

#Unicode Version#
တောင်ကြီးမြို့လေးလောင်းပြိုင်လူသတ်မှုတွင်သေဆုံးသွားခဲ့သော ပင်လောင်းမြို့နယ် လက်ပံပင်ကျေးရွာနေ ဦးခွန်း + ဒေါ်အေးတို့၏ ဒုတိယမြောက်သမီး မအေးမိုး (၁၇) နှစ် ၊ အိမ်အကူအား ” မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက် ” ပိုင်ရှင်မှ ဒီကနေ့ရက်လည်ဆွမ်းသွပ်တရားနာအပြီး ဂရုဏာကြေးအဖြစ်ထောက်ပံ့ငွေ ကျပ် (၁၀ ) သိန်းကို ရပ်မိရပ်ဖများရှေ့တွင်ပေးလိုက်ကြောင်းသိရှိရပါသည် ။
” ကျမတို့ ၁၀ သိန်းထောက်ပံ့ပေးလိုက်ပါတယ် ၊ ဒီနေ့ဘဲကလေးမရဲ့အဖေနဲ့အမေပြန်သွားကြပါပြီ ၊ စိုင်းဆေးမွန်ရဲ့မိဘတွေနဲ့တစ်ရွာတည်းဆိုတော့ ဟိုမှာလည်းဆွမ်းသွပ်အမျှဝေကြအုံးမယ်လို့ကြားတယ် “ဟု ဒေါ်အေးရွှေ၏တူမဖြစ်သူ မနန်းခမ်းနိုင်းကပြောသည် ။
အိမ်အကူမအေးမိုး၏မိဘများသည်ရှမ်း / ပအိုဝ့်တိုင်းရင်းသားများဖြစ်ကြပြီး သားသမီး ၇ ယောက်ရှိပါသည် ၊ မအေးမိုးသည် အခင်းဖြစ်သည့်ဆေးတိုက်တွင် တက္ကသိုလ်ဝင်ခွင့်အောင်ပြီးကာမှ လာရောက်အလုပ်လုပ်ကိုင်နေသည်မှာ ( ၆ ) လခန့်သာရှိသေးကြောင်းသတင်းရရှိပါသည် ။
ဖိုးသူတော်(www.phothutaw.com)
Credit:သတင်း / ဓါတ်ပုံ ၊ စည်သူမောင်