Super Hero ဝတ္စံုေတြ တစ္မ်ိဳးျပီး တစ္မ်ိဳးဝတ္ျပခဲ့တဲ့ စည္သူပလပ္ကၽြတ္က တကယ့္လက္ရွိဘဝမွာလည္း ေလးစားအတုယူဖြယ္ရာ ခႏၶာ ကိုယ္အစိတ္အပိုင္း လွဴဒါန္းခဲ့တဲ့အေပၚ ဝမ္းသာပီတိျဖစ္ေၾကာင္း အခုလိုေျပာျပခဲ့ပါတယ္။

ကၽြန္ေတာ္အရမ္းေပ်ာ္ပါတယ္။ ကၽြန္ေတာ့္ကို ကၽြန္ေတာ္လည္း ရင္ေတြအရမ္းခုန္ျပီး ဝမ္းသာပီတိျဖစ္ေနပါတယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ဒီ ေဆးတကၠသိုလ္ (၁)ပြဲေလးကို ေဒါက္တာ လေရာင္က Facebook ေပၚမွာ ဖိတ္ၾကားထားတာ ၃ခါေလာက္ရွိျပီေပါ့ေနာ္။ သီခ်င္းလာဆိုေပးဖို႔ဖိတ္တာပါ။ ကၽြန္ေတာ္လည္း နယ္ Show ပြဲေတြသြားဆိုေနေတာ့ အခ်ိန္မေပးျဖစ္ဘူး။ ဒီရက္မွထက္ျပီး ဆက္သြယ္လာတယ္။ ဆရာက သူ႔ရဲ႕ပထမဆံုး ပြဲေလးျဖစ္ေနလို႔ပါ။ ခႏၶာကိုယ္ အစိတ္အပိုင္းေလးလွဴမယ့္ပြဲေလး ေပါ့ေနာ္။ အဲ့ဒါကို တက္ေရာက္ေပးပါေပါ့။ သီခ်င္းဆိုလို႔ရရင္လည္း ဆိုေပးပါ။ မရရင္လည္း ကိုစည္သူအေနနဲ႔ပဲ လာတက္ေပးပါဆိုျပီးဖိတ္ထားလို႔ပါ။

ေနာက္ျပီးကို ေအာင္ေသာ္တို႔၊ မခ်မ္းခ်မ္းတို႔၊ ေမသင္ဇာတို႔ကိုလည္းဖိတ္ထားတယ္လို႔ေျပာပါတယ္။ ကၽြန္ေတာ္လည္း သြားတက္ျဖစ္တဲ့အခ်ိန္မွာ ဆရာနဲ႔ႏႈတ္ဆက္ရင္း သူတို႔လုပ္ေနတဲ့ပြဲက ခႏၶာကိုယ္ အစိတ္အပိုင္း လွဴတဲ့ပြဲေလးျဖစ္ေနေတာ့ ကၽြန္ေတာ့ကိုလည္း လွဴဖို႔တိုက္တြန္းတယ္။ ကၽြန္ေတာ္လည္း အရမ္းဝမ္းသာသြားတယ္။ ဒီလုိလွဴခြင့္ရခဲ့တယ္ဆိုေတာ့။ ဘာပဲျဖစ္ျဖစ္ ဒီခႏၶာကိုယ္ၾကီးကအပုပ္ၾကီး ေသရင္ မီးရႈိ႕မယ္၊ ျပာျဖစ္မယ္ ဘာမွမရွိေတာ့တဲ့ဟာၾကီးကို အလွဴခံတာေလ။ လက္ရွိမွာ ကၽြန္ေတာ္ပိုက္ဆံေတြလွဴတယ္ဆိုတာ မရွိရင္လွဴလို႔မရဘူးေလ။ အဲ့ဒါနဲ႔ကၽြန္ေတာ္ မ်က္ၾကည္လႊာအရင္ဆံုးစလွဴျဖစ္တယ္။

ပထမအဆင့္မ်က္ၾကည္လႊာလွဴျပီး ခႏၶာကိုယ္အစိတ္အပိုင္းလွဴဖို႔ ေနာက္တစ္ဆင့္သြားရဦးမွာပါ။ အဲ့ေတာ့ ကၽြန္ေတာ္လွဴမွာက ေက်ာက္ကပ္၊ အသည္းနဲ႔ ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုလံုးလွဴထားပါတယ္။ ေသရင္ဘာမွယူလို႔မရဘူးဆိုေတာ့။ အသက္ဆက္ရွင္မယ့္ လူနာေတြအတြက္ ကၽြန္ေတာ့္ရဲ႕အလွဴကေတာ့ ဘာနဲ႔မွ လဲလို႔မရဘူးလို႔ေတာ့ထင္တာပဲ။ အရမ္းကို မဂၤလာရွိတဲ့ေန႔ေလးပါ။ အဲ့ဒီ့ရဲ႕ကုသိုလ္ေကာင္းမႈေတြကို ကၽြန္ေတာ့္ကို ခ်စ္တဲ့ပရိသတ္ေရာ၊ မုန္းတဲ့ပရိသတ္ေရာ မွ်ေဝေပးပါတယ္။

ကၽြန္ေတာ္ေျပာခဲ့သလိုပဲ ကိုယ္က သိန္း၅၀၊ သိန္း၁၀၀ လွဴေနတာမဟုတ္ဘူး။ကိုယ့္ကိုလည္း အလွဴေငြေတြ အလွဴခံတာမဟုတ္ဘူး။ ဒီဘာမွသံုးလို႔မရတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းကို လွဴလိုက္ရတာဆိုေတာ့ ကိုယ့္အတြက္ ဘာမွမဟုတ္ေပမယ့္ အသက္ဆက္ရွင္မယ့္ သူအတြက္ကေတာ့ အရမ္း အဓိပၸါယ္ရွိတာေလ။ အဲ့အတြက္ ေျပာမျပတက္ေအာင္ အရမ္းပဲေပ်ာ္ေနပါတယ္ဗ်။ သိန္းတစ္ေထာင္ေပါက္ရင္ေတာင္ ဒီေလာက္ေပ်ာ္မွာ မဟုတ္ဘူး။ အခုအလွဴေလးကို ပရိသတ္ၾကီး အားလံုးလည္း လွဴဒါန္းလို႔ရပါတယ္။ ေသသြားရင္ မီးေလာင္တယ္ ျပာျဖစ္တယ္၊ ေပ်ာက္ကြယ္သြားတဲ့ ခႏၶာကိုယ္ၾကီးကို လွဴေစခ်င္ပါတယ္္လို႔ စည္သူပလပ္ကၽြပ္က တိုက္တြန္းခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

Super Hero ဝတ်စုံတွေ တစ်မျိုးပြီး တစ်မျိုးဝတ်ပြခဲ့တဲ့ စည်သူပလပ်ကျွတ်က တကယ့်လက်ရှိဘဝမှာလည်း လေးစားအတုယူဖွယ်ရာ ခန္ဓာ ကိုယ်အစိတ်အပိုင်း လှူဒါန်းခဲ့တဲ့အပေါ် ဝမ်းသာပီတိဖြစ်ကြောင်း အခုလိုပြောပြခဲ့ပါတယ်။

ကျွန်တော်အရမ်းပျော်ပါတယ်။ ကျွန်တော့်ကို ကျွန်တော်လည်း ရင်တွေအရမ်းခုန်ပြီး ဝမ်းသာပီတိဖြစ်နေပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီ ဆေးတက္ကသိုလ် (၁)ပွဲလေးကို ဒေါက်တာ လရောင်က Facebook ပေါ်မှာ ဖိတ်ကြားထားတာ ၃ခါလောက်ရှိပြီပေါ့နော်။ သီချင်းလာဆိုပေးဖို့ဖိတ်တာပါ။ ကျွန်တော်လည်း နယ် Show ပွဲတွေသွားဆိုနေတော့ အချိန်မပေးဖြစ်ဘူး။ ဒီရက်မှထက်ပြီး ဆက်သွယ်လာတယ်။ ဆရာက သူ့ရဲ့ပထမဆုံး ပွဲလေးဖြစ်နေလို့ပါ။ ခန္ဓာကိုယ် အစိတ်အပိုင်းလေးလှူမယ့်ပွဲလေး ပေါ့နော်။ အဲ့ဒါကို တက်ရောက်ပေးပါပေါ့။ သီချင်းဆိုလို့ရရင်လည်း ဆိုပေးပါ။ မရရင်လည်း ကိုစည်သူအနေနဲ့ပဲ လာတက်ပေးပါဆိုပြီးဖိတ်ထားလို့ပါ။

နောက်ပြီးကို အောင်သော်တို့၊ မချမ်းချမ်းတို့၊ မေသင်ဇာတို့ကိုလည်းဖိတ်ထားတယ်လို့ပြောပါတယ်။ ကျွန်တော်လည်း သွားတက်ဖြစ်တဲ့အချိန်မှာ ဆရာနဲ့နှုတ်ဆက်ရင်း သူတို့လုပ်နေတဲ့ပွဲက ခန္ဓာကိုယ် အစိတ်အပိုင်း လှူတဲ့ပွဲလေးဖြစ်နေတော့ ကျွန်တော့ကိုလည်း လှူဖို့တိုက်တွန်းတယ်။ ကျွန်တော်လည်း အရမ်းဝမ်းသာသွားတယ်။ ဒီလိုလှူခွင့်ရခဲ့တယ်ဆိုတော့။ ဘာပဲဖြစ်ဖြစ် ဒီခန္ဓာကိုယ်ကြီးကအပုပ်ကြီး သေရင် မီးရှို့မယ်၊ ပြာဖြစ်မယ် ဘာမှမရှိတော့တဲ့ဟာကြီးကို အလှူခံတာလေ။ လက်ရှိမှာ ကျွန်တော်ပိုက်ဆံတွေလှူတယ်ဆိုတာ မရှိရင်လှူလို့မရဘူးလေ။ အဲ့ဒါနဲ့ကျွန်တော် မျက်ကြည်လွှာအရင်ဆုံးစလှူဖြစ်တယ်။

ပထမအဆင့်မျက်ကြည်လွှာလှူပြီး ခန္ဓာကိုယ်အစိတ်အပိုင်းလှူဖို့ နောက်တစ်ဆင့်သွားရဦးမှာပါ။ အဲ့တော့ ကျွန်တော်လှူမှာက ကျောက်ကပ်၊ အသည်းနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလုံးလှူထားပါတယ်။ သေရင်ဘာမှယူလို့မရဘူးဆိုတော့။ အသက်ဆက်ရှင်မယ့် လူနာတွေအတွက် ကျွန်တော့်ရဲ့အလှူကတော့ ဘာနဲ့မှ လဲလို့မရဘူးလို့တော့ထင်တာပဲ။ အရမ်းကို မင်္ဂလာရှိတဲ့နေ့လေးပါ။ အဲ့ဒီ့ရဲ့ကုသိုလ်ကောင်းမှုတွေကို ကျွန်တော့်ကို ချစ်တဲ့ပရိသတ်ရော၊ မုန်းတဲ့ပရိသတ်ရော မျှဝေပေးပါတယ်။

ကျွန်တော်ပြောခဲ့သလိုပဲ ကိုယ်က သိန်း၅၀၊ သိန်း၁၀၀ လှူနေတာမဟုတ်ဘူး။ကိုယ့်ကိုလည်း အလှူငွေတွေ အလှူခံတာမဟုတ်ဘူး။ ဒီဘာမှသုံးလို့မရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို လှူလိုက်ရတာဆိုတော့ ကိုယ့်အတွက် ဘာမှမဟုတ်ပေမယ့် အသက်ဆက်ရှင်မယ့် သူအတွက်ကတော့ အရမ်း အဓိပ္ပါယ်ရှိတာလေ။ အဲ့အတွက် ပြောမပြတက်အောင် အရမ်းပဲပျော်နေပါတယ်ဗျ။ သိန်းတစ်ထောင်ပေါက်ရင်တောင် ဒီလောက်ပျော်မှာ မဟုတ်ဘူး။ အခုအလှူလေးကို ပရိသတ်ကြီး အားလုံးလည်း လှူဒါန်းလို့ရပါတယ်။ သေသွားရင် မီးလောင်တယ် ပြာဖြစ်တယ်၊ ပျောက်ကွယ်သွားတဲ့ ခန္ဓာကိုယ်ကြီးကို လှူစေချင်ပါတယ်လို့ စည်သူပလပ်ကျွပ်က တိုက်တွန်းခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top