မႏၲေလးၿမိဳ႕ တံတားဦး အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ယေန႔(ေမ ၁၂) နံနက္ပိုင္းက Myanmar National Airlines မွ ေလယာဥ္တစ္စီး မေတာ္ တဆမႈ ျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္မွာ ခရီးသည္မ်ားအားလံုးရဲ႕ အသက္အႏၵေတြကို ကယ္တင္ေပးခဲ့တဲ့ ကယ္တင္ရွင္ ေလယာဥ္မွဴးႀကီး ေတာ္ေတာ္ကို ေတာ္ပါတယ္။

ေရွ႕ဘီးခ်မရတာကို ဦးပိုင္းဝမ္းဗိုက္နဲ႕ေလ်ွာတိုက္ျပီး အထိအခိုက္အပ်က္ အစီးမရွိ ေဘးကင္းစြာဆင္းသက္ႏိုင္တာ က်ြမ္းက်င္မႈ အေတြ႕အၾကံဳ ဆံုးျဖတ္ခ်က္မွန္ကန္မႈ အရည္အခ်င္းျပည့္ဝတဲ႔ ေလယာဥ္မွဴ းၾကီးကို ေလးစား ဂုဏ္ျပဳ ပါတယ္။

ေလယာဥ္မႉးႀကီး ျမတ္မိုးေအာင္

ဘီးမက်တဲ့ ေလယာဥ္ကိစၥ ျမန္မာ့ အမ်ိဳးသားေလေၾကာင္းလိုင္း၏ ထုတ္ျပန္ခ်က္

ယေန႔ ၁၂/၀၅/၂၀၁၉ ရက္ေန႔ ၀၇၁၅နာရီတြင္ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း ၏ခရီးစဥ္အမွတ္ UB103 ရန္ကုန္- မႏၲေလး- ရန္ကုန္ ခရီးစဥ္ကို ေလယာဥ္အမွတ္ XY-AGQ , Embraer 190AR ႏွင့္ ခရီးသည္ ၈၂ ဦးတင္ေဆာင္၍Captain ျမတ္မိုးေအာင္၊ FO ေကာင္းဆက္လင္း၊ FOမ်ိဳး သီဟေအာင္၊

cabin crew မ်ားအျဖစ္ မခ်ယ္ရီျမင့္၊ မေကဂ်ာဆန္ေအာငိ၊မခိုင္ဇာလင္း၊မဥမၼာေအာင္ တို႔ ေမာင္းႏွင္ ပ်ံ သန္းရာ မႏၲေလး ေလဆိပ္သို႔ ဆင္းခ်ိန္ ၀၈၁၇ ခ်ိန္ တြင္ ေလယာဥ္ဘီးခ်ရာ Nose Landing Gear မက် ေၾကာင္း ေတြ႕ရွိရသျဖင့္ Captain မွ Emergency procedure အရ ေဆာင္ရြက္ရာတြင္လည္း Nose Landing Gear သည္ က်မလာပါ။

ထို႔အတြက္ Captain မွ ေလေၾကာင္းထိန္းေမွ်ာ္စင္သို႔ Nose Landing Gear က်မက် ၾကည့္ေပးပါရန္ ၂ ႀကိမ္ဝဲပတ္ပ်ံသန္းျပခဲ့ပါသည္။

ထို႔ေနာက္ ေလယာဥ္ဆီကုန္ေစရန္ ဝဲပတ္ပ်ံသန္းၿပီးေနာက္ ၀၉၀၉ နာရီ တြင္ Runway 17 အတိုင္း Emergency landing ျပဳလုပ္ခဲ့ရာ ေျပးလမ္း ၄၅၀၀ ေပတြင္ေလယာဥ္ဦးစိုက္အေနအထားႏွင့္ရပ္တန္႔ၿပီးေနာက္ ေလယာဥ္Cabin Crew အဖြဲ႕မွ ခရီးသည္မ်ားအား Emergency Evacuations Proceduresအတိုင္း သတ္မွတ္ခ်ိန္အတြင္းၿပီးစီးေအာင္ ေဆာင္ရြက္ႏိုင္ခဲ့ပါသည္။

ခရီးသည္၊ ေလယာဥ္အဖြဲ႕သားမ်ား တစ္စံုတစ္ရာ ထိခိုက္ခဲ့ျခင္းမရွိပါ။အဆိုပါျဖစ္စဥ္တြင္ ပါဝင္ခဲ့ေသာ ခရီးသည္မ်ားကို လည္း ERP( Emergency Response Plan) ႏွင့္အညီ ေဆာင္ရြက္ေပးခဲ့ပါသည္။

ျမန္မာအမ်ိဴးသားေလေၾကာင္းလိုင္းအေနျဖင့္ တင္ျပပါျဖစ္စဥ္တြင္ ေလယာဥ္အဖြဲ႕သားမ်ား ႏွင့္ ညီၫြတ္စြာ ေဆာင္ရြက္ခဲ့ေသာ ခရီးသည္မ်ားအားလည္းေကာင္း၊ ေလယာဥ္အေရးေပၚ အေျခအေန ၌ ဆံုးျဖတ္ခ်က္မွန္ကန္စြာ ႏွင့္ ေဘးကင္းစြာ ေမာင္းႏွင္ေပးခဲ့ေသာ Captain ျမတ္မိုးေအာင္၊

FO ေကာင္းဆက္လင္း၊ FOမ်ိဳး သီဟေအာင္၊ တို႔အားလည္းေကာင္း၊ cabin crew မ်ားအျဖစ္မခ်ယ္ရီျမင့္၊မေကဂ်ာဆန္ေအာင္၊ မခိုင္ဇာလင္း၊မဥမၼာေအာင္တို႔အား လည္းေကာင္း ေက်းဇူးတင္ရွိပါေၾကာင္း ႏွင့္ ခ်ီးက်ဴးမွတ္တမ္းတင္ ဂုဏ္ျပဳ အပ္ပါေၾကာင္း တင္ျပလိုက္ရပါသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Myanmar National Airlines

#Unicode Version#
မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့(မေ ၁၂) နံနက်ပိုင်းက Myanmar National Airlines မှ လေယာဉ်တစ်စီး မတော် တဆမှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ခရီးသည်များအားလုံးရဲ့ အသက်အန္ဒတွေကို ကယ်တင်ပေးခဲ့တဲ့ ကယ်တင်ရှင် လေယာဉ်မှူးကြီး တော်တော်ကို တော်ပါတယ်။

ရှေ့ဘီးချမရတာကို ဦးပိုင်းဝမ်းဗိုက်နဲ့လျှောတိုက်ပြီး အထိအခိုက်အပျက် အစီးမရှိ ဘေးကင်းစွာဆင်းသက်နိုင်တာ ကျွမ်းကျင်မှု အတွေ့အကြုံ ဆုံးဖြတ်ချက်မှန်ကန်မှု အရည်အချင်းပြည့်ဝတဲ့ လေယာဉ်မှူ းကြီးကို လေးစား ဂုဏ်ပြု ပါတယ်။

လေယာဉ်မှူးကြီး မြတ်မိုးအောင်

ဘီးမကျတဲ့ လေယာဉ်ကိစ္စ မြန်မာ့ အမျိုးသားလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်

ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY-AGQ , Embraer 190AR နှင့် ခရီးသည် ၈၂ ဦးတင်ဆောင်၍Captain မြတ်မိုးအောင်၊ FO ကောင်းဆက်လင်း၊ FOမျိုး သီဟအောင်၊

cabin crew များအဖြစ် မချယ်ရီမြင့်၊ မကေဂျာဆန်အောငိ၊မခိုင်ဇာလင်း၊မဥမ္မာအောင် တို့ မောင်းနှင် ပျံ သန်းရာ မန္တလေး လေဆိပ်သို့ ဆင်းချိန် ၀၈၁၇ ချိန် တွင် လေယာဉ်ဘီးချရာ Nose Landing Gear မကျ ကြောင်း တွေ့ရှိရသဖြင့် Captain မှ Emergency procedure အရ ဆောင်ရွက်ရာတွင်လည်း Nose Landing Gear သည် ကျမလာပါ။

ထို့အတွက် Captain မှ လေကြောင်းထိန်းမျှော်စင်သို့ Nose Landing Gear ကျမကျ ကြည့်ပေးပါရန် ၂ ကြိမ်ဝဲပတ်ပျံသန်းပြခဲ့ပါသည်။

ထို့နောက် လေယာဉ်ဆီကုန်စေရန် ဝဲပတ်ပျံသန်းပြီးနောက် ၀၉၀၉ နာရီ တွင် Runway 17 အတိုင်း Emergency landing ပြုလုပ်ခဲ့ရာ ပြေးလမ်း ၄၅၀၀ ပေတွင်လေယာဉ်ဦးစိုက်အနေအထားနှင့်ရပ်တန့်ပြီးနောက် လေယာဉ်Cabin Crew အဖွဲ့မှ ခရီးသည်များအား Emergency Evacuations Proceduresအတိုင်း သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ခရီးသည်၊ လေယာဉ်အဖွဲ့သားများ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိပါ။အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သော ခရီးသည်များကို လည်း ERP( Emergency Response Plan) နှင့်အညီ ဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာအမျိူးသားလေကြောင်းလိုင်းအနေဖြင့် တင်ပြပါဖြစ်စဉ်တွင် လေယာဉ်အဖွဲ့သားများ နှင့် ညီညွတ်စွာ ဆောင်ရွက်ခဲ့သော ခရီးသည်များအားလည်းကောင်း၊ လေယာဉ်အရေးပေါ် အခြေအနေ ၌ ဆုံးဖြတ်ချက်မှန်ကန်စွာ နှင့် ဘေးကင်းစွာ မောင်းနှင်ပေးခဲ့သော Captain မြတ်မိုးအောင်၊

FO ကောင်းဆက်လင်း၊ FOမျိုး သီဟအောင်၊ တို့အားလည်းကောင်း၊ cabin crew များအဖြစ်မချယ်ရီမြင့်၊မကေဂျာဆန်အောင်၊ မခိုင်ဇာလင်း၊မဥမ္မာအောင်တို့အား လည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း နှင့် ချီးကျူးမှတ်တမ်းတင် ဂုဏ်ပြု အပ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Myanmar National Airlines


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top