ဟာသ သ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ က်န္းမာေရးကို ထာဝရ အလႉရွင္အျဖစ္ လႉဒါန္းေပးေနတဲ့ သ႐ုပ္ေဆာင္ ခင္သဇင္က ကစ္ကစ္ ေသၿပီဆိုတဲ့ သတင္းဟာ ေကာလာဟလသာျဖစ္ၿပီး စိုးရိမ္ရတဲ့ အေနအထား တခုမွာရွိေပမယ့္ က်န္းမာေရး အေျခအေနကို ေစာင့္ၾကည့္ေနရတယ္လို႔ ေျပာပါတယ္။

“အခု လက္ရွိ ထြက္ေနတဲ့ မကစ္ေသၿပီဆိုတဲ့ သတင္းက မဟုတ္ပါဘူး။ ေကာလာဟလပါ။ အခု သူက ႏွလုံးေရာ ေက်ာက္ကပ္ေရာ၊ အဆုတ္ကေရာ မေကာင္းေတာ့တဲ့ အခါက်ေတာ့ စိုးရိမ္ရတဲ့ အေနအထားတခုမွာရွိေနတာ။ သူက စိတ္မာေတာ့ အသက္ျပင္းပါတယ္။ ဆရာဝန္ႀကီးကေတာ့ Round မလွည့္ေသးဘူး။ ဆရာဝန္ႀကီး Round လွည့္ၿပီးမွပဲ ဓာတ္မွန္တို႔၊ ေသြးအေျဖတို႔ ၾကည့္ၿပီးရင္ေတာ့ ေျပာမွာေပါ့။ အခုကလည္း သူက ဘာမွမေကာင္းေတာ့ ဆရာဝန္ေတြ ကလည္း သိပ္ေျပာမေနေတာ့ဘူး”လို႔ ခင္သဇင္က ေျပာပါတယ္။

ဆက္လက္ၿပီး သ႐ုပ္ေဆာင္ ခင္သဇင္ကေတာ့ ကစ္ကစ္ရဲ႕ က်န္းမာေရးအေျခအေနကို ေစာင့္ၾကည့္ေနရၿပီး လက္ရွိ မွာေတာ့ ကစ္ကစ္ကို အိမ္နီးခ်င္းအစ္မ တေယာက္က အနီးကပ္ ေစာင့္ေရွာက္ေပးေနတယ္လို႔ ခင္သဇင္က ဆိုပါတယ္။

“ေက်ာက္ကပ္ေဆးရင္းနဲ႔ပဲ အေျခအေနကို ေစာင့္ၾကည့္ရမွာေပါ့။ သူ႔ရဲ႕ ခံႏိုင္ရည္အားနဲ႔ သူအသက္ျပင္းတာနဲ႔၊ သူ႔ရဲ႕ သက္တမ္းက်န္တာနဲ႔ ဒါကပဲ မူတည္ေတာ့တာ။ မကစ္ကို က်မ ေန႔တိုင္းသြားၾကည့္ပါတယ္။ ရႈတင္က အျပန္ သြားၾကည့္တယ္။ သူ႔ကို အနီးကပ္ ေစာင့္ၾကည့္ေပးေနတာကေတာ့ အိမ္ေရွ႕က အိမ္နီးခ်င္း အစ္မေပါ့။ အဲ့အစ္မက တခုခုဆို လွမ္းလွမ္းၿပီးေျပာတာေပါ့။ မကစ္ သမီးေလးကေတာ့ အလုပ္ဝင္ေနတယ္။ အဲဒါေၾကာင့္ အေမနားမွာ သိပ္မေနျဖစ္ဘူးေပါ့”လို႔ ခင္သဇင္က ဧရာဝတီကို ေျပာပါတယ္။

ကစ္ကစ္ရဲ႕ က်န္းမာေရးကို ထာဝရ အလႉရွင္အျဖစ္ လႉဒါန္းေပးေနတဲ့ ခင္သဇင္ဟာ လက္ရွိမွာေတာ့ ရွိသေလာက္နဲ႔ ေခြၽတာ လႉဒါန္းေနၿပီး ေလာေလာဆယ္ေတာ့ အလႉေငြ မေကာက္ေသးဘူးလို႔ ဆိုပါတယ္။

“အလႉေငြကေတာ့ ေလာေလာဆယ္ လုံေလာက္တဲ့ အေနအထားမွာ ရွိေနတဲ့အတြက္ အရမ္း အခက္အခဲေတာ့ မျဖစ္ေသးဘူးေပါ့။ က်မတို႔ အလႉေငြ လိုအပ္ရင္ေတာ့ ေကာက္ခံမွာပါ။ ထာဝရအလႉရွင္ေတြလည္းရွိေနေတာ့ ေက်ာက္ကပ္ေဆးဖို႔ကေတာ့ ေသတဲ့အထိ လုံေလာက္တယ္။ သူေဆး႐ုံ ေရွာင္တခင္ေတြ တက္ရရင္သာ ကုန္က်စရိတ္ေတြ ကုန္ေနတာေပါ့။ အခုကေတာ့ ကုတင္ ၅၀၀ မွာပါ။ ေဆး႐ုံလည္း မဆင္းေသးပါဘူး။ မကစ္ကေတာ့ ဆင္းခ်င္ေနတာေပါ့။ သတင္းေတြက ဘယ္ကေန အမွားေတြ ထြက္ေနတာလဲ မသိဘူး”

“သူက အစာေတာ့ မစားေတာ့ဘူး။ ဆရာဝန္ေတြက ပိုက္ေတြေတာ့ ေဆးေတြ သြင္းေပးထားတယ္။ က်မသူ႔ဆီ သြားရင္ ေတာ့ ပရိတ္၊ ပ႒ာန္းေတြေတာ့ ဖြင့္ေပးထားတယ္။ အဓိက သူက လူထိုင္ေမွ်ာ္ေနတာ။ က်မကိုလည္း အရမ္းအားကိုးတယ္။ က်မကို အရမ္းေမွ်ာ္ေနတာ။ က်မ မလာရင္ စိတ္ေတြ ေကာက္တာ။ အိပ္ရာထဲမွာ ေနရေတာ့ အထီးက်န္ ဝမ္းနည္းေန တာေပါ့။ အဲ့စိတ္က သူ႔ေရာဂါကို ပိုၿပီး ဆိုး႐ြားေစတာေပါ့။ သူစိတ္ၾကည္ေနတယ္။ ေပ်ာ္ေနတယ္ဆိုရင္ ေကာင္းေနတာေပါ့”လို႔ ခင္သဇင္က ေျပာပါတယ္။

ဟာသ သ႐ုပ္ေဆာင္ ကစ္ကစ္က ေလာေလာဆယ္မွာေတာ့ ရန္ကုန္ၿမိဳ႕ ကုတင္ ၅၀၀ ေဆး႐ုံမွာ ေက်ာက္ကပ္ ေရာဂါက ုသဖို႔ တက္ေရာက္ေနတာ ျဖစ္ပါတယ္။ ကစ္ကစ္အတြက္ အလႉေငြကိုေတာ့ ထာဝရ အလႉရွင္အျဖစ္ သ႐ုပ္ေဆာင္ ခင္သဇင္က တာဝန္ယူ လႉဒါန္းေနၿပီး ေတးေရး မင္းကိုနဲ႔ အျခားေသာ အႏုပညာရွင္ အခ်ိဳ႕က လႉဒါန္းၾကတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဧရာဝတီ

#Unicode Version# ျဖင့္ဖတ္ပါ ။

ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးကို ထာဝရ အလှူရှင်အဖြစ် လှူဒါန်းပေးနေတဲ့ သရုပ်ဆောင် ခင်သဇင်က ကစ်ကစ် သေပြီဆိုတဲ့ သတင်းဟာ ကောလာဟလသာဖြစ်ပြီး စိုးရိမ်ရတဲ့ အနေအထား တခုမှာရှိပေမယ့် ကျန်းမာရေး အခြေအနေကို စောင့်ကြည့်နေရတယ်လို့ ပြောပါတယ်။

“အခု လက်ရှိ ထွက်နေတဲ့ မကစ်သေပြီဆိုတဲ့ သတင်းက မဟုတ်ပါဘူး။ ကောလာဟလပါ။ အခု သူက နှလုံးရော ကျောက်ကပ်ရော၊ အဆုတ်ကရော မကောင်းတော့တဲ့ အခါကျတော့ စိုးရိမ်ရတဲ့ အနေအထားတခုမှာရှိနေတာ။ သူက စိတ်မာတော့ အသက်ပြင်းပါတယ်။ ဆရာဝန်ကြီးကတော့ Round မလှည့်သေးဘူး။ ဆရာဝန်ကြီး Round လှည့်ပြီးမှပဲ ဓာတ်မှန်တို့၊ သွေးအဖြေတို့ ကြည့်ပြီးရင်တော့ ပြောမှာပေါ့။ အခုကလည်း သူက ဘာမှမကောင်းတော့ ဆရာဝန်တွေ ကလည်း သိပ်ပြောမနေတော့ဘူး”လို့ ခင်သဇင်က ပြောပါတယ်။

ဆက်လက်ပြီး သရုပ်ဆောင် ခင်သဇင်ကတော့ ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေရပြီး လက်ရှိ မှာတော့ ကစ်ကစ်ကို အိမ်နီးချင်းအစ်မ တယောက်က အနီးကပ် စောင့်ရှောက်ပေးနေတယ်လို့ ခင်သဇင်က ဆိုပါတယ်။

“ကျောက်ကပ်ဆေးရင်းနဲ့ပဲ အခြေအနေကို စောင့်ကြည့်ရမှာပေါ့။ သူ့ရဲ့ ခံနိုင်ရည်အားနဲ့ သူအသက်ပြင်းတာနဲ့၊ သူ့ရဲ့ သက်တမ်းကျန်တာနဲ့ ဒါကပဲ မူတည်တော့တာ။ မကစ်ကို ကျမ နေ့တိုင်းသွားကြည့်ပါတယ်။ ရှုတင်က အပြန် သွားကြည့်တယ်။ သူ့ကို အနီးကပ် စောင့်ကြည့်ပေးနေတာကတော့ အိမ်ရှေ့က အိမ်နီးချင်း အစ်မပေါ့။ အဲ့အစ်မက တခုခုဆို လှမ်းလှမ်းပြီးပြောတာပေါ့။ မကစ် သမီးလေးကတော့ အလုပ်ဝင်နေတယ်။ အဲဒါကြောင့် အမေနားမှာ သိပ်မနေဖြစ်ဘူးပေါ့”လို့ ခင်သဇင်က ဧရာဝတီကို ပြောပါတယ်။

ကစ်ကစ်ရဲ့ ကျန်းမာရေးကို ထာဝရ အလှူရှင်အဖြစ် လှူဒါန်းပေးနေတဲ့ ခင်သဇင်ဟာ လက်ရှိမှာတော့ ရှိသလောက်နဲ့ ချွေတာ လှူဒါန်းနေပြီး လောလောဆယ်တော့ အလှူငွေ မကောက်သေးဘူးလို့ ဆိုပါတယ်။

“အလှူငွေကတော့ လောလောဆယ် လုံလောက်တဲ့ အနေအထားမှာ ရှိနေတဲ့အတွက် အရမ်း အခက်အခဲတော့ မဖြစ်သေးဘူးပေါ့။ ကျမတို့ အလှူငွေ လိုအပ်ရင်တော့ ကောက်ခံမှာပါ။ ထာဝရအလှူရှင်တွေလည်းရှိနေတော့ ကျောက်ကပ်ဆေးဖို့ကတော့ သေတဲ့အထိ လုံလောက်တယ်။ သူဆေးရုံ ရှောင်တခင်တွေ တက်ရရင်သာ ကုန်ကျစရိတ်တွေ ကုန်နေတာပေါ့။ အခုကတော့ ကုတင် ၅၀၀ မှာပါ။ ဆေးရုံလည်း မဆင်းသေးပါဘူး။ မကစ်ကတော့ ဆင်းချင်နေတာပေါ့။ သတင်းတွေက ဘယ်ကနေ အမှားတွေ ထွက်နေတာလဲ မသိဘူး”

“သူက အစာတော့ မစားတော့ဘူး။ ဆရာဝန်တွေက ပိုက်တွေတော့ ဆေးတွေ သွင်းပေးထားတယ်။ ကျမသူ့ဆီ သွားရင် တော့ ပရိတ်၊ ပဋ္ဌာန်းတွေတော့ ဖွင့်ပေးထားတယ်။ အဓိက သူက လူထိုင်မျှော်နေတာ။ ကျမကိုလည်း အရမ်းအားကိုးတယ်။ ကျမကို အရမ်းမျှော်နေတာ။ ကျမ မလာရင် စိတ်တွေ ကောက်တာ။ အိပ်ရာထဲမှာ နေရတော့ အထီးကျန် ဝမ်းနည်းနေ တာပေါ့။ အဲ့စိတ်က သူ့ရောဂါကို ပိုပြီး ဆိုးရွားစေတာပေါ့။ သူစိတ်ကြည်နေတယ်။ ပျော်နေတယ်ဆိုရင် ကောင်းနေတာပေါ့”လို့ ခင်သဇင်က ပြောပါတယ်။

ဟာသ သရုပ်ဆောင် ကစ်ကစ်က လောလောဆယ်မှာတော့ ရန်ကုန်မြို့ ကုတင် ၅၀၀ ဆေးရုံမှာ ကျောက်ကပ် ရောဂါက ုသဖို့ တက်ရောက်နေတာ ဖြစ်ပါတယ်။ ကစ်ကစ်အတွက် အလှူငွေကိုတော့ ထာဝရ အလှူရှင်အဖြစ် သရုပ်ဆောင် ခင်သဇင်က တာဝန်ယူ လှူဒါန်းနေပြီး တေးရေး မင်းကိုနဲ့ အခြားသော အနုပညာရှင် အချို့က လှူဒါန်းကြတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဧရာဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top