စူးရွထက္ဟာဆိုရင္ျပီးခဲ့တဲ့ နွစ္က အစၥဏီကုိတရားစြဲလိုက္တဲ့ကိစၥနဲ႔ဟုိးေလးတေက်ာ္ျဖစ္လာျပီးေနာက္မွာ လူသိမ်ားလာျပီး ပရိသတ္အားေပးမႈလည္းရရွိလာကာ ေဝဖန္မႈေတြေရာ အားေပးမႈေတြေရာကုိ လက္ခံတတ္တဲ့အနုပညာရွင္တစ္ဦးလုိ႔လည္း နာမည္ေက်ာ္ၾကားသူပါ။ စူးရွထက္က မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ လက္ရွိအခ်စ္ေရးအေျခအေနနဲ႔ လိုခ်င္္တဲ့ခ်စ္သူပံုစံမ်ိဳးုုကုိေျပာျပသြားျပီး လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းလည္း ေျဖၾကားသြားပါတယ္။

စူးရွထက္က လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းကုိ “အနုပညာလႈပ္ရွားမႈကေတာ့ ဓာတ္ပံုရုိက္တယ္။ MTV ရုိက္တယ္။ ပြဲေလးေတြဖိတ္ရင္တက္ေပးတယ္ ဒါပါပဲ”လို႔ေျပာျပထားျပီး လက္ရွိအခ်စ္ေရးအေၾကာင္းကုိေတာ့ “ရည္းစားမရွိဘူးေလ။ တစ္္ေယာက္တည္း။ ခ်စ္တဲ့သူမေတြ႕ေသးလို႔ေပါ့။

တစ္ေယာက္တည္းေနရတဲ့ခံစားခ်က္ကေကာင္းပါတယ္။ အခ်စ္က ပူေလာင္ပါတယ္။ ပူေလာင္တဲ့ခံစားခ်က္ၾကီးကုိ ခံစားဖူးလာေတာ့ မခ်စ္တတ္ေတာ့ဘူးေပါ့ေနာ္။ အခ်စ္ေတြကုန္သြားတာလားမသိဘူး။ မခ်စ္လာဘူးေပါ့”လို႔ ေျပာထားပါတယ္။



စူးရွထက္က ပထမလူကုိတကယ္္ခ်စ္ရင္ဒုတိယလူဆိုတာမျဖစ္လာဘူးလို႔လည္း “ပထမလူကိုတကယ္ခ်စ္ရင္ ဒုတိယလူဆိုတာမျဖစ္လာဘူးေပါ့။စကားပံုေတာင္ရွိေသးတယ္။ ဒါေပမယ့္ မေတြ႕ေသးဘူးေပါ့ေနာ္။ ကုိယ္ကတကယ္ခ်စ္တဲ့လူလည္းမေတြ႕ေသးဘူးေလ။ နင့္ကုိငါၾကိဳက္တယ္။တြဲမယ္ဆိုတာမ်ိဳး။

ကုိယ့္ကုိတကယ္ခ်စ္တာမဟုတ္ဘူးကြာ။ ရယူလိုစိတ္တစ္ခုတည္းမ်ားၾကတယ္ကြာ”လို႔ ေျဖၾကားထားျပီး ကုိယ့္ကုိတကယ္ခ်စ္တဲ့လူဆိုရင္ဆင္းရဲလည္းတြဲျဖစ္မွာပဲလို႔ “ကုိယ့္ကုိတကယ္ခ်စ္တဲ့သူသည္ ပိုက္ဆံရွိရွိမရွိရွိ ကုိယ့္ကုိတကယ္ခ်စ္ျပီး ကုိယ့္ရဲ႕အားသာခ်က္အားနည္းခ်က္ကုိလက္ခံနုိင္မယ့္လူမ်ိဳး ကုိယ့္မိဘကုိလည္းလက္္ခံနုိင္မယ့္လူမ်ိဳး။ ပုိက္ဆံကလူကလုပ္မွျဖစ္္တာပါ။ ဆင္းရဲပဲဆင္းရဲပါေစ အဲ့လိုလူမ်ိဳးကုိတြဲျဖစ္မွာပါ”လို႔ ေျဖၾကားထားပါတယ္။

စူးရွထက္ သူခံယူထားတဲ့အခ်စ္စစ္အေၾကာင္းကုိလည္းေျပာျပသြားပါေသးတယ္။ “ကုိယ္တိုင္က အခ်စ္ကုိဘယ္လိုခံယူထားလဲဆိုေတာ့ အဆင္္မေျပတာရွိရင္ နင္ေတာ့အဆင္မေျပဘူး။ ဒါေတာ့ငါအဆင္မေျပဘူးဆိုျပီး ပြင့္ပြင့္လင္းလင္းတုိင္တုိင္ပင္ပင္ေလးဆိုရင္ေကာင္းပါတယ္လို႔။ ကုိ္ယ္တိုင္ရည္းစားထားျဖစ္မယ္ဆိုရင္ေတာ့ ပိုက္ဆံကုိစိတ္မဝင္စားဘူး။ညီမက ကုိယ္တိုင္ရွာတယ္ေလ။

ပုိက္ဆံခ်မ္းသာတာလုိခ်င္ရင္ ခ်မ္းသာတဲ့လူနားမွာသြားေနေနမွာေပါ့။ ဆင္းရဲပါေစ ကုိယ့္အေပၚနားလည္ရမယ္။ ကုိယ့္မိဘကုိသူ႔မိဘလိုဆက္ဆံရမယ္။ ကုိယ္ကလည္းသူ႔မိဘကုိ ကုိယ့္္မိဘလိုဆက္ဆံမယ္။ အဲ့လိုလူမ်ိဳးပဲတြဲမွာပါ”လို႔ ေျပာျပထားပါတယ္။



ပရိသတ္ၾကီးေရာ စူးရွထက္ကုိခ်စ္ၾကလား။ စူးရွထက္ရဲ႕ေနာက္ထပ္အနုပညာလႈပ္ရွားမႈေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Can’t Wait To Say
# Unicode Version # ျဖင့္ ဖတ္ပါ #


စူးရှထက်ဟာဆိုရင်ပြီးခဲ့တဲ့ နှစ်က အစ္စဏီကိုတရားစွဲလိုက်တဲ့ကိစ္စနဲ့ဟိုးလေးတကျော်ဖြစ်လာပြီးနောက်မှာ လူသိများလာပြီး ပရိသတ်အားပေးမှုလည်းရရှိလာကာ ဝေဖန်မှုတွေရော အားပေးမှုတွေရောကို လက်ခံတတ်တဲ့အနုပညာရှင်တစ်ဦးလို့လည်း နာမည်ကျော်ကြားသူပါ။ စူးရှထက်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအချစ်ရေးအခြေအနေနဲ့ လိုချင်တဲ့ချစ်သူပုံစံမျိုးုကိုပြောပြသွားပြီး လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းလည်း ဖြေကြားသွားပါတယ်။

စူးရှထက်က လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “အနုပညာလှုပ်ရှားမှုကတော့ ဓာတ်ပုံရိုက်တယ်။ MTV ရိုက်တယ်။ ပွဲလေးတွေဖိတ်ရင်တက်ပေးတယ် ဒါပါပဲ”လို့ပြောပြထားပြီး လက်ရှိအချစ်ရေးအကြောင်းကိုတော့ “ရည်းစားမရှိဘူးလေ။ တစ်ယောက်တည်း။ ချစ်တဲ့သူမတွေ့သေးလို့ပေါ့။

တစ်ယောက်တည်းနေရတဲ့ခံစားချက်ကကောင်းပါတယ်။ အချစ်က ပူလောင်ပါတယ်။ ပူလောင်တဲ့ခံစားချက်ကြီးကို ခံစားဖူးလာတော့ မချစ်တတ်တော့ဘူးပေါ့နော်။ အချစ်တွေကုန်သွားတာလားမသိဘူး။ မချစ်လာဘူးပေါ့”လို့ ပြောထားပါတယ်။

စူးရှထက်က ပထမလူကိုတကယ်ချစ်ရင်ဒုတိယလူဆိုတာမဖြစ်လာဘူးလို့လည်း “ပထမလူကိုတကယ်ချစ်ရင် ဒုတိယလူဆိုတာမဖြစ်လာဘူးပေါ့။စကားပုံတောင်ရှိသေးတယ်။ ဒါပေမယ့် မတွေ့သေးဘူးပေါ့နော်။ ကိုယ်ကတကယ်ချစ်တဲ့လူလည်းမတွေ့သေးဘူးလေ။ နင့်ကိုငါကြိုက်တယ်။တွဲမယ်ဆိုတာမျိုး။

ကိုယ့်ကိုတကယ်ချစ်တာမဟုတ်ဘူးကွာ။ ရယူလိုစိတ်တစ်ခုတည်းများကြတယ်ကွာ”လို့ ဖြေကြားထားပြီး ကိုယ့်ကိုတကယ်ချစ်တဲ့လူဆိုရင်ဆင်းရဲလည်းတွဲဖြစ်မှာပဲလို့ “ကိုယ့်ကိုတကယ်ချစ်တဲ့သူသည် ပိုက်ဆံရှိရှိမရှိရှိ ကိုယ့်ကိုတကယ်ချစ်ပြီး ကိုယ့်ရဲ့အားသာချက်အားနည်းချက်ကိုလက်ခံနိုင်မယ့်လူမျိုး ကိုယ့်မိဘကိုလည်းလက်ခံနိုင်မယ့်လူမျိုး။ ပိုက်ဆံကလူကလုပ်မှဖြစ်တာပါ။ ဆင်းရဲပဲဆင်းရဲပါစေ အဲ့လိုလူမျိုးကိုတွဲဖြစ်မှာပါ”လို့ ဖြေကြားထားပါတယ်။

စူးရှထက် သူခံယူထားတဲ့အချစ်စစ်အကြောင်းကိုလည်းပြောပြသွားပါသေးတယ်။ “ကိုယ်တိုင်က အချစ်ကိုဘယ်လိုခံယူထားလဲဆိုတော့ အဆင်မပြေတာရှိရင် နင်တော့အဆင်မပြေဘူး။ ဒါတော့ငါအဆင်မပြေဘူးဆိုပြီး ပွင့်ပွင့်လင်းလင်းတိုင်တိုင်ပင်ပင်လေးဆိုရင်ကောင်းပါတယ်လို့။ ကိုယ်တိုင်ရည်းစားထားဖြစ်မယ်ဆိုရင်တော့ ပိုက်ဆံကိုစိတ်မဝင်စားဘူး။ညီမက ကိုယ်တိုင်ရှာတယ်လေ။

ပိုက်ဆံချမ်းသာတာလိုချင်ရင် ချမ်းသာတဲ့လူနားမှာသွားနေနေမှာပေါ့။ ဆင်းရဲပါစေ ကိုယ့်အပေါ်နားလည်ရမယ်။ ကိုယ့်မိဘကိုသူ့မိဘလိုဆက်ဆံရမယ်။ ကိုယ်ကလည်းသူ့မိဘကို ကိုယ့်မိဘလိုဆက်ဆံမယ်။ အဲ့လိုလူမျိုးပဲတွဲမှာပါ”လို့ ပြောပြထားပါတယ်။

ပရိသတ်ကြီးရော စူးရှထက်ကိုချစ်ကြလား။ စူးရှထက်ရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top