
Credit: burmese.asia
#Unicode Version# ဖြင့်ဖတ်ပါ ။
Beauty Blogger ဘဝကနေစပြီး ဆိုရှယ်မီဒီယာမှာ နာမည်ကြီးလာခဲ့သူ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်မင်းသမီးအဖြစ်ပါအောင်မြင်နေပြီပဲဖြစ်ပါတယ်။ နေခြည်ဦးရဲ့ ပွင့်ပွင့်လင်းလင်းရှိပြီး ဆုံးဖြတ်ချက်ခိုင်မာပြတ်သားတဲ့ပုံစံကလဲ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရရှိထားတာဖြစ်ပါတယ်။ နေခြည်ဦးဟာ အခုဆိုရင် အနုပညာလုပ်ငန်းတွေကိုပါ တွဲဖက်လုပ်ကိုင်နေပြီဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာအမြောက်အများကိုလဲ လက်ခံရိုက်ကူးနေရပါပြီ။
လူလေးလှသလို စိတ်ထားလေးလည်းလှတဲ့ မင်းသမီးလေး နေခြည်ဦးက သူမရဲ့ ပိုစ့်အောက်မှာ ကောမန့်လာပေးတဲ့ မိမ်းကလေးပရိသတ်တစ်ဦးကြောင့် တော်တော်လေး စိတ်မကောင်းဖြစ်သွားတဲ့ ပုံပါပဲ။
နေခြည်ဦးက လက်ဆောင်ရတဲ့ ပစ္စည်းလေးကို ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားရာ သူမရဲ့ ပရိသတ်တစ်ဦးက “မင်းသမီးတွေ မော်ဒယ်တွေကျတော့လည်း ရလိုက်တဲ့လက်ဆောင်တွေ :'( ငါတို့ကျတော့လည်း ပိုက်ဆံမရှိလို့ မဝယ်နိုင်တဲ့ဘဝတွေ” ဆိုပြီး ကောမန့်ပေးခဲ့တာ ဖြစ်ပါတယ်။
ထိုကောမန့်ကို မြင်မြင်ချင်း နေခြည်ဦးက “အဲ့လိုကြီး မပြောပါနဲ့။ မိတ်ကပ် လက်ဆောင်ပေးမယ်။ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်လေးပေး ” ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
နေခြည်ဦးအတွက်တော့ ဒါက ဘာမှမပြောပလောက်ပေမယ့် ထိုမိန်းကလေးအတွက် ကတော့ တော်တော်လေး တန်ဖိုးရှိပြီး ပျော်သွားမှာ သေချာပါတယ်။ နေခြည့်အတွက်ကတော့ Chilli လေးတွေက အမြဲတမ်း ဂုဏ်ယူနေရမှာ သေချာပါတယ်။ စိတ်ထားလေးလှတဲ့ နေခြည်ဦးလည်း ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia