အခုလိုတုပ္ေကြးရာသီမွာ ကိုယ္ခံအားကိုလည္းေကာင္းမြန္ေစတဲ႔၊ အသည္းနဲ႔ ကလီစာေတြကိုလည္း သန္႕စင္ေစတဲ႔၊ အရသာလည္းရွိတဲ႔ (တစ္ခ်က္ခုတ္ (၃) ခ်က္ျပတ္) ေဖ်ာ္ရည္ေလးတစ္မ်ိဳးကို ေသာက္လိုက္ရမယ္ဆိုရင္ အတိုင္းထက္အလြန္ပဲေပါ႔။ အဲဒီေဖ်ာ္ရည္ေလးကေတာ႔ ပန္းသီးရွာလကာ သံပရာရည္ေလးပဲျဖစ္ပါတယ္။

ပန္းသီးရွာလကာရည္ (apple cider vinegar) နဲ႔ သံပရာရည္ကို ေပါင္းစပ္ထားျခင္းက ကိုယ္တြင္းကလီစာေတြကို သန္႕စင္ေစၿပီး ကိုယ္ခံအားစနစ္ကို တိုးတက္ေစတဲ႔ ေဖ်ာ္ရည္ေလးတစ္မ်ိဳးျဖစ္ပါတယ္။ ပန္းသီး ရွာလကာရည္မွာ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ရွင္းလင္းေပးႏိုင္တဲ႔အစြမ္းသတၱိရွိၿပီး အသည္းနဲ႔ ေသြးျဖဴဥဆဲလ္ေတြကိုလည္း သန္႔ရွင္းေပးႏိုင္ပါတယ္။

သံပရာရည္ကေတာ႔ အားလံုးသိထားၾကတဲ႔အတိုင္း ဗိုက္တာမင္ စီ ၾကြယ္ဝတဲ႔အရာတစ္မ်ိဳးျဖစ္ပါတယ္။ ဗိုက္တာမင္ စီဟာ အေအးမိျခင္း၊ ေခ်ာင္းဆိုးျခင္းနဲ႔ တုပ္ေကြးအေပ်ာ႔စားတို႔ကို တိုက္ဖ်က္ႏိုင္ၿပီး ကိုယ္ခံအားကို ျမွင္႔တင္ေပးႏိုင္တဲ႔ ဗိုက္တာမင္တစ္မ်ိဳးျဖစ္ပါတယ္။ ေနာက္ၿပီး သံပရာရည္ထဲက စစ္ထရစ္ (citric acid) က အသည္းရဲ႕လုပ္ေဆာင္မႈေတြကို ပိုမိုေကာင္းမြြန္ေစလို႔ ကိုယ္တြင္းအဆိပ္အေတာက္ေတြကို ရွင္းလင္းရာမွာလည္း အေထာက္အကူျဖစ္ေစပါတယ္။

ေနာက္တစ္ခုကေတာ႔ ဒီေဖ်ာ္ရည္ေလးဟာ ေသြးကိုသန္႕ရွင္းေစတဲ႔အတြက္ အေရျပားေပၚက ဝက္ျခံေတြ၊ အေရျပား ကူးစက္ေရာဂါေတြကိုလည္း ရွင္းလင္းေစပါတယ္။ ေနာက္ၿပီး ပရိုတိန္းအသံုးျပဳျခင္းနဲ႔ ဇီဝကမၼ လုပ္ေဆာင္မႈေတြကို ျမင္႔တက္ေစတဲ႔အတြက္ ကိုယ္အေလးခ်ိန္ကိုလည္း က်ဆင္းေစပါတယ္။ ဒါ႔အျပင္ ဒီေဖ်ာ္ရည္ထဲမွာပါဝင္တဲ႔ သံဓာတ္၊ ကယ္လ္ဆီယမ္၊ မဂၢနီစီယမ္၊ ဆိုဒီယမ္၊ ေကာ႔ပါး၊ ေဖာ႔စ္ဖရက္စ္၊ မဂၢနီးစ္၊ ပိုတက္စီယမ္တို႔ဟာလည္း ကိုယ္ခံအားအတြက္ လိုအပ္တဲ႔ ဓာတ္ေတြပါပဲ။

HealthyWithNeda-0162

အေကာင္းဆံုးအပိုင္းကေတာ႔ ကိုယ္ခံအားေကာင္းမြန္ေစဖို႔ ဗိုက္တာမင္ စီကို supplement ဝယ္ေသာက္စရာမလိုေတာ႔တာပါပဲ။ ကူးစက္ေရာဂါေတြကို တိုက္ဖ်က္ၿပီး ကိုယ္ခံအားကိုလည္း ေကာင္းမြန္ေစတဲ႔ ဗိုက္တာမင္ စီကို ဒီေဖ်ာ္ရည္တစ္ခြက္ေသာက္ရံုနဲ႔ ရရွိႏိုင္ပါတယ္။

ဒီေဖ်ာ္ရည္ေသာက္ျခင္းျဖင္႔ ရရွိလာမယ္႔ အက်ိဳးေက်းဇူးေတြကေတာ႔... ကိုယ္အေလးခ်ိန္က်ဆင္းေစမယ္။ ကိုယ္တြင္းအဆိပ္အေတာက္ေတြကို ရွင္းလင္းေစမယ္။ အသည္းကို သန္႕ရွင္းေပးတယ္။ ကိုယ္ခံအားစနစ္ကို ပိုိမိုေကာင္းမြန္ေစတယ္။

ျပဳလုပ္နည္း

ပါဝင္ပစၥည္းေတြကေတာ႔ ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း (၂) ဇြန္းစာ၊ သံပရာရည္ လက္ဖက္ရည္ဇြန္း (၂) ဇြန္းစာ၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း (၁) ဇြန္းစာနဲ႔ ေရတစ္ဖန္ခြက္တို႔ ျဖစ္ပါတယ္။

အရင္ဆံုး ပန္းသီးရွာလကာရည္ (apple cider vinegar) ရယ္၊ သံပရာရည္ လတ္လတ္ဆတ္ဆတ္ရယ္၊ ေအာ္ဂဲနစ္ပ်ားရည္ရယ္ကို ေရတစ္ခြက္ထဲမွာ ေရာထည္႔လိုက္ပါ။ ၿပီးရင္ ပါဝင္ပစၥည္းအားလံုးကို ေကာင္းေကာင္းသမသြားေအာင္ ေရာေမႊလိုက္ပါ။ မနက္တိုင္း ဒီေဖ်ာ္ရည္ေလးကို မနက္စာမစားခင္ အစာအိမ္ေဟာင္းေလာင္းျဖစ္ေနခ်ိန္မွာ ေသာက္ေပးပါ။

ဒီေဖ်ာ္ရည္ေလးဟာ သဘာဝ detox water တစ္မ်ိဳးျဖစ္သလို ကလီစာေတြကိုသန္႕စင္ေစတဲ႔ smoothie ေဖ်ာ္ရည္တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ပန္းသီးရွာလကာရည္၊ သံပရာသီးနဲ႔ ပ်ားရည္တို႔ရဲ႕ ေကာင္းကြက္ အားလံုးကို ေပါင္းစပ္ထားတဲ႔အတြက္ တုပ္ေကြးရာသီမွာ ကိုယ္ခံအားေကာင္းခ်င္သူေတြအတြက္ေတာ႔ အသင္႔ေတာ္ဆံုးပါပဲ။ အဲဒီမွာ တစ္ခ်က္သတိျပဳရမွာက ပါဝင္ပစၥည္းေရြးခ်ယ္ရာမွာ လတ္ဆတ္ၿပီး ေအာ္ဂဲနစ္ ျဖစ္တဲ႔ ပါဝင္ပစၥည္းေတြကို ဦးစားေပးေရြးခ်ယ္သင္႔ပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DIYremedies

#Unicode Version# ျဖင့္ဖတ္ပါ ။

အခုလိုတုပ်ကွေးရာသီမှာ ကိုယ်ခံအားကိုလည်းကောင်းမွန်စေတဲ့၊ အသည်းနဲ့ ကလီစာတွေကိုလည်း သန့်စင်စေတဲ့၊ အရသာလည်းရှိတဲ့ (တစ်ချက်ခုတ် (၃) ချက်ပြတ်) ဖျော်ရည်လေးတစ်မျိုးကို သောက်လိုက်ရမယ်ဆိုရင် အတိုင်းထက်အလွန်ပဲပေါ့။ အဲဒီဖျော်ရည်လေးကတော့ ပန်းသီးရှာလကာ သံပရာရည်လေးပဲဖြစ်ပါတယ်။

ပန်းသီးရှာလကာရည် (apple cider vinegar) နဲ့ သံပရာရည်ကို ပေါင်းစပ်ထားခြင်းက ကိုယ်တွင်းကလီစာတွေကို သန့်စင်စေပြီး ကိုယ်ခံအားစနစ်ကို တိုးတက်စေတဲ့ ဖျော်ရည်လေးတစ်မျိုးဖြစ်ပါတယ်။ ပန်းသီး ရှာလကာရည်မှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းလင်းပေးနိုင်တဲ့အစွမ်းသတ္တိရှိပြီး အသည်းနဲ့ သွေးဖြူဥဆဲလ်တွေကိုလည်း သန့်ရှင်းပေးနိုင်ပါတယ်။

သံပရာရည်ကတော့ အားလုံးသိထားကြတဲ့အတိုင်း ဗိုက်တာမင် စီ ကြွယ်ဝတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဗိုက်တာမင် စီဟာ အအေးမိခြင်း၊ ချောင်းဆိုးခြင်းနဲ့ တုပ်ကွေးအပျော့စားတို့ကို တိုက်ဖျက်နိုင်ပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဗိုက်တာမင်တစ်မျိုးဖြစ်ပါတယ်။ နောက်ပြီး သံပရာရည်ထဲက စစ်ထရစ် (citric acid) က အသည်းရဲ့လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေလို့ ကိုယ်တွင်းအဆိပ်အတောက်တွေကို ရှင်းလင်းရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။

နောက်တစ်ခုကတော့ ဒီဖျော်ရည်လေးဟာ သွေးကိုသန့်ရှင်းစေတဲ့အတွက် အရေပြားပေါ်က ဝက်ခြံတွေ၊ အရေပြား ကူးစက်ရောဂါတွေကိုလည်း ရှင်းလင်းစေပါတယ်။ နောက်ပြီး ပရိုတိန်းအသုံးပြုခြင်းနဲ့ ဇီဝကမ္မ လုပ်ဆောင်မှုတွေကို မြင့်တက်စေတဲ့အတွက် ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။ ဒါ့အပြင် ဒီဖျော်ရည်ထဲမှာပါဝင်တဲ့ သံဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ကော့ပါး၊ ဖော့စ်ဖရက်စ်၊ မဂ္ဂနီးစ်၊ ပိုတက်စီယမ်တို့ဟာလည်း ကိုယ်ခံအားအတွက် လိုအပ်တဲ့ ဓာတ်တွေပါပဲ။

HealthyWithNeda-0162

အကောင်းဆုံးအပိုင်းကတော့ ကိုယ်ခံအားကောင်းမွန်စေဖို့ ဗိုက်တာမင် စီကို supplement ဝယ်သောက်စရာမလိုတော့တာပါပဲ။ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပြီး ကိုယ်ခံအားကိုလည်း ကောင်းမွန်စေတဲ့ ဗိုက်တာမင် စီကို ဒီဖျော်ရည်တစ်ခွက်သောက်ရုံနဲ့ ရရှိနိုင်ပါတယ်။

ဒီဖျော်ရည်သောက်ခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကတော့... ကိုယ်အလေးချိန်ကျဆင်းစေမယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေကို ရှင်းလင်းစေမယ်။ အသည်းကို သန့်ရှင်းပေးတယ်။ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေတယ်။

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကတော့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာ၊ သံပရာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာ၊ ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာနဲ့ ရေတစ်ဖန်ခွက်တို့ ဖြစ်ပါတယ်။

အရင်ဆုံး ပန်းသီးရှာလကာရည် (apple cider vinegar) ရယ်၊ သံပရာရည် လတ်လတ်ဆတ်ဆတ်ရယ်၊ အော်ဂဲနစ်ပျားရည်ရယ်ကို ရေတစ်ခွက်ထဲမှာ ရောထည့်လိုက်ပါ။ ပြီးရင် ပါဝင်ပစ္စည်းအားလုံးကို ကောင်းကောင်းသမသွားအောင် ရောမွှေလိုက်ပါ။ မနက်တိုင်း ဒီဖျော်ရည်လေးကို မနက်စာမစားခင် အစာအိမ်ဟောင်းလောင်းဖြစ်နေချိန်မှာ သောက်ပေးပါ။

ဒီဖျော်ရည်လေးဟာ သဘာဝ detox water တစ်မျိုးဖြစ်သလို ကလီစာတွေကိုသန့်စင်စေတဲ့ smoothie ဖျော်ရည်တစ်မျိုးလည်း ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်၊ သံပရာသီးနဲ့ ပျားရည်တို့ရဲ့ ကောင်းကွက် အားလုံးကို ပေါင်းစပ်ထားတဲ့အတွက် တုပ်ကွေးရာသီမှာ ကိုယ်ခံအားကောင်းချင်သူတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။ အဲဒီမှာ တစ်ချက်သတိပြုရမှာက ပါဝင်ပစ္စည်းရွေးချယ်ရာမှာ လတ်ဆတ်ပြီး အော်ဂဲနစ် ဖြစ်တဲ့ ပါဝင်ပစ္စည်းတွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:DIYremedies
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top