မႏၱေလးၿမိဳ႕မွာ အရန္မီးသတ္တပ္ဖြဲ႔ ယူနီေဖာင္းဝတ္ဆင္ၿပီး လိမ္လည္အလႉခံေနသူတဦးကုိ ေမ ၂၂ ရက္ ညေနပိုင္းက ဖမ္းဆီးရမိခဲ့တယ္လို႔ မီးသတ္တပ္ဖြဲ႔က ေျပာပါတယ္။

ျပင္ဦးလြင္ ဇီးပင္ႀကီးကုိ သင္တန္းသြားတက္ဖုိ႔အတြက္ဆုိၿပီး ဟိုတယ္၊ တည္းခိုခန္း၊ စက္သံုးဆီဆိုင္နဲ႔ စီးပြားေရးလုပ္ငန္းေတြထံကေန လွည့္လည္အလႉခံေနတာေၾကာင့္ ေခၚယူစစ္ေဆး အေရးယူခဲ့တယ္လုိ႔ မႏၱေလးခ႐ိုင္မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူတဦးက ေျပာပါတယ္။

“လြန္ခဲ့တဲ့ သံုးလေလာက္က ပုသိမ္ႀကီးၿမိဳ႕နယ္ထဲက ရြာေတြမွာ အလႉခံသြားတယ္လို႔ ၾကားေနရတယ္၊ အခုေနာက္ပိုင္း အေယာင္ေဆာင္ၿပီး အလႉခံတာေတြက ေတာ္ေတာ္မ်ားေနတယ္။ အဲလိုလာၿပီဆိုရင္လည္း သက္ဆိုင္ရာ မီးသတ္ဦးစီးဌာနကို စံုစမ္းသင့္တယ္။ တအိမ္ဝင္ တအိမ္ထြက္ လိုက္လံအလႉခံေနတာ မီးသတ္က ရွားပါတယ္၊ အခုလို ကိစၥေပၚေပါက္လာေတာ့ မီးသတ္တပ္ဖြဲ႔ သိကၡာထိိခိုက္ေစတယ္၊ ေနာက္ေနာင္ အေယာင္ေဆာင္မႈေတြ ထိန္းသိမ္းလို႔ရေအာင္ အမႈဖြင့္လိုက္တာပါ။”

အရန္မီးသတ္တပ္ဖြဲ႔ ယူနီေဖာင္းဝတ္ဆင္ၿပီး လိမ္လည္အလႉခံေနသူကို စစ္ေဆးေမးျမန္းရာ ေအာင္ေက်ာ္ဆန္းဆုိသူျဖစ္ၿပီး အရန္မီးသတ္တပ္ဖြဲ႔ဝင္မဟုတ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

အမွတ္ ၈ ၿမိဳ႕မရဲစခန္းက ေအာင္ေက်ာ္ဆန္းကုိ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၇၁ နဲ႔ အေရးယူေဆာင္ရြက္ထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

မန္တလေးမြို့မှာ အရန်မီးသတ်တပ်ဖွဲ့ ယူနီဖောင်းဝတ်ဆင်ပြီး လိမ်လည်အလှူခံနေသူတဦးကို မေ ၂၂ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ပြင်ဦးလွင် ဇီးပင်ကြီးကို သင်တန်းသွားတက်ဖို့အတွက်ဆိုပြီး ဟိုတယ်၊ တည်းခိုခန်း၊ စက်သုံးဆီဆိုင်နဲ့ စီးပွားရေးလုပ်ငန်းတွေထံကနေ လှည့်လည်အလှူခံနေတာကြောင့် ခေါ်ယူစစ်ဆေး အရေးယူခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“လွန်ခဲ့တဲ့ သုံးလလောက်က ပုသိမ်ကြီးမြို့နယ်ထဲက ရွာတွေမှာ အလှူခံသွားတယ်လို့ ကြားနေရတယ်၊ အခုနောက်ပိုင်း အယောင်ဆောင်ပြီး အလှူခံတာတွေက တော်တော်များနေတယ်။ အဲလိုလာပြီဆိုရင်လည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနကို စုံစမ်းသင့်တယ်။ တအိမ်ဝင် တအိမ်ထွက် လိုက်လံအလှူခံနေတာ မီးသတ်က ရှားပါတယ်၊ အခုလို ကိစ္စပေါ်ပေါက်လာတော့ မီးသတ်တပ်ဖွဲ့ သိက္ခာထိခိုက်စေတယ်၊ နောက်နောင် အယောင်ဆောင်မှုတွေ ထိန်းသိမ်းလို့ရအောင် အမှုဖွင့်လိုက်တာပါ။”

အရန်မီးသတ်တပ်ဖွဲ့ ယူနီဖောင်းဝတ်ဆင်ပြီး လိမ်လည်အလှူခံနေသူကို စစ်ဆေးမေးမြန်းရာ အောင်ကျော်ဆန်းဆိုသူဖြစ်ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်မဟုတ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

အမှတ် ၈ မြို့မရဲစခန်းက အောင်ကျော်ဆန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁ နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top