မိတ္ကပ္ ညီညီေမာင္ (စမ္းေခ်ာင္း) ကေတာ့ အခ်စ္ေရးမွာ ေနာက္ထပ္တစ္ၾကိမ္ ကံေကာင္းသြားျပန္ပါျပီ။ ဇြန္ေဝယံနဲ႔ သတင္းေတြ ထြက္ေနေပမဲ့ အခ်ိန္တန္ရင္ ပရိသတ္ဆီ အသိေပးမယ္ဆိုတဲ့ သုသုက တကယ္ၾကီးကို အလင္းျပလိုက္ပါျပီ။

ခ်စ္သူက အရမ္းခ်စ္တတ္လို႔ ဖုန္း ခဏခဏ ဆက္တယ္ဆိုျပီး တင္ထားတာေၾကာင့္ ပရိသတ္ေတြက တကယ္လားဆိုတာ သိခ်င္ၾကပါတယ္။ စႏၵီျမင့္လြင္ မဂၤလာေဆာင္မွာ သတို႔သမီး ပစ္လိုက္တဲ့ ပန္းစည္းကို လက္ေဆာင္ရခဲ့တဲ့ သုသုတစ္ေယာက္ အိမ္မက္ေတြ တကယ္ျဖစ္လာျပီလား ဆိုတာကိုေတာ့ ခုလို သိရပါတယ္။

“အားမက်ပါနဲ႔။ အသီးလြန္ေနတဲ့ အသီးၾကီး သီးေနတယ္လို႔ပဲ မွတ္လိုက္ပါေတာ့။ ေလာေလာဆယ္ ေပ်ာ္ရတာေပါ့။ စိတ္ခ်မ္းသာပါတယ္။” လို႔ ဆိုပါတယ္။



ဖုန္းဆက္တယ္ ဆိုတာက ရြဲ႕ျပီး ေရးထားတာ ျဖစ္ေၾကာင္း သုသုက ခုလို ေျပာပါတယ္။“ဆက္ပါတယ္။ သူလည္း တစ္ေန႔တစ္ခါေလာက္ ဆက္တယ္။ ဒါေပမဲ့ ကိုယ္ကက်ေတာ့ အလုပ္လုပ္ေနလည္း ဆက္ေစခ်င္တာေပါ့ေနာ္။ အာ့ေၾကာင့္ သူ႔ကို ရြဲ႕တာ။ ကိုယ္က နဂိုတည္းက ဂ်ပန္မူလီဆိုေတာ့ ရစ္ရမွ။” ဆိုျပီး ေျပာျပပါတယ္။

တစ္ေယာက္ကို တစ္ေယာက္ ခ်စ္ရတဲ့ အခ်စ္ေရးျဖစ္ေၾကာင္း သုသုက ခုလို ၾကြားသြားပါတယ္။“ဘယ္သူနဲ႔ပဲ တြဲတြဲ ေအးခ်မ္းတဲ့ ဘဝေလးကို လိုခ်င္ပါတယ္။ ဒါေပမဲ့ ကံအေၾကာင္း မေကာင္းလို႔ ခဏခဏ ျပတ္တယ္။

အဲ့ဒါေၾကာင့္ အေကာင္းဆံုး ျပင္ဆင္ထားတယ္။ တည္တည္ျငိမ္ျငိမ္ေလးေတာ့ ျဖစ္ခ်င္ပါျပီ။ ကိုယ့္အရြယ္ေတြဆိုရင္ အိမ္ေထာင္ေတြက်လို႔ ကေလးေတြ ေမြးေနၾကျပီေလ။ ကိုယ္ကသာ မိန္းမလွ်ာ ျဖစ္ေနလို႔။



အရင္တုန္းကေတာ့ ကိုယ္က လိုက္ခ်စ္ရတာမ်ားတယ္။ အခုကေတာ့ ႏွစ္ေယာက္စလံုး တစ္ေယာက္နဲ႔ တစ္ေယာက္ခ်စ္တယ္။ သူ႕စိတ္ကို အမ်ားၾကီး ျမင္လို႔ရတာ မဟုတ္ေတာ့ အမ်ားၾကီး ေျပာလို႔ မရဘူး။ ကိုယ္က အလုပ္နဲ႔ဆိုေတာ့ အျပင္မွာ အမ်ားၾကီးလည္း ေရြးခ်ယ္ပုိင္ခြင့္ မရွိဘူးဆိုေတာ့ အဲ့လိုမ်ိဳးေလး ဆိုရင္ စိတ္ခ်မ္းသာတယ္လို႔ ခံစားရတယ္။” ဆိုျပီး ေျပာသြားတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #



မိတ်ကပ် ညီညီမောင် (စမ်းချောင်း) ကတော့ အချစ်ရေးမှာ နောက်ထပ်တစ်ကြိမ် ကံကောင်းသွားပြန်ပါပြီ။ ဇွန်ဝေယံနဲ့ သတင်းတွေ ထွက်နေပေမဲ့ အချိန်တန်ရင် ပရိသတ်ဆီ အသိပေးမယ်ဆိုတဲ့ သုသုက တကယ်ကြီးကို အလင်းပြလိုက်ပါပြီ။

ချစ်သူက အရမ်းချစ်တတ်လို့ ဖုန်း ခဏခဏ ဆက်တယ်ဆိုပြီး တင်ထားတာကြောင့် ပရိသတ်တွေက တကယ်လားဆိုတာ သိချင်ကြပါတယ်။ စန္ဒီမြင့်လွင် မင်္ဂလာဆောင်မှာ သတို့သမီး ပစ်လိုက်တဲ့ ပန်းစည်းကို လက်ဆောင်ရခဲ့တဲ့ သုသုတစ်ယောက် အိမ်မက်တွေ တကယ်ဖြစ်လာပြီလား ဆိုတာကိုတော့ ခုလို သိရပါတယ်။

“အားမကျပါနဲ့။ အသီးလွန်နေတဲ့ အသီးကြီး သီးနေတယ်လို့ပဲ မှတ်လိုက်ပါတော့။ လောလောဆယ် ပျော်ရတာပေါ့။ စိတ်ချမ်းသာပါတယ်။” လို့ ဆိုပါတယ်။



ဖုန်းဆက်တယ် ဆိုတာက ရွဲ့ပြီး ရေးထားတာ ဖြစ်ကြောင်း သုသုက ခုလို ပြောပါတယ်။“ဆက်ပါတယ်။ သူလည်း တစ်နေ့တစ်ခါလောက် ဆက်တယ်။ ဒါပေမဲ့ ကိုယ်ကကျတော့ အလုပ်လုပ်နေလည်း ဆက်စေချင်တာပေါ့နော်။ အာ့ကြောင့် သူ့ကို ရွဲ့တာ။ ကိုယ်က နဂိုတည်းက ဂျပန်မူလီဆိုတော့ ရစ်ရမှ။” ဆိုပြီး ပြောပြပါတယ်။

တစ်ယောက်ကို တစ်ယောက် ချစ်ရတဲ့ အချစ်ရေးဖြစ်ကြောင်း သုသုက ခုလို ကြွားသွားပါတယ်။“ဘယ်သူနဲ့ပဲ တွဲတွဲ အေးချမ်းတဲ့ ဘဝလေးကို လိုချင်ပါတယ်။ ဒါပေမဲ့ ကံအကြောင်း မကောင်းလို့ ခဏခဏ ပြတ်တယ်။

အဲ့ဒါကြောင့် အကောင်းဆုံး ပြင်ဆင်ထားတယ်။ တည်တည်ငြိမ်ငြိမ်လေးတော့ ဖြစ်ချင်ပါပြီ။ ကိုယ့်အရွယ်တွေဆိုရင် အိမ်ထောင်တွေကျလို့ ကလေးတွေ မွေးနေကြပြီလေ။ ကိုယ်ကသာ မိန်းမလျှာ ဖြစ်နေလို့။

အရင်တုန်းကတော့ ကိုယ်က လိုက်ချစ်ရတာများတယ်။ အခုကတော့ နှစ်ယောက်စလုံး တစ်ယောက်နဲ့ တစ်ယောက်ချစ်တယ်။ သူ့စိတ်ကို အများကြီး မြင်လို့ရတာ မဟုတ်တော့ အများကြီး ပြောလို့ မရဘူး။ ကိုယ်က အလုပ်နဲ့ဆိုတော့ အပြင်မှာ အများကြီးလည်း ရွေးချယ်ပိုင်ခွင့် မရှိဘူးဆိုတော့ အဲ့လိုမျိုးလေး ဆိုရင် စိတ်ချမ်းသာတယ်လို့ ခံစားရတယ်။” ဆိုပြီး ပြောသွားတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top