ေဇရဲထက္က စိတ္ဖိစီးမႈမ်ားၿပီး အိပ္ေရးပ်က္လြန္းတာေၾကာင့္ အခုဆိုရင္ ေဆးကုသရတဲ့အထိ က်န္းမာေရး မေကာင္းျဖစ္ေနတယ္လို႔ ဆိုပါတယ္။

ေဇရဲထက္ တစ္ေယာက္ အႏုပညာအလုပ္ေတြ ဆက္တိုက္လုပ္ေနရတဲ့အခ်ိန္မွာ ပင္ပန္းမႈေတြမ်ားႀကီး က်န္းမာေရးမေကာင္းျဖစ္ေနတယ္လို႔ သိရပါတယ္။

‘’အထက္ေသြး ၁၁၀,၉၀ Pressure မ်ားၿပီး Shock ႐ိုက္သြားျခင္း။ စိတ္ဖိစီးမႈေတြမ်ားေနတယ္။ အိပ္ေရးပ်က္တာေတြမ်ားေနၿပီ’’ ဆိုၿပီးေတာ့ ေမလ ၉ ရက္ေန႔ မနက္ ၇ နာရီ ၂၄ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ပါတယ္။ အဲဒီေနာက္ ေဆးသြင္းေနတဲ့ ဓာတ္ပုံကိုလည္း တင္ခဲ့ပါေသးတယ္။ ေဇရဲထက္ရဲ႕ ပရိသတ္ေတြကေတာ့ အျမန္ဆုံး က်န္းမာဖို႔အတြက္ Comment ကေနတဆင့္ ဆုေတာင္းေပးေနတာကို ေတြ႕ရပါတယ္။

ေဇရဲထက္ဟာ အႏုပညာအလုပ္အေပၚ ဝါသနာပါလြန္းသူျဖစ္တာေၾကာင့္ ရန္ကုန္မွာ တစ္ေယာက္တည္းေနၿပီး ေအာင္ျမင္တဲ့ မင္းသားတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားခဲ့ရတယ္လို႔ ဆိုပါတယ္။ ဆင္းရဲတဲ့ မိသားစုဝင္ေတြထဲက ေမြးဖြားလာတဲ့သူျဖစ္တာေၾကာင့္လည္း အခက္အခဲေတြ အမ်ားႀကီး ရွိခဲ့ပါတယ္တဲ့။

‘’ကြၽန္ေတာ္ ရန္ကုန္ စေရာက္လာကတည္းက မိဘေတြ ေထာက္ပံ့ေပးမႈ သိပ္မရွိဘူး။ ေထာက္ပံ့ေပးႏိုင္စြမ္းလည္း မရွိဘူး။ ကြၽန္ေတာ့္ မိဘေတြက ခ်မ္းခ်မ္းသာသာထဲက မဟုတ္ဘူး။ သာမန္လူေတြျဖစ္တဲ့အတြက္ ကြၽန္ေတာ္ ဝါသနာပါတဲ့ အလုပ္ကို လုပ္တယ္။ အခုဆိုရင္ ပိုၿပီး ျမင့္မားတဲ့ ဘဝကို ေရာက္ခဲ့ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခုခ်ိန္ထိ သူမ်ားအေပၚ မတရားတာ ဘာမွ မလုပ္ခဲ့ဘူး။ ကိုယ္တတ္ႏိုင္သေလာက္လႉတယ္။ ေကြၽးတယ္ အဲ့ဒီစိတ္ေတြနဲ႔ပဲ ေနခဲ့တယ္” လို႔ Duwun Media အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။

ေဇရဲထက္ ကိုေတာ့ သ႐ုပ္ေဆာင္ တစ္ေယာက္ စျဖစ္ကတည္းက ေဝဖန္တိုက္ခိုက္ၾကတဲ့ ပရိသတ္ေတြ ရွိခဲ့ဖူးပါတယ္။ ဒီလို အေျခအေနမ်ိဳးမွာလည္း စိတ္ဓာတ္က်ခဲ့ရတာေတြရွိေပမယ့္ ကိုယ္ကိုယ္တိုင္ပဲ ေျဖသိမ့္အားေပး ခဲ့ရတဲ့ အခိုက္အတန႔္ေတြကို ဝမ္းနည္းေၾကကြဲရင္း ဆက္လက္ ေျပာျပလာပါေသးတယ္။

” တျခားမင္းသားေတြ၊ သ႐ုပ္ေဆာင္ေတြ အကုန္လုံးမွာ အေမက ကာကြယ္ေပးတဲ့လူနဲ႔ အေဖက ျပဳစုပ်ိဳးေထာင္ေပးတဲ့လူနဲ႔ အမ်ားႀကီးေတြ႕တယ္ေပါ့။ ကြၽန္ေတာ့္မွာက်ေတာ့ နီးနီးကပ္ကပ္ ဘယ္သူမွ ေစာင့္ေရွာက္ခြင့္မရွိဘူး။ ကိုယ္တစ္ေယာက္တည္းပဲ ႐ုန္းကန္ရတာဆိုေတာ့ တစ္ခါတေလက်ရင္ စိတ္ခံစားခ်က္ေတြ မ်ားလာတဲ့အခါ ကိုယ္တစ္ေယာက္တည္းပဲ ႏွစ္သိမ့္ရတယ္။ အဲ့ဒီအခ်ိန္ဆို မိဘေတြကို အရမ္းသတိရတယ္” လို႔ ေဇရဲထက္က ေျဖဆိုခဲ့တာပါ။

ေဇရဲထက္က အခုဆိုရင္ ျပည္သူခ်စ္ သ႐ုပ္ေဆာင္. မင္းသား တစ္ေယာက္ျဖစ္လို႔ေနပါၿပီ. သူ႔ကိုေတာ့ ဗီဒီယိုဇာတ္ကား. တီဗီေၾကာ္ျငာေတြကေနတဆင့္ ပရိသတ္ေတြ စတင္ သိရွိလာခဲ့တာျဖစ္ပါတယ္. အခုလက္ရွိမွာေတာ့ ဗီဒီယိုဇာတ္ကားေတြသာ မက ႐ုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ဆက္တိုက္ ႐ိုက္ကူးေနရတာ ကို ေတြ႕ရပါတယ္. အဲ့ဒီေနာက္ သူစိတ္ကူးယဥ္ခဲ့ဖူးတဲ့ အိမ္ေလးတစ္လုံးကိုလည္း ပိုင္ဆိုင္ထားႏိုင္ၿပီျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Cele Yatkwat

#Unicode Version#
ဇေရဲထက်က စိတ်ဖိစီးမှုများပြီး အိပ်ရေးပျက်လွန်းတာကြောင့် အခုဆိုရင် ဆေးကုသရတဲ့အထိ ကျန်းမာရေး မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

ဇေရဲထက် တစ်ယောက် အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရတဲ့အချိန်မှာ ပင်ပန်းမှုတွေများကြီး ကျန်းမာရေးမကောင်းဖြစ်နေတယ်လို့ သိရပါတယ်။

‘’အထက်သွေး ၁၁၀,၉၀ Pressure များပြီး Shock ရိုက်သွားခြင်း။ စိတ်ဖိစီးမှုတွေများနေတယ်။ အိပ်ရေးပျက်တာတွေများနေပြီ’’ ဆိုပြီးတော့ မေလ ၉ ရက်နေ့ မနက် ၇ နာရီ ၂၄ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဆေးသွင်းနေတဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။ ဇေရဲထက်ရဲ့ ပရိသတ်တွေကတော့ အမြန်ဆုံး ကျန်းမာဖို့အတွက် Comment ကနေတဆင့် ဆုတောင်းပေးနေတာကို တွေ့ရပါတယ်။

ဇေရဲထက်ဟာ အနုပညာအလုပ်အပေါ် ဝါသနာပါလွန်းသူဖြစ်တာကြောင့် ရန်ကုန်မှာ တစ်ယောက်တည်းနေပြီး အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဆင်းရဲတဲ့ မိသားစုဝင်တွေထဲက မွေးဖွားလာတဲ့သူဖြစ်တာကြောင့်လည်း အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်တဲ့။

‘’ကျွန်တော် ရန်ကုန် စရောက်လာကတည်းက မိဘတွေ ထောက်ပံ့ပေးမှု သိပ်မရှိဘူး။ ထောက်ပံ့ပေးနိုင်စွမ်းလည်း မရှိဘူး။ ကျွန်တော့် မိဘတွေက ချမ်းချမ်းသာသာထဲက မဟုတ်ဘူး။ သာမန်လူတွေဖြစ်တဲ့အတွက် ကျွန်တော် ဝါသနာပါတဲ့ အလုပ်ကို လုပ်တယ်။ အခုဆိုရင် ပိုပြီး မြင့်မားတဲ့ ဘဝကို ရောက်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ အခုချိန်ထိ သူများအပေါ် မတရားတာ ဘာမှ မလုပ်ခဲ့ဘူး။ ကိုယ်တတ်နိုင်သလောက်လှူတယ်။ ကျွေးတယ် အဲ့ဒီစိတ်တွေနဲ့ပဲ နေခဲ့တယ်” လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

ဇေရဲထက် ကိုတော့ သရုပ်ဆောင် တစ်ယောက် စဖြစ်ကတည်းက ဝေဖန်တိုက်ခိုက်ကြတဲ့ ပရိသတ်တွေ ရှိခဲ့ဖူးပါတယ်။ ဒီလို အခြေအနေမျိုးမှာလည်း စိတ်ဓာတ်ကျခဲ့ရတာတွေရှိပေမယ့် ကိုယ်ကိုယ်တိုင်ပဲ ဖြေသိမ့်အားပေး ခဲ့ရတဲ့ အခိုက်အတန့်တွေကို ဝမ်းနည်းကြေကွဲရင်း ဆက်လက် ပြောပြလာပါသေးတယ်။

” တခြားမင်းသားတွေ၊ သရုပ်ဆောင်တွေ အကုန်လုံးမှာ အမေက ကာကွယ်ပေးတဲ့လူနဲ့ အဖေက ပြုစုပျိုးထောင်ပေးတဲ့လူနဲ့ အများကြီးတွေ့တယ်ပေါ့။ ကျွန်တော့်မှာကျတော့ နီးနီးကပ်ကပ် ဘယ်သူမှ စောင့်ရှောက်ခွင့်မရှိဘူး။ ကိုယ်တစ်ယောက်တည်းပဲ ရုန်းကန်ရတာဆိုတော့ တစ်ခါတလေကျရင် စိတ်ခံစားချက်တွေ များလာတဲ့အခါ ကိုယ်တစ်ယောက်တည်းပဲ နှစ်သိမ့်ရတယ်။ အဲ့ဒီအချိန်ဆို မိဘတွေကို အရမ်းသတိရတယ်” လို့ ဇေရဲထက်က ဖြေဆိုခဲ့တာပါ။

ဇေရဲထက်က အခုဆိုရင် ပြည်သူချစ် သရုပ်ဆောင်. မင်းသား တစ်ယောက်ဖြစ်လို့နေပါပြီ. သူ့ကိုတော့ ဗီဒီယိုဇာတ်ကား. တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင် သိရှိလာခဲ့တာဖြစ်ပါတယ်. အခုလက်ရှိမှာတော့ ဗီဒီယိုဇာတ်ကားတွေသာ မက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက် ရိုက်ကူးနေရတာ ကို တွေ့ရပါတယ်. အဲ့ဒီနောက် သူစိတ်ကူးယဉ်ခဲ့ဖူးတဲ့ အိမ်လေးတစ်လုံးကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Cele Yatkwat
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top