အေမရိကန္ႏိုင္ငံမွာ ဝါရွင္တန္ျပည္နယ္ဟာ ကြယ္လြန္သူေတြကို ျမႇဳပ္ႏွံျခင္း သို႔မဟုတ္ မီးၾသဂႋုဟ္ျခင္းမျပဳဘဲ သဘာဝအတိုင္း ေျမေဆြးျဖစ္ေစမႈကို တရားဝင္ခြင့္ျပဳလိုက္တဲ့ ပထမဆုံးျပည္နယ္ ျဖစ္လာပါတယ္….

ဝါရွင္တန္ျပည္နယ္မွာ ဥပေဒသစ္အရ လူေတြအေနနဲ႔ ၎တို႔ ကြယ္လြန္ၿပီးေနာက္ ခႏၶာကိုယ္ကို ျမႇဳပ္ႏွံျခင္း သို႔မဟုတ္ မီးသၿဂိၤုဟ္ျခင္းမျပဳဘဲ သဘာဝအတိုင္းေျမေဆြးအျဖစ္ ေျပာင္းလဲရန္ေ႐ြးခ်ယ္ႏိုင္ၿပီလို႔ ဆိုပါတယ္…..

ဥပေဒသစ္အရ ခြင့္ျပဳလိုက္တဲ့ ယခုလုပ္ငန္းစဥ္ဟာ လူေတြ ကြယ္လြန္ၿပီးေနာက္ ခႏၶာကိုယ္ကို ျမႇဳပ္ႏွံျခင္းနဲ႔ မီးသၿဂိၤုဟ္ျခင္းတို႔အျပင္ အျခား ေ႐ြးခ်ယ္စရာတစ္ခုျဖစ္ၿပီး သခ်ႋဳင္းေျမေနရာ ရွားပါးလာတဲ့ ၿမိဳ႕ႀကီးေတြမွာ လက္ေတြ႕က်တဲ့ ေ႐ြးခ်ယ္မႈတစ္ခုလို႔လည္း ရႈျမင္ထားၾကပါတယ္……

ကြယ္လြန္သူရဲ႕ ခႏၶာကိုယ္ကို ေျမေဆြးျဖစ္ေစၿပီးပါက ၎ခ်စ္ခင္ရသူေတြထံ ေပးအပ္သြားမွာျဖစ္ၿပီး အဆိုပါ ေျမေဆြးကို ပန္းပင္မ်ား၊ ဟင္းသီးဟင္း႐ြက္ပင္မ်ား သို႔မဟုတ္ သစ္ပင္မ်ား စိုက္ပ်ိဳးရာမွာ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္….

ကြယ္လြန္သူရဲ႕႐ုပ္ႂကြင္းကို ေျမေဆြးျပဳလုပ္ခြင့္ ဥပေဒမူၾကမ္းအား ဝါရွင္တန္ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Jay Inslee က အဂၤါေန႔ (ေမ ၂၁ ရက္) မွာ လက္မွတ္ေရးထိုးကာ ဥပေဒအျဖစ္ စတင္သက္ေရာက္ေစခဲ့ေၾကာင္း သိရပါတယ္….

ဝါ ရွင္ တန္ မွာ ယ ခု ဥ ပ ေဒ သစ္ ကို ျပ ဌာန္း ႏိုင္ ရန္ စည္း ႐ုံး လႈံ႕ ေဆာ္ ခဲ့ တဲ့ အ မ်ိဳး သ မီး ကက္ ထ ရီ နာ စ ပိတ္ ဒ္ က ကြယ္ လြန္ သူ ရဲ႕ ခ ႏၶာ ကိုယ္ ကို ေျမ ေဆြး ျပဳ လုပ္ ေပး တဲ့ ပ ထ မ ဆုံး ကု မၸ ဏီ တစ္ ခု ကို တည္ ေထာင္ ခဲ့ တယ္ လို႔ ဆို ပါ တယ္။

“ေျမေဆြးျပဳလုပ္မႈက အေလာင္းကိုမပုပ္ မသိုးေအာင္ ေဆးစီရင္တာနဲ႔ ျမႇဳပ္ႏွံတာ ဒါမွမဟုတ္ မီးသၿဂိဳဟၤ္တာေတြ မဟုတ္တဲ့ အျခား ေ႐ြးခ်ယ္စရာတစ္ခုပါ၊ ဒါက ကာဗြန္ထုတ္လႊတ္မႈေတြနဲ႔ ေျမအသုံးျပဳမႈကို သိသိသာသာ ေလွ်ာ့ခ်ႏိုင္ပါလိမ့္မယ္” လို႔ ကက္ထရီနာက AFP သတင္းဌာနကို ေျပာခဲ့ပါတယ္……

ကက္ ထ ရီ နာ က သူ မရဲ႕ Recompose ကု မၸ ဏီ က ကြယ္ လြန္ သူ ရဲ႕ အ ေလာင္း ကို ေျမ ေဆြး ျပဳ လုပ္ မႈလုပ္ ငန္း စဥ္ ကို လည္း ရွင္း ျပ ခဲ့ ပါ တယ္။

သူမ ရွင္းျပမႈအရ ကြယ္လြန္သူရဲ႕ ခႏၶာကိုယ္ကို alfalfa အပင္၊ သစ္သားအပိုင္းအစမ်ားနဲ႔ ေကာက္႐ိုးတို႔ ျဖည့္ထားတဲ့ ဆ႒ဂံပုံစံ စတီးလ္ေသတၱာအတြင္း ထည့္ထားမွာျဖစ္ပါတယ္……

ထို႔ေနာက္ စတီးလ္ေသတၱာကို ပိတ္ထားမွာျဖစ္ၿပီး အတြင္းမွာထည့္ထားတဲ့ လူ႔ခႏၶာကိုယ္ဟာ ရက္ ၃၀ အတြင္း သဘာဝအတိုင္း ေဆြးျမည့္သြားကာ တစ္ဘီးတပ္ ေျမသယ္တြန္းလွည္းငယ္ႏွစ္ခုစာ ေျမေဆြးကိုရရွိမယ္လို႔ ဆိုပါတယ္….

ကြယ္လြန္သူရဲ႕ ခႏၶာကိုယ္ကို ေျမေဆြးျဖစ္ေစျခင္းကို ဆြီဒင္ႏိုင္ငံမွာ ယခင္ကတည္းက တရားဝင္ ခြင့္ျပဳထားပါတယ္။ ၿဗိတိန္ႏိုင္ငံမွာလည္း ကြယ္လြန္သူရဲ႕ ခႏၶာကိုယ္ကို ေခါင္းတလားမပါဘဲ ေျမႀကီးထဲမွာ တိုက္႐ိုက္ျမႇဳပ္ႏွံျခင္း….

သို႔မဟုတ္ ေဆြးျမည့္သြားႏိုင္တဲ့ ေခါင္းတလားထဲမွာထည့္ၿပီး ျမႇဳပ္ႏွံျခင္းကဲ့သို႔ သဘာဝအတိုင္း ေျမျမႇဳပ္ျခင္းကို တရားဝင္ ခြင့္ျပဳထားေၾကာင္းေၾကာင္း သိရပါတယ္…..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version# ျဖင့္ဖတ္ပါ ။

အမေရိကန်နိုင်ငံမှာ ဝါရှင်တန်ပြည်နယ်ဟာ ကွယ်လွန်သူတွေကို မြှုပ်နှံခြင်း သို့မဟုတ် မီးသြင်္ဂိုဟ်ခြင်းမပြုဘဲ သဘာဝအတိုင်း မြေဆွေးဖြစ်စေမှုကို တရားဝင်ခွင့်ပြုလိုက်တဲ့ ပထမဆုံးပြည်နယ် ဖြစ်လာပါတယ်….

ဝါရှင်တန်ပြည်နယ်မှာ ဥပဒေသစ်အရ လူတွေအနေနဲ့ ၎င်းတို့ ကွယ်လွန်ပြီးနောက် ခန္ဓာကိုယ်ကို မြှုပ်နှံခြင်း သို့မဟုတ် မီးသဂြိၤုဟ်ခြင်းမပြုဘဲ သဘာဝအတိုင်းမြေဆွေးအဖြစ် ပြောင်းလဲရန်ရွေးချယ်နိုင်ပြီလို့ ဆိုပါတယ်…..

ဥပဒေသစ်အရ ခွင့်ပြုလိုက်တဲ့ ယခုလုပ်ငန်းစဉ်ဟာ လူတွေ ကွယ်လွန်ပြီးနောက် ခန္ဓာကိုယ်ကို မြှုပ်နှံခြင်းနဲ့ မီးသဂြိၤုဟ်ခြင်းတို့အပြင် အခြား ရွေးချယ်စရာတစ်ခုဖြစ်ပြီး သင်္ချိုင်းမြေနေရာ ရှားပါးလာတဲ့ မြို့ကြီးတွေမှာ လက်တွေ့ကျတဲ့ ရွေးချယ်မှုတစ်ခုလို့လည်း ရှုမြင်ထားကြပါတယ်……

ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကို မြေဆွေးဖြစ်စေပြီးပါက ၎င်းချစ်ခင်ရသူတွေထံ ပေးအပ်သွားမှာဖြစ်ပြီး အဆိုပါ မြေဆွေးကို ပန်းပင်များ၊ ဟင်းသီးဟင်းရွက်ပင်များ သို့မဟုတ် သစ်ပင်များ စိုက်ပျိုးရာမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်….

ကွယ်လွန်သူရဲ့ရုပ်ကြွင်းကို မြေဆွေးပြုလုပ်ခွင့် ဥပဒေမူကြမ်းအား ဝါရှင်တန်ပြည်နယ်အုပ်ချုပ်ရေးမှူး Jay Inslee က အင်္ဂါနေ့ (မေ ၂၁ ရက်) မှာ လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ် စတင်သက်ရောက်စေခဲ့ကြောင်း သိရပါတယ်….

ဝါ ရှင် တန် မှာ ယ ခု ဥ ပ ဒေ သစ် ကို ပြ ဌာန်း နိုင် ရန် စည်း ရုံး လှုံ့ ဆော် ခဲ့ တဲ့ အ မျိုး သ မီး ကက် ထ ရီ နာ စ ပိတ် ဒ် က ကွယ် လွန် သူ ရဲ့ ခ န္ဓာ ကိုယ် ကို မြေ ဆွေး ပြု လုပ် ပေး တဲ့ ပ ထ မ ဆုံး ကု မ္ပ ဏီ တစ် ခု ကို တည် ထောင် ခဲ့ တယ် လို့ ဆို ပါ တယ်။

“မြေဆွေးပြုလုပ်မှုက အလောင်းကိုမပုပ် မသိုးအောင် ဆေးစီရင်တာနဲ့ မြှုပ်နှံတာ ဒါမှမဟုတ် မီးသဂြိုင်္ဟ်တာတွေ မဟုတ်တဲ့ အခြား ရွေးချယ်စရာတစ်ခုပါ၊ ဒါက ကာဗွန်ထုတ်လွှတ်မှုတွေနဲ့ မြေအသုံးပြုမှုကို သိသိသာသာ လျှော့ချနိုင်ပါလိမ့်မယ်” လို့ ကက်ထရီနာက AFP သတင်းဌာနကို ပြောခဲ့ပါတယ်……

ကက် ထ ရီ နာ က သူ မရဲ့ Recompose ကု မ္ပ ဏီ က ကွယ် လွန် သူ ရဲ့ အ လောင်း ကို မြေ ဆွေး ပြု လုပ် မှုလုပ် ငန်း စဉ် ကို လည်း ရှင်း ပြ ခဲ့ ပါ တယ်။

သူမ ရှင်းပြမှုအရ ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကို alfalfa အပင်၊ သစ်သားအပိုင်းအစများနဲ့ ကောက်ရိုးတို့ ဖြည့်ထားတဲ့ ဆဋ္ဌဂံပုံစံ စတီးလ်သေတ္တာအတွင်း ထည့်ထားမှာဖြစ်ပါတယ်……

ထို့နောက် စတီးလ်သေတ္တာကို ပိတ်ထားမှာဖြစ်ပြီး အတွင်းမှာထည့်ထားတဲ့ လူ့ခန္ဓာကိုယ်ဟာ ရက် ၃၀ အတွင်း သဘာဝအတိုင်း ဆွေးမြည့်သွားကာ တစ်ဘီးတပ် မြေသယ်တွန်းလှည်းငယ်နှစ်ခုစာ မြေဆွေးကိုရရှိမယ်လို့ ဆိုပါတယ်….

ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကို မြေဆွေးဖြစ်စေခြင်းကို ဆွီဒင်နိုင်ငံမှာ ယခင်ကတည်းက တရားဝင် ခွင့်ပြုထားပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကို ခေါင်းတလားမပါဘဲ မြေကြီးထဲမှာ တိုက်ရိုက်မြှုပ်နှံခြင်း….

သို့မဟုတ် ဆွေးမြည့်သွားနိုင်တဲ့ ခေါင်းတလားထဲမှာထည့်ပြီး မြှုပ်နှံခြင်းကဲ့သို့ သဘာဝအတိုင်း မြေမြှုပ်ခြင်းကို တရားဝင် ခွင့်ပြုထားကြောင်းကြောင်း သိရပါတယ်…..

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top