‘စိန’က အျပန္

၂၀၁၈ ဒီဇင္ဘာ ၁၃ ရက္ ေန႔လယ္

တ႐ုတ္ျပည္တစ္ေနရာမီးပြိဳင့္

အထုပ္အပိုးကိုယ္စီ ထမ္း သယ္လာၾကသည့္ လူ ၃၀ ေက်ာ္ ရွိမည့္ လူအုပ္ႀကီးတစ္စုသည္ တ႐ုတ္ျပည္တစ္ေနရာရွိ လူစည္ ကားရာ မီးပြိဳင့္တစ္ခုတြင္ ရပ္ လိုက္ၾကသည္။ လူအုပ္အလယ္ တြင္ မိန္းကေလးေျခာက္ဦးခန္႔ ပါၿပီး ထိုမိန္းကေလးမ်ားကို ေယာက်္ားသားမ်ားက ပတ္ပတ္လည္ကာထားၾကသည္။ စိုးထိတ္ ေနၾကေသာ မ်က္လံုးကိုယ္စီျဖင့္ ထိုလူစုသည္ ေဘးပတ္ ပတ္လည္ ရွိ ဆုိင္ခန္းမ်ား၊ လူအမ်ားၾကားေစ ရန္ ပလိစ္ဟဲမီ… ၊ ဝဲလ္အစ္စ္ သယ္ပုလိစ္စေတရွင္ စသျဖင့္ ေအာ္ဟစ္ၾက သည္။

ထိုလူစုသည္ ကူရာကယ္ရာမဲ့ေနသျဖင့္ တ႐ုတ္ ျပည္ရွိ မီးပြိဳင့္တစ္ခုတြင္ စုေဝး ကာ ေအာ္ဟစ္ေနၾကျခင္းျဖစ္ သည္။ ထိုလူအုပ္ထဲမွ အသံတခ်ိဳ႕ လည္း ထြက္လာသည္။ ‘‘ကယ္ၾက ပါဦးဗ်ာ။ ကြၽန္ေတာ္တုိ႔ကို ကယ္ ၾကပါဦး’’ဟူသည့္ ျမန္မာ စကား။ သို႔ေသာ္ ထိုျမန္မာစကားကိုေတာ့ မည္သူမွ နားလည္ပံုမရ။ မီးပြိဳင့္ ဝန္းက်င္က ကားေတြ၊ လူေတြက ေတာ့ ထိုလူအုပ္ကို အထူးအဆန္း သဖြယ္ေငးၾကည့္လ်က္။

၂၀၁၈ ေအာက္တုိဘာ ၃၀ ရက္ ည

အန္စာတံုးကားေလးတစ္စီး သည္ မံုရြာ-မႏၲေလးလမ္းအတုိင္း အေရွ႕သို႔ ေမာင္းႏွင္ေနသည္။ ထို ကားေပၚတြင္ အသက္ (၂၀) ေက်ာ္္မွ (၄၀)ေက်ာ္အထိ အမ်ိဳး သား၊ အမ်ိဳးသမီး ၁၅ ဦး လိုက္ပါ လာၾကသည္။ အမ်ိဳးသမီးေလးဦး ႏွင့္ အမ်ိဳးသား ၁၁ ဦးတုိ႔ျဖစ္ သည္။ သူတုိ႔အားလံုး ခရီးစဥ္တစ္ ခုအစအတြက္ ေပ်ာ္ရႊင္ျမဴးထူးေနပံုရသည္။ တစ္ေယာက္ႏွင့္တစ္ ေယာက္ စလိုက္ေနာက္လိုက္ ရယ္ေမာေနၾကသည္။ ထိုအဖြဲ႕ထဲ တြင္ အသက္ (၂၁)ႏွစ္အရြယ္ေအာင္သူဝင္းလည္း ပါသည္။ သူလည္း သူ႔ရည္မွန္းခ်က္ေတြျဖင့္ ဒီခရီးကို လိုက္ပါလာျခင္းျဖစ္ သည္။ ၾကည္ႏူးလည္း ၾကည္ႏူး စရာ။ ဒီခရီးစဥ္က သူတုိ႔ဘဝတစ္ခုအေျပာင္းအလဲအတြက္ ပထမ ေျခလွမ္းမဟုတ္လား။

ေခြးမ်ားကို ေရခဲရုိက္ေနစဥ္

ေအာင္သူဝင္းတုိ႔သည္ စစ္ ကိုင္းတုိင္းေဒသႀကီး ဘုတလင္ ၿမိဳ႕နယ္ ဝက္ရဲရြာက ျဖစ္သည္။ ဝက္ရဲရြာက ဘုတလင္ေျမာက္ ဘက္ ၁၇ မိုင္ေလာက္အကြာမွာရွိ သည္။ လမ္းပန္းဆက္သြယ္ေရး ကလည္း သိပ္မေကာင္း၊ လွ်ပ္စစ္မီးလည္း မရေသး သည့္ အနည္း ငယ္ေခါင္သည့္ရြာျဖစ္သည္။ သူ တုိ႔ရြာသည္ ဆီး (သီး)ႏွင့္ ပဲစင္းငံု၊ ေျမပဲ စသည့္သီးႏွံမ်ား စိုက္ပ်ိဳး ၾကသည္။ ဆီးသီးကို စီးပြားျဖစ္ စိုက္ပ်ိဳးၿပီး တ႐ုတ္ျပည္ပို႔ၾက သည္။ သူတို႔အားလံုးသည္လည္း ရြာမွာတင္ ေတာင္သူ အလုပ္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္လုပ္ခဲ့ၾကသူမ်ား ျဖစ္သည္။

သို႔ေသာ္ ၿပီးခဲ့သည့္ ၂ ႏွစ္ ေလာက္ကစတင္ကာ ဆီး (သီး) ႏွင့္ ပဲစင္းငံုေဈးေတြ ထိုးက်သည္။ ဆီးသီးက တစ္ျပည္ကို လုပ္သားခ၁၀၀ ေလာက္က်တာကို ၅၀ သာ ရသည္။ အဲဒီမွာတင္ ရြာသူရြာ သားေတြ အခက္အခဲျဖစ္ၾက၊ စီးပြားေရးေတြ ထိခိုက္ၾကသည္။ ဝမ္းေရးအတြက္ ခက္ခဲလာၾက သည္။ ထိုအခ်ိန္ သူတို႔အတြက္ လြတ္ေျမာက္ရာ လမ္းစေလးတစ္ ခုေပၚလာသည္။ ဒီပဲယင္းဘက္က ရြာတစ္ရြာက လူတစ္ေယာက္ဆီ ကျဖစ္သည္။ တ႐ုတ္ျပည္သြား အလုပ္လုပ္မလားတဲ့။ ဂ်င္း ေဘာင္းဘီစက္႐ံုတဲ့။ တစ္လတစ္ လ စားၿပီးေသာက္ၿပီး ေျခာက္ သိန္းေလာက္ရမွာတဲ့။

ရြာမွာ အဆင္မေျပတာမို႔ တခ်ိဳ႕ေတြက စိတ္ဝင္စားၾက သည္။ သို႔ျဖင့္ တစ္ေယာက္နဲ႔တစ္ ေယာက္ တုိင္ပင္ရင္း လိုက္ဖို႔ျပင္ ၾကတာ လူေပါင္း ၁၅ ဦးျဖစ္သြား သည္။ တစ္ေယာက္ကို ပြဲခအျဖစ္ႏွစ္သိန္းခြဲေပးရမည္။ တ႐ုတ္ျပည္နယ္စပ္အထိ ကိုယ့္စရိတ္နဲ႔ကိုယ္ သြားရမည္တဲ့။ ဒီေလာက္ေတာ့ ရင္းရမွာေပါ့ဟု ေတြးၿပီး တစ္ဦး လွ်င္ ငါးသိန္းစီေလာက္ ရွာၾက သည္။ အိမ္ရွိတာ ေပါင္ႏွံေရာင္း ခ်သူေရာင္းခ်၊ မရွိသူက အတုိးႏွင့္ ဆြဲလိုဆြဲရျဖင့္ တ႐ုတ္ျပည္ ခရီးစဥ္ စတင္ခဲ့ၾကေလသည္။

ခ်င္းေရႊေဟာ္ေရာက္ေတာ့ ဒီပဲယင္းက ပြဲစားက သူတို႔အဖြဲ႕ ကို တျခားပြဲစားလက္ထဲထည့္ လိုက္သည္။ ထိုပြဲစားျဖင့္ သူတို႔ တေတြ တ႐ုတ္ျပည္ထဲကိုဝင္ သည္။ မိန္းတိန္ကေန ႏိုဝင္ဘာ ၁ ရက္ေန႔မွာ စထြက္သည္။ လမ္း ခရီးမွာလည္း အစားအေသာက္ လည္း ေကာင္းေကာင္းမစားရ၊ အေပါ့အပါးသြားခ်င္တာေတာင္ မလြယ္၊ သို႔ေသာ္ သူတုိ႔အဖြဲ႕ေတြ သည္းခံသည္။ အလုပ္္လုပ္ရမယ့္ ေနရာေရာက္လွ်င္ေတာ့ အဆင္ ေျပမွာပါဟု။

တ႐ုတ္ႏုိင္ငံ၌ ဂ်င္းေဘာင္းဘီစက္႐ုံတြင္ အလုပ္လုပ္ရမည္ဟုဆုိၿပီး အသားမ်ားကုိ ေရခဲ႐ုိက္ရသည့္စက္႐ုံ၌ လိမ္၍အလုပ္သြင္းခံရသည့္ လုပ္သားမ်ား၏အိပ္ခန္းကုိ ေတြ႕ရစဥ္

သူတုိ႔ အလုပ္လုပ္ရမည့္စက္ ႐ံုသည္ ဘယ္ေလာက္ေဝးလဲ ေတာင္မသိ။ တ႐ုတ္ျပည္ထဲမွာ တင္ ႏိုဝင္ဘာ ၁ ရက္ေန႔က စထြက္တာ ၅ ရက္ေန႔ ညပိုင္း ေလာက္မွ ႏွင္းေတြေအးခဲေန ေအာင္က်ေသာ ေဒသတစ္ခုကို ေရာက္ရွိလာခဲ့သည္။ ေရာက္ၿပီ တဲ့။ မႀကီးလြန္းေသာ၊ မက်ယ္ လြန္းေသာ စက္႐ံုဝင္းတစ္ခုအ တြင္းသို႔ ဝင္ခဲ့ရျခင္းျဖစ္သည္။ ေရာက္ေရာက္ခ်င္း သူတို႔ႏွာ ေခါင္းဝတြင္ ရလာသည့္အနံ႔က ပုပ္အဲ့အဲ့အနံ႔ေတြ။ ဂ်င္းေဘာင္း ဘီစက္႐ံုက ဘာေၾကာင့္ ပုပ္ေစာ္နံ ေနရသလဲ သူတို႔စဥ္းစားရသည္။

သူတုိ႔ေတြကို အခန္းက်ဥ္း တစ္ခုထဲတြင္ စုေပါင္းေနရာခ် ေပးသည္။ ေနာက္ရက္မွ ႏွစ္ထပ္ ခုတင္မ်ားဆီ ေျပာင္းေပးသည္။ ေရာက္ေရာက္ခ်င္း အလုပ္က ေတာ့ မလုပ္ရေသး။ နားဦးဟုဆုိ သည္။ ေလး၊ ငါးရက္ၾကာေတာ့မွ အလုပ္စရသည္။ သို႔ေသာ္ အလုပ္က သူတို႔ ထင္ထားသလို ဂ်င္းေဘာင္းဘီစက္႐ံုမဟုတ္။ တိရစၧာန္အသားေတြကို မပုပ္ မသိုးေအာင္ ေရခဲေတြျဖင့္ ႐ိုက္ ေပးရသည့္ လုပ္ငန္းတစ္ခုျဖစ္ေန သည္။ သူတို႔ ေခြးေသေတြကို ကိုင္ရသည္။ ၾကက္သားေတြ၊ ကင္းမြန္ေတြကို တုတ္ျဖင့္ ထိုးရ သည္။ အာလူးေတြ အခြံႏႊာရ သည္။

အလုပ္ခ်ိန္က မနက္ ၇ နာရီ မွ ည ၁၀ နာရီအထိ၊ ထမင္းစားခ်ိန္ နာရီဝက္သာနားရသည္။ ထမင္းဆုိ၍ ေျပာရဦးမည္။ ေရာက္စကတည္းက သူတုိ႔ကိုေကြၽးေသာ ထမင္းက အေတာ္ေလး အံ့ဩဖို႔ ေကာင္းခဲ့သည္။ ပန္းကန္ေလး တစ္လံုးထဲ ႏွစ္လုတ္စာေလာက္ သာရွိမည့္ ထမင္းေလးသာ။ ေတာသူေတာင္သားမ်ားမို႔ မဝ၍ ထပ္ေတာင္းခ်င္လည္းမရ။ ထမင္း ကနည္း၍ ဟင္းကမ်ားမည္လား၊ ပိုေတာင္ဆိုးေနေသးသည္။ ေန႔ စဥ္ေန႔တုိင္း သူတုိ႔စားရသည့္ဟင္း ေတြက ဆုိးရြားလြန္း လွသည္။ ဆလတ္ရြက္ေရလံုျပဳတ္ဟင္း၊ ပုပ္ေတာ့မည့္ အာလူးသီးဟင္းမ်ား သာ ေန႔စဥ္စားရသည္။ ထမင္း၊ ဟင္း မခ်က္သည့္ေန႔ေတြဆို ေပါက္စီေသးေသးေလး ႏွစ္လံုး သာ ေကြၽးေလသည္။

စက္႐ံုမေရာက္မီ လမ္းခရီးတြင္ ေခတၱရပ္နားစဥ္

မူလက ဂ်င္းေဘာင္းဘီစက္ ႐ံုဟု ေျပာၿပီးပို႔ခဲ့သည့္ပြဲစားကို အင္တာနက္ကေနတစ္ဆင့္ လွမ္း ေမးသည္။ ဘယ္လို ျဖစ္တာလဲ ဟု။ သူကေတာ့ သည္းခံေနဖို႔၊ ေနာက္ေတာ့ ေျပာင္းေပးမွာပါဟု ႏွစ္သိမ့္သည္။ ထိုသို႔ သည္းခံေန ရင္း တစ္လျပည့္ေတာ့လည္း လုပ္ခမရ။ အစကတည္းက တ႐ုတ္ျပည္တြင္း ခရီးစရိတ္အ ျဖစ္ တစ္လလုပ္ေပးရမည္ဟုေျပာ ၿပီးသားတဲ့။ သူတို႔လည္း ဟုတ္ပါ ၿပီဟု လက္ခံေပးကာ ဆက္လုပ္ ၾကသည္။ ထိုသို႔ ဆက္လုပ္ေနရင္း အဆင္မေျပမႈေတြက တစ္ေန႔ တျခား ပိုပိုဆုိးလာသည္။ အစား အေသာက္ေကာင္းေကာင္းမစား ရသျဖင့္ အာဟာရျပတ္သူေတြ လည္းရွိလာ သည္။ က်န္းမာေရး ေတြလည္း ခ်ိဳ႕ယြင္းလာၾကသည္။

တစ္ခုကံေကာင္းသည္က သူတို႔ပါလာသည့္ ဖုန္းေတြထဲက ျမန္မာဆင္းမ္ကတ္တစ္မ်ိဳးက ဖုန္း လုိင္းလာမိေနသည္။ ထို႔ေၾကာင့္ ဗိုက္ဘာကေနတစ္ဆင့္ ရြာနဲ႔လွမ္း ခ်ိတ္သည္။ အဆင္မေျပတဲ့အ ေၾကာင္း ေျပာျပၾကသည္။ ရြာက အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလင္းတုိ႔၊ ရြာ ကေန မံုရြာတက္ အလုပ္လုပ္ေန သည့္ ကိုေဇာ္ရဲေမာင္တုိ႔ကို လွမ္း ခ်ိတ္သည္။ သူတို႔ကေနတစ္ဆင့္ ၈၈ ၿငိမ္းပြင့္က ကိုဝင္းေဇာ္ခိုင္တို႔ ကိုလည္း ခ်ိတ္မိသည္။ ကိုဝင္း ေဇာ္ခိုင္ကေနတစ္ဆင့္ သက္ဆုိင္ ရာကိုလည္း တင္ျပေပးသည္။

သူတို႔ေရာက္သည့္ေနရာ ေျမပံုေတြကို အင္တာနက္ျဖင့္ရွာကာ ပို႔ေပးၾကသည္။ ေနာက္မွ သိရသည္က သူတို႔ေရာက္သည့္ ေနရာသည္ တ႐ုတ္ျပည္အစြန္အ ဖ်ား ပင္လယ္ႏွင့္ေတာင္နီးသည္ ဟု သိခဲ့ရသည္။ သူတုိ႔ဖုန္းေတြက နယ္ျခားမွာ သံုးေနတာမို႔ ဘီလ္ ေတြ အေတာ္ျဖတ္သည္။ သို႔ေသာ္ရြာသူရြာသားေတြ၊ မိသားစုဝင္ ေတြက ဖုန္းဘီလ္ေတြ စုေပါင္း စိုက္ကာ ထည့္ထည့္ေပးၾက သည္။ ထိုသို႔ အင္တာနက္ကေန ဆက္သြယ္ရင္း တ႐ုတ္ျပည္တြင္း လုိက္ပို႔ခဲ့သည့္ ‘ဝ’အမ်ိဳးသမီးနဲ႔ ျပန္ခ်ိတ္ဆက္မိသည္။ ေအာင္သူဝင္းတုိ႔တစ္ေတြ ဒီစက္႐ံုမွာ အဆင္မေျပတဲ့အေၾကာင္း ေျပာျပၾက သည္။ ထုိအမ်ိဳးသမီးက အလုပ္ရွာေပးမယ္ဟုေျပာၿပီး သိပ္မၾကာ ဆက္သြယ္လာခဲ့သည္။ အ႐ုပ္ စက္႐ံုတစ္ခုမွာ လုပ္ရမည္တဲ့။

တ႐ုတ္ျပည္မွျပန္လာသူ၁၅ဦးအနက္ ရွစ္ဦးအား ေမလ၅ရက္က ဝက္ရဲရြာတြင္ ၿပံဳးရႊင္စြာေတြ႔ရစဥ္ (ဓာတ္ပံု-ညီညီေဇာ္)

ဒီဇင္ဘာ ၁၀ ရက္ေန႔ ညဥ့္ သန္းေခါင္တြင္ စက္႐ံုထဲကေန သူတုိ႔အဖြဲ႕ေတြ ထြက္ေျပးဖို႔ စီစဥ္ထားသည္။ သူတို႔အဖြဲ႕က မူလ တုန္းက ဝက္ရဲရြာ ၁၅ ဦးတင္မဟုတ္ေတာ့။ ခရီးစဥ္စကတည္း ကပါလာခဲ့သည့္ ဒီပဲယင္း၊ ကနီ နယ္ဘက္ကလူေတြ ပါပါသည့္ စုစုေပါင္း ၃၀ ေက်ာ္ေလာက္ျဖစ္ ေနေလၿပီ။ သူတို႔အဖြဲ႕သည္ ထို စက္႐ံုထဲကေန တိတ္တဆိတ္ ထြက္ၿပီး စက္႐ံုႏွင့္ မနီးမေဝးတြင္သူတုိ႔ ေနာက္ေျပာင္းမည့္ အ႐ုပ္ စက္႐ံုက လာႀကိဳသည့္ကားျဖင့္ ထြက္ခြာသြားခဲ့ၾကေလသည္။

အ႐ုပ္စက္႐ံုေရာက္ေတာ့ သူတုိ႔ေတြ လုပ္ရကိုင္ရမည့္အေန အထားေတြ ေလ့လာၾကသည္။ စားရေသာက္ရတာလည္း မဆိုး၊ ဝင္ေငြလည္း သင့္္သည္။ သို႔ေသာ္ သူတုိ႔အတြက္ အခက္အခဲတစ္ခု က ႀကိဳဆိုေနခဲ့သည္။ ထိုအ႐ုပ္ စက္႐ံုပိုင္ရွင္က ‘‘လူက ၂၀ ေလာက္ပဲလုိတာ။ ၃၀ ေက်ာ္မလို ဘူး’’တဲ့။ သူတုိ႔အားလံုး စိတ္ဓာတ္ က်သြားခဲ့ရသည္။ သူတို႔ကေတာ့ တစ္ဖြဲ႕လံုးမခြဲခ်င္။ ဒုကၡေရာက္ လည္း တူတူေရာက္ၾကမည္။ ဒီ အလုပ္မရဘူးဆိုလွ်င္ သူတို႔ဘာ လုပ္ၾကမည္နည္း။ ျမန္မာျပည္ လည္း ျပန္စရာလမ္းစရိတ္မရွိ။ ျပန္လည္း မျပန္တတ္။ ေနာက္ ဆံုးေတာ့ သူတုိ႔ေတြသည္ ပြဲစား ၏ ေဖ်ာင္းဖ်မႈျဖင့္ မူလအလုပ္႐ံု သို႔သာ ျပန္ခဲ့ရေလသည္။

မူလစက္႐ံုျပန္ေရာက္ေတာ့ သူတုိ႔ေတြကို ဖုန္းေတြသိမ္းေတာ့ သည္။ တခ်ိဳ႕က မေပးခ်င္သျဖင့္ ႐ုန္းရင္းဆန္ခတ္ ျဖစ္ၾက သည္။ ထိုသို႔ ျဖစ္ေနတုန္း တစ္ေယာက္ က လြတ္က်လာသည့္ ဖုန္းတစ္ခု ကို အျမန္ေကာက္ယူထားလိုက္ သည္။ ထိုဖုန္းအျပင္ ဝွက္ထား သည့္ ဖုန္းတစ္လံုး၊ အခန္းထဲတြင္ က်န္ေနသည့္ ဖုန္းတစ္လံုးျဖင့္ သူ တုိ႔လက္ထဲတြင္ ဖုန္းသံုးလံုးက်န္ ေနခဲ့ေသးသည္။

မူလအလုပ္ျပန္ေရာက္ၿပီး ေတာ့ သူတုိ႔ကို အရင္ထက္ပိုက်ပ္ လာခဲ့သည္။ အေစာင့္ေတြႏွင့္ ထားတာမ်ိဳးေတြ ျဖစ္လာသည္။ ေဘးပတ္ဝန္းက်င္မွာလည္း ႏွင္း ေတာႀကီးသာ ဖုံးလႊမ္းေနသည္။ လုပ္ခကလည္း တစ္ျပားမွမရ။ တျဖည္းျဖည္းႏွင့္ သူတုိ႔ကိုယ္သူ တုိ႔ အက်ဥ္းသားေတြလို ခံစားလာ ရသည္။ ထိုသို႔ ေနလာရင္း တစ္ ရက္ေတာ့ အေျပာင္းအလဲတစ္ခု ေပၚလာေလေတာ့သည္။ ထုိေန႔ က တ႐ုတ္ျပည္ေရာက္ၿပီး သံုးလ ခန္႔အၾကာ ၂၀၁၉ ဇန္နဝါရီ ၂၈ ရက္ေန႔။

သူတုိ႔တစ္ေတြကို စက္႐ံုအ ႀကီးအကဲတစ္ေယာက္က လက္ မွတ္ထိုးခိုင္းသည္။ လစာေတြေပးဖုိ႔ပါတဲ့။ လက္မွတ္ထိုး စာရြက္အေပၚ ျမန္မာလိုေရးထားသည့္ စာ ရြက္ကို ေသခ်ာဖတ္ၾကည့္ေတာ့မွ ရြာက မိဘေတြဆီ အဆင္ေျပ ေၾကာင္း၊ တစ္ႏွစ္အထိ လုပ္ကိုင္ ပါမည္အေၾကာင္း ေရးထားသည့္ စာေတြ ေတြ႕ရသည္။ သူတုိ႔ သည္းမခံႏိုင္ေတာ့။ ဒါ နားလွည့္ ပါးလွည့္ လုပ္ျခင္းသာျဖစ္ေၾကာင္း၊ ဘယ္ လိုမွ ဆက္ေနဖို႔ မသင့္ေတာ့တဲ့အ ေၾကာင္း ေျပာၾကသည္။ မည္သူ မွ လက္မွတ္ ထိုးမေပးေသးဘဲ အခန္းထဲတြင္ စုေဝးတိုင္ပင္ၾကသည္။

ေခြးမ်ားကို ေရခဲ႐ိုက္ေပးေနစဥ္

ေနာက္ဆံုး ဆံုးျဖတ္ခ်က္ တစ္ခုခ်လိုက္သည္။ ထြက္ေျပးၾကစို႔တဲ့။

ကိုယ့္အဝတ္အစားထုပ္ေတြ အျမန္သိမ္းဆည္းၾကသည္။ ထို အခ်ိန္က စက္႐ံုထဲတြင္ မန္ေနဂ်ာ တစ္ေယာက္ေလာက္သာ ေတြ႕ရ သည္။ ကိုယ့္အထုပ္အပိုးေတြ သယ္ရင္း စက္႐ံုအျပင္ေရာက္ ေအာင္ ေျပးထြက္ၾကသည္။ မန္ ေနဂ်ာက ျမင္သြားၿပီး လုိက္တား သည္။ သူတုိ႔က လူမ်ားသျဖင့္ မန္ေနဂ်ာမႏုိင္ေတာ့။ သူတို႔ လမ္း ေပၚေရာက္ခဲ့ၾကေလၿပီ။

လမ္းေပၚေရာက္ၿပီးေတာ့ သူတို႔ေတြ တုိင္ပင္ၾကသည္။ ငါတို႔ေတြ လူစည္ကားရာေနရာတစ္ ေနရာကိုသြားမည္။ အကူအညီ ေတာင္းမည္။ ရဲစခန္းရွာမည္။ ရဲစခန္းမေတြ႕လွ်င္ ေဆး႐ံုတုိ႔၊ ေဈးတို႔လိုေနရာေတြမွာ သြား မည္။ လူအမ်ားႀကီးရွိေနလွ်င္ သူတုိ႔အတြက္ လံုၿခံဳႏုိင္ေကာင္းသည္ဟု။ လမ္းေတာ္ေတာ္ေလွ်ာက္ၿပီး ေနာက္ စက္႐ံုက တ႐ုတ္ေတြ ကား ေလး၊ ငါး၊ ေျခာက္စီးျဖင့္ သူတုိ႔နားေရာက္လာေလသည္။ သူတို႔အဖြဲ႕ေတြ ပိုၿပီးပူးကပ္လိုက္ ၾကသည္။ မိန္းကေလးေတြကို အလယ္ထဲထားလိုက္ၾကသည္။

ပိုင္ရွင္ဘက္ကလူေတြက သူတုိ႔ထဲက လူတခ်ိဳ႕ကိုဆြဲကာ ကား ေပၚတင္သည္။ သူတို႔ကလည္း ျပန္ဆြဲသည္။ ထြက္ေျပးသည္။ ထိုသို႔ျဖင့္ လူစည္ကားရာေနရာ ၿမိဳ႕ထဲကို ေရာက္လာသည္။ ၿမိဳ႕ထဲေရာက္ေတာ့ ေနာက္ကလူေတြ သိပ္မကပ္ရဲေတာ့။ ေနာက္ဆံုး မီးပြိဳင့္တစ္ခုနားေရာက္ေတာ့ သူ တုိ႔ေတြ ေအာ္ဟစ္ကာ အကူအညီ ေတာင္းၾကေလသည္။ မီးပြိဳင့္နား ရွိ ေဆးဆိုင္တစ္ဆုိင္က ထြက္လာ ၾကည့္၍ သူတို႔ေတြ အေျပးအ လႊားသြားကာ ရဲစခန္း ဘယ္မွာရွိ လဲေမးၾကသည္။ သူတို႔က လက္ဟန္ေျခဟန္ျဖင့္ ၫႊန္ျပၾကသည္။ သူတို႔အဖြဲ႕လည္း ၫႊန္သည့္အ တုိင္း ရွာရာရဲစခန္းကို ေတြ႕ပါ ေလသည္။

ရဲစခန္းထဲသူတုိ႔ေတြ အဖြဲ႕လိုက္အေျပးဝင္သြားၾကသည္။ တ႐ုတ္ရဲေတြကလည္း သူတုိ႔ေျပာ တာ နားမလည္၊ သူတို႔ေျပာတာ လည္း ဒီအဖြဲ႕က နားမလည္ျဖင့္ ႐ႈပ္ေထြးကုန္သည္။ သူတို႔ပိုင္ရွင္ တ႐ုတ္မကလည္း လုိက္လာ သည္။ သူတုိ႔ခ်င္းေျပာေနၾက သည္။ သူတုိ႔ကေတာ့ ရဲစခန္းထဲ ကေန တစ္ဖဝါးမွမခြာဘဲ စုေဝး ကာ ထိုင္ေနၾကသည္။ ညေန ေရာက္ေတာ့ ျမန္မာအမ်ိဳးသမီး စကားျပန္တစ္ေယာက္ ေရာက္ လာခဲ့ပါသည္။ သူဘယ္သူ၊ ဘယ္ အဖြဲ႕အစည္းကဆုိတာ မသိပါ။

ထမင္းစားခ်ိန္၀န္ထမ္းမ်ားအနားယူေနစဥ္

ထုိအမ်ိဳးသမီး၏ စကားျပန္ ေပးမႈျဖင့္ ျပႆနာကို သိသြားခဲ့ၾကသည္။ ရဲေတြက သူတို႔အဖြဲ႕ကို ေနစရာေပးသည္။ စက္႐ံုပိုင္ရွင္ အမ်ိဳးသမီးကိုလည္း ရဲစခန္းမွာ ဒီအဖြဲ႕ရွိေနစဥ္ ကာလတစ္ ေလွ်ာက္ အစားအေသာက္လာပို႔ ရန္ ၫႊန္ၾကားခဲ့သည္။ ထိုသို႔ျဖင့္ သူတုိ႔အဖြဲ႕ေတြ ရဲစခန္းမွာ ရက္ ေပါင္း ၂၀ ေက်ာ္ ၾကာခဲ့ေလသည္။

၂၅ ရက္ခန္႔ ရဲစခန္းမွာေန အၿပီးမွာေတာ့ စကားျပန္ ျမန္မာ အမ်ိဳးသမီးေလးက ရဲတပ္ဖြဲ႕ႏွင့္ စီစဥ္ထားတာေတြ ေျပာျပသည္။ ျမန္မာျပည္ျပန္ဖို႔အတြက္ စရိတ္စကလိုမည္။ ထို႔အတြက္ အလုပ္ လုပ္ႏိုင္မလားဟု။ ဟိုမွာထက္ အ ဆင္ေျပလွ်င္ လုပ္ပါ့မည္ဟု ျပန္ ေျပာလိုက္သည္။ ထိုသို႔ျဖင့္ သူတုိ႔အဖြဲ႕ ၾကက္သားစက္႐ံုတစ္ခုမွာ အလုပ္လုပ္ရပါသည္။ ထိုစက္႐ံုမွာေတာ့ ယခင္စက္႐ံုႏွင့္ ဘာမွ်မဆုိင္ေတာ့။ ေကာင္းေကာင္း ထားသည္။ ေကာင္းေကာင္းေကြၽး သည္။ အလုပ္ခ်ိန္ကလည္း ရွစ္နာရီသာ။ ထိုစက္႐ံုမွာ လုပ္ေနရင္း ႏွစ္လနီးပါးအၾကာမွာေတာ့ သူတုိ႔သတင္းစကားတစ္ခုရခဲ့သည္။ ဧၿပီ ၁၉ ရက္တြင္ သူတုိ႔ကို ျမန္မာျပည္ျပန္ပို႔ေပးေတာ့မည္တဲ့။ သူတုိ႔အဖြဲ႕ေတြ ေပ်ာ္သြား လိုက္ၾကတာမ်ား။

ေအာင္သူဝင္းတို႔ကို ခ်င္းေရႊ ေဟာ္ဂိတ္အထိ ျပန္လုိက္ပို႔ေပးခဲ့ ပါသည္။ ျပန္ေတာ့ စာအိတ္ေလး ေတြ တစ္ေယာက္ တစ္လံုးစီ ေပးသည္။ ဖြင့္ၾကည့္ေတာ့ တ႐ုတ္ ယြမ္ေတြ။ တစ္ေယာက္ကို တစ္ေထာင့္ရွစ္ရာ၊ တစ္ေထာင့္ကိုးရာ၊ႏွစ္ေထာင္ စသျဖင့္ ရခဲ့ၾကသည္။သူတုိ႔အဖြဲ႕ေတြ ေက်းဇူးတင္ခဲ့ၾကသည္။ ျမန္္မာျပည္ဘက္ကမ္းကို လွမ္းျမင္ရေတာ့ သူတို႔ေတြ ေပ်ာ္လိုက္ၾကတာ။ တစ္ေယာက္ကဆုိ ‘‘ျမန္မာစာလံုးေလးတစ္လံုး ျမင္လိုက္ရတာနဲ႔ကို ေပ်ာ္တာကြာ’’တဲ့။

ခ်င္းေရႊေဟာ္ကေနတစ္ဆင့္ သူတုိ႔ေတြ မံုရြာကို ျပန္ခဲ့ၾကသည္။ မံုရြာေရာက္ေတာ့ ကိုဝင္း ေဇာ္ခိုင္တုိ႔ႏွင့္အတူ စစ္ကိုင္းတုိင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ႏွင့္အဖြဲ႕က ေတြ႕ဆံုၿပီး ေထာက္ပံ့ေငြႏွင့္ လိုအပ္တာေတြ ပံ့ပိုးေပးခဲ့ၾက သည္။ ရြာကလူေတြကလည္း သူတုိ႔မိသားစုဝင္ေတြ ျပန္လာၿပီဆုိ ေတာ့ မံုရြာအထိ လာႀကိဳၾကသည္။ ျပန္မလာႏုိင္ေတာ့ ေလာက္ဘူးထင္ထားရာမွ ျပန္ေရာက္လာ၍ ေပ်ာ္ခဲ့ၾကသည္။

ထမင္းစားခ်ိန္တြင္ ၀န္ထမ္းမ်ားကို ေတြ႔ရစဥ္

အခုေတာ့ ေအာင္သူဝင္းတုိ႔လည္း ဇာတိဝက္ရဲရြာကို ျပန္ ေရာက္ပါၿပီ။ ေျခာက္လေလာက္ စိတ္ဆင္းရဲကိုယ္ဆင္းရဲ ဒုကၡ ေရာက္ခဲ့ရၿပီး အိမ္ျပန္အေရာက္မွာေတာ့ ရယ္ႏုိင္ေမာႏုိင္ပါၿပီ။ သို႔ ေသာ္ စိတ္ခ်လက္ခ်ေတာ့မဟုတ္ေသး။ ‘‘ရြာမွာက လုပ္ကိုင္စားစရာ ဘာမွမွမရွိတာ။ ဘယ္သြားၿပီး ဘာလုပ္ရမွန္းကို မသိေတာ့ပါဘူးဗ်ာ’’ ဟုေျပာရင္း ေအာင္သူဝင္းတုိ႔ တစ္ေတြ သက္ျပင္းကိုခ်ေလသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:7Day Daily
ဝက္ရဲရြာအဝင္ (ဓာတ္ပံု-ညီညီေဇာ္)

#Unicode Version#
စိန’က အပြန်

၂၀၁၈ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်

တရုတ်ပြည်တစ်နေရာမီးပွိုင့်

အထုပ်အပိုးကိုယ်စီ ထမ်း သယ်လာကြသည့် လူ ၃၀ ကျော် ရှိမည့် လူအုပ်ကြီးတစ်စုသည် တရုတ်ပြည်တစ်နေရာရှိ လူစည် ကားရာ မီးပွိုင့်တစ်ခုတွင် ရပ် လိုက်ကြသည်။ လူအုပ်အလယ် တွင် မိန်းကလေးခြောက်ဦးခန့် ပါပြီး ထိုမိန်းကလေးများကို ယောကျ်ားသားများက ပတ်ပတ်လည်ကာထားကြသည်။ စိုးထိတ် နေကြသော မျက်လုံးကိုယ်စီဖြင့် ထိုလူစုသည် ဘေးပတ် ပတ်လည် ရှိ ဆိုင်ခန်းများ၊ လူအများကြားစေ ရန် ပလိစ်ဟဲမီ… ၊ ဝဲလ်အစ်စ် သယ်ပုလိစ်စတေရှင် စသဖြင့် အော်ဟစ်ကြ သည်။

ထိုလူစုသည် ကူရာကယ်ရာမဲ့နေသဖြင့် တရုတ် ပြည်ရှိ မီးပွိုင့်တစ်ခုတွင် စုဝေး ကာ အော်ဟစ်နေကြခြင်းဖြစ် သည်။ ထိုလူအုပ်ထဲမှ အသံတချို့ လည်း ထွက်လာသည်။ ‘‘ကယ်ကြ ပါဦးဗျာ။ ကျွန်တော်တို့ကို ကယ် ကြပါဦး’’ဟူသည့် မြန်မာ စကား။ သို့သော် ထိုမြန်မာစကားကိုတော့ မည်သူမှ နားလည်ပုံမရ။ မီးပွိုင့် ဝန်းကျင်က ကားတွေ၊ လူတွေက တော့ ထိုလူအုပ်ကို အထူးအဆန်း သဖွယ်ငေးကြည့်လျက်။

၂၀၁၈ အောက်တိုဘာ ၃၀ ရက် ည

အန်စာတုံးကားလေးတစ်စီး သည် မုံရွာ-မန္တလေးလမ်းအတိုင်း အရှေ့သို့ မောင်းနှင်နေသည်။ ထို ကားပေါ်တွင် အသက် (၂၀) ကျော်မှ (၄၀)ကျော်အထိ အမျိုး သား၊ အမျိုးသမီး ၁၅ ဦး လိုက်ပါ လာကြသည်။ အမျိုးသမီးလေးဦး နှင့် အမျိုးသား ၁၁ ဦးတို့ဖြစ် သည်။ သူတို့အားလုံး ခရီးစဉ်တစ် ခုအစအတွက် ပျော်ရွှင်မြူးထူးနေပုံရသည်။ တစ်ယောက်နှင့်တစ် ယောက် စလိုက်နောက်လိုက် ရယ်မောနေကြသည်။ ထိုအဖွဲ့ထဲ တွင် အသက် (၂၁)နှစ်အရွယ်အောင်သူဝင်းလည်း ပါသည်။ သူလည်း သူ့ရည်မှန်းချက်တွေဖြင့် ဒီခရီးကို လိုက်ပါလာခြင်းဖြစ် သည်။ ကြည်နူးလည်း ကြည်နူး စရာ။ ဒီခရီးစဉ်က သူတို့ဘဝတစ်ခုအပြောင်းအလဲအတွက် ပထမ ခြေလှမ်းမဟုတ်လား။

ခွေးများကို ရေခဲရိုက်နေစဉ်

အောင်သူဝင်းတို့သည် စစ် ကိုင်းတိုင်းဒေသကြီး ဘုတလင် မြို့နယ် ဝက်ရဲရွာက ဖြစ်သည်။ ဝက်ရဲရွာက ဘုတလင်မြောက် ဘက် ၁၇ မိုင်လောက်အကွာမှာရှိ သည်။ လမ်းပန်းဆက်သွယ်ရေး ကလည်း သိပ်မကောင်း၊ လျှပ်စစ်မီးလည်း မရသေး သည့် အနည်း ငယ်ခေါင်သည့်ရွာဖြစ်သည်။ သူ တို့ရွာသည် ဆီး (သီး)နှင့် ပဲစင်းငုံ၊ မြေပဲ စသည့်သီးနှံများ စိုက်ပျိုး ကြသည်။ ဆီးသီးကို စီးပွားဖြစ် စိုက်ပျိုးပြီး တရုတ်ပြည်ပို့ကြ သည်။ သူတို့အားလုံးသည်လည်း ရွာမှာတင် တောင်သူ အလုပ်ကို ပျော်ပျော်ရွှင်ရွှင်လုပ်ခဲ့ကြသူများ ဖြစ်သည်။

သို့သော် ပြီးခဲ့သည့် ၂ နှစ် လောက်ကစတင်ကာ ဆီး (သီး) နှင့် ပဲစင်းငုံဈေးတွေ ထိုးကျသည်။ ဆီးသီးက တစ်ပြည်ကို လုပ်သားခ၁၀၀ လောက်ကျတာကို ၅၀ သာ ရသည်။ အဲဒီမှာတင် ရွာသူရွာ သားတွေ အခက်အခဲဖြစ်ကြ၊ စီးပွားရေးတွေ ထိခိုက်ကြသည်။ ဝမ်းရေးအတွက် ခက်ခဲလာကြ သည်။ ထိုအချိန် သူတို့အတွက် လွတ်မြောက်ရာ လမ်းစလေးတစ် ခုပေါ်လာသည်။ ဒီပဲယင်းဘက်က ရွာတစ်ရွာက လူတစ်ယောက်ဆီ ကဖြစ်သည်။ တရုတ်ပြည်သွား အလုပ်လုပ်မလားတဲ့။ ဂျင်း ဘောင်းဘီစက်ရုံတဲ့။ တစ်လတစ် လ စားပြီးသောက်ပြီး ခြောက် သိန်းလောက်ရမှာတဲ့။

ရွာမှာ အဆင်မပြေတာမို့ တချို့တွေက စိတ်ဝင်စားကြ သည်။ သို့ဖြင့် တစ်ယောက်နဲ့တစ် ယောက် တိုင်ပင်ရင်း လိုက်ဖို့ပြင် ကြတာ လူပေါင်း ၁၅ ဦးဖြစ်သွား သည်။ တစ်ယောက်ကို ပွဲခအဖြစ်နှစ်သိန်းခွဲပေးရမည်။ တရုတ်ပြည်နယ်စပ်အထိ ကိုယ့်စရိတ်နဲ့ကိုယ် သွားရမည်တဲ့။ ဒီလောက်တော့ ရင်းရမှာပေါ့ဟု တွေးပြီး တစ်ဦး လျှင် ငါးသိန်းစီလောက် ရှာကြ သည်။ အိမ်ရှိတာ ပေါင်နှံရောင်း ချသူရောင်းချ၊ မရှိသူက အတိုးနှင့် ဆွဲလိုဆွဲရဖြင့် တရုတ်ပြည် ခရီးစဉ် စတင်ခဲ့ကြလေသည်။

ချင်းရွှေဟော်ရောက်တော့ ဒီပဲယင်းက ပွဲစားက သူတို့အဖွဲ့ ကို တခြားပွဲစားလက်ထဲထည့် လိုက်သည်။ ထိုပွဲစားဖြင့် သူတို့ တတွေ တရုတ်ပြည်ထဲကိုဝင် သည်။ မိန်းတိန်ကနေ နိုဝင်ဘာ ၁ ရက်နေ့မှာ စထွက်သည်။ လမ်း ခရီးမှာလည်း အစားအသောက် လည်း ကောင်းကောင်းမစားရ၊ အပေါ့အပါးသွားချင်တာတောင် မလွယ်၊ သို့သော် သူတို့အဖွဲ့တွေ သည်းခံသည်။ အလုပ်လုပ်ရမယ့် နေရာရောက်လျှင်တော့ အဆင် ပြေမှာပါဟု။

တရုတ်နိုင်ငံ၌ ဂျင်းဘောင်းဘီစက်ရုံတွင် အလုပ်လုပ်ရမည်ဟုဆိုပြီး အသားများကို ရေခဲရိုက်ရသည့်စက်ရုံ၌ လိမ်၍အလုပ်သွင်းခံရသည့် လုပ်သားများ၏အိပ်ခန်းကို တွေ့ရစဉ်

သူတို့ အလုပ်လုပ်ရမည့်စက် ရုံသည် ဘယ်လောက်ဝေးလဲ တောင်မသိ။ တရုတ်ပြည်ထဲမှာ တင် နိုဝင်ဘာ ၁ ရက်နေ့က စထွက်တာ ၅ ရက်နေ့ ညပိုင်း လောက်မှ နှင်းတွေအေးခဲနေ အောင်ကျသော ဒေသတစ်ခုကို ရောက်ရှိလာခဲ့သည်။ ရောက်ပြီ တဲ့။ မကြီးလွန်းသော၊ မကျယ် လွန်းသော စက်ရုံဝင်းတစ်ခုအ တွင်းသို့ ဝင်ခဲ့ရခြင်းဖြစ်သည်။ ရောက်ရောက်ချင်း သူတို့နှာ ခေါင်းဝတွင် ရလာသည့်အနံ့က ပုပ်အဲ့အဲ့အနံ့တွေ။ ဂျင်းဘောင်း ဘီစက်ရုံက ဘာကြောင့် ပုပ်စော်နံ နေရသလဲ သူတို့စဉ်းစားရသည်။

သူတို့တွေကို အခန်းကျဉ်း တစ်ခုထဲတွင် စုပေါင်းနေရာချ ပေးသည်။ နောက်ရက်မှ နှစ်ထပ် ခုတင်များဆီ ပြောင်းပေးသည်။ ရောက်ရောက်ချင်း အလုပ်က တော့ မလုပ်ရသေး။ နားဦးဟုဆို သည်။ လေး၊ ငါးရက်ကြာတော့မှ အလုပ်စရသည်။ သို့သော် အလုပ်က သူတို့ ထင်ထားသလို ဂျင်းဘောင်းဘီစက်ရုံမဟုတ်။ တိရစ္ဆာန်အသားတွေကို မပုပ် မသိုးအောင် ရေခဲတွေဖြင့် ရိုက် ပေးရသည့် လုပ်ငန်းတစ်ခုဖြစ်နေ သည်။ သူတို့ ခွေးသေတွေကို ကိုင်ရသည်။ ကြက်သားတွေ၊ ကင်းမွန်တွေကို တုတ်ဖြင့် ထိုးရ သည်။ အာလူးတွေ အခွံနွှာရ သည်။

အလုပ်ချိန်က မနက် ၇ နာရီ မှ ည ၁၀ နာရီအထိ၊ ထမင်းစားချိန် နာရီဝက်သာနားရသည်။ ထမင်းဆို၍ ပြောရဦးမည်။ ရောက်စကတည်းက သူတို့ကိုကျွေးသော ထမင်းက အတော်လေး အံ့ဩဖို့ ကောင်းခဲ့သည်။ ပန်းကန်လေး တစ်လုံးထဲ နှစ်လုတ်စာလောက် သာရှိမည့် ထမင်းလေးသာ။ တောသူတောင်သားများမို့ မဝ၍ ထပ်တောင်းချင်လည်းမရ။ ထမင်း ကနည်း၍ ဟင်းကများမည်လား၊ ပိုတောင်ဆိုးနေသေးသည်။ နေ့ စဉ်နေ့တိုင်း သူတို့စားရသည့်ဟင်း တွေက ဆိုးရွားလွန်း လှသည်။ ဆလတ်ရွက်ရေလုံပြုတ်ဟင်း၊ ပုပ်တော့မည့် အာလူးသီးဟင်းများ သာ နေ့စဉ်စားရသည်။ ထမင်း၊ ဟင်း မချက်သည့်နေ့တွေဆို ပေါက်စီသေးသေးလေး နှစ်လုံး သာ ကျွေးလေသည်။

စက်ရုံမရောက်မီ လမ်းခရီးတွင် ခေတ္တရပ်နားစဉ်

မူလက ဂျင်းဘောင်းဘီစက် ရုံဟု ပြောပြီးပို့ခဲ့သည့်ပွဲစားကို အင်တာနက်ကနေတစ်ဆင့် လှမ်း မေးသည်။ ဘယ်လို ဖြစ်တာလဲ ဟု။ သူကတော့ သည်းခံနေဖို့၊ နောက်တော့ ပြောင်းပေးမှာပါဟု နှစ်သိမ့်သည်။ ထိုသို့ သည်းခံနေ ရင်း တစ်လပြည့်တော့လည်း လုပ်ခမရ။ အစကတည်းက တရုတ်ပြည်တွင်း ခရီးစရိတ်အ ဖြစ် တစ်လလုပ်ပေးရမည်ဟုပြော ပြီးသားတဲ့။ သူတို့လည်း ဟုတ်ပါ ပြီဟု လက်ခံပေးကာ ဆက်လုပ် ကြသည်။ ထိုသို့ ဆက်လုပ်နေရင်း အဆင်မပြေမှုတွေက တစ်နေ့ တခြား ပိုပိုဆိုးလာသည်။ အစား အသောက်ကောင်းကောင်းမစား ရသဖြင့် အာဟာရပြတ်သူတွေ လည်းရှိလာ သည်။ ကျန်းမာရေး တွေလည်း ချို့ယွင်းလာကြသည်။

တစ်ခုကံကောင်းသည်က သူတို့ပါလာသည့် ဖုန်းတွေထဲက မြန်မာဆင်းမ်ကတ်တစ်မျိုးက ဖုန်း လိုင်းလာမိနေသည်။ ထို့ကြောင့် ဗိုက်ဘာကနေတစ်ဆင့် ရွာနဲ့လှမ်း ချိတ်သည်။ အဆင်မပြေတဲ့အ ကြောင်း ပြောပြကြသည်။ ရွာက အုပ်ချုပ်ရေးမှူး ဦးစိုးလင်းတို့၊ ရွာ ကနေ မုံရွာတက် အလုပ်လုပ်နေ သည့် ကိုဇော်ရဲမောင်တို့ကို လှမ်း ချိတ်သည်။ သူတို့ကနေတစ်ဆင့် ၈၈ ငြိမ်းပွင့်က ကိုဝင်းဇော်ခိုင်တို့ ကိုလည်း ချိတ်မိသည်။ ကိုဝင်း ဇော်ခိုင်ကနေတစ်ဆင့် သက်ဆိုင် ရာကိုလည်း တင်ပြပေးသည်။

သူတို့ရောက်သည့်နေရာ မြေပုံတွေကို အင်တာနက်ဖြင့်ရှာကာ ပို့ပေးကြသည်။ နောက်မှ သိရသည်က သူတို့ရောက်သည့် နေရာသည် တရုတ်ပြည်အစွန်အ ဖျား ပင်လယ်နှင့်တောင်နီးသည် ဟု သိခဲ့ရသည်။ သူတို့ဖုန်းတွေက နယ်ခြားမှာ သုံးနေတာမို့ ဘီလ် တွေ အတော်ဖြတ်သည်။ သို့သော်ရွာသူရွာသားတွေ၊ မိသားစုဝင် တွေက ဖုန်းဘီလ်တွေ စုပေါင်း စိုက်ကာ ထည့်ထည့်ပေးကြ သည်။ ထိုသို့ အင်တာနက်ကနေ ဆက်သွယ်ရင်း တရုတ်ပြည်တွင်း လိုက်ပို့ခဲ့သည့် ‘ဝ’အမျိုးသမီးနဲ့ ပြန်ချိတ်ဆက်မိသည်။ အောင်သူဝင်းတို့တစ်တွေ ဒီစက်ရုံမှာ အဆင်မပြေတဲ့အကြောင်း ပြောပြကြ သည်။ ထိုအမျိုးသမီးက အလုပ်ရှာပေးမယ်ဟုပြောပြီး သိပ်မကြာ ဆက်သွယ်လာခဲ့သည်။ အရုပ် စက်ရုံတစ်ခုမှာ လုပ်ရမည်တဲ့။

တရုတ်ပြည်မှပြန်လာသူ၁၅ဦးအနက် ရှစ်ဦးအား မေလ၅ရက်က ဝက်ရဲရွာတွင် ပြုံးရွှင်စွာတွေ့ရစဉ် (ဓာတ်ပုံ-ညီညီဇော်)

ဒီဇင်ဘာ ၁၀ ရက်နေ့ ညဉ့် သန်းခေါင်တွင် စက်ရုံထဲကနေ သူတို့အဖွဲ့တွေ ထွက်ပြေးဖို့ စီစဉ်ထားသည်။ သူတို့အဖွဲ့က မူလ တုန်းက ဝက်ရဲရွာ ၁၅ ဦးတင်မဟုတ်တော့။ ခရီးစဉ်စကတည်း ကပါလာခဲ့သည့် ဒီပဲယင်း၊ ကနီ နယ်ဘက်ကလူတွေ ပါပါသည့် စုစုပေါင်း ၃၀ ကျော်လောက်ဖြစ် နေလေပြီ။ သူတို့အဖွဲ့သည် ထို စက်ရုံထဲကနေ တိတ်တဆိတ် ထွက်ပြီး စက်ရုံနှင့် မနီးမဝေးတွင်သူတို့ နောက်ပြောင်းမည့် အရုပ် စက်ရုံက လာကြိုသည့်ကားဖြင့် ထွက်ခွာသွားခဲ့ကြလေသည်။

အရုပ်စက်ရုံရောက်တော့ သူတို့တွေ လုပ်ရကိုင်ရမည့်အနေ အထားတွေ လေ့လာကြသည်။ စားရသောက်ရတာလည်း မဆိုး၊ ဝင်ငွေလည်း သင့််သည်။ သို့သော် သူတို့အတွက် အခက်အခဲတစ်ခု က ကြိုဆိုနေခဲ့သည်။ ထိုအရုပ် စက်ရုံပိုင်ရှင်က ‘‘လူက ၂၀ လောက်ပဲလိုတာ။ ၃၀ ကျော်မလို ဘူး’’တဲ့။ သူတို့အားလုံး စိတ်ဓာတ် ကျသွားခဲ့ရသည်။ သူတို့ကတော့ တစ်ဖွဲ့လုံးမခွဲချင်။ ဒုက္ခရောက် လည်း တူတူရောက်ကြမည်။ ဒီ အလုပ်မရဘူးဆိုလျှင် သူတို့ဘာ လုပ်ကြမည်နည်း။ မြန်မာပြည် လည်း ပြန်စရာလမ်းစရိတ်မရှိ။ ပြန်လည်း မပြန်တတ်။ နောက် ဆုံးတော့ သူတို့တွေသည် ပွဲစား ၏ ဖျောင်းဖျမှုဖြင့် မူလအလုပ်ရုံ သို့သာ ပြန်ခဲ့ရလေသည်။

မူလစက်ရုံပြန်ရောက်တော့ သူတို့တွေကို ဖုန်းတွေသိမ်းတော့ သည်။ တချို့က မပေးချင်သဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ကြ သည်။ ထိုသို့ ဖြစ်နေတုန်း တစ်ယောက် က လွတ်ကျလာသည့် ဖုန်းတစ်ခု ကို အမြန်ကောက်ယူထားလိုက် သည်။ ထိုဖုန်းအပြင် ဝှက်ထား သည့် ဖုန်းတစ်လုံး၊ အခန်းထဲတွင် ကျန်နေသည့် ဖုန်းတစ်လုံးဖြင့် သူ တို့လက်ထဲတွင် ဖုန်းသုံးလုံးကျန် နေခဲ့သေးသည်။

မူလအလုပ်ပြန်ရောက်ပြီး တော့ သူတို့ကို အရင်ထက်ပိုကျပ် လာခဲ့သည်။ အစောင့်တွေနှင့် ထားတာမျိုးတွေ ဖြစ်လာသည်။ ဘေးပတ်ဝန်းကျင်မှာလည်း နှင်း တောကြီးသာ ဖုံးလွှမ်းနေသည်။ လုပ်ခကလည်း တစ်ပြားမှမရ။ တဖြည်းဖြည်းနှင့် သူတို့ကိုယ်သူ တို့ အကျဉ်းသားတွေလို ခံစားလာ ရသည်။ ထိုသို့ နေလာရင်း တစ် ရက်တော့ အပြောင်းအလဲတစ်ခု ပေါ်လာလေတော့သည်။ ထိုနေ့ က တရုတ်ပြည်ရောက်ပြီး သုံးလ ခန့်အကြာ ၂၀၁၉ ဇန်နဝါရီ ၂၈ ရက်နေ့။

သူတို့တစ်တွေကို စက်ရုံအ ကြီးအကဲတစ်ယောက်က လက် မှတ်ထိုးခိုင်းသည်။ လစာတွေပေးဖို့ပါတဲ့။ လက်မှတ်ထိုး စာရွက်အပေါ် မြန်မာလိုရေးထားသည့် စာ ရွက်ကို သေချာဖတ်ကြည့်တော့မှ ရွာက မိဘတွေဆီ အဆင်ပြေ ကြောင်း၊ တစ်နှစ်အထိ လုပ်ကိုင် ပါမည်အကြောင်း ရေးထားသည့် စာတွေ တွေ့ရသည်။ သူတို့ သည်းမခံနိုင်တော့။ ဒါ နားလှည့် ပါးလှည့် လုပ်ခြင်းသာဖြစ်ကြောင်း၊ ဘယ် လိုမှ ဆက်နေဖို့ မသင့်တော့တဲ့အ ကြောင်း ပြောကြသည်။ မည်သူ မှ လက်မှတ် ထိုးမပေးသေးဘဲ အခန်းထဲတွင် စုဝေးတိုင်ပင်ကြသည်။

ခွေးများကို ရေခဲရိုက်ပေးနေစဉ်

နောက်ဆုံး ဆုံးဖြတ်ချက် တစ်ခုချလိုက်သည်။ ထွက်ပြေးကြစို့တဲ့။

ကိုယ့်အဝတ်အစားထုပ်တွေ အမြန်သိမ်းဆည်းကြသည်။ ထို အချိန်က စက်ရုံထဲတွင် မန်နေဂျာ တစ်ယောက်လောက်သာ တွေ့ရ သည်။ ကိုယ့်အထုပ်အပိုးတွေ သယ်ရင်း စက်ရုံအပြင်ရောက် အောင် ပြေးထွက်ကြသည်။ မန် နေဂျာက မြင်သွားပြီး လိုက်တား သည်။ သူတို့က လူများသဖြင့် မန်နေဂျာမနိုင်တော့။ သူတို့ လမ်း ပေါ်ရောက်ခဲ့ကြလေပြီ။

လမ်းပေါ်ရောက်ပြီးတော့ သူတို့တွေ တိုင်ပင်ကြသည်။ ငါတို့တွေ လူစည်ကားရာနေရာတစ် နေရာကိုသွားမည်။ အကူအညီ တောင်းမည်။ ရဲစခန်းရှာမည်။ ရဲစခန်းမတွေ့လျှင် ဆေးရုံတို့၊ ဈေးတို့လိုနေရာတွေမှာ သွား မည်။ လူအများကြီးရှိနေလျှင် သူတို့အတွက် လုံခြုံနိုင်ကောင်းသည်ဟု။ လမ်းတော်တော်လျှောက်ပြီး နောက် စက်ရုံက တရုတ်တွေ ကား လေး၊ ငါး၊ ခြောက်စီးဖြင့် သူတို့နားရောက်လာလေသည်။ သူတို့အဖွဲ့တွေ ပိုပြီးပူးကပ်လိုက် ကြသည်။ မိန်းကလေးတွေကို အလယ်ထဲထားလိုက်ကြသည်။

ပိုင်ရှင်ဘက်ကလူတွေက သူတို့ထဲက လူတချို့ကိုဆွဲကာ ကား ပေါ်တင်သည်။ သူတို့ကလည်း ပြန်ဆွဲသည်။ ထွက်ပြေးသည်။ ထိုသို့ဖြင့် လူစည်ကားရာနေရာ မြို့ထဲကို ရောက်လာသည်။ မြို့ထဲရောက်တော့ နောက်ကလူတွေ သိပ်မကပ်ရဲတော့။ နောက်ဆုံး မီးပွိုင့်တစ်ခုနားရောက်တော့ သူ တို့တွေ အော်ဟစ်ကာ အကူအညီ တောင်းကြလေသည်။ မီးပွိုင့်နား ရှိ ဆေးဆိုင်တစ်ဆိုင်က ထွက်လာ ကြည့်၍ သူတို့တွေ အပြေးအ လွှားသွားကာ ရဲစခန်း ဘယ်မှာရှိ လဲမေးကြသည်။ သူတို့က လက်ဟန်ခြေဟန်ဖြင့် ညွှန်ပြကြသည်။ သူတို့အဖွဲ့လည်း ညွှန်သည့်အ တိုင်း ရှာရာရဲစခန်းကို တွေ့ပါ လေသည်။

ရဲစခန်းထဲသူတို့တွေ အဖွဲ့လိုက်အပြေးဝင်သွားကြသည်။ တရုတ်ရဲတွေကလည်း သူတို့ပြော တာ နားမလည်၊ သူတို့ပြောတာ လည်း ဒီအဖွဲ့က နားမလည်ဖြင့် ရှုပ်ထွေးကုန်သည်။ သူတို့ပိုင်ရှင် တရုတ်မကလည်း လိုက်လာ သည်။ သူတို့ချင်းပြောနေကြ သည်။ သူတို့ကတော့ ရဲစခန်းထဲ ကနေ တစ်ဖဝါးမှမခွာဘဲ စုဝေး ကာ ထိုင်နေကြသည်။ ညနေ ရောက်တော့ မြန်မာအမျိုးသမီး စကားပြန်တစ်ယောက် ရောက် လာခဲ့ပါသည်။ သူဘယ်သူ၊ ဘယ် အဖွဲ့အစည်းကဆိုတာ မသိပါ။

ထမင်းစားချိန်ဝန်ထမ်းများအနားယူနေစဉ်

ထိုအမျိုးသမီး၏ စကားပြန် ပေးမှုဖြင့် ပြဿနာကို သိသွားခဲ့ကြသည်။ ရဲတွေက သူတို့အဖွဲ့ကို နေစရာပေးသည်။ စက်ရုံပိုင်ရှင် အမျိုးသမီးကိုလည်း ရဲစခန်းမှာ ဒီအဖွဲ့ရှိနေစဉ် ကာလတစ် လျှောက် အစားအသောက်လာပို့ ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ဖြင့် သူတို့အဖွဲ့တွေ ရဲစခန်းမှာ ရက် ပေါင်း ၂၀ ကျော် ကြာခဲ့လေသည်။

၂၅ ရက်ခန့် ရဲစခန်းမှာနေ အပြီးမှာတော့ စကားပြန် မြန်မာ အမျိုးသမီးလေးက ရဲတပ်ဖွဲ့နှင့် စီစဉ်ထားတာတွေ ပြောပြသည်။ မြန်မာပြည်ပြန်ဖို့အတွက် စရိတ်စကလိုမည်။ ထို့အတွက် အလုပ် လုပ်နိုင်မလားဟု။ ဟိုမှာထက် အ ဆင်ပြေလျှင် လုပ်ပါ့မည်ဟု ပြန် ပြောလိုက်သည်။ ထိုသို့ဖြင့် သူတို့အဖွဲ့ ကြက်သားစက်ရုံတစ်ခုမှာ အလုပ်လုပ်ရပါသည်။ ထိုစက်ရုံမှာတော့ ယခင်စက်ရုံနှင့် ဘာမျှမဆိုင်တော့။ ကောင်းကောင်း ထားသည်။ ကောင်းကောင်းကျွေး သည်။ အလုပ်ချိန်ကလည်း ရှစ်နာရီသာ။ ထိုစက်ရုံမှာ လုပ်နေရင်း နှစ်လနီးပါးအကြာမှာတော့ သူတို့သတင်းစကားတစ်ခုရခဲ့သည်။ ဧပြီ ၁၉ ရက်တွင် သူတို့ကို မြန်မာပြည်ပြန်ပို့ပေးတော့မည်တဲ့။ သူတို့အဖွဲ့တွေ ပျော်သွား လိုက်ကြတာများ။

အောင်သူဝင်းတို့ကို ချင်းရွှေ ဟော်ဂိတ်အထိ ပြန်လိုက်ပို့ပေးခဲ့ ပါသည်။ ပြန်တော့ စာအိတ်လေး တွေ တစ်ယောက် တစ်လုံးစီ ပေးသည်။ ဖွင့်ကြည့်တော့ တရုတ် ယွမ်တွေ။ တစ်ယောက်ကို တစ်ထောင့်ရှစ်ရာ၊ တစ်ထောင့်ကိုးရာ၊နှစ်ထောင် စသဖြင့် ရခဲ့ကြသည်။သူတို့အဖွဲ့တွေ ကျေးဇူးတင်ခဲ့ကြသည်။ မြန်မာပြည်ဘက်ကမ်းကို လှမ်းမြင်ရတော့ သူတို့တွေ ပျော်လိုက်ကြတာ။ တစ်ယောက်ကဆို ‘‘မြန်မာစာလုံးလေးတစ်လုံး မြင်လိုက်ရတာနဲ့ကို ပျော်တာကွာ’’တဲ့။

ချင်းရွှေဟော်ကနေတစ်ဆင့် သူတို့တွေ မုံရွာကို ပြန်ခဲ့ကြသည်။ မုံရွာရောက်တော့ ကိုဝင်း ဇော်ခိုင်တို့နှင့်အတူ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တွေ့ဆုံပြီး ထောက်ပံ့ငွေနှင့် လိုအပ်တာတွေ ပံ့ပိုးပေးခဲ့ကြ သည်။ ရွာကလူတွေကလည်း သူတို့မိသားစုဝင်တွေ ပြန်လာပြီဆို တော့ မုံရွာအထိ လာကြိုကြသည်။ ပြန်မလာနိုင်တော့ လောက်ဘူးထင်ထားရာမှ ပြန်ရောက်လာ၍ ပျော်ခဲ့ကြသည်။

ထမင်းစားချိန်တွင် ဝန်ထမ်းများကို တွေ့ရစဉ်

အခုတော့ အောင်သူဝင်းတို့လည်း ဇာတိဝက်ရဲရွာကို ပြန် ရောက်ပါပြီ။ ခြောက်လလောက် စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဒုက္ခ ရောက်ခဲ့ရပြီး အိမ်ပြန်အရောက်မှာတော့ ရယ်နိုင်မောနိုင်ပါပြီ။ သို့ သော် စိတ်ချလက်ချတော့မဟုတ်သေး။ ‘‘ရွာမှာက လုပ်ကိုင်စားစရာ ဘာမှမှမရှိတာ။ ဘယ်သွားပြီး ဘာလုပ်ရမှန်းကို မသိတော့ပါဘူးဗျာ’’ ဟုပြောရင်း အောင်သူဝင်းတို့ တစ်တွေ သက်ပြင်းကိုချလေသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:7Day Daily
ဝက်ရဲရွာအဝင် (ဓာတ်ပုံ-ညီညီဇော်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top