

Credit:ZAW
#Unicode Version# ဖြင့်ဖတ်ပါ ။
နွားနို့နဲ့ရေချိုးဖူးကြမယ်၊ ရနံ့ဆီမွှေးတွေနဲ့ ရေချိုးရတဲ့ ဝန်ဆောင်မှုတွေ နဲ့ ဇိမ်ခံဖူးကြမယ်… ဒါတွေကလူတော်တော်များများကြုံဖူးတဲ့ ပုံမှန်ထက်ပိုမိုက်တဲ့ ရေချိုးနည်းပုံစံတွေပါပဲ။ ဂျပန်ပြည်မှာတော့ ဒါ့ထက်ပိုပြီး ထူးခြားတဲ့ ရေချိုးခန်းဝန်ဆောင်မှုတစ်ခုရှိပါတယ်။
ဂျပန်ပြည် Hakine မြို့မှာရှိတဲ့ Yunessun ရေပူစမ်းနဲ့ရေချိုးခန်း ဝန်ဆောင်မှုမှာတော့ ဝက်စွပ်ပြုတ်နဲ့ ခေါက်ဆွဲတွေ အပြည့်ဖြည့်ထားတဲ့ ရေချိုးကန်ကြီးထဲ အတူတကွရေချိုးလို့ရတဲ့ ထူးထူးခြားခြား အရသာတစ်ခုကိုဖန်တီးပေးထားပါတယ်။
အစပိုင်းမှာတော့ ဒီရေပူစမ်းကနေ ခေါက်ဆွဲအစစ်တွေကို အသုံးပြုခဲ့ပေမယ့် အစိုးရကျန်းမာရေးအဖွဲ့က ပိတ်ပင်ခဲ့တာကြောင့် ခေါက်ဆွဲအတုတွေကိုအသုံးပြုခဲ့ပြီး ဝက်စွပ်ပြုတ်ကိုတော့ မပြောင်းမလဲဆက်သုံးပေးခဲ့ပါတယ်။ဝက်စွပ်ပြုတ်ကို ကိုယ့်ခန္ဓာကိုယ်အရေပြားပေါ်တင်လိုက်ရတဲ့ ခံစားမှုက တကယ့်ခေါက်ဆွဲပြုတ်ခွက်ထဲခုန်ချပြီး ရေချိုးဇိမ်ခံနေရသလိုပါပဲ လို့ ခေါက်ဆွဲပြုတ်နဲ့ ရေချိုးလာတဲ့ ဖောက်သည်တစ်ဦးက ပြောခဲ့တာလည်း ပိုစိတ်ဝင်စားစရာတွေ ဖြစ်လာစေတာ အမှန်ပါ။
ဒါဆို ဘာလို့ ဒီလိုရေချိုးကြရတာတုန်း?
ဝက်စွပ်ပြုတ်မှာ ကောလဂျင် ပါဝင်ပါတယ်။ဒီလို ရေချိုးကြရတဲ့အကြောင်းရင်းကတော့ ကျန်းမာရေးအရ အရေပြားကျန်းမာရေးကိုကောင်းမွန်စေပြီး လူရဲ့ဇီဝစနစ်ကို ထောက်ကူအားပေးတာကြောင့်လို့သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:ZAW