‘ဦးေလး သိမ္ထဲ မိန္းမေတြ မဝင္ေကာင္းဘူးလား”

”ဝင္ေကာင္းပါတယ္”

”ႏို႔ ဘာၿဖစ္လို႔ သိမ္ထဲကို မိန္းမေတြ ဝင္ရင္ ေမာင္းထုတ္ၾကရတာလဲ”

”ေမာင္းမထုတ္ပါဘူး”

”အို… ဟုတ္တယ္၊ ကေန႔ဘဲ ေဌးေဌးတို႔ ေမာင္းထုတ္ခံခဲ့ရတယ္၊ မိန္းမၿဖစ္ရတာ သိပ္ေအာက္တန္း က် တာဘဲ၊ ဒါေပမယ့္ေလ မိန္းမလဲလူပါဘဲ”
ေဌးေဌးကား စာေရးသူ၏ တူမေလးၿဖစ္သည္။ မံုရြာၿမိဳ႕ အမွတ္(၂) အ.လ.က၌ (ဂ)တန္းတြင္ ပညာသငၾကားေနသူ ၿဖစ္သည္။ သီတင္းကြၽတ္ ေက်ာင္းပိတ္ရက္တြင္ မိဘမ်ားႏွင့္အတူ စစ္ကိုင္းသို႔ ဘုရားဖူးလိုက္ပါလာခဲ့၏။ ေတာင္ေပၚဘုရားမ်ားကုိ အႏွံ႕ဖူးၿပီး ေခ်ာင္သို႔ၿပန္အေရာက္တြင္ အထက္ပါ အတိုင္း မေက်ႏိုင္မခ်မ္းႏိုင္ၿဖစ္ကာ ေမးလိုက္ၿခင္းပင္ ၿဖစ္သည္။ တစံုတခု ၿဖစ္ခဲ့ၿပီဟု စာေရးသူ ရိပ္စားမိ လိုက္ပါသည္။ ထို႔ေၾကာင့္ ၿဖစ္ေၾကာင္းကုန္စင္ကုိ ေမးၿမန္းၾကည့္ရ၏။ ၿဖစ္ပံုကား ဤသုိ႔တည္း။

နံနက္ေလးနာရီအခ်ိန္ေလာက္မွထ၍ အေစာၾကီးပင္ ေတာင္ေပၚသို႔ တက္သြားၾကသည္။ အရုဏ္မတက္မီပင္ ပရကၠမေခ်ာင္သို႔ေရာက္ၾက၏။ အေရွ႕ပရကၠမ၊ အေနာက္ပရကၠမ ဟု ႏွစ္ေခ်ာင္ရွိရာ ဆရာေတာ္တပါးစီ သီတင္းသံုးၾကသည္။ ထိုဆရာေတာ္မ်ားသည္ ဂူတြင္းေအာင္းလ်က္၄င္း၊ သစ္သီးဆြမ္း -ပဲၿပဳတ္ဆြမ္းတို႔ကိုသာ မွ်တရံုဘုဥ္းေပးလ်က္၄င္း၊ ရဟန္းတရားကုိ အၿပင္းအထန္ အားထုတ္ေနၾကပါသည္။ အရုဏ္တက္ၿပီဆိုလွ်င္ ကမၼ႒ာန္းဂူအတြင္းမွထြက္၍ ဆြမ္းခံေလ့ရွိရာ ထိုဆရာေတာ္မ်ားကုိလည္း ပဲၿပဳတ္ ဆြမ္း ေလာင္းလွဴရန္အတြက္ ဤကဲ့သို႔ အေစာၾကီးေတာင္ေပၚသို႔ တက္ၾကၿခင္းၿဖစ္သည္။ ဆြမ္းေလာင္း လွဴၿပီးေသာအခါ ဆရာေတာ္က သီလေပးသည္။ ဤအခ်ိန္မွတပါး အၿခားအခ်ိန္မ်ားတြင္ လံုးဝ လူေတြ႕မခံၾကေပ။

ေဌးေဌးတို႔ တသိုက္သည္ သီလယူၿပီးေနာက္ အေနာက္ပရကၠမေခ်ာင္တြင္းရွိ သိမ္ထဲသို႔ ဝင္ေရာက္၍ ရုပ္ပြားဆင္းတုေတာ္မ်ားကုိ ဦးခ်ရွိခိုးၾကသည္။ ပါလာသည့္ ဖေယာင္းတိုင္မ်ားကိုလည္း ညႇိထြန္းပူေဇာ္ၾကသည္ဆို၏။ ထိုအခါ ပရကၠမေခ်ာင္ ဆရာေတာ္ၾကီး၏ အလုပ္အေကြၽး ၿဖစ္ဟန္တူေသာ ရဟန္းငယ္ေလးတပါးက ” ဒီအထဲ မိန္းမေတြမဝင္ရဘူး၊ ဒါ သိမ္” ဟု ေၿပာလ်က္ ေဌးေဌးတို႔တသိုက္ကုိ ေမာင္းထုတ္လိုက္ၿခင္း ၿဖစ္သတည္း။

ဒါကုိပင္ အေတးထားခဲ့ေသာ တူမက စာေရးသူကုိ ေမးခြန္းထုတ္ေလေတာ့သည္။ ”မိန္းမၿဖစ္ရတာ သိပ္ေအာက္တန္းက်တာဘဲ၊ ဒါေပမဲ့ေလ မိန္းမလဲလူပါဘဲ” ဟု ေကာက္ခ်က္ခ်လိုက္ေသး၏။ မွန္ပါသည္၊ မိန္းမလဲလူ ေယာက်္ားလဲလူပင္ၿဖစ္သည္။ မိန္းမကၿမတ္သည္၊ ေယာက်္ားကၿမတ္သည္ဟု ခဲြၿခားရန္လည္း အေၾကာင္းမရွိေခ်။ ကိုယ္က်င့္တရားႏွင့္ စိတ္ေနသေဘာထားတို႔၏ ၾကီးမားမြန္ၿမတ္ၿခင္းသာ အဓိက ၿဖစ္ေပသည္။ အဂၢညသုတ္ (သုတ္ပါေထယ် ပါဠိေတာ္) ၌လည္း ဤအတိုင္းပင္ ဗုဒၶၿမတ္စြာ မိန္႔ၾကားခဲ့ပါ သည္။ စာေရးသူသည္ တူမၿဖစ္သူကုိ ေဖ်ာင္းဖ်ႏွစ္သိမ့္ရင္း အမ်ားလည္း ေဝဘန္ေထာက္ရႈႏိုင္ရန္ ဤ”မိန္းမႏွင့္သိမ္” ေဆာင္းပါးကုိ ေရးသားတင္ၿပ လိုက္ရပါသည္။

ပါလိုဠိ ”သီမာ” ကို ၿမန္မာလို ”သိမ္” ဟု သံုးစြဲထားၿခင္း ၿဖစ္၏။ ”သီမာ” သဒၵါသည္ အပိုင္းအၿခားအနက္ကုိ ေဟာ၏။ ”ရဟန္းသံဃာမ်ား ဥပုသ္ ကံ စသည္ၿပဳရန္အတြက္ ပိုင္းၿခား သတ္မွတ္ရာတြင္ ၪတ္-ကမၼဝါစာတို႔ၿဖင့္ ရြတ္ဖတ္၍ သမုတ္(သတ္မွတ္ )ထားေသာ သိမ္ (ဗဒၶသိမ္)၊ ၪတ္-ကမၼဝါစာ တို႔ၿဖင့္ မရြတ္ဖတ္ရဘဲ အလိုလိုပင္ ဥပုသ္ကံ စသည္ၿပဳႏိုင္ေသာသိမ္ (အဗဒၶသိမ္)ဟု ႏွစ္မ်ိဳးရွိေလသည္။ ”ဂါမသိမ္” သည္ အဗဒၶသိမ္မ်ိဳးတြင္ ပါဝင္၏။ သူၾကီးတေယာက္ အခြန္အတုပ္ ေကာက္ယူခြင့္ရွိေသာ အရပ္သည္ (၂-ရြာ ၃-ရြာ ရွိေသာ္လညး္) ဂါမေခတ္ တေခတ္မည္၏။ ထိုဂါမေခတ္နယ္သည္ ရဟန္းအားလံုး စုရံုး၍ ကံၿပဳႏိုင္ေသာ ဂါမသိမ္တမ်ိဳး ၿဖစ္ေလသည္။

ဤသူၾကီးတပိုင္ ဂါမေခတ္(ဂါမသိမ္) အတြင္းဝယ္ လူတို႔သည္ လင္ယူသားေမြး လုပ္ေနၾက၏။ အညစ္ အေၾကးတို႔ကုိလည္း စြန္႔ခ်ေနၾကသည္ မဟုတ္ပါေလာ။ ယင္းသူၾကီးတပိုင္ ဂါမေခတ္(ဂါမသိမ္) အတြင္းဝယ္ ေယာက်္ားေတြခ်ည္းသာ ေနၾကသည္ မဟုတ္ပါေခ်။ ထို႔ေၾကာင့္ သိမ္အတြင္း မိန္းမေတြ မဝင္ရဟု အထင္ေရာက္ေနၿခင္းမွာ လံုးဝ လြဲမွားေနၿခင္းသာၿဖစ္သည္။ ေက်ာင္းတိုက္မ်ားအတြင္းဝယ္ ေက်ာက္တိုင္မ်ား (သီမႏၲရိတ္တိုင္မ်ား) စိုက္၍ သမုတ္ထားေသာ (ဗဒၶ)ခ႑သိမ္မွာလည္း ထိုနည္း¤င္းပင္ ၿဖစ္ပါသည္။ ”သိမ္အတြင္း မိန္းမေတြဝင္လွ်င္ ငရဲၾကီးသည္” ဟု ေၿပာဆိုထင္မွတ္ေနၾကၿခင္းမွာ ပိုလြန္ေနေသာ လြဲမွားမႈသာ ၿဖစ္ေခ်သည္။

ဥပုသ္ကံစေသာ ကံၾကီးကံငယ္ၿပဳရာ၌ ၾကဥ္ဖယ္ထားရမည့္ ပုဂၢဳိလ္(ဝဇၨနိယပုဂၢဳိလ္)မ်ားတြင္ လူဝတ္ေၾကာင္လည္း ပါရွိေလသည္။ လူဝတ္ေၾကာင္ဟု ဆိုရာ၌ မိန္းမသာမက ေယာက်္ားမ်ားလည္း ပါဝင္သည္။ ”သိမ္အတြင္း ကံၿပဳေနခ်ိန္၌ လူဝတ္ေၾကာင္စသည္ မပါဝင္ေစရ၊ ၾကဥ္ဖယ္ထားရမည္” ဆိုေသာ္လည္း သိမ္ထဲတြင္ မဝင္ရဟု တားၿမစ္ထားၿခင္းမ်ိဳးမဟုတ္ေပ။

ကံေဆာင္ေနေသာ ရဟန္း သံဃာေတာ္မ်ားႏွင့္ ဟတၳပါသ္(ႏွစ္ေတာင့္ထြာ) မဆက္စပ္ဘဲ ဟတၳပါသ္(ႏွစ္ေတာင့္ထြာ) လြတ္ရာ အရပ္က ရွိႏိုင္သည္၊ ေနႏိုင္သည္။ ထိုသို႔ရွိေနၿခင္းေၾကာင့္ မည္သည့္ကံမွ် ပ်က္ၿပားမႈမရွိေခ်။ (ေတ ဟတၳပါသေတာ ဗဟိကရဏဝေသန ဝေဇၨတဗၺာ- လူစေသာ ႏွစ္က်ိပ္တေယာက္ေသာ ဝဇၨနိယ ပုဂၢဳိလ္တို႔ကို ႏွစ္ေတာင့္ထြာ ဟတၳပါသ္မွအပ ၿပဳၿခင္းၿဖင္ ့ၾကဥ္ဖယ္ထားရမည္။ ။ ကခၤါဝိတရဏီအ႒ကထာ)။

”ႏွစ္ေတာင့္ထြာ အတြင္းသာ မရွိေစရ” ဟူေသာ မိန္႔မွာခ်က္ကုိ သေဘာမမူဘဲ အခ်ိဳ႕ရဟန္း မ်ားသည္ ရဟန္းခံ(ဥပသမၸကံေဆာင္)ရာ၌ မိန္းမမ်ားကုိသာမက ေယာက်္ားမ်ားကုိပါ မာန္မဲ၍ သိမ္ အတြင္းမွ ေမာင္းထုတ္ တတ္ၾကေလသည္။ ဤသို႔ လူတို႔ကုိ သိမ္အတြင္းမွေမာင္းထုတ္ၿခင္းသည္ စာရွိထက္ ပိုလြန္ၿခင္းသာတည္း-ဟု ဧဝကန္ မွတ္ရေပမည္။ ယင္းသို႔ တတ္ေယာင္ကားၿဖင့္ အခ်ိဳ႕ရဟန္းမ်ား ”လူတတ္-လူစြာ” လုပ္ၿခင္းေၾကာင့္ပင္ ”သိမ္အတြင္း မိန္းမ မဝင္ရ မဝင္ေကာင္း” ဟူေသာ အစဲြသည္ ၿပန္႔ႏွံ႕ေနၿခင္း ၿဖစ္ေပသည္။

လြန္ခဲ့သည့္ သီတင္းကြၽတ္လက စာေရးသူသည္ ၿမဳိ႕သာသို႔ေရာက္ခဲ့သည္။ ၿမိဳ႕သာႏွင့္ ၃-မိုင္ခန္႔ ေဝးေသာ အရပ္တြင္ ”ေရၿမိဳ႕ဘုရား” ဟုေခၚေသာ ေရွးေစတီတဆူရွိပါသည္။ ထိုေစတီ၏လိုဏ္အတြင္းမွ ရုပ္ပြားေတာ္၏ မ်က္လံုးမ်ားသည္ မွိတ္သြားလို႔တဲ့ဟူေသာ သတင္းသည္ အုတ္ေအာ္ေသာင္းနင္း ၿဖစ္လာသည္။ တဆင့္ေၿပာၿဖင့္ မယံုၾကည္ဘဲ ကိုယ္တိုင္ၿမင္သိရမွ ေက်နပ္တတ္ေသာ ဝါသနာေၾကာင့္ သြားေရာက္ဖူးၿမင္ေလ့လာခဲ့ပါသည္။ မ်က္လံုးေတာ္မ်ားကုိ မ်က္ခြန္မ်ားၿဖင့္ဖံုးအုပ္၍မွိတ္သြားၿခင္း၊ ပိတ္သြားၿခင္းမ်ိဳးကား မဟုတ္ပါ။ မ်က္ႏွာေတာ္ႏွင့္ တၿပင္တည္း မ်က္ၿဖဴမ်က္နက္ဝန္းတို႔ကုိပါမခ်န္ပဲ မ်က္ႏွာေတာ္ တခုလံုး ေရႊဘိန္းခ်ၿခင္းသာၿဖစ္ေလသည္။

မည္သို႔ဆိုေစ-မ်က္လံုးေတာ္မ်ား မွိတ္သြားလို႔တဲ့ ဟူေသာ သတင္းေၾကာင့္ စာေရးကဲ့သို႔ပင္ လာေရာက္ ေလ့လာ သူ ဖူးေမွ်ာ္သူေတြမစဲပါ၊ ဤသို႔ဖူးေမွ်ာ္လာရာတြင္ အခ်ိဳ႕ေသာေယာက်္ားမ်ားက ဘုရားလုိဏ္ဂူအတြင္းသို႔ ဝင္၍ ဆီမီးထြန္းညွိၿခင္း၊ ပန္းကပ္ၿခင္းမၿပဳရန္ မိန္းမမ်ားအား တားဆီး ပိတ္ပင္ၾကေလသည္။

စာေရးသူမွာ ၿငိမ္မေနႏိုင္ေတာ့သၿဖင့္ ”မတားဆီးပါနဲ႔၊ သူတို႔လည္း ဘုရားဖူးခ်င္လို႔ လာၾကတာပဲ၊ သူတို႔ၾကိဳက္သလို အားရေက်နပ္ေအာင္ဖူးၾကပါေစ” ဟုေၿပာလိုက္ရေပသည္။ မိိန္းမသား မ်ားကုိ ႏွိမ္ေပါက္ထား၍ ငရဲၾကီးလိမ့္မယ္၊ မိုးၾကိဳးပစ္လိမ့္မယ္ စသည္ၿဖင့္ ေခ်ာက္လွန္႔ၿခင္းမ်ိဳးကား လံုးဝ ႏွစ္ၿမိဳ႕စရာမဟုတ္ေခ်။ ကုသိုလ္ဆႏၵၿဖင့္ ၿပဳရာ၌ မိုးၾကိဳးပစ္ခ်င္ ပစ္စမ္းပါေစ။ ဝံ႔စားေသာသတိၲကိုပင္ ေမြးၿမဴရေပမည္။ ဆင္ၿဖဴေတာ္ကို လွဳဒါန္းလိုေသာ ေဝႆန္မင္းၿမတ္သည္ ”ဆင္ၿဖဴေတာ္လွဴၿခင္းေၾကာင့္ ငါ့ကုိသတ္ခ်င္လည္းသတ္ၾက။

ႏိုင္ငံမွ ႏွင္ထုတ္ခ်င္လည္း ႏွင္ထုတ္ၾက။ မလွဴမဒါန္းပဲကား ငါမေနႏိုင္” ဟု ရဲရဲဝင့္ဝင့္ မိန္႔ၿမြတ္၍ လွဴဒါန္းလိုက္ေလသည္။ ေရႊက်င္ ဆရာေတာ္ဘုရားၾကီးကား ”ဝီေရာ ကုသလကရေဏ-ကုသုိလ္ၿပဳရန္ အခြင့္ၾကံဳလွ်င္ မေၾကာက္မရြံ႕ ေနာက္မတြံ႕ပဲ သက္စြန္႔ၾကိဳးပမ္း ရဲစြမ္းသတၲိရွိသူၿဖစ္ပါေစ-ခလို” ဟုပင္ ဆုေတာင္းခဲ့ေလသည္။

ယေန႔ေခတ္သည္ အေၾကာင္းယုတၲိမတန္ဘဲ ငရဲႏွင့္ေခ်ာက္ စာအုပ္ၾကီးႏွင့္ေပါက္ေန၍ မၿဖစ္ေခ်။ သာသနာေတာ္၌ မၾကည္ညိဳေသးသူတို႔ကုိ ၾကည္ညိဳလာေစရန္၄င္း၊ ၾကည္ညိဳၿပီးသူတို႔ကုိ သဒၶါတရား တိုးပြားေစရန္၄င္း ေၾကာင္းက်ိဳးညႊန္ၿပရေပမည္။ေနရာတကာ၌ အထက္စီးကေနလ်က္ ၾကိမ္း ေမာင္းၿခင္း၊ ေငါက္ငမ္းၿခင္းတို႔ကား စင္စစ္ရိုင္းၿပၿခင္းသာ ၿဖစ္သည္။ အရွိကုိအရွိတိုင္း အမွန္ကုိ အမွန္တိုင္း ဗုဒၶ အလိုေတာ္က် မပိုမလို ေၿပာဆိုၿပဳလုပ္ရန္လည္း အမွန္တကယ္ လိုအပ္ေပသည္။ ထို႔ေၾကာင့္ ကြၽႏု္ပ္တို႔သည္ လူတိုင္းအေပၚ ခ်ိဳသာယဥ္ေက်းစြာ ဆက္ဆံလ်က္ ဗုဒၶညႊန္ၿပခဲ့သည့္ သေဘာတရားေရးရာ၌လည္း ပိုင္ႏိုင္ ထိမိေအာင္ ေလ့လာထားသင့္ေၾကာင္း တင္ၿပလိုက္ရေပသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:အရွင္မေဟာသဓ ပ႑ိတ

ဓမၼဗ်ဴဟာ (အတြဲ ၉၊ အမွတ္ ၉။)

#Unicode Version#

‘ဦးလေး သိမ်ထဲ မိန်းမတွေ မဝင်ကောင်းဘူးလား”

”ဝင်ကောင်းပါတယ်”

”နို့ ဘာဖြစ်လို့ သိမ်ထဲကို မိန်းမတွေ ဝင်ရင် မောင်းထုတ်ကြရတာလဲ”

”မောင်းမထုတ်ပါဘူး”

”အို… ဟုတ်တယ်၊ ကနေ့ဘဲ ဌေးဌေးတို့ မောင်းထုတ်ခံခဲ့ရတယ်၊ မိန်းမဖြစ်ရတာ သိပ်အောက်တန်း ကျ တာဘဲ၊ ဒါပေမယ့်လေ မိန်းမလဲလူပါဘဲ”
ဌေးဌေးကား စာရေးသူ၏ တူမလေးဖြစ်သည်။ မုံရွာမြို့ အမှတ်(၂) အ.လ.က၌ (ဂ)တန်းတွင် ပညာသငကြားနေသူ ဖြစ်သည်။ သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် မိဘများနှင့်အတူ စစ်ကိုင်းသို့ ဘုရားဖူးလိုက်ပါလာခဲ့၏။ တောင်ပေါ်ဘုရားများကို အနှံ့ဖူးပြီး ချောင်သို့ပြန်အရောက်တွင် အထက်ပါ အတိုင်း မကျေနိုင်မချမ်းနိုင်ဖြစ်ကာ မေးလိုက်ခြင်းပင် ဖြစ်သည်။ တစုံတခု ဖြစ်ခဲ့ပြီဟု စာရေးသူ ရိပ်စားမိ လိုက်ပါသည်။ ထို့ကြောင့် ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းကြည့်ရ၏။ ဖြစ်ပုံကား ဤသို့တည်း။

နံနက်လေးနာရီအချိန်လောက်မှထ၍ အစောကြီးပင် တောင်ပေါ်သို့ တက်သွားကြသည်။ အရုဏ်မတက်မီပင် ပရက္ကမချောင်သို့ရောက်ကြ၏။ အရှေ့ပရက္ကမ၊ အနောက်ပရက္ကမ ဟု နှစ်ချောင်ရှိရာ ဆရာတော်တပါးစီ သီတင်းသုံးကြသည်။ ထိုဆရာတော်များသည် ဂူတွင်းအောင်းလျက်၎င်း၊ သစ်သီးဆွမ်း -ပဲပြုတ်ဆွမ်းတို့ကိုသာ မျှတရုံဘုဉ်းပေးလျက်၎င်း၊ ရဟန်းတရားကို အပြင်းအထန် အားထုတ်နေကြပါသည်။ အရုဏ်တက်ပြီဆိုလျှင် ကမ္မဋ္ဌာန်းဂူအတွင်းမှထွက်၍ ဆွမ်းခံလေ့ရှိရာ ထိုဆရာတော်များကိုလည်း ပဲပြုတ် ဆွမ်း လောင်းလှူရန်အတွက် ဤကဲ့သို့ အစောကြီးတောင်ပေါ်သို့ တက်ကြခြင်းဖြစ်သည်။ ဆွမ်းလောင်း လှူပြီးသောအခါ ဆရာတော်က သီလပေးသည်။ ဤအချိန်မှတပါး အခြားအချိန်များတွင် လုံးဝ လူတွေ့မခံကြပေ။

ဌေးဌေးတို့ တသိုက်သည် သီလယူပြီးနောက် အနောက်ပရက္ကမချောင်တွင်းရှိ သိမ်ထဲသို့ ဝင်ရောက်၍ ရုပ်ပွားဆင်းတုတော်များကို ဦးချရှိခိုးကြသည်။ ပါလာသည့် ဖယောင်းတိုင်များကိုလည်း ညှိထွန်းပူဇော်ကြသည်ဆို၏။ ထိုအခါ ပရက္ကမချောင် ဆရာတော်ကြီး၏ အလုပ်အကျွေး ဖြစ်ဟန်တူသော ရဟန်းငယ်လေးတပါးက ” ဒီအထဲ မိန်းမတွေမဝင်ရဘူး၊ ဒါ သိမ်” ဟု ပြောလျက် ဌေးဌေးတို့တသိုက်ကို မောင်းထုတ်လိုက်ခြင်း ဖြစ်သတည်း။

ဒါကိုပင် အတေးထားခဲ့သော တူမက စာရေးသူကို မေးခွန်းထုတ်လေတော့သည်။ ”မိန်းမဖြစ်ရတာ သိပ်အောက်တန်းကျတာဘဲ၊ ဒါပေမဲ့လေ မိန်းမလဲလူပါဘဲ” ဟု ကောက်ချက်ချလိုက်သေး၏။ မှန်ပါသည်၊ မိန်းမလဲလူ ယောကျ်ားလဲလူပင်ဖြစ်သည်။ မိန်းမကမြတ်သည်၊ ယောကျ်ားကမြတ်သည်ဟု ခွဲခြားရန်လည်း အကြောင်းမရှိချေ။ ကိုယ်ကျင့်တရားနှင့် စိတ်နေသဘောထားတို့၏ ကြီးမားမွန်မြတ်ခြင်းသာ အဓိက ဖြစ်ပေသည်။ အဂ္ဂညသုတ် (သုတ်ပါထေယျ ပါဠိတော်) ၌လည်း ဤအတိုင်းပင် ဗုဒ္ဓမြတ်စွာ မိန့်ကြားခဲ့ပါ သည်။ စာရေးသူသည် တူမဖြစ်သူကို ဖျောင်းဖျနှစ်သိမ့်ရင်း အများလည်း ဝေဘန်ထောက်ရှုနိုင်ရန် ဤ”မိန်းမနှင့်သိမ်” ဆောင်းပါးကို ရေးသားတင်ပြ လိုက်ရပါသည်။

ပါလိုဠိ ”သီမာ” ကို မြန်မာလို ”သိမ်” ဟု သုံးစွဲထားခြင်း ဖြစ်၏။ ”သီမာ” သဒ္ဒါသည် အပိုင်းအခြားအနက်ကို ဟော၏။ ”ရဟန်းသံဃာများ ဥပုသ် ကံ စသည်ပြုရန်အတွက် ပိုင်းခြား သတ်မှတ်ရာတွင် ဉတ်-ကမ္မဝါစာတို့ဖြင့် ရွတ်ဖတ်၍ သမုတ်(သတ်မှတ် )ထားသော သိမ် (ဗဒ္ဓသိမ်)၊ ဉတ်-ကမ္မဝါစာ တို့ဖြင့် မရွတ်ဖတ်ရဘဲ အလိုလိုပင် ဥပုသ်ကံ စသည်ပြုနိုင်သောသိမ် (အဗဒ္ဓသိမ်)ဟု နှစ်မျိုးရှိလေသည်။ ”ဂါမသိမ်” သည် အဗဒ္ဓသိမ်မျိုးတွင် ပါဝင်၏။ သူကြီးတယောက် အခွန်အတုပ် ကောက်ယူခွင့်ရှိသော အရပ်သည် (၂-ရွာ ၃-ရွာ ရှိသော်လည်း) ဂါမခေတ် တခေတ်မည်၏။ ထိုဂါမခေတ်နယ်သည် ရဟန်းအားလုံး စုရုံး၍ ကံပြုနိုင်သော ဂါမသိမ်တမျိုး ဖြစ်လေသည်။

ဤသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် လူတို့သည် လင်ယူသားမွေး လုပ်နေကြ၏။ အညစ် အကြေးတို့ကိုလည်း စွန့်ချနေကြသည် မဟုတ်ပါလော။ ယင်းသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် ယောကျ်ားတွေချည်းသာ နေကြသည် မဟုတ်ပါချေ။ ထို့ကြောင့် သိမ်အတွင်း မိန်းမတွေ မဝင်ရဟု အထင်ရောက်နေခြင်းမှာ လုံးဝ လွဲမှားနေခြင်းသာဖြစ်သည်။ ကျောင်းတိုက်များအတွင်းဝယ် ကျောက်တိုင်များ (သီမန္တရိတ်တိုင်များ) စိုက်၍ သမုတ်ထားသော (ဗဒ္ဓ)ခဏ္ဍသိမ်မှာလည်း ထိုနည်း¤င်းပင် ဖြစ်ပါသည်။ ”သိမ်အတွင်း မိန်းမတွေဝင်လျှင် ငရဲကြီးသည်” ဟု ပြောဆိုထင်မှတ်နေကြခြင်းမှာ ပိုလွန်နေသော လွဲမှားမှုသာ ဖြစ်ချေသည်။

ဥပုသ်ကံစသော ကံကြီးကံငယ်ပြုရာ၌ ကြဉ်ဖယ်ထားရမည့် ပုဂ္ဂိုလ်(ဝဇ္ဇနိယပုဂ္ဂိုလ်)များတွင် လူဝတ်ကြောင်လည်း ပါရှိလေသည်။ လူဝတ်ကြောင်ဟု ဆိုရာ၌ မိန်းမသာမက ယောကျ်ားများလည်း ပါဝင်သည်။ ”သိမ်အတွင်း ကံပြုနေချိန်၌ လူဝတ်ကြောင်စသည် မပါဝင်စေရ၊ ကြဉ်ဖယ်ထားရမည်” ဆိုသော်လည်း သိမ်ထဲတွင် မဝင်ရဟု တားမြစ်ထားခြင်းမျိုးမဟုတ်ပေ။

ကံဆောင်နေသော ရဟန်း သံဃာတော်များနှင့် ဟတ္ထပါသ်(နှစ်တောင့်ထွာ) မဆက်စပ်ဘဲ ဟတ္ထပါသ်(နှစ်တောင့်ထွာ) လွတ်ရာ အရပ်က ရှိနိုင်သည်၊ နေနိုင်သည်။ ထိုသို့ရှိနေခြင်းကြောင့် မည်သည့်ကံမျှ ပျက်ပြားမှုမရှိချေ။ (တေ ဟတ္ထပါသတော ဗဟိကရဏဝသေန ဝဇ္ဇေတဗ္ဗာ- လူစသော နှစ်ကျိပ်တယောက်သော ဝဇ္ဇနိယ ပုဂ္ဂိုလ်တို့ကို နှစ်တောင့်ထွာ ဟတ္ထပါသ်မှအပ ပြုခြင်းဖြင့်ကြဉ်ဖယ်ထားရမည်။ ။ ကင်္ခါဝိတရဏီအဋ္ဌကထာ)။

”နှစ်တောင့်ထွာ အတွင်းသာ မရှိစေရ” ဟူသော မိန့်မှာချက်ကို သဘောမမူဘဲ အချို့ရဟန်း များသည် ရဟန်းခံ(ဥပသမ္ပကံဆောင်)ရာ၌ မိန်းမများကိုသာမက ယောကျ်ားများကိုပါ မာန်မဲ၍ သိမ် အတွင်းမှ မောင်းထုတ် တတ်ကြလေသည်။ ဤသို့ လူတို့ကို သိမ်အတွင်းမှမောင်းထုတ်ခြင်းသည် စာရှိထက် ပိုလွန်ခြင်းသာတည်း-ဟု ဧဝကန် မှတ်ရပေမည်။ ယင်းသို့ တတ်ယောင်ကားဖြင့် အချို့ရဟန်းများ ”လူတတ်-လူစွာ” လုပ်ခြင်းကြောင့်ပင် ”သိမ်အတွင်း မိန်းမ မဝင်ရ မဝင်ကောင်း” ဟူသော အစွဲသည် ပြန့်နှံ့နေခြင်း ဖြစ်ပေသည်။

လွန်ခဲ့သည့် သီတင်းကျွတ်လက စာရေးသူသည် မြို့သာသို့ရောက်ခဲ့သည်။ မြို့သာနှင့် ၃-မိုင်ခန့် ဝေးသော အရပ်တွင် ”ရေမြို့ဘုရား” ဟုခေါ်သော ရှေးစေတီတဆူရှိပါသည်။ ထိုစေတီ၏လိုဏ်အတွင်းမှ ရုပ်ပွားတော်၏ မျက်လုံးများသည် မှိတ်သွားလို့တဲ့ဟူသော သတင်းသည် အုတ်အော်သောင်းနင်း ဖြစ်လာသည်။ တဆင့်ပြောဖြင့် မယုံကြည်ဘဲ ကိုယ်တိုင်မြင်သိရမှ ကျေနပ်တတ်သော ဝါသနာကြောင့် သွားရောက်ဖူးမြင်လေ့လာခဲ့ပါသည်။ မျက်လုံးတော်များကို မျက်ခွန်များဖြင့်ဖုံးအုပ်၍မှိတ်သွားခြင်း၊ ပိတ်သွားခြင်းမျိုးကား မဟုတ်ပါ။ မျက်နှာတော်နှင့် တပြင်တည်း မျက်ဖြူမျက်နက်ဝန်းတို့ကိုပါမချန်ပဲ မျက်နှာတော် တခုလုံး ရွှေဘိန်းချခြင်းသာဖြစ်လေသည်။

မည်သို့ဆိုစေ-မျက်လုံးတော်များ မှိတ်သွားလို့တဲ့ ဟူသော သတင်းကြောင့် စာရေးကဲ့သို့ပင် လာရောက် လေ့လာ သူ ဖူးမျှော်သူတွေမစဲပါ၊ ဤသို့ဖူးမျှော်လာရာတွင် အချို့သောယောကျ်ားများက ဘုရားလိုဏ်ဂူအတွင်းသို့ ဝင်၍ ဆီမီးထွန်းညှိခြင်း၊ ပန်းကပ်ခြင်းမပြုရန် မိန်းမများအား တားဆီး ပိတ်ပင်ကြလေသည်။

စာရေးသူမှာ ငြိမ်မနေနိုင်တော့သဖြင့် ”မတားဆီးပါနဲ့၊ သူတို့လည်း ဘုရားဖူးချင်လို့ လာကြတာပဲ၊ သူတို့ကြိုက်သလို အားရကျေနပ်အောင်ဖူးကြပါစေ” ဟုပြောလိုက်ရပေသည်။ မိန်းမသား များကို နှိမ်ပေါက်ထား၍ ငရဲကြီးလိမ့်မယ်၊ မိုးကြိုးပစ်လိမ့်မယ် စသည်ဖြင့် ချောက်လှန့်ခြင်းမျိုးကား လုံးဝ နှစ်မြို့စရာမဟုတ်ချေ။ ကုသိုလ်ဆန္ဒဖြင့် ပြုရာ၌ မိုးကြိုးပစ်ချင် ပစ်စမ်းပါစေ။ ဝံ့စားသောသတ္တိကိုပင် မွေးမြူရပေမည်။ ဆင်ဖြူတော်ကို လှုဒါန်းလိုသော ဝေဿန်မင်းမြတ်သည် ”ဆင်ဖြူတော်လှူခြင်းကြောင့် ငါ့ကိုသတ်ချင်လည်းသတ်ကြ။

နိုင်ငံမှ နှင်ထုတ်ချင်လည်း နှင်ထုတ်ကြ။ မလှူမဒါန်းပဲကား ငါမနေနိုင်” ဟု ရဲရဲဝင့်ဝင့် မိန့်မြွတ်၍ လှူဒါန်းလိုက်လေသည်။ ရွှေကျင် ဆရာတော်ဘုရားကြီးကား ”ဝီရော ကုသလကရဏေ-ကုသိုလ်ပြုရန် အခွင့်ကြုံလျှင် မကြောက်မရွံ့ နောက်မတွံ့ပဲ သက်စွန့်ကြိုးပမ်း ရဲစွမ်းသတ္တိရှိသူဖြစ်ပါစေ-ခလို” ဟုပင် ဆုတောင်းခဲ့လေသည်။

ယနေ့ခေတ်သည် အကြောင်းယုတ္တိမတန်ဘဲ ငရဲနှင့်ချောက် စာအုပ်ကြီးနှင့်ပေါက်နေ၍ မဖြစ်ချေ။ သာသနာတော်၌ မကြည်ညိုသေးသူတို့ကို ကြည်ညိုလာစေရန်၎င်း၊ ကြည်ညိုပြီးသူတို့ကို သဒ္ဓါတရား တိုးပွားစေရန်၎င်း ကြောင်းကျိုးညွှန်ပြရပေမည်။နေရာတကာ၌ အထက်စီးကနေလျက် ကြိမ်း မောင်းခြင်း၊ ငေါက်ငမ်းခြင်းတို့ကား စင်စစ်ရိုင်းပြခြင်းသာ ဖြစ်သည်။ အရှိကိုအရှိတိုင်း အမှန်ကို အမှန်တိုင်း ဗုဒ္ဓ အလိုတော်ကျ မပိုမလို ပြောဆိုပြုလုပ်ရန်လည်း အမှန်တကယ် လိုအပ်ပေသည်။ ထို့ကြောင့် ကျွနု်ပ်တို့သည် လူတိုင်းအပေါ် ချိုသာယဉ်ကျေးစွာ ဆက်ဆံလျက် ဗုဒ္ဓညွှန်ပြခဲ့သည့် သဘောတရားရေးရာ၌လည်း ပိုင်နိုင် ထိမိအောင် လေ့လာထားသင့်ကြောင်း တင်ပြလိုက်ရပေသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:အရှင်မဟောသဓ ပဏ္ဍိတ

ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ် ၉။)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top