက်သွားလေသည်ချည်းး။ ကြာတော့ မြဆောင် မောဟိုက်ကာ ဒေါသလည်းထွက်လာသည်။ သူမြွေဖမ်း လာခဲ့သည့် သက်တမ်းတလျောက်လုံး ဘယ်လိုမြွေမျိုးမဆို အလွယ်တကူဖမ်းမိခဲ့သည်ချည်းပင်။ ထို့ကြောင့်ပင်လည်း အားလုံးက သူ့အား မြွေမြဆောင်ဆိုသည့် အမည်ကိုပင် ပေးခဲ့ကြသည်မဟုတ်ပါလား။ယခုတော့ သည်မြွေနှင့်မှ မြဆောင် တစ်ယောက် အတော်မောနေချေပြီ ။ သည်မြွေကိုမှ မဖမ်းမိလျှင် မြွေမြဆောင်သမိုင်း ရာဇဝင်ရိုင်းချေ တော့မည်။ မြဆောင် ဒေါသထွက်ထွက်နှင့် လက်ထဲရှိသစ်ကိုင်းခွကို ချိန်ဆလိုက်ရင်း မြွေကြီးရှိရာသို့ တဖန်လှမ်း၍ထောက်လိုက်ပြန်သည်။” ရွှီ ” ” ဖြီးးးးးးးးး ”” ဟာ ”

မြဆောင်ကံဆိုးချေ ပြီ ။ ဒီတခါလည်းမြွေကြီးက သူ့တုတ်ချက်ကို ကျွမ်းကျင်စွာရှောင်ထွက်သွားလေရာ ဒေါသ တကြီး အရှိန်ဖြင့် လှမ်းထောက်လိုက်သော မြဆောင်တစ်ယောက် သူ့အရှိန်သူမထိန်းနိုင်တော့ပဲ မြွေကြီးရှေ့သို့ လဲကျသွား လေတော့သည်။ မြဆောင်တစ်ယောက် မုဆိုးဘဝမှ သားကောင်ဘဝသို့ ချက်ချင်းပင် ရောက်ရှိသွားခဲ့ချေ ပြီ။ သူ့ရှေ့မှ မည်းနက်ပြောင်လက်နေသော မြွေဟောက်ကြီးကို ကြည့်ရင်း မြဆောင်တခါမှ မခံစားခဲ့ဖူးသော ကြောက်စိတ်တို့က ဖြစ်ပေါ်လာလေသည်။ မြွေကြီးကလည်း ဒီတစ်ခါ ငါ့အလှည့်ပဲ ဆိုသည့်ပုံစံမျိုးဖြင့် ပါးပြင်းကြီးခွက်နေအောင်ထောင်ပြီး လျှာနီနီလေးကို ထုတ်ရင်း သေးငယ်စူးရှပြောင်လက်နေသော မျက်ဝန်းအစုံဖြင့် မြဆောင်ကို စူးစိုက်ကြည့်နေလေသည်။

မြဆောင်လည်း မြွေကြီး၏ အပြု အမူတို့ကြောင့် ထိတ်လန့်စိတ်များပို၍ပင် ထိန်းမရဖြစ်ကာ လဲကျနေရာမှ ထပြေးရန် အလုပ် ……” ဖြီးးးးးးး ” ” ဖောက် ”” အ … အ ”မြွေကြီးမှာ မြဆောင်၏အတွေးကိုသိနေသည့်အလား ထွက်ပြေးရန်အတွက် မြဆောင်ဟန်ပြင်လိုက်သည့်နှင့်တပြိုင်နက်ထဲပင် ပါးပျဉ်းကြီးကိုလွှဲကာ မြဆောင်၏ ခြေသလုံးနေရာသို့ ဖောက်ခနဲ ဒေါသတကြီးပေါက်ချလိုက်လေသည်။ ထို့နောက် စိတ်ကျေနပ်မှု့ရသွားသည့်အလား လဲကျနေသောမြဆောင်အား ခနမျှစိုက်ကြည့်ကာ တောထဲသို့လျှောခနဲဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။

” အ အားးကယ် … ကယ်ကြပါ ……… ကယ်ကြပါ ”အခုတော့ မြွေမြဆောင်တစ်ယောက် သူဖမ်းခဲ့သောမြွေများ၏ ဝဋ်တွေလည်ပြီဟုပင်ဆိုရမည်လားမသိ မြွေဆိပ်ဒဏ်ကို အလူးအလဲခံနေရလေပြီ။ မြွေဆိပ်ဒဏ်ကြောင့် တဖြည်းဖြည်းနှင့် မြဆောင်မျက်ဝန်းများပြာဝေလာကာ အမြင်အာရုံများလည်း တဖြည်းဖြည်းဝေဝါးလာခဲ့ချေ ပြီ။ ထိုအခိုက် သူ့မြင်ကွင်းထဲသို့ လူတစ်ယောက်၏ ပုံရိပ်လိုလို အရိပ်သဏ္ဍာန်တစ်ခုဝင်ရောက်လာသည်ကို တွေ့လိုက်ရပြီး သူ့အသိအာရုံတစ်ခုလုံး အမှောင်ကျသွားလေတော့သည်။

” အားး ကျွတ်စ် ……… ကျွတ်စ် ”” လူလေး သတိရလာပြီလား ဖြည်းဖြည်းထကွယ့် ဖြည်းဖြည်း ”” အ ကျွတ်စ် ကျွတ်စ် ! အ… အဘ …ကျ ုပ် ကျ ုပ်ကို မြွေ… မြွေကိုက်သွား …… ”” အဘသိပါတယ် လူလေးရ … အခုဘာမှ စိုးရိမ်စရာ မရှိတော့ ပါဘူး … အခုမင်းမှာ ဘာမြွေဆိပ်မှမရှိတော့ဘူးကွ …… အဘအချိန်မှီရောက်လာလို့သာပေါ့ မဟုတ်ရင် မင်းတမလွန် ခရီးသွားနေလောက်ပြီကွ … ဟားး ဟားး ”

သူ့ရှေ့မှ အဘကြီး၏ ပြောစကားကြောင့် မြဆောင်အံ့သြတကြီးဖြင့် သူ့ခြေထောက်ကိုငုံ့ကြည့်မိတော့ မြွေကိုက်ခံထား ရသည့် ဒဏ်ရာမှ ညိုပုတ်ပုတ်အရောင်သွေးများစီးကျထားလျက်ရှိသည်ကို တွေ့လိုက်ရပြီး ထုံးကဲ့သို့အဖြူရောင် သဏ္ဍာန် ရှိသော အရာတချို့ကိုလည်း ဒဏ်ရာဘေးတွင် ဝလုံးပုံသဏ္ဍာန်ဝိုက်ကာ လိမ်းထားသည်ကိုမြင်လိုက်ရလေသည်။ ထူးဆန်းသည်က ဒဏ်ရာမှာ ကိုက်ခဲခြင်း နာကျင်ခြင်းစိုးစဉ်းမျှပင်မရှိပဲ ပကတိအတိုင်း လှုပ်ရှား၍ရနေခြင်းပင်။ မြဆောင် အခုမှပင် အံ့သြစိတ်ဖြင့် သူ့ရှေ့မှ အဘိုးကြီးကို အကဲခတ်သလိုကြည့်လိုက်မိသည်။

ထိုလူကြီး၏ပုံစံမှာ ညစ်ထေးထေး ဖျင်ကြမ်းတိုက်ပုံရင်ကွဲအင်္ကျီနှင့် ပုဆိုးအကွက်ကြဲကြဲကို ဒူးအထိ ခပ်တိုတို ဝတ်ဆင်ထား ကာ အတော်ပင်ရှည်လျားနေပြီဖြစ်သော မုတ်ဆိတ်နှင့် ဆံပင်များက ဖွေးဖွေးဖြူလျက်။ နံဘေးတွင်တော့ လွယ်အိတ် စုတ်ကြီးတစ်လုံးနှင့် တောင်ဝှေးတစ်ချောင်း။ ရယ်မောလိုက်တိုင်း ကွမ်းဂျို းတက်နေသောသွားများကို အထင်းသား မြင်နေရပြီး ဖွေးဖွေးဖြူနေသော မုတ်ဆိတ်မွှေးများပေါ်တွင်လည်း ကွမ်းသွေးတချို့က ပေကျံလျက်။ မြဆောင် ထိုအဘိုးကြီး ကို အကဲခတ်သလို ကြည့်ပြီးနောက် သူ့အကြည့်တို့ကိုရုတ်သိမ်းလိုက်ရင်း……

” ကျေးဇူးတင်ပါတယ်အဘရယ် … အဘသာမကယ်ခဲ့ရင် ခုချိန်လောက်ဆို ကျ ုပ် သေပြီဗျ …… တော်တော်လျင်တဲ့ မြွေကြီးဗျာ … ကျ ုပ် မြွေဖမ်းလာတဲ့သက်တမ်းတလျောက် ဒီလောက်လျင်တဲ့မြွေ တစ်ခါမှမကြုံဘူးသေးဘူး ”

” အိမ်းးးး ဒီမယ် လူလေးရဲ့ … မင်းအသက်ကို ကျုပ်ကယ်လိုက်နိုင်တယ်ဆိုတာကလည်း မင်းမှာသေဖို့ကံဇာတာ မပါသေး လို့ပဲ …… တနည်းအားဖြင့်ပြောရရင်တော့ သေချိန်မတန်သေးဘူးပေါ့ကွာ …… မင်းမှာ လူတွေရဲ့ အကျိုးကို သယ်ပိုးပေး ရမယ့် ကံဇာတာပါလာပြီးသားကွယ့် …… မင်းလည်း ခုလိုဆိုးပေတေနေတဲ့ ဘဝကနေ ကျွတ်ချိန်တန်ပါပြီလူလေးရယ် …… ကဲ အဲ့ဒီတော့ လူလေးအနေနဲ့ ဒီအချိန်ကစပြီး လူတွေရဲ့ အကျိုးကို တတ်နိုင်တဲ့ဘက်ကနေ သယ်ပိုးပေတော့ဟေ့ …… ”

” ဗျာ … ကျ ုပ် ကျုပ်က လူတွေအကျိုးကို ဘယ်လိုသယ်ပိုးရမှာတုန်းအဘရဲ့…… ကျုပ် ဘာမှမတတ်ဘူးဗျ ”” လူလေးရဲ့ ကံဇာတာမှာ ဆိုးရမယ့် မိုက်ရမယ့်အချိန်က ကုန်သွားခဲ့ပြီကွယ့် … အခု အဘက မင်းကို ပညာအမွေပေးခဲ့ပါမယ် …… ကဲ လူလေး မင်း လက်ဖဝါးကိုဖြန့်လိုက်စမ်းဟေ့ ”

မြဆောင်လည်း လူထူးဆန်းအဘိုးကြီးပြောသည့်အတိုင်း သူ၏လက်ဖဝါးနှစ်ဖက်ကို ဖြန့်ပေးလိုက်သည့်အခါ အဘိုးကြီးက သူ၏လက်ညှိုးဖြင့် မြဆောင်၏လက်ဖဝါးနှစ်ဖက်ပေါ်တွင် ” ဝ ” အက္ခရာကိုရေးလိုက်ပြီးနောက် သူ၏လက်ဖဝါးဖြင့် မြဆောင်၏ လက်ဖဝါးနှစ်ဖက်ကို ဖြောင်းခနဲမြည်အောင်ပင်ရိုက်ချလိုက်လေသည်။ ထို့နောက် မြဆောင်အား လျှာထုတ်ခိုင်း ပြီးနောက် သူ၏ညာဘက်လက်ညှိုးဖြင့် မြဆောင်၏ လျှာပေါ်တွင် ” ဝ ”အက္ခရာကို ထပ်မံရေးသားလိုက်လေသည်။

” ကဲ …လူလေး အခုအချိန်ကစပြီး မင်းက ဆေးဆရာတစ်ဦးဖြစ်သွားပြီ … မင်းရဲ့ လက်နဲ့ကုပေးလိုက်သမျှ လူနာအားလုံး ရောဂါပျောက်ကင်းကြရလိမ့်မယ်ကွဲ့ …ဒါပေမယ့် လူလေးမြဲမြဲမှတ်ထားရမှာက ဒီနေ့ကစပြီး လူလေးအနေနဲ့ ကံငါးပါးကို လုံအောင်ထိန်းရမယ် … မော်ကြွားမောက်မာခြင်း မလုပ်ရဘူး …အယုတ်အလတ်အမြတ်မရွေး လူတိုင်းကို စေတနာ ရှေ့ထား ပြီးကုသပေးရမယ် …ကောင်းမှု့မြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်းတဲ့ ကိုယ်ပြုသမျှ က ကိုယ့်အရိပ်ပဲကွယ့် …အဲ့ဒါကို ဘယ်တော့မှ မမေ့နဲ့ကြားလား … ကဲ ကဲ လူတွေအကျိုးကို တဖက်တလမ်းကနေ သယ်ပိုးပေတော့ …… အဘသွားပြီဟေ့ ”

ပြောပြောဆိုဆိုဖြင့်ပင် လူထူးဆန်းအဘိုးကြီးမှ ထိုင်နေရာမှ ထကာ လွယ်အိတ်ကြီးကိုလွယ်လိုက်ရင်း တောင်ဝှေးကြီးကို ဝှေ့ယမ်းကာ မြဆောင်ရှေ့မှလှည့်ထွက်သွားလေသည်။ ထိုအခါမှပင် မြဆောင်တစ်ယောက် အံ့သြစိတ်ဖြင့် ကြောင်ကြည့် နေမိရာမှ ဖျတ်ခနဲအသိဝင်လာပြီး ……

” အဘ … အဘနေပါဦးအဘရဲ့ … အဘက ဘယ်မှာနေတာလဲ ကျုပ်အဘကိုတွေ့ချင်ရင် ဘယ်လိုလာရှာရမလဲဗျ …”” ဘယ်မှာနေသလဲဆိုတော့ ဒီကမ္ဘာမြေကြီးက ငါ့အိမ်ပဲပေါ့ကွာ … မင်း ငါ့ကို လိုက်ရှာလည်းတွေ့မှာမဟုတ်ဘူးကွ … တွေ့ဖို့အကြောင်းကံထပ်ပြီး ဖန်လာချိန်ရောက်ရင်တော့ ငါတို့ ပြန်ဆုံကြတာပေါ့ကွာ ဟုတ်ပြီလား …… ”

” ဒါ ဒါဆိုလည်းအဘရယ် ကျ ုပ်ကို အဘနာမည်လေးတော့ ပြောခဲ့ပါဦး … ”” အိမ်းး ငါ့နာမည် … ငါ့နာမည် ဘမုတ်ဆိတ်လို့သာမှတ်ထားပေတော့ကွာ … ကဲ ကဲ မင်းလည်းအချိန်မလင့်ခင် ရွာပြန်တော့ ငါလည်းသွားပြီဟေ့ ”

‘ရွှေလမ်းငွေလမ်း ခင်းလို့ပေးမယ် တို့ကိုကြီးကျော်  နယ်တိုင်းမှာဆိုရင် ကိုကြီးကျော်ကို တကြပါသနော်အရပ်တိုင်းမှာဆိုရင် ကိုကြီးကျော်ကိုတကြပါသနော်မောင်းမများနဲ့ ကျောင်းဒကာကြီး ဖေဖေကျော်ကျာ် ကျော် ကျော် ကျော် မြင်းညိုကြီးလည်း စီးတဲ့ကိုကြီးကျော်ဟ့ ဟေ့ ဟေ့ ”

ပြောရင်းဆိုရင်းဖြင့်ပင် ဘမုတ်ဆိတ်ခေါ် လူထူးဆန်းအဘိုးကြီးမှာ ကိုကြီးကျော်သီချင်းကို အသံဝါကြီးဖြင့် အော်ဟစ်သီဆို ရင်း မြဆောင်ရှေ့မှ တရွေ့ရွေ့ဖြင့်ထွက်ခွာသွားလေတော့သည်။

ထိုနေ့မှစ၍ မြဆောင်တစ်ယောက် ပြောင်းလဲသွားခဲ့ချေပြီ။ အရင်လို မူးယစ်ရမ်းကားခြင်း သူတစ်ပါးအသက် သတ်ဖြတ်ခြင်း မျိုး လုံးဝပင် မတွေ့ရတော့။ တစ်ရွာလုံးကတော့ ပြောင်းလဲသွားသော မြဆောင်ကိုကြည့်ပြီး အံ့သြလို့မဆုံးကြပေ။ တစ်နေ့ မြဆောင်ရွာလယ်သို့သွားရင်း အရီးလေးဒေါ်ပုတို့အိမ်ရှေ့အရောက် ……

” အမလေးးးး လုပ်ကြပါဦးတော့ သား ကြွက်နီ လူလေး သတိထားဦးလေ … သား ”” လူလေးး ကြွက်နီ ကြွက်နီ … သတိထားလေ … ဟဲ့ ဒီလိုကြည့်နေလို့ဘယ်ဖြစ်မလဲ တခုခုလုပ်ကြပါဦးဟ ”အရီးလေးဒေါ်ပုအိမ်ထဲမှ ကြားလိုက်ရသော အသံများကြောင့် မြဆောင်ခြေလှမ်းများကို အရီးလေးဒေါ်ပု အိမ်ထဲသို့ဦးတည်လိုက်လေသည်။

” အရီး … ကြွက်နီ ဘာဖြစ်တာတုန်းဗျ ”” မနေ့က တောထဲဝါးခုတ်သွားရင်း ငုတ်စူးလာတာမြဆောင်ရေ … ငါတို့လည်း အနာကို ဖန်ရေဆေးပြီး ငန်းဆေးလေးတော့တိုက်ထားတာပဲဟယ် …… ဒါပေမယ့် ညကထဲက အနာရှိန်နဲ့အဖျားတွေ ကြီးပြီး အခုသတိလစ်သွားတာပဲ မြဆောင်ရဲ့ … ငါ့သားလေးတော့ ကိုယ်ကျိုးနည်းပြီထင်ပါရဲ့အေ အီးးဟီးးး ဟီးးး ”

မြဆောင်လူနာကို တစ်ချက်ကြည့်လိုက်သည်။ ငုတ်စူးထားသောခြေထောက်မှာ အတော်ပင်ယောင်ကိုင်းနေပြီး တကိုယ်လုံးလည်းမီးကျီးခဲပမာခြစ်ခြစ်တောက်ပူကျက်နေလေသည်။” အရီး ကျုပ် ကြွက်နီကို ဆေးကုပေးလို့ရမလား ”” ဟဲ့ နင်ကကုတတ်လို့လားဟဲ့ … မြဆောင်ရယ် ငါ့တသက်နဲ့တကိုယ် နင်ဆေးကုတတ်တယ်လို့လည်းမကြားမိပါလားဟယ် … ဟုတ်မှလည်းလုပ်ပါမြဆောင်ရဲ့ ”

” ကျုပ်ကိုယုံပါအရီး … အရီးတို့ကြွက်နီကို ဒီတိုင်းထိုင်ကြည့်နေမယ့်အစား ကျုပ်ကိုဆေးကုခွင့်ပေးပါ ”” အေးလေ …… ခုအခြေအနေက အဆိုးဆုံးကိုရောက်နေပြီပဲ … ငါတို့လည်းဘာမှလုပ်တတ်တာမှမဟုတ်တာ … အဲ့ဒီတော့ နင်ကုတတ် သပဆိုလည်းကုပေါ့ ”

အရီးပုဆီမှ ခွင့်ပြုချက်ရပြီးသည်နှင့် မြဆောင်မှာ လူနာဘေးတွင် တင်ပ္ပလင်ခွေကာထိုင်ချလိုက်ရင်း လက်ကောက်ဝတ်ကို ကိုင်ကာ သွေးခုန်နှုန်းတိုင်းလိုက်လေသည်။ ထို့နောက် သောက်ရေတစ်ခွက်တောင်းယူလိုက်ပြီး အနန္တောအနန္တငါးပါးနှင့် တကွ ကျေးဇူးရှင်အဘဆရာ ဘမုတ်ဆိတ်ကို စိတ်ထဲမှ ရည်စူးကာ ဦးချကန်တော့လိုက်လေသည်။ ထို့နောက် သူ၏ ညာဘက်လက်ညှိုးဖြင့် ရေခွက်ထဲသို့ မွှေလိုက်ရင်း သရဏဂုံသုံးပါးကို သုံးခါတိတိရွတ်ဆိုလိုက်သည်။ ထို့နောက် ထိုခွက်ထဲမှရေဖြင့် သတိလစ်မေ့မြောနေသော ကြွက်နီ၏ ခေါင်းပေါ်သို့အနည်းငယ်တောက်ချလိုက်ပြီး ကျန်သည့်ရေများ ကိုလည်း ကြွက်နီ၏ပါးစပ်ထဲသို့ဝင်အောင် တိုက်ခိုင်းလိုက်လေသည်။ တခဏမျှအကြာ ……

” အင်းး ဟင်းးးးးးး ဟင်းးး ”” ဟယ် … ကြွက်နီ ကြွက်နီသတိရလာပြီ … အမလေးးး ငါ့သားလေး ငါ့သားလေး မသေတော့ ဘူး ……ကျ ုပ်သားလေး မသေတော့ဘူးတော့ …”” ဟာ … ကြွက်နီသတိရလာပြီဟေ့ … အံ့သြစရာကောင်းလိုက်တာကွာ”

” မြဆောင် … အရီးလူလေးကိုဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိတော့ပါဘူးကွယ် … အရီးသားလေးမှာ လူလေးပေးတဲ့ အသက်ပဲရှိပါတော့တယ် … ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီငွေလေးတွေကိုလက်ခံပါကွယ် နော် ”

” မလိုပါဘူးအရီး … ကျုပ် အဲ့ဒီငွေတွေကိုမယူပါရစေနဲ့ … အရီးတို့ကျုပ်ကို တကယ်ကျေးဇူးတင်တယ်ဆိုရင်သာ နာမကျန်း ဖြစ်နေတဲ့လူနာတွေ ထိခိုက်ဒဏ်ရာ ရထားတဲ့လူနာတွေကို ကျုပ်က အခကြေးငွေမယူပဲ မေတ္တာနဲ့ဆေးကုပေးနေတယ် ဆိုတဲ့ အကြောင်းကိုသာ လက်လှမ်းမှီသလောက် ပြောပေးပါ ”” ကောင်းပါပြီကွယ် ကောင်းပါပြီ မောင်မင်းကြီးသား ဘုန်းကြီးပါစေ … သက်ရှည်ပါစေကွယ် …… ”

နောက်တစ်နေ့တွင်လည်း လယ်ထဲဆင်းရင်း ပိုးထိခံရသောလူနာတစ်ဦးအား မြဆောင်မှအလားတူပင်ကုသပေးလိုက်ရာ မြွေဆိပ်များချက်ချင်းကျပြီး လူနာမှာချက်ချင်းပင် ငေါက်ခနဲထထိုင်လေတော့သည်။ ထိုအချိန်မှစ၍ တဆင့်စကား တဆင့်နားဖြင့် ရွာနီးချုပ်စပ်မှ လူနာများ မြဆောင်ဆီတဖွဲဖွဲလာရောက်ကာ ဆေးကုကြလေတော့သည်။ မြဆောင်ကလည်း ဘာစွမ်းသလဲမမေးနဲ့ နှာစေး ချောင်းဆိုး ဗိုက်နာ ခေါင်းကိုက် ဖျားနာ မြွေကိုက် စသည့်လူနာများအပြင် စုန်းတိုက် ပယောဂတိုက် အပင်းသွင်းခံရသည့် လူနာများကိုပါ ပျောက်ကင်းအောင်ကုသပေးနိုင်လေသည်။

တစ်ခါကဆိုလျှင် ဟိုဘက်ရွာမှ မိန်းကလေးတစ်ဦးလူပြုစားခံရ၍ ဆရာဆောင်ဆီသို့ရောက်လာလေသည်။ မိန်းကလေးမှာ မနက်အစောပိုင်းဆိုလျှင်အကောင်း မွန်းလွဲကျော်ပြီဆိုလျှင် ဝမ်းဗိုက်ထဲမှ မခံမရပ်နိုင်လောက်အောင်ပင်အာင့်သည်ဟု ဆိုကာ တငိုငိုတရယ်ရယ်ဖြင့် လူးလှိမ့်နေရလေသည်။ ဆေးဆရာများ ပယောဂဆရာများဖြင့် ကုသသော်လည်း မသက်သာသဖြင့် နောက်ဆုံး ဆရာဆောင်ထံသို့ အားကိုးတကြီးဖြင့် ရောက်လာခြင်းပင်။

မြဆောင်ခေါ် ဆရာဆောင်မှာ ဆေးမကုခင် ထိုမိန်းကလေးကို ဘုရားစင်ရှေ့တွင်ထိုင်စေပြီး အနန္တောအနန္တငါးပါးကို အာရုံပြုကာရှိခိုးကန်တော့စေလိုက်သည်။ ထို့နောက် ထုံးစံအတိုင်းပင် ရေတခွက်ထဲတွင် ညာဘက်လက်ညှိုးဖြင့် ဝပုံသဏ္ဍာန်မွှေကာ ထိုရေဖြင့် လူနာမိန်းကလေး၏ နဖူးပေါ်တွင် ဝပုံသဏ္ဍာန်ကိုရေးလိုက်လေသည်။ ထို့နောက် ထိုခွက်ထဲမှ ရေကို လူနာအားသောက်စေပြီး တချို့ကို လက်ခုပ်ထဲထည့်ကာ လူနာ၏ ခန္ဓာကိုယ်အား အနည်းငယ် တောက်ဖျန်းလိုက်လေသည်။ ထို့နောက် ပါးစပ်မှတစ်စုံတရာကို တီးတိုးရွတ်ဆိုလိုက်ရင်း ညာလက်ဖဝါးဖြင့် လူနာမိန်းကလေး၏ ကျောကုန်းကို ခပ်ဆတ်ဆတ်လိုက်ချလိုက်လေရာ ……

” ဝေ့ါ ဝေါ့ ”” ဟင် ” ”ဟာ ””အမလေးးးး ဘုရား ဘုရားး ”မိန်းကလေးမှာ တဝေါ့ဝေ့ါဖြင့် ထိုးအန်လေတော့သည်။ သူအန်ချလိုက်သည်က သွေးသံရဲရဲဖြင့် ငါးအသားတစ်များနှင့် ငါးအူများ ။ မြင်လိုက်ရသော မြင်ကွင်းကြောင့် ဘေးမှကြည့်နေသူများအားလုံး ရင်တမမနှင့် ဘုရားတကုန်ကြလေသည်။

” ကဲ ! အခုအားလုံး အဆင်ပြေသွားပါပြီ …ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး…… ”” ကျေးဇူးတင်လိုက်တာဆရာရယ် … ဒါနဲ့ကျုပ်တို့သမီးကို အခုလိုလုပ်တဲ့သူကိုသိချင်ပါတယ် … ဆရာ့ပညာနဲ့သိရင် ပြောပြပေးပါဆရာ…”

” အင်းး ဒါတော့သည်းခံကြပါ …ကျုပ်အနေနဲ့ဒီကိစ္စတွေမှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ဝင်မစွက်ဖက်ချင်ပါဘူး … အရာရာဟာ ကံစီမံရာအတိုင်းပါပဲ … ကျုပ်အနေနဲ့အခုလုပ်ပေးနိုင်တာ လုပ်ပေးပြီးပါပြီ … အနန္တော အနန္တငါးပါးကို မမေ့ဖို့တော့ ကျုပ်အထူးမှာလိုက်ပါရစေ …… ကဲ ကဲ အခုစိတ်ချလက်ချ ပြန်လို့ရပါပြီ ”

လူနာရှင်မိသားစုမှာ မြဆောင်အားကျေးဇူးတင်စကားအထပ်ထပ်ဆိုပြီး ပြန်သွားကြလေသည်။ ထိုမိသားစုမှာ ရွာ၏ လူဂုဏ်ထံ ကုန်သည်ပွဲစားအသိုင်းအဝိုင်းမှ ဖြစ်သည့်အလျောက် မြဆောင်၏ဂုဏ်သတင်းမှာ ကုန်သည်ပွဲစား အချင်းချင်း ကြား ရေပန်းစားလာခဲ့ပြီး သူ့ထံသို့ အမြို့မြို့အနယ်နယ်မှ လူများပါ ကုန်းတစ်တန် ရေတစ်တန်ဖြင့်ဆေးကုရန် ရောက်လာကြလေသည်။

လူနာအသက်သာ ပါလာပါစေ မြဆောင်ကုသ၍မပျောက်သည်ဟူ၍မရှိ။ မြဆောင် ဆေးကုသပုံကလည်း အထွေအထူး မဟုတ် မည်သည့်လူနာလာလာ အနန္တော အနန္တငါးပါးနှင့် အဘဆရာသခင်တို့အား ရည်မှန်း၍ ရေတခွက်ထဲသို့ လက်ညှိုးဖြင့်မွှေကာထိုရေကို တိုက်လိုက်ယုံဖြင့်ပင် ရောဂါမှန်သမျှ ယူပစ်သလိုပျောက်ကင်းသွားကြသည်ချည်းပင်။ အတော်အတန်ဆိုးဝါးသော ရောဂါဝေဒနာရှင်များဆိုလျှင်တော့ စက္ကူ ဖြူ တစ်ရွက်ပေါ်တွင် ” ဝ ” အက္ခရာကိုရေးကာ ထိုစက္ကူ ကိုပြာချ ပြီး ထိုပြာကို ရေဖြင့်ဖျော်ကာ လိမ်းပေး၍တစ်မျိုး အနည်းငယ်မျှတိုက်၍ တဖုံ ကုသပေးယုံမျှဖြင့်ပင် သက်သာ ပျောက်ကင်းသွားကြလေသည်။

အရင်က ” အော့ကြောလန်မြဆောင် ” ”မြွေမြဆောင် ”ဟု တစ်ရွာလုံးကခေါ်ဝေါ်ခဲ့ကြသမျှ ယခုအခါမှာတော့ ထုံးအိုကြီးရွာ တစ်ရွာလုံးသာမက ရွာနီးချုပ်စပ်ပါမကျန် ” ဝတစ်လုံးဆရာဆောင် ” ဟူသော နာမည်ဖြင့် မြဆောင်မှာ နာမည်ကျော် ဆေးဆရာတစ်ဦးဖြစ်နေချေပေပြီ ။ ဆရာဆောင်မှာ ဆေးကုသရာတွင် ငွေကြေးကိုလက်မခံပေ။ လူနာရှင်များမှ စေတနာ သဒ္ဒါတရားထက်သန်စွာဖြင့် လှူ ဒါန်းသွားကြသော ဆန် ဆီ ငရုတ် ကြက်သွန် အစရှိသည်တို့ကိုလည်း ရွာဦးကျောင်း ဆရာတော်ထံတွင် ပြန်လည်ကာ သွားရောက်လှူ ဒါန်းလေ့ရှိပေသည်။

အရင်က မြဆောင်အား မတူသလိုမတန်သလို ဝေးဝေးရှောင်ခဲ့ကြသော ရွာမှ သမီးရှင်များကလည်း ယခုအခါ မြဆောင် အား သမက်တော်ချင်နေကြသလို ရွာမှ လှပျိ ု ဖြူ များပါးစပ်ဖျားတွင်လည်း အကိုမြဆောင် မောင်ကြီးမြဆောင်နှင့် မြဆောင်တစ်ယောက် ရေပန်းစားလျက်ရှိနေပေတော့သည်။ သို့သော်လည်း မြဆောင်တစ်ယောက်ကတော့ဖြင့် မည်သူ့ကိုမှ စိတ်ဝင်စားခြင်းမရှိခဲ့ပါချေ ။

ရက်ကိုလစား လကိုနှစ်စားကာ ရာသီအလီလီပြောင်းခဲ့ချေပြီ။ မြဆောင်မှာလည်း ” ဝတစ်လုံးဆရာဆောင် ” ဟူသော အမည်ဖြင့် သူတတ်စွမ်းသည့်ပညာနှင့် အများအကျိ ုးကို သယ်ပိုးလာခဲ့သည်မှာ ယခုဆိုငါးနှစ်တိတိပင်ပြည့်ခဲ့လေပြီ ။ ထိုနေ့က ရွာတောင်ပိုင်းမှ ဖိုးခွေးတစ်ယောက် တစ်ညလုံးဝမ်းတွေလျောကာ အိပ်မရဖြစ်နေသဖြင့် ဆရာဆောင်ခေါ် မြဆောင်နှင့် ကုသရန်အတွက် မြဆောင်အိမ်သို့ ရောက်ရှိလာခဲ့လေသည်။

”ဆရာဆောင် …… ဆရာဆောင် ”” ဗျိ ု့ … ဆရာဆောင် ဆရာဆောင်ရှိပါသလားခင်ဗျ ”” ဝတစ်လုံးဆရာဆောင်” ခေါ် မြဆောင်အိမ်ရှေ့သို့ရောက်သောအခါ ထူးဆန်းစွာပင် အိမ်တံခါးမကြီးပိတ်ထားသည်ကို တွေ့လိုက်ရလေသည်။ ဖိုးခွေးတို့ လူစု အိမ်ရှေ့မှ တကြော်ကြော်အော်ဟစ်ကာ ခေါ်နေသော်လည်း အိမ်တွင်းဘက်ဆီမှ တုံ့ပြန်သံမကြားရသဖြင့် အိမ်တံခါးမကြီးကို အသာအယာတွန်းဖွင့်ကြည့်လိုက်သောအခါ အလွယ်တကူပင်ပွင့်သွားသည်ကို တွေ့ရလေသည်။ ဖိုးခွေးတို့လည်း အံ့သြစိတ် ဆရာဆောင်အတွက်စိုးရိမ်စိတ်တို့ဖြင့် အိမ်ပေါ်သို့တက်ကြည့်လိုက်ကြသောအခါ ဆရာဆောင် ထိုင်၍ ဆေးကုနေကျ ဘုရားစင်ရှေ့နား စားပွဲပေါ်တွင် ခဲလုံးဖြင့် ဖိထားသောစာတစ်ဆောင်ကို တွေ့လိုက်ကြရလေသည်။ ထိုစာကို ဖွင့်ကာ ဖတ်ကြည့်လိုက်မိစဉ်မှာတော့ ……

” ရွာသူ ရွာသားအပေါင်းတို့ …ကျုပ်ဟာ တတ်စွမ်းတဲ့ပညာနဲ့ ကျ ုပ်တတ်နိုင်တဲ့ဘက်ကနေ လူတွေအကျိ ုးကို သယ်ပိုး လာခဲ့တာ အခုဆို ငါးနှစ်တိတိပြည့်ခဲ့ပါပြီ … အခုအချိန်ကစပြီး …ကျုပ်ရဲ့ အဘဆရာကြီးတွေ ညွှန်ကြားမှု့နဲ့ ထွက်ရပ် လမ်းစဉ်တွေကို လိုက်ဖို့ အချိန်ကျလာခဲ့ပါပြီ … အဲ့ဒီအတွက် ကျ ုပ် ဒီရွာကနေ ထွက်သွားခဲ့ပါပြီ… ကံမကုန်သေးရင်တော့ ကျ ုပ်တို့ပြန်ဆုံကြရဦးမှာပါ … ကျ ုပ် ရွာသူ ရွာသားတွေကို နောက်ဆုံးအနေနဲ့လက်ဆောင်ပေးခဲ့ချင်တာက … ကျုပ်ရဲ့ အဘဆရာပြောခဲ့တဲ့ စကားလေးကိုပါပဲ … ” ကောင်းမှု့မြတ်နိုး ကောင်းအောင်ကျိုး၍ ကောင်းကျိုးကိုယ်၌တည်စေမင်း ”တဲ့ ကိုယ်ပြုတဲ့ကံဟာ ကိုယ့်ရဲ့အရိပ်ပါပဲ … အရာရာဟာ မိမိစိတ်ရင်းအတိုင်းသာ အကျိုးပေးသွားမှာပါ … အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေ ……

ခင်ဗျားတို့ရဲ့ မိတ်ဆွြေင်္ကီးမြဆောင် (ခေါ် )ဝတစ်လုံးဆရာဆောင်

ဖိုးခွေးတို့ လူစုမှာ ” ဝတစ်လုံး ဆရာဆောင်” ရေးသားခဲ့သည့် စာကိုဖတ်ပြီးသကာလ ဘာစကားမှပင်မဆိုနိုင်အောင် ငိုင်ကျ သွားကြလေတော့သည်။ ရွာသူ ရွာသားများမှာလည်း ဖိုးခွေးတို့ ပြောစကားဖြင့် ဆရာဆောင် ရွာမှထွက်သွားသည့် အကြောင်း ကြားလိုက်ကြရသောအခါ နှမြောတမ်းတစိတ်ဖြင့် ငိုကြယိုကြလေသည်။ သူတို့အားထားတာ ရွှေတောင်ကြီးပျောက်ကွယ်သွားခဲ့လေပြီ မဟုတ်ပါတကား …။

ထုံးအိုကြီးရွာနှင့် ရွာနီးချုပ်စပ်မှ ရွာများကတော့ နာမကျန်းသူများ ထိခိုက်ဒဏ်ရာရသူများရှိလာသည့် အခါတိုင်း စာတစ်စောင် ချန်ထားခဲ့ကာ ထူးဆန်းစွာပင် ရွာမှပျောက်ကွယ်သွားသည့် နတ်ဆေးဆရာတစ်ပါးဟုပင် တင်စား ရလောက်အောင် ဆေးစွမ်းထက်လှသော ” ဝတစ်လုံးဆရာဆောင် ” ခေါ် မြဆောင်ပြန်လာမည့်အချိန်ကို တသသနှင့် မျှော်မှန်းတမ်းတနေမိကြမည်မှာ အမှန်ပင်ဖြစ်ပေတော့သည်။

စာချစ်သူအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေ……

ဖိုးသူတော် (www.phothutaw.com)
Credit:အမ်နိုင်း (oasis)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top