ရေဝႏြယ္(အင္းမ)- “မသင့္ေတာ္တာမ်ားတစ္ခုခု လုပ္လိုက္ရင္ စင္စင္ၾကယ္ၾကယ္ေနတဲ့သူက ပိုၿပီးသိသာသြားတတ္တယ္”
ေျမာင္းထဲမွာ ေျမာင္းေဖာ္ေနတဲ့သူတစ္ေယာက္ရြႊံ႕တစ္စက္ေပသြားလို႔ ဘာမွျဖစ္မသြားပါဘူး..
ေျမာင္းေဘးက ရပ္ၾကည့္ေနတဲ့သူရႊံ႕တစ္စက္ေပသြားရင္ သိပ္သိသာပါတယ္..
မေကာင္းမႈမ်ိဳးစုံျပဳေနတဲ့ လူတစ္ေယာက္
မေကာင္းမႈတစ္ခုကို က်ဴးလြန္လိုက္လို႔လည္း ထူးၿပီးမသိသာသြားသလို
ပတ္ဝန္းက်င္ကလည္း ထူးၿပီးစိတ္မဝင္စားပါဘူး..
စင္စင္ၾကယ္ၾကယ္ေနတဲ့လူတစ္ေယာက္
မသင့္ေတာ္တာ တစ္ခုခုလုပ္လိုက္ရင္ေတာ့
သိပ္ၿပီး သိသာေနတတ္ပါတယ္..
ေနာက္ဥပမာတစ္ခုကေတာ့
လက္ႏွီးစုတ္မွာ အိုးမဲတစ္ကြက္ ထပ္ေပလို႔
ထူးၿပီး မသိသာပါဘူး..
အဝတ္ျဖဴျဖဴမွာ အိုးမဲတစ္ကြက္ ေပက်ံလိုက္ရင္ေတာ့
သိပ္ၿပီး သိသာေနတတ္ပါတယ္..
ဒါေၾကာင့္ ကိုယ္ကကိုယ္ သူကသူ
ကိုယ္နဲ႔သူ ႏိႈင္းယွဥ္ၿပီး မေနေကာင္းပါဘူး..။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ရေဝႏြယ္(အင္းမ)
# Unicode Version # ျဖင့္ ဖတ္ပါ #
မြောင်းထဲမှာ မြောင်းဖော်နေတဲ့သူတစ်ယောက်ရွှံ့တစ်စက်ပေသွားလို့ ဘာမှဖြစ်မသွားပါဘူး..
မြောင်းဘေးက ရပ်ကြည့်နေတဲ့သူရွှံ့တစ်စက်ပေသွားရင် သိပ်သိသာပါတယ်..
မကောင်းမှုမျိုးစုံပြုနေတဲ့ လူတစ်ယောက်
မကောင်းမှုတစ်ခုကို ကျူးလွန်လိုက်လို့လည်း ထူးပြီးမသိသာသွားသလို
ပတ်ဝန်းကျင်ကလည်း ထူးပြီးစိတ်မဝင်စားပါဘူး..
စင်စင်ကြယ်ကြယ်နေတဲ့လူတစ်ယောက်
မသင့်တော်တာ တစ်ခုခုလုပ်လိုက်ရင်တော့
သိပ်ပြီး သိသာနေတတ်ပါတယ်..
နောက်ဥပမာတစ်ခုကတော့
လက်နှီးစုတ်မှာ အိုးမဲတစ်ကွက် ထပ်ပေလို့
ထူးပြီး မသိသာပါဘူး..
အဝတ်ဖြူဖြူမှာ အိုးမဲတစ်ကွက် ပေကျံလိုက်ရင်တော့
သိပ်ပြီး သိသာနေတတ်ပါတယ်..
ဒါကြောင့် ကိုယ်ကကိုယ် သူကသူ
ကိုယ်နဲ့သူ နှိုင်းယှဉ်ပြီး မနေကောင်းပါဘူး..။
ဖိုးသူတော် (www.phothutaw.com)
Credit:ရဝေနွယ်(အင်းမ)