တရုတ္အြန္လုိင္း ဆိုရွယ္မီဒီယာနဲ႔ tik tok မွာအသက္(၂) ႏွစ္အရြယ္ေလးနဲ႔ တူကိုင္ကၽြမ္းက်င္လို႔ နာမည္ႀကီးလာတဲ့ ကေလးေလးကို မွတ္မိေသးရဲ႕လား? သူန႔နာမည္ကေတာ့ Hai Hai ပါ။ Hai Hai ဟာ အသက္ တစ္ႏွစ္သားအရြယ္ကတည္းက leukemia အမည္ရွိ ကင္ဆာေရာဂါေဝဒနာကို ခံစားေနရတာပဲျဖစ္ပါတယ္။ ေနမေကာင္းေပမဲ့ ကုိယ့္အားကိုယ္ကုိးတတ္တဲ့ Hai Hai ေလးဟာ အသက္ (၂) ႏွစ္အရြယ္မွာကုိယ္တုိင္ တူကိုင္ၿပီး စားတတ္ေနပါၿပီ။

Hai Hai တစ္ေယာက္ သူ႔ဟာသူ တူကိုင္ၿပီးစားတတ္တဲ့အက်င့္ကို သူ႔အေမက အက်င့္လုပ္ေပးခဲ့တာျဖစ္ပါတယ္။ Hai Hai ရဲ႕ အဖြားဟာလဲ ရင္သားကင္ဆာ ေရာဂါေဝဒနာ ခံစားေနရတာေၾကာင့္ Hai Hai အေမမွာ ႏွစ္ဦးစလုံးကို ၾကည္႔ရွုေစာင့္ေရွာက္ဖို႔ အခက္အခဲရွိလာခဲ့ပါတယ္။

အသက္(၂) ႏွစ္သာရွိေသးေပမဲ့ ခါးသက္သက္အရသာရွိတဲ့ ေဆးေတြကို တစ္ခ်က္မျငင္းပဲ ေသာက္ေလ့ရွိတဲ့ Hai Hai ေလးဟာ လိမၼာလြန္းလွပါတယ္။ သူ႔ရည္ရြယ္ခ်က္က အျမန္ဆုံးေနျပန္ေကာင္းလာေစဖို႔ပါတဲ့။ Hai Hai ဟာငိုၿပီး ဂ်ီက်တတ္တဲ့ကေလးမဟုတ္ေပမဲ့ တစ္လတစ္ခါ ေဆးသြင္းတဲ့အခါတိုင္း နာက်င္လြန္းတာေၾကာင့္ အျပင္းအထန္ငိုေလ့ရွိတယ္လုိ႔ သူ႔ေမေမကေျပာပါတယ္။

ေဆးတစ္ခါသြင္းၿပီးတဲ့ ေမေမက Hai Hai အရမ္းႀကိဳက္တဲ့ ဖက္ထုပ္ေပါင္းလုပ္ေကၽြးတာေၾကာင့္ ေဆးထိုးၿပီးတိုင္း ေပ်ာ္ေနတတ္တဲ့ Hai Hai ေလးပါ။ လက္ရွိမွာ Hai Hai ေရာ သူ႔အဖြားပါ ေရာဂါေဝဒနာခံစားေနရတာျဖစ္တဲ့အတြက္ မိသားစုစားဝတ္ေနေရးဟာလဲ အဆင္မေျပလွပါဘူး။ Hai Hai အေမဟာ ေဆြမ်ိဳးသားခ်င္း၊ မိတ္ေဆြသူငယ္ခ်င္းေတြဆီကေန ပိုက္ဆံေခ်းၿပီး ေဆးကုေပးေနရတာပဲျဖစ္ပါတယ္။ ဒီဗြီဒီယိုေလးကေနတစ္ဆင့္ အြန္လုိင္းမွာ နာမည္ႀကီးတဲ့ Hai Hai ေလးအတြက္ အလွဴေငြေတြလုိအပ္ေနေၾကာင္းေျပာၾကားထားပါတယ္။ ကင္ဆာေရာဂါေဝဒနာ ခံစားေနရတဲ့ Hai Hai ေလးရဲ႕ အျဖစ္မွန္ဗြီဒီယိုကို ၾကည္႔ရွုခံစားၾကည္႔လုိက္ၾကပါဦး ပရိတ္သတ္ႀကီးေရ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:(ပုိပိုေလး)

#Unicode Version#
တရုတ်အွန်လိုင်း ဆိုရှယ်မီဒီယာနဲ့ tik tok မှာအသက်(၂) နှစ်အရွယ်လေးနဲ့ တူကိုင်ကျွမ်းကျင်လို့ နာမည်ကြီးလာတဲ့ ကလေးလေးကို မှတ်မိသေးရဲ့လား? သူန့နာမည်ကတော့ Hai Hai ပါ။ Hai Hai ဟာ အသက် တစ်နှစ်သားအရွယ်ကတည်းက leukemia အမည်ရှိ ကင်ဆာရောဂါဝေဒနာကို ခံစားနေရတာပဲဖြစ်ပါတယ်။ နေမကောင်းပေမဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ Hai Hai လေးဟာ အသက် (၂) နှစ်အရွယ်မှာကိုယ်တိုင် တူကိုင်ပြီး စားတတ်နေပါပြီ။

Hai Hai တစ်ယောက် သူ့ဟာသူ တူကိုင်ပြီးစားတတ်တဲ့အကျင့်ကို သူ့အမေက အကျင့်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ Hai Hai ရဲ့ အဖွားဟာလဲ ရင်သားကင်ဆာ ရောဂါဝေဒနာ ခံစားနေရတာကြောင့် Hai Hai အမေမှာ နှစ်ဦးစလုံးကို ကြည့်ရှုစောင့်ရှောက်ဖို့ အခက်အခဲရှိလာခဲ့ပါတယ်။

အသက်(၂) နှစ်သာရှိသေးပေမဲ့ ခါးသက်သက်အရသာရှိတဲ့ ဆေးတွေကို တစ်ချက်မငြင်းပဲ သောက်လေ့ရှိတဲ့ Hai Hai လေးဟာ လိမ္မာလွန်းလှပါတယ်။ သူ့ရည်ရွယ်ချက်က အမြန်ဆုံးနေပြန်ကောင်းလာစေဖို့ပါတဲ့။ Hai Hai ဟာငိုပြီး ဂျီကျတတ်တဲ့ကလေးမဟုတ်ပေမဲ့ တစ်လတစ်ခါ ဆေးသွင်းတဲ့အခါတိုင်း နာကျင်လွန်းတာကြောင့် အပြင်းအထန်ငိုလေ့ရှိတယ်လို့ သူ့မေမေကပြောပါတယ်။

ဆေးတစ်ခါသွင်းပြီးတဲ့ မေမေက Hai Hai အရမ်းကြိုက်တဲ့ ဖက်ထုပ်ပေါင်းလုပ်ကျွေးတာကြောင့် ဆေးထိုးပြီးတိုင်း ပျော်နေတတ်တဲ့ Hai Hai လေးပါ။ လက်ရှိမှာ Hai Hai ရော သူ့အဖွားပါ ရောဂါဝေဒနာခံစားနေရတာဖြစ်တဲ့အတွက် မိသားစုစားဝတ်နေရေးဟာလဲ အဆင်မပြေလှပါဘူး။ Hai Hai အမေဟာ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်းတွေဆီကနေ ပိုက်ဆံချေးပြီး ဆေးကုပေးနေရတာပဲဖြစ်ပါတယ်။ ဒီဗွီဒီယိုလေးကနေတစ်ဆင့် အွန်လိုင်းမှာ နာမည်ကြီးတဲ့ Hai Hai လေးအတွက် အလှူငွေတွေလိုအပ်နေကြောင်းပြောကြားထားပါတယ်။ ကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့ Hai Hai လေးရဲ့ အဖြစ်မှန်ဗွီဒီယိုကို ကြည့်ရှုခံစားကြည့်လိုက်ကြပါဦး ပရိတ်သတ်ကြီးရေ။

ဖိုးသူတော်(www.phothutaw.com)
Credit:(ပိုပိုလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top