အိမ် ထောင်စုတစ်ခုမှာ သားသမီးရတနာ တစ်ယောက် ကိုယ့်ဘဝထဲရောက်လာတာကလည်း မင်္ဂလာတစ်ပါးပါပဲ။ အကယ်ဒမီ ရရုံတင်မဟုတ်ပဲ AFF ပွဲမှာလည်း ဆုတစ်ခုကိုရရှိခဲ့တဲ့ ဒါရိုက်တာ ဝိုင်းကတော့ အခုဆိုရင်နောက်ထပ်ရင်သွေးတစ်ယောက် ရရှိတော့မယ့်အကြောင်းကို သူရဲ့ Facebook စာမျက်နှာကနေတစ်ဆင့်ပရိသတ်ကြီးကို အသိပေးလိုက်ပါတယ်။ အဲ့ဒီသတင်းလေးကို ကျနော်တို့ရဲ့ မိတ်ဆွေတွေ မသိလိုက်ရမရှိလေအောင် ပြန်လည်ပြောပြပေးလိုက်ရပါတယ်ခင်ဗျာ။

သူရဲ့နောက်ထပ်ရင်သွေးတစ်ယောက်ဟာ မိန်းကလေးဖြစ်တယ်လို့သိရပြီး သူရဲ့Facebookစာမျက်နှာတော့ T V ဓာတ်မှန်ရိုက်ထားတဲ့ သန္ဓေသားလေးရဲ့ပုံကို သမီးလေးမျက်နှာဆိုပြီးတင်ထားပါတယ်။ အခုလက်ရှိသူ့မှာ သားလေးတစ်ယောက်လည်းရှိတာမို့ မကြာခင်မှာသမီးတစ်ယောက်ကိုပါပိုင်ဆိုင်ရတာဖြစ်တာကြောင့်သူအရမ်းဝမ်းသာနေမှာသေချာပါတယ်။



အဲ့ဒီပိုစ့်အောက်မှာလည်း သူ့ကိုအားပေးတဲ့သူတွေရော အားမပေးတဲ့သူတွေရောက မကြာခင်လူ့လောကထဲကိုရောက်လာမယ့် သမီးလေးကိုဝမ်းသာအားရကြိုဆိုပေးနေကြတာကိုလည်း တွေ့ရပါတယ်။

နောက်ထပ်ဘေဘီဝိုင်းတစ်ယောက် ပိုင်ဆိုင်ရတော့မယ့်ဝိုင်းတစ်ယောက်လည်း ရင်ခုန်ပျော်ရွှင်နေမယ်လို့ထင်ပါတယ်။ ကျနော်တို့ပြောချင်လွန်းလို့မိတ်ဆွေတွေလည်း ဝိုင်းရဲ့မကြာမီလူ့လောကထဲရောက်လာမယ့်သမီးလေးအတွက် ကြိုဆိုနှုတ်ခွန်းဆက်စကားလေးတွေကိုပြောကြားပေးသွားကြပါဦးခင်ဗျာ။



ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top