က်ြန္ေတာ္တို႔ဆီမွာ လူအေစာင့္မထားဘဲ အခ်ိဳရည္ အေအးဗူးေရာင္းတဲ့စနစ္ လုပ္ၾကေတာ့  တန္ရာတန္ေၾကး ပိုက္ဆံမေပးဘဲ အေအးဗူးယူသြားရုံမက အေအးေရာင္းရေငြ (ပိုက္ဆံဗူးလိုက္) ေပ်ာက္သြားဖူးတယ္။  ၿပီးေတာ့ ေနပူပူမွာ ဘုရားဖူးလာသူေတြ ခဏယူေဆာင္းလို႔ ရေအာင္ဆိုၿပီး လွဴထားတဲ့ ကုသိုလ္ျဖစ္ထီးေတာင္ မေနရဘူး။  ယူသြားတာ ျပန္မထားၾကဘဲ  တခါတည္း လက္စတုံးၿပီး ထီးေတြတစ္လက္ၿပီးတစ္လက္ ေပ်ာက္ကုန္တယ္။

အေျခခံလူတန္းစားေတြအတြက္ တန္ဖိုးနည္း အိမ္ငွားစနစ္လုပ္တဲ့အခါ  အမွန္တကယ္ အိမ္ယာမဲ့ေတြၾကား ေရာေယာင္ၿပီး အႀကံအဖန္၊ လုပ္စားကိုင္စား၊အတုအေယာင္ေတြကလည္း မ်ားမွမ်ားပဲ။  ၿမိဳ႕ႀကီးရဲ႕လူစည္ကားရာလမ္းေတြဆီ သက္ႀကီး ႐ြယ္အိုအပါအဝင္  ကေလးငယ္တခ်ိဳ႕ကို ဆိုင္ကယ္ေတြနဲ ့လာလာပို႔ၿပီး ပိုက္ဆံေတာင္းရမ္းခိုင္းတာမ်ိဳးလည္းရွိတယ္။

ေရေဘးသင့္ေနတဲ့ေနရာတခ်ိဳ႕ဆီ လိုအပ္ေနတဲ့ ဆန္၊ဆီ၊ေရသန္႔ဗူးနဲ႔ထမင္းထုပ္ေတြ သြားေရာက္ ကူညီလွဴဒါန္းၾကေတာ့  ဆန္ေရာင္းတဲ့ တိုက္ထဲကေနေတာင္ ဆန္ထုပ္နဲ႔ဆီဗူးကို အတည္ေပါက္ ထြက္ယူတာမ်ိဳး ႀကံရဖူးတယ္။  လမ္းေဘး က်ဴးေက်ာ္ရပ္ကြက္မွာ  လိုက္ထရပ္ကား ရပ္ၿပီး တစ္ဦးကို တစ္ေထာင္တန္ တစ္႐ြက္စီ ကုသိုလ္ျပဳ ေဝငွတဲ့အခါ  ရၿပီးသား လူေတြက နွစ္ခါျပန္တန္းစီၾကလို႔ အလွဴရွင္ စိတ္ပ်က္ရဖူးတာလည္း ရွိတယ္။

ေဘးဒုကၡေရာက္ေနသူကို မကူညီရုံတင္ မကဘူး။  အဲ့ဒီဒုကၡေတြ႕ေနသူဆီကေနေတာင္ လုယက္ရဲေလာက္ေအာင္ကို  အင္မတန္ စိတ္ဓာတ္ေအာက္တန္းက်  ယုတ္မာတာမ်ိဳးလည္း ၾကားရတယ္။  စသျဖင့္ေပါ့….. ေျပာရရင္ ကုန္နိုင္္မယ္ မထင္ပါဘူး။  ေခတ္စနစ္မေကာင္းလို႔ အသက္ေမြးဝမ္းေၾကာင္း၊ အလုပ္အကိုင္ အခြင့္အလမ္း အဆင္မေျပတာခ်င္း အတူတူကို  တခ်ိဳ႕ကေဖာက္ျပားၾကေပမယ့္  ကိုယ့္က်င့္သီလကို အထိခိုက္ အပ်က္ဆီးမခံဘဲ ရိုးရိုးေျဖာင့္ေျဖာင့္ ၊မွန္မွန္ကန္ကန္ ႀကံ့ ႀကံ့ခံ ရပ္တည္နိုင္ၾကသူ  လူေတြလည္း  အမ်ားအျပား ရွိတယ္။

ေခတ္၊စနစ္ဆိုးေၾကာင့္ ရုပ္ဝတၳဳ ပ်က္ဆီးခဲ့သမ်ွ ျပန္တည္ေဆာက္တာမခက္ေပမယ့္  စိတ္ဓာတ္၊အက်င့္စရိုက္နဲ႔ အသိတရား ၿပိဳလဲသြားတာမ်ိဳးက်  ဖာေထး၊ကုစား၊ျပဳျပင္ဖို႔ရာ အခ်ိန္ယူရလိမ့္မယ္ထင္တယ္။  ဒီေနရာမယ္ စစ္အတြင္း တုန္းက  စပိ္န္ျပည္သူေတြ အေၾကာင္း  ျပန္ေျပာင္း သတိရစရာပါပဲ။

ဒုတိယကမ႓ာစစ္ကာလတုန္းက  စပိန္ျပည္မွာ အဝတ္အစားစုတ္ခ်ာ ငတ္ျပတ္ေနတဲ့ ဒြန္ကြီစုတ္ျပည္သူ သန္း(၂၀)အထိ ရွိတယ္။  ဆိုဗီယက္ စာေရးဆရာ အီလ်ာအာ ရင္ဘတ္ခ္တစ္ေယာက္ ဘူတာရုံမွာ  အလုပ္သမားငွားေတာ့  အဲ့ဒီ အလုပ္သမားက  “ဒီေနေတာ ့က်ြန္ေတာ္ ပိုက္ဆံေတာ္ေတာ္ေလး ရသြားျပီဗ် က်ြန္ေတာ့္အေဖာ္ကိုသြားေခၚရမယ္”လို႔ ဆိုပါတယ္။

ဖိနပ္ခ်ဳပ္ဖို႔သြားတဲ့အခါမွွာ ဖိနပ္ ခ်ဳပ္သမားက “ညစာအလုံအေလာက္ရွိျပီလား”လို ့  သူ့ ့ဇနီးကို အရင္လွမ္းေမးတယ္။  ဇနီးက “ရွိေႀကာင္း”ေျပာေတာ့ အျခား ဖိနပ္ခ်ဳပ္သမားဆီသြားဖို ့ အဲ့ဒီအလုပ္သမားက တိုက္တြန္း လိုက္ပါသတဲ့။  တစ္ေနရာမွာေတာ့ အလုပ္သမားတေယာက္က ေပါင္မုန္႔တစ္လံုးကို ႏွစ္ပိုင္းပိုင္းျပီး  အလုပ္လက္မဲ့  အိမ္နီးခ်င္းဆီ တစ္ဝက္ခြဲေပးေန တယ္။

ေနာက္တစ္ေနရာက်ေတာ့  ခုံတန္းတစ္ခုေပၚ  ထိုင္ေနတဲ့ ဆင္းရဲသားက  သူ ့အိတ္ထဲပါလာတဲ့  ပဲေတာင့္ ဝက္အူေခ်ာင္း ကို အနီးနားက လူဆီ ခြဲေဝေက်ြးေနတာေတြ႕တယ္။  စပိန္ကင္းေစာင့္စစ္သားနဲ႔ေတြ႔ေတာ့  “က်ြန္ေတာ့္မွာ စီးကရက္ ႏွစ္လိပ္ရွိတယ္ တစ္လိပ္ကိုယူသြားပါ၊ အျခားေသာက္ခ်င္တဲ့ရဲေဘာ္ကို ေပးလိုက္ပါဗ်ာ”လို႔ ့ ဆိ္ုပါတယ္၊  ဘာစီလိုနာ ရပ္ကြက္တစ္ခုမွာလည္း  ကေလးမေလးႏွစ္ေယာက္ကို ပါရီကပါလာတဲ့ ေခ်ာ့ကလက္တစ္ေတာင့္ေပးေတာ့ သူတို ့ သူငယ္ခ်င္းေတြကိုေခၚၿပီး (၁၀)ေယာက္  ေဝႏိုင္ေအာင္ ေသေသခ်ာခ်ာ ခြဲဖဲ့ျကပါတယ္။

ဗိုလ္ခ်ဳပ္ဖရန္ကိုရဲ့ စစ္တပ္ဝင္လာ ခ်ိန္က်ေတာ့ လယ္သူမ အဖြားအိုေတြက သူတို ့သားေတြကို စစ္တန္းလ်ား လာပို ့ ႀကတယ္၊  “စစ္သားေတြမ်ားေနျပီ ေပးစရာေသနတ္လည္းမရွိေတာ့ဘူး”လို႔ေျပာေတာ့  အဖြားအိုေတြက “သူတို႔လည္း စပိန္လူမ်ိဳးမဟုတ္လား အိမ္မွာထိုင္ေနလို ့ဘယ္ျဖစ္မလဲ”လို ့ဆိုပါတယ္။

ရန္သူကဗံုးႀကဲေနစဥ္မွာ ဗိုလ္ခ်ဳပ္တစ္ဦးက အဖြားအိုတစ္ေယာက္ကို ဗံုးခိုက်င္းထဲဆင္းလာဖို႔ ့ေခၚေတာ့ အဖြားအိုက ျငင္းတယ္၊  “မဆင္းဘူးကဲြ ့ ဒင္းတို႔ကို ဒို ့မေႀကာက္ဘူးဆိုတာ  ဒီေကာင္ေတြ သိေအာင္ျပရမယ္”တ့ဲေလ။  သားငယ္ကို ပါရီမွာရွိတဲ့ကေလးထိန္းဌာနဆီ လာအပ္ေတာ့ မေအက ခြဲခါနီး မငိုဘဲမေနႏိုင္ျဖစ္ေနတယ္၊  သားငယ္က “အေမကလည္း သြားသာသြားပါ၊ အေမသြားရင္ သားက ဒီလို တစ္ဖက္ကိုလွည့္ေနမယ္ အေမကလည္းလွည္ ့မႀကည့္နဲ ့”လို ့ေျပာတယ္၊

အဲဒီအခ်ိန္တုန္းက စပိန္အမ်ားစုကစာမတတ္ၾကေပမယ့္ ကိုယ့္ကိုယ္ကိုေတာ့ ေစာင့္စည္း ထိန္းသိမ္းျကတယ္၊  ဆင္းရဲတဲ့ ရြာမွာ လိေမၼာ္သီးအတြက္ပိုက္ဆံေပးေပမယ့္  လယ္သမားကျငင္းတယ္၊ ”  ပီဆိုဒဂၤါးေတြထက္  အျပံဳးက အဖိုးတန္ ပါတယ္” လို႔ ျပန္ေျပာတယ္၊  လူမွန္းသိတဲ့အရြယ္ ဘယ္ကေလးမွ  ပိုက္ဆံ ဘယ္လိုေပးေပး မယူပါဘူးတဲ့။  စပိန္လူမ်ိဳးရဲ့ ကိုယ့္ကိုယ္ကို ေစာင့္ထိန္းတတ္တဲ့ဂုဏ္သိကၡာ၊ ကိုယ္ခ်င္းစာတရား၊အခ်င္းခ်င္းယိုင္းပင္းေဖးမမွဳ ၊  မဟုတ္မခံ သူရသတိၱ၊ တာဝန္ယူခ်င္စိတ္ တို႔ကို  စာေရးဆရာ”အီလ်ာအာရင္ဘတ္”က အထက္ပါအတုိင္း ေရးခဲ့တယ္။

ျမန္မာျပည္က လူတခ်ိဳ႕နဲ႔စပိန္ျပည္သူေတြအၾကား ကြဲျပားျခားနားေနတဲ့အရာက ဘာလဲ?  ျမန္မာျပည္ဟာ ယဥ္ေက်းမႈ အဆင့္ျမင့္တိုင္းျပည္ႀကီး ျဖစ္ေပမယ့္ ေရွးေဟာင္းေစတီပုထိုး၊ ေက်ာင္းကန္ဘုရားနဲ႔ အထင္ကရ သဘာဝအလွအပေ နရာေတြ မွာ မွင္ဖ်က္ေဆးေတြ သုံးၿပီး ညစ္ေထးေအာင္ေရးတာကအစ ကိုယ္စားေသာက္ခဲ့သမ်ွ အိတ္နဲ႔ဗူးခြံအမွိုက္ကို ႀကံဳသလိုပစ္ခ်ခဲ့တာမ်ိဳးအထိ အခ်ိဳ႕လူေတြ  ဥာဏ္မြဲၿပီးအသိေခါင္းပါးၾကတာလည္း မေတြ႕ခ်င္အဆုံးပါပဲ။

လူတစ္ခ်ိဳ႕ရင္ထဲက အရုပ္ဆိုးဆိုး၊ပုပ္သိုးနံေစာ္ အက်ည္းတန္ေနတဲ့ တာဝန္မဲ့စိတ္အမွိုက္သရိုက္ အညစ္အေၾကးေတြကို ေတာ့ သူတို႔ကိုယ္တို္င္  လွည္းက်င္းဖို႔ရာ သတိမွရၾကရဲ႕လား ေတြးေရာေတြးမိၾကလားလို႔ စဥ္းစားေနမိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ​ေမာင္​နန္​း​ေဝ(ဗန္​း​ေမာ္​)

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျွန်တော်တို့ဆီမှာ လူအစောင့်မထားဘဲ အချိုရည် အအေးဗူးရောင်းတဲ့စနစ် လုပ်ကြတော့  တန်ရာတန်ကြေး ပိုက်ဆံမပေးဘဲ အအေးဗူးယူသွားရုံမက အအေးရောင်းရငွေ (ပိုက်ဆံဗူးလိုက်) ပျောက်သွားဖူးတယ်။  ပြီးတော့ နေပူပူမှာ ဘုရားဖူးလာသူတွေ ခဏယူဆောင်းလို့ ရအောင်ဆိုပြီး လှူထားတဲ့ ကုသိုလ်ဖြစ်ထီးတောင် မနေရဘူး။  ယူသွားတာ ပြန်မထားကြဘဲ  တခါတည်း လက်စတုံးပြီး ထီးတွေတစ်လက်ပြီးတစ်လက် ပျောက်ကုန်တယ်။

အခြေခံလူတန်းစားတွေအတွက် တန်ဖိုးနည်း အိမ်ငှားစနစ်လုပ်တဲ့အခါ  အမှန်တကယ် အိမ်ယာမဲ့တွေကြား ရောယောင်ပြီး အကြံအဖန်၊ လုပ်စားကိုင်စား၊အတုအယောင်တွေကလည်း များမှများပဲ။  မြို့ကြီးရဲ့လူစည်ကားရာလမ်းတွေဆီ သက်ကြီး ရွယ်အိုအပါအဝင်  ကလေးငယ်တချို့ကို ဆိုင်ကယ်တွေနဲ့လာလာပို့ပြီး ပိုက်ဆံတောင်းရမ်းခိုင်းတာမျိုးလည်းရှိတယ်။

ရေဘေးသင့်နေတဲ့နေရာတချို့ဆီ လိုအပ်နေတဲ့ ဆန်၊ဆီ၊ရေသန့်ဗူးနဲ့ထမင်းထုပ်တွေ သွားရောက် ကူညီလှူဒါန်းကြတော့  ဆန်ရောင်းတဲ့ တိုက်ထဲကနေတောင် ဆန်ထုပ်နဲ့ဆီဗူးကို အတည်ပေါက် ထွက်ယူတာမျိုး ကြံရဖူးတယ်။  လမ်းဘေး ကျူးကျော်ရပ်ကွက်မှာ  လိုက်ထရပ်ကား ရပ်ပြီး တစ်ဦးကို တစ်ထောင်တန် တစ်ရွက်စီ ကုသိုလ်ပြု ဝေငှတဲ့အခါ  ရပြီးသား လူတွေက နှစ်ခါပြန်တန်းစီကြလို့ အလှူရှင် စိတ်ပျက်ရဖူးတာလည်း ရှိတယ်။

ဘေးဒုက္ခရောက်နေသူကို မကူညီရုံတင် မကဘူး။  အဲ့ဒီဒုက္ခတွေ့နေသူဆီကနေတောင် လုယက်ရဲလောက်အောင်ကို  အင်မတန် စိတ်ဓာတ်အောက်တန်းကျ  ယုတ်မာတာမျိုးလည်း ကြားရတယ်။  စသဖြင့်ပေါ့….. ပြောရရင် ကုန်နိုင်မယ် မထင်ပါဘူး။  ခေတ်စနစ်မကောင်းလို့ အသက်မွေးဝမ်းကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း အဆင်မပြေတာချင်း အတူတူကို  တချို့ကဖောက်ပြားကြပေမယ့်  ကိုယ့်ကျင့်သီလကို အထိခိုက် အပျက်ဆီးမခံဘဲ ရိုးရိုးဖြောင့်ဖြောင့် ၊မှန်မှန်ကန်ကန် ကြံ့ ကြံ့ခံ ရပ်တည်နိုင်ကြသူ  လူတွေလည်း  အများအပြား ရှိတယ်။

ခေတ်၊စနစ်ဆိုးကြောင့် ရုပ်ဝတ္ထု ပျက်ဆီးခဲ့သမျှ ပြန်တည်ဆောက်တာမခက်ပေမယ့်  စိတ်ဓာတ်၊အကျင့်စရိုက်နဲ့ အသိတရား ပြိုလဲသွားတာမျိုးကျ  ဖာထေး၊ကုစား၊ပြုပြင်ဖို့ရာ အချိန်ယူရလိမ့်မယ်ထင်တယ်။  ဒီနေရာမယ် စစ်အတွင်း တုန်းက  စပိန်ပြည်သူတွေ အကြောင်း  ပြန်ပြောင်း သတိရစရာပါပဲ။

ဒုတိယကမ္ဘာစစ်ကာလတုန်းက  စပိန်ပြည်မှာ အဝတ်အစားစုတ်ချာ ငတ်ပြတ်နေတဲ့ ဒွန်ကွီစုတ်ပြည်သူ သန်း(၂၀)အထိ ရှိတယ်။  ဆိုဗီယက် စာရေးဆရာ အီလျာအာ ရင်ဘတ်ခ်တစ်ယောက် ဘူတာရုံမှာ  အလုပ်သမားငှားတော့  အဲ့ဒီ အလုပ်သမားက  “ဒီနေတော့ကျွန်တော် ပိုက်ဆံတော်တော်လေး ရသွားပြီဗျ ကျွန်တော့်အဖော်ကိုသွားခေါ်ရမယ်”လို့ ဆိုပါတယ်။

ဖိနပ်ချုပ်ဖို့သွားတဲ့အခါမှာ ဖိနပ် ချုပ်သမားက “ညစာအလုံအလောက်ရှိပြီလား”လို့  သူ့ဇနီးကို အရင်လှမ်းမေးတယ်။  ဇနီးက “ရှိကြောင်း”ပြောတော့ အခြား ဖိနပ်ချုပ်သမားဆီသွားဖို့ အဲ့ဒီအလုပ်သမားက တိုက်တွန်း လိုက်ပါသတဲ့။  တစ်နေရာမှာတော့ အလုပ်သမားတယောက်က ပေါင်မုန့်တစ်လုံးကို နှစ်ပိုင်းပိုင်းပြီး  အလုပ်လက်မဲ့  အိမ်နီးချင်းဆီ တစ်ဝက်ခွဲပေးနေ တယ်။

နောက်တစ်နေရာကျတော့  ခုံတန်းတစ်ခုပေါ်  ထိုင်နေတဲ့ ဆင်းရဲသားက  သူ့အိတ်ထဲပါလာတဲ့  ပဲတောင့် ဝက်အူချောင်း ကို အနီးနားက လူဆီ ခွဲဝေကျွေးနေတာတွေ့တယ်။  စပိန်ကင်းစောင့်စစ်သားနဲ့တွေ့တော့  “ကျွန်တော့်မှာ စီးကရက် နှစ်လိပ်ရှိတယ် တစ်လိပ်ကိုယူသွားပါ၊ အခြားသောက်ချင်တဲ့ရဲဘော်ကို ပေးလိုက်ပါဗျာ”လို့ ဆိုပါတယ်၊  ဘာစီလိုနာ ရပ်ကွက်တစ်ခုမှာလည်း  ကလေးမလေးနှစ်ယောက်ကို ပါရီကပါလာတဲ့ ချော့ကလက်တစ်တောင့်ပေးတော့ သူတို့ သူငယ်ချင်းတွေကိုခေါ်ပြီး (၁၀)ယောက်  ဝေနိုင်အောင် သေသေချာချာ ခွဲဖဲ့ကြပါတယ်။

ဗိုလ်ချုပ်ဖရန်ကိုရဲ့ စစ်တပ်ဝင်လာ ချိန်ကျတော့ လယ်သူမ အဖွားအိုတွေက သူတို့သားတွေကို စစ်တန်းလျား လာပို့ ကြတယ်၊  “စစ်သားတွေများနေပြီ ပေးစရာသေနတ်လည်းမရှိတော့ဘူး”လို့ပြောတော့  အဖွားအိုတွေက “သူတို့လည်း စပိန်လူမျိုးမဟုတ်လား အိမ်မှာထိုင်နေလို့ဘယ်ဖြစ်မလဲ”လို့ဆိုပါတယ်။

ရန်သူကဗုံးကြဲနေစဉ်မှာ ဗိုလ်ချုပ်တစ်ဦးက အဖွားအိုတစ်ယောက်ကို ဗုံးခိုကျင်းထဲဆင်းလာဖို့ခေါ်တော့ အဖွားအိုက ငြင်းတယ်၊  “မဆင်းဘူးကွဲ့ ဒင်းတို့ကို ဒို့မကြောက်ဘူးဆိုတာ  ဒီကောင်တွေ သိအောင်ပြရမယ်”တဲ့လေ။  သားငယ်ကို ပါရီမှာရှိတဲ့ကလေးထိန်းဌာနဆီ လာအပ်တော့ မအေက ခွဲခါနီး မငိုဘဲမနေနိုင်ဖြစ်နေတယ်၊  သားငယ်က “အမေကလည်း သွားသာသွားပါ၊ အမေသွားရင် သားက ဒီလို တစ်ဖက်ကိုလှည့်နေမယ် အမေကလည်းလှည့်မကြည့်နဲ့”လို့ပြောတယ်၊

အဲဒီအချိန်တုန်းက စပိန်အများစုကစာမတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုတော့ စောင့်စည်း ထိန်းသိမ်းကြတယ်၊  ဆင်းရဲတဲ့ ရွာမှာ လိမ္မော်သီးအတွက်ပိုက်ဆံပေးပေမယ့်  လယ်သမားကငြင်းတယ်၊ ”  ပီဆိုဒင်္ဂါးတွေထက်  အပြုံးက အဖိုးတန် ပါတယ်” လို့ ပြန်ပြောတယ်၊  လူမှန်းသိတဲ့အရွယ် ဘယ်ကလေးမှ  ပိုက်ဆံ ဘယ်လိုပေးပေး မယူပါဘူးတဲ့။  စပိန်လူမျိုးရဲ့ ကိုယ့်ကိုယ်ကို စောင့်ထိန်းတတ်တဲ့ဂုဏ်သိက္ခာ၊ ကိုယ်ချင်းစာတရား၊အချင်းချင်းယိုင်းပင်းဖေးမမှု ၊  မဟုတ်မခံ သူရသတ္တိ၊ တာဝန်ယူချင်စိတ် တို့ကို  စာရေးဆရာ”အီလျာအာရင်ဘတ်”က အထက်ပါအတိုင်း ရေးခဲ့တယ်။

မြန်မာပြည်က လူတချို့နဲ့စပိန်ပြည်သူတွေအကြား ကွဲပြားခြားနားနေတဲ့အရာက ဘာလဲ?  မြန်မာပြည်ဟာ ယဉ်ကျေးမှု အဆင့်မြင့်တိုင်းပြည်ကြီး ဖြစ်ပေမယ့် ရှေးဟောင်းစေတီပုထိုး၊ ကျောင်းကန်ဘုရားနဲ့ အထင်ကရ သဘာဝအလှအပေ နရာတွေ မှာ မှင်ဖျက်ဆေးတွေ သုံးပြီး ညစ်ထေးအောင်ရေးတာကအစ ကိုယ်စားသောက်ခဲ့သမျှ အိတ်နဲ့ဗူးခွံအမှိုက်ကို ကြုံသလိုပစ်ချခဲ့တာမျိုးအထိ အချို့လူတွေ  ဉာဏ်မွဲပြီးအသိခေါင်းပါးကြတာလည်း မတွေ့ချင်အဆုံးပါပဲ။

လူတစ်ချို့ရင်ထဲက အရုပ်ဆိုးဆိုး၊ပုပ်သိုးနံစော် အကျည်းတန်နေတဲ့ တာဝန်မဲ့စိတ်အမှိုက်သရိုက် အညစ်အကြေးတွေကို တော့ သူတို့ကိုယ်တိုင်  လှည်းကျင်းဖို့ရာ သတိမှရကြရဲ့လား တွေးရောတွေးမိကြလားလို့ စဉ်းစားနေမိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မောင်နန်းဝေ(ဗန်းမော်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top