မုိင္းျပင္းတြင္ ခရီးသည္တင္ယာဥ္တစ္စီး ေခ်ာက္ထဲက်၊ ငါးဦးေသဆုံး
က်ိဳင္းတုံခ႐ိုင္ မုိင္းျပင္း ၿမိဳ႕နယ္တြင္ ခရီးသည္တင္ယာဥ္ တစ္စီး လမ္းေဘးေခ်ာက္ထဲထုိး က်၍ ယာဥ္ေမာင္းအပါအ၀င္ လူ ငါးဦးေသဆုံးေၾကာင္း မုိင္းျပင္း ၿမိဳ႕မရဲစခန္းမွဴးက ေျပာသည္။
ေတာင္ႀကီးၿမိဳ႕ေန အမ်ိဳး သားေမာင္းႏွင္လာသည့္ Nissan Caravan အမ်ိဳးအစား ခရီးသည္ တင္မွန္ပုံယာဥ္ငယ္သည္ ခရီး သည္ခုနစ္ဦးတင္ေဆာင္ကာ တာ ခ်ီလိတ္မွ ေတာင္ႀကီးၿမိဳ႕သုိ႔ေမာင္း ႏွင္လာစဥ္ ထုိသုိ႔ျဖစ္ပြားျခင္းျဖစ္ ေၾကာင္း ၎ကေျပာသည္။
ေမလ ၁၂ ရက္နံနက္ ၆ နာရီတြင္ မုိင္းျပင္းၿမိဳ႕ ပိန္းဆန္း ရပ္ကြက္တာခ်ီလိတ္-က်ိဳင္းတုံ- ေတာင္ႀကီးသြား ျပည္ေထာင္စု လမ္းမႀကီး မုိင္တိုင္အမွတ္ (၃၃၆)အနီးအေရာက္ အရိွန္ မထိန္းႏုိင္ဘဲ အျမင့္ေပ ၅၀ ခန္႔ (ေခ်ာင္းေရအနက္ ခုနစ္ေပ)ရွိ လမ္းေဘးေခ်ာက္ထဲသုိ႔ ထုိးက် ကာ ပက္လက္လန္တိမ္းေမွာက္ ျခင္းျဖစ္သည္ဟု ရဲမွတ္တမ္းက ဆုိသည္။
တိမ္းေမွာက္ျခင္းေၾကာင့္ ယာဥ္ေမာင္းႏွင့္ခရီးသည္ေလးဦး ယာဥ္အတြင္း ပိတ္မိ၍အခင္းျဖစ္ေနရာတြင္ ေသဆုံးၿပီး က်န္ခရီးသည္သုံးဦး ဖူးေရာင္ေပါက္ၿပဲ ဒဏ္ရာအနည္းငယ္ရရွိေၾကာင္း စခန္းမွဴးကေျပာသည္။
‘‘သူက ညမအိပ္ဘဲေတာက္ ေလွ်ာက္ေမာင္းလာတာေပါ့။ အ ခင္းျဖစ္တဲ့ေနရာအေရာက္မွာ အ ရွိန္က မထိန္းႏုိင္ေတာ့ဘူး။ အိပ္ ေရးပ်က္တာေၾကာင့္လည္း ျဖစ္ ႏုိင္တယ္။ ဒါနဲ႔ ေခ်ာက္ထဲကုိ ထိုး က်သြားတာပါ။ ယာဥ္ေမာင္းရဲ႕ ေပါ့ဆမႈေၾကာင့္ေပါ့ေနာ္။ ကား သမားလည္း ေသသြားတယ္။ ဒဏ္ရာရတဲ့ ခရီးသည္ေတြက ေတာ့ သာမန္ဒဏ္ရာေတြပဲရတာ ပါ’’ ဟု ၎ကရွင္းျပသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္ေမာင္းကုိ မုိင္းျပင္းၿမိဳ႕မရဲ စခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၄ (က)/၃၃၇/၃၃၈/၂၇၉ (ေပါ့ ေလ်ာ့မႈေၾကာင့္ လူေသမႈ၊သာမန္၊ ျပင္းထန္နာက်င္ေစမႈ၊ ယာဥ္မ ဆင္မျခင္ေမာင္းႏွင္မႈ)ျဖင့္ အမႈ ဖြင့္အေရးယူထားသည္။
အလားတူ ေမလ ၁၂ ရက္ ေန႔လယ္ ၁၂ နာရီခြဲက ကသာ ခ႐ုိင္ အင္းေတာ္ၿမိဳ႕နယ္ ရြာ ေဟာင္းေက်းရြာ အနီးတြင္ ေက်ာက္သယ္ယာဥ္တစ္စီးသည္ လူႏွင့္ လမ္းခင္းေက်ာက္အေလး ခ်ိန္မ်ား၍ အရိွန္မထိန္းႏုိင္ဘဲတိမ္း ေမွာက္ၿပီး အမ်ိဳးသားေလးဦး ေသဆုံးသည္။ ထုိ႔အျပင္ သံဃာ ေတာ္ႏွစ္ပါးႏွင့္ အမ်ိဳးသားကုိးဦး ထိခုိက္ဒဏ္ရာမ်ားရရွိေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version # ျဖင့္ ဖတ္ပါ #
ကျိုင်းတုံခရိုင် မိုင်းပြင်း မြို့နယ်တွင် ခရီးသည်တင်ယာဉ် တစ်စီး လမ်းဘေးချောက်ထဲထိုး ကျ၍ ယာဉ်မောင်းအပါအဝင် လူ ငါးဦးသေဆုံးကြောင်း မိုင်းပြင်း မြို့မရဲစခန်းမှူးက ပြောသည်။
တောင်ကြီးမြို့နေ အမျိုး သားမောင်းနှင်လာသည့် Nissan Caravan အမျိုးအစား ခရီးသည် တင်မှန်ပုံယာဉ်ငယ်သည် ခရီး သည်ခုနစ်ဦးတင်ဆောင်ကာ တာ ချီလိတ်မှ တောင်ကြီးမြို့သို့မောင်း နှင်လာစဉ် ထိုသို့ဖြစ်ပွားခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။
မေလ ၁၂ ရက်နံနက် ၆ နာရီတွင် မိုင်းပြင်းမြို့ ပိန်းဆန်း ရပ်ကွက်တာချီလိတ်-ကျိုင်းတုံ- တောင်ကြီးသွား ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် (၃၃၆)အနီးအရောက် အရှိန် မထိန်းနိုင်ဘဲ အမြင့်ပေ ၅၀ ခန့် (ချောင်းရေအနက် ခုနစ်ပေ)ရှိ လမ်းဘေးချောက်ထဲသို့ ထိုးကျ ကာ ပက်လက်လန်တိမ်းမှောက် ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းက ဆိုသည်။
တိမ်းမှောက်ခြင်းကြောင့် ယာဉ်မောင်းနှင့်ခရီးသည်လေးဦး ယာဉ်အတွင်း ပိတ်မိ၍အခင်းဖြစ်နေရာတွင် သေဆုံးပြီး ကျန်ခရီးသည်သုံးဦး ဖူးရောင်ပေါက်ပြဲ ဒဏ်ရာအနည်းငယ်ရရှိကြောင်း စခန်းမှူးကပြောသည်။
‘‘သူက ညမအိပ်ဘဲတောက် လျှောက်မောင်းလာတာပေါ့။ အ ခင်းဖြစ်တဲ့နေရာအရောက်မှာ အ ရှိန်က မထိန်းနိုင်တော့ဘူး။ အိပ် ရေးပျက်တာကြောင့်လည်း ဖြစ် နိုင်တယ်။ ဒါနဲ့ ချောက်ထဲကို ထိုး ကျသွားတာပါ။ ယာဉ်မောင်းရဲ့ ပေါ့ဆမှုကြောင့်ပေါ့နော်။ ကား သမားလည်း သေသွားတယ်။ ဒဏ်ရာရတဲ့ ခရီးသည်တွေက တော့ သာမန်ဒဏ်ရာတွေပဲရတာ ပါ’’ ဟု ၎င်းကရှင်းပြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းကို မိုင်းပြင်းမြို့မရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)/၃၃၇/၃၃၈/၂၇၉ (ပေါ့ လျော့မှုကြောင့် လူသေမှု၊သာမန်၊ ပြင်းထန်နာကျင်စေမှု၊ ယာဉ်မ ဆင်မခြင်မောင်းနှင်မှု)ဖြင့် အမှု ဖွင့်အရေးယူထားသည်။
အလားတူ မေလ ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲက ကသာ ခရိုင် အင်းတော်မြို့နယ် ရွာ ဟောင်းကျေးရွာ အနီးတွင် ကျောက်သယ်ယာဉ်တစ်စီးသည် လူနှင့် လမ်းခင်းကျောက်အလေး ချိန်များ၍ အရှိန်မထိန်းနိုင်ဘဲတိမ်း မှောက်ပြီး အမျိုးသားလေးဦး သေဆုံးသည်။ ထို့အပြင် သံဃာ တော်နှစ်ပါးနှင့် အမျိုးသားကိုးဦး ထိခိုက်ဒဏ်ရာများရရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily