20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×






Credit:nanmalgyi

#Unicode Version# ဖြင့်ဖတ်ပါ ။

စူပါဟီးရိုးဇာတ်ကောင်ဝတ်စုံတွေနဲ့ပွဲတက်လေ့ရှိပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ စည်သူပလပ်ကျွတ်ကတော့ အခုဆိုရင် ကိုပေါဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရုံတင်ရက်စောင့်နေရတဲ့အတွက်ရင်ခုန်နေပါပြီ။ သူရဲ့ရင်ခုန်မှုတွေ ၊ သူရဲ့ဒီရုပ်ရှင်အပေါ်ယုံကြည်ချက်တွေကို 8Days မီဒီယာနဲ့အင်တာဗျူးမှာပြောပြသွားတာတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ်ခင်ဗျာ။

ကိုယ့်ရဲ့ဇာတ်ကားအခြေအနေဘယ်လိုရှိလဲဆိုတဲ့မေးခွန်းကို“အဲ့ဒီဟာပြောရင်တော့ကျွန်တော်အရမ်းဝမ်းနည်းပါတယ်ဗျာပြောရရင်လည်းကျွန်တော်ရင်ထဲမှာဒေါသတွေလဲပါလာလိမ့်မယ်ဗျာဒါပေမယ့်ဒီကိစ္စကပြောရရင်ကျွန်တော်ဝမ်းလည်းဝမ်းနည်းတယ်ဗျ ။ ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ကိုယ်ဘာကြောင့်အဲ့လိုဖြစ်တာလဲလို့ဒါပေမယ့်အများကားတွေကြည့်လိုက်တော့လည်းတခြားကားတွေလည်းရှိပါတယ်ဗျ ။လက်ရှိမှာလဲကိုနေတိုး ၊ ကိုမြင့်မြတ် ၊ကိုပြေတီဦး ၊အန်ကယ်လေးဒီလိုကားတွေပဲလူဝင်တယ်ဆိုရင်ကျွန်တော်လက်ခံတယ်ဒါပေမာ့်တချို့ပရိတ်သတ်တွေကအသစ်အသစ်တွေကိုမြင်ချင်တယ်ဗျအဲ့တာတော့သူတို့တွေသိစေချင်တယ် ။နောက်တစ်ချက်ကရုံပိုင်ရှင်ဦးဇော်မင်းတခြားသောရုံပိုင်ရှင်တွေကိုပြောချင်တယ်ဗျာ ။ပရိုဂျူဆာတောင်ဗျာကျွန်တော့်ကိုဘဝပျက်ခံပီးရိုက်ပေးတယ်ကျွန်တော့်တို့လိုလူမျိုးလေးကျွန်တော့်လိုလူမျိုးလေးဆိုတာဇာတ်ပို့နေရာကနေခေါင်းဆောင်နေရာလေးအင်မတန်မှကုသိုလ်ကံကောင်းလို့ရိုက်ရတယ် ။                                                         

နာမည်ကြီးနယ်မင်းသားလေးတွေတောင်ရုံကားမရိုက်ရသေးတဲ့အချိန်ကျွန်တော့်ရဲ့ဘာသာရေး၊မေတ္တာတရားထားမှုတွေကြောင့်ခေါင်းဆောင်နေရာရိုက်ခွင့်ရတယ်ရိုက်တဲ့သီချင်းကလဲတဂယ့်နာမည်ကြီးသီချင်းကိုပေါကိုရိုက်ခွင့်ရတယ် ။အရင်ကဆိုကိုမော့စ်တို့ကိုသီဟတင်စိုးတို့အရမ်းပေါက်ခဲ့အရမ်းကောင်းခဲ့တဲ့ကားသီချင်းကလဲအရမ်းကောင်းခဲ့တာသီချင်းတင်၁၀သိန်းပေးခဲ့ရတယ်။ အဲ့လိုကားမျိုးကြီးကိုပိုက်ဆံတွေအကုန်ခံပီးနယ်မှာသွားရိုက်ခဲ့တယ်supportingတွေအများကြီးနဲ့ရိုက်ခဲ့တယ် ကြားထဲမှာမုန်တိုင်းတွေမိတယ် ။မှန်းထားတာ၅ရာတကယ်ကုန်တော့ခြောက်ရာ ခုနစ်ရာလောက်ဖြစ်သွားတယ်။သူဌေးကသိန်းတစ်သောင်းရှိလို့သိန်းတစ်ထောင်ရိုက်တယ်။အဲ့လိုသူဌေးမျိုးမဟုတ်ဘူးနောက်မှကျွန်တော်သိတာသူမှာရှိတာလေးအိမ်တွေtaxiတွေကုန်တင်ကားတွေရောင်းရတယ။်သူ့မှာအကြွေးရစရာရှိတာတွေကားရိုက်ရင်းမရတော့ခုနပြောတဲ့သူ့မှာရှိတာတွေရောင်းပီးထပ်ရိုက်ရတယ်။အဲ့လိုလူမျိုးတောင်မှသူရိုက်ပေးသေးတာပဲဗျာကျွန်တော်သူဋ္ဌေးကရုံတင်ဖို့တပတ်ဆယ်ရက်တောင်မဟုတ်ပါဘူးဗျာသုံးလေးရက်လောက်လူဝင်ရပ်ခိုင်းတာအဲ့လောက်ထိစိန်ခေါ်ထားတာ။

ရုံတင်ကြာနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း “ကျွန်တော့်ကားတင်မဟုတ်ပါဘူးဗျာနေတိုးပြေတီဦးအောင်ရဲလင်းကားတွေခြောက်နှစ်ခုနှစ်ကျွန်တော့်ကားကသုံးနှစ်ပဲရှိပါသေးတယ်ဒါပေမယ့်ကျွန်တော်ကစီနီယာအရင်ကျထားတာကိုကျွန်တော်ဆိုလိုရင်းကဥက္ကဋ္ဌကြီးဦးဇင်ဝိုင်းကစီနီယာအတိုင်းပေးတင်မယ်ပြောထားတယ်ဒါပေမယ့်ရုပ်ရှင်ရုံပိုင်ရှင်တွေကလိုက်နာမနာမသိသေးဘူးလောလောဆယ်ပြုံးမြသွယ်အဖေပရိုဂျူဆာလုပ်ထားတဲ့ကားလူလိမ္မာနိုင်ငံမှာဆရာကျတဲ့လူနဲ့အလီဘာဘာနဲ့ခိုးသားလေးဆယ်ကားအဲ့ဒီကားလေးဆင်ဆာကျိုးသွားပီသူကဘောစိလေဗျာကျွန်တော့်ကားလေးအဲ့လိုဖြစ်ရင်ဘယ်လိုလုပ်ရမလဲ ။ကျွန်တော့်သူဌေးကအဲ့လိုမဟုတ်ဘူးပြုံးမြသွယ်အဖေကပိုက်ဆံရှိတယ်လော်ပန်သူ့သမီးကိုအခွေထုတ်ပေးထားတယ်ရွှေထူးG-fattတို့နဲ့အေ ခွ ထုတ်ပေးထားတယ် သူ့သမီးကိုတအားပံ့ပိုးထားတယ် သူကပိုက်ဆံရှိတယ်လေဗျာကျွန်တော့်သူဋ္ဌေးကအဲ့လိုမဟုတ်ဘူးလေရုံတင်ခွင့်ရရင်ရတဲ့အရင်းမပြောနဲ့တစ်ဝက်လောက်ရရင်ကျေနပ်ပါတယ်ဗျာကျွန်တော့်ပရိုဂျူဆာအတွက်ပါ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ရုံတင်ခွင့်ရရင်အကယ်ဒမီမှန်းလားဆိုတဲ့မေးခွန်းကိုတော့“မမှန်းပါဘူးဗျာကျွန်တော်ရဲ့အရှေ့ဝါရင့်တွေတောင်ပြောင်းပြန်တွေဖြစ်ကုန်တာအဲ့ကိစ္စအဝေးကြီးမှာထားထားတယ်။ကျွန်တော့်ကိုပေါကားလေးပရိတ်သတ်ဆီချပြချင်တာစည်သူပလပ်ကျွတ်စောက်ပေါစောက်ရူးဟာအဲ့လိုတွေလုပ်နိုင်ပါလားဆိုတာပြချင်တာအနုပညာသမားအချင်းချင်းတောင်ဒီစောက်ပေါစောက်ရူးကဒီလိုတွေလုပ်နိုင်ပါလားဆိုပီးအသိအမှတ်ပြုစေချင်တာ ။စည်သူပလပ်ကျွတ်ဆိုတာheroဝတ်စုံတွေဝတ်ပေါက်ကရလေးဆယ်တွေလုပ်တာပဲမြင်ထားတာလေ ။ကျွန်တော်သရုပ်ဆောင်ထားတဲ့ကားတွေskynetတို့ဘာတို့မှာလွှင့်နေတယ်ကြည့်ပေးကြပါလို့။”ပြောပြသွားခဲ့ပြီးသွားလေရာမျက်နှာပွင့်တဲ့အကြောင်းကို “ပဋ္ဌာန်းအကျိုးကြောင့်ဖြစ်မယ် အမှန်ဆိုေ ချာမှ လှမှချစ်စရာလေးဘာညာဖြစ်မှာကျွန်တော်ကရုပ်ဆိုးတယ်အရပ်ပုတယ်တက်တူးတွေနဲ့ဒါပေမယ့်သီချင်းဆိုရင်၊နယ်တွေဘာတွေဆိုအားပေးကြတယ်ပဋ္ဌာန်းအကျိုးကြောင့်လို့ထင်တယ်။ကိုခန့်စည်သူပေးထားတာကိုပေါကားထဲကကျွန်တော်သရုပ်ဆောင်တာကိုရုံထဲကထွက်တာနဲ့မျက်ရည်စက်လက်လေးကျပီးကောင်းလိုက်တာဒီကောင်လေးအပြင်မှာပေါတောတောနဲ့သရုပ်ဆောင်တာကောင်းလိုက်တာအဲ့လိုမပြောဘဲစောက်ရူးပါကွာဘာကားကြီးမှန်းမသိဘူးစောက်ပေါပါလို့အဲ့လိုပြောရင်ကျွန်တော်ဒီလောကထဲကတစ်သက်လုံးနားတော့မယ်လို့ကတိပေးပါတယ်။”လို့ပြောပြသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top