










# Unicode Version # ဖြင့် ဖတ်ပါ #

စိတ်ပညာရှင် အေမီကာဒီကဆိုပါတယ်။ ကျွန်တော်ရဲ့လက်ဟန်ခြေဟန်ပုံစံအနေအထားတွေက အခြားလူတွေ ကျွန်တော်တို့ကိုဘယ်လိုထင်မြင်လဲဆိုတာကိုဆုံးဖြတ်ပေးပါတယ်တဲ့။ အဲ့အပြင် အဲ့အရာတွေကပဲ ကျွန်တော်တို့ရဲ့မိမိကိုယ်ကိုယုံကြည်မှုအပေါ်မှာလဲသက်ရောက်မှုရှိပါတယ်။ ကျွန်တော်တို့ဦးနှောက်ကိုအကူအညီပေးနိုင်တဲ့ ကိုယ်ဟန်အနေအထားတွေကလဲရှိနေပါသေးတယ်။

Body Language ဟာကျွန်တော်တို့ရဲ့ဘဝမှာ အရေးကြီးတဲ့အခြေအနေတွေကိုလွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ဥပမာအားဖြင့် အလုပ်အင်တာဗျူးမှာပဲဖြစ်ဖြစ်၊ ရာထူးတိုးတဲ့နေရာမှာပဲဖြစ်ဖြစ်၊ လူရှေ့ထွက်စကားပြောရတဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့ရဲ့ လက်ဟန်ခြေဟန်အနေအထားတွေ ကိုယ်ဟန်အနေအထားတွေကလဲ ကျွန်တော်တို့စိတ်ကိုလွှမ်းမိုးနိုင်ပါတယ်။ တိရိစ္ဆာန်တွေဟာ သူတို့အားကြီးတယ်ဆိုတာကိုပြသဖို့အတွက် နေရာကျယ်ကျယ်ယူပါတယ်။ လူသားတွေလဲအလားတူပါပဲ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတဲ့အခါမှာ ပွင့်ပွင့်လင်းလင်းရှိပီး ပါဝါမရှိဘူးလို့ခံစားရတဲ့အခါမှာတော့ နှုတ်ဆိတ်နေတတ်ကြပါတယ်။

ကျွန်တော်တို့ရဲ့စိတ်ကလဲ ခန္ဓာကိုယ်ကိုလွှမ်းမိုးပါတယ်။ Powerful ဖြစ်တဲ့လူတွေဟာ ပိုပီးအကောင်းမြင်တတ်သလို၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုကလဲအပြည့်ပဲဖြစ်ပါတယ်။ စွန့်စားရတာတွေကိုမကြာခဏဆိုသလိုလုပ်ပီး သူတို့နိုင်မယ်ဆိုတာကိုလဲသံသယမရှိပါဘူး။ သန်မာတဲ့ Strong ဖြစ်တဲ့လူတွေဟာ Testosterone Level( ဦးဆောင်နိုင်စွမ်းဟော်မုန်း)မြင့်ပီး Cortical Level(Stress ဟော်မုန်း) နိမ့်ပါတယ်။ ဆိုလိုတာကတော့ သူတို့ဟာ Stress ကိုခံနိုင်ရည်စွမ်းရှိပါတယ်။

အေမီကာဒီဟာ စမ်းသပ်မှု ၂ ခုပြုလုပ်ခဲ့ပါတယ်။ တစ်အုပ်စုမှာတော့ ခွန်အားအပြည့်ဖြစ်နေတဲ့ ကိုယ်နေဟန်ထားတွေနဲ့ပဲ ဓာတ်ပုံရိုက်ခဲ့ပီး ကျန်တဲ့တစ်ခုမှာတော့ Powerless ကိုယ်ဟန်အနေအထားတွေနဲ့ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ပထမစမ်းသပ်မှုအရဆိုရင် Powerful poses တွေဟာ Testosterone ကို ၂၀% မြင့်တက်လာစေပီး Cortical ကို ၂၅% လျော့ကျသွားစေပါတယ်။ နောက်စမ်းသပ်ချက်တစ်ခုမှာဆိုရင် အင်တာဗျူးမှာ Powerful ဖြစ်တဲ့ကိုယ်နေဟန်ထားနဲ့သူတွေကိုပဲအလုပ်ခန့်သွားတာကိုတွေ့ရပါတယ်။

ကျွန်တော်တို့ရောဒါကိုတကယ်လက်တွေ့လုပ်နိုင်ပါ့မလား? ဒါကတော့ အရေးကြီးတဲ့အစည်းအဝေးခန်းတစ်ခုကိုမဝင်ခင် လုပ်ရမယ်ဆိုတဲ့ အေမီအကြံပေးထားတာဖြစ်ပါတယ်။ သင် စိတ်ဖိစီးရတော့မယ့်အခြေအနေတစ်ခုနဲ့ကြုံတော့မယ်ဆိုရင် တစ်ယောက်တည်းနေပီး ၂ မိနစ်လောက် powerful ဖြစ်တဲ့ကိုယ်နေဟန်ထားနဲ့နေပါ။

ခန္ဓာကိုယ်က သတိတရားကိုပြောင်းလဲပေးပီး သတိတရားက အပြုအမူတွေကိုပြောင်းလဲပေးကာ အဲ့အပြုအမူကပဲ ကျွန်တော်တို့အတွက်အရေးကြီးတဲ့ရလဒ်တစ်ခုပေါ်သက်ရောက်မှုရှိနေပါတယ်။ ဒါကိုအမြဲမှတ်ထားပီး အောင်မြင်မှုကိုရယူလိုက်ပါ!

ဖိုးသူတော် (www.phothutaw.com)
Credit:Min Thu (Daily Hot News )
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top