





း မြေးဖြစ်သူ ဝေယံဖြိုး(၁၂)နှစ် မှာလည်း ဦးခေါင်းဝဲဘက်ဂျိုစောင်းဖူးယောင်နာကျင်(မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ပြီး ဝေလင်း(ခ)ဝေလင်းအောင်မှာ ၎င်း၏ဇနီးဘေးတွင် ဒါးအားခါးကြား၌ ထိုးလျှက် ထိုင်နေသည်ကိုမြင်တွေ့ခဲ့ရသဖြင့် မြေးဖြစ်သူ ဝေယံဖြ်ုးအားမေးမြန်းရာ





#Unicode Version#
တိုက်ကြီးမြို့နယ် တာခွကျေးရွာအုပ်စု တာခွဆည်မြောင်ဘေး ၌ ခင်ပွန်းဖြစ်သူမှ ၎င်း၏ ဇနီးအား ဒါးနှင့်ထိုး ၍ သစ်ကိုင်းခြောက်ဖြင့် ရိုက်သတ်ခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ၄- ၅ -၂၀၁၉ ရက်နေ့ ညနေ(၄း၀၀)အချိန်ခန့်က တိုက်ကြီးမြို့ အိုးတန်းရပ်ကွက်တွင် အိမ်ထောင်ကျ နေထိုင်သော သမီးဖြစ်သူ မ———— နှင့် ၎င်း ၏ သားသမီးများဖြစ်သော ဝေယံဖြိုး မမေရူပါ တို့ သားအမိ(၃)ဦး မှာ တရားလိုနေထိုင်ရာ တာခွကျေးရွာ သို့ရောက်ရှိလာ၍ မေးမြန်းကြည့်ရာ

သမီးဖြစ်သူ မ———–၏ ခင်ပွန်းဖြစ်သူ ဝေလင်း(ခ)ဝေလင်းအောင်မှာ သမီးဖြစ်သူအား လင်ငယ်ထားသည်ဟု စွပ်စွဲသဖြင့် နေအိမ်ပေါ်မှ ဆင်းလာခြင်းဖြစ်ကြောင်း ပြောပြသိရှိခဲ့ရပြီး ၅- ၅ -၂၀၁၉ နံနက် ၌ သမီးဖြစ်သူမှာ တရားလိုနှင့်အတူ တာခွကျေးရွာရှိ ခြံထဲ၌ စံပါယ်ပန်းခူးနေစဉ်

မ———–၏ ခင်ပွန်း ဝေလင်း(ခ)ဝေလင်းအောင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သမီးဖြစ်သူ အား လာခဲ့အုံး နင်နဲ့စကားပြောစရာရှိသည်ဟုပြောကာ စံပါယ်ခြံအပြင်ဘက် ဆည်မြောင်းဘေးသို့ ခေါ်ဆောင်သွားပြီး (၅)မီးနစ်ခန့်အကြာတွင် သမီးဖြစ်သူမှ တရားလိုအား အမေ သမီးကို ဝေလင်းအောင် ဒါးနှင့်ထိုးတယ်ဟု အော်ပြောသဖြင့်

တရားလိုနှင့် မြေးများဖြစ်သော ဝေယံဖြိုး မမေရူပါ တို့ သွားရောက်ခဲ့စဉ် သမီးဖြစ်သူ၏ ဝမ်းဗိုက်တွင် ဒါးတန်းလန်း နှင့်မြင်တွေ့ရပြီး တရားလိုဝင်ရောက်ဖြန်ဖြေသော်လည်းမရ၍ အနီးပတ်ဝတ်ကျင်သို့ အကူအညီတောင်းပြီး အခင်းဖြစ်နေရာသို့ပြန်လည်ရောက်ရှိချိန်

သမီးဖြစ်သူ မ——–(၂၈ )နှစ် မှ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ဦးခေါင်းဝဲဘက်ဂျိုစောင်း ပေါက်ပြဲသွေးထွက်ဒဏ်ရာ ယာဘက်ပုခုံး ညှပ်ရိုးအပေါ်ထိုးသွင်းဒဏ်ရာ ဦးခေါင်းယာဘက်ဂျိုစောင်း ဖူးယောင်ဒဏ်ရာ မျက်နှာညိုမဲဖူးရောင်ဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးနေပြီ

း မြေးဖြစ်သူ ဝေယံဖြိုး(၁၂)နှစ် မှာလည်း ဦးခေါင်းဝဲဘက်ဂျိုစောင်းဖူးယောင်နာကျင်(မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ပြီး ဝေလင်း(ခ)ဝေလင်းအောင်မှာ ၎င်း၏ဇနီးဘေးတွင် ဒါးအားခါးကြား၌ ထိုးလျှက် ထိုင်နေသည်ကိုမြင်တွေ့ခဲ့ရသဖြင့် မြေးဖြစ်သူ ဝေယံြဖ်ုးအားမေးမြန်းရာ

ဝေလင်း(ခ)ဝေလင်းအောင်မှ သမီးဖြစ်သူ မ———-အား ဒါးနှင့်ထိုးပြီးနောက် အနီးရှိဥယျာဉ်ခြံမှ သစ်ကိုင်းခြောက်ဖြင့် ဦးခေါင်းအား ရိုက်နှက်သတ်ခဲ့ကြောင်း ပြောပြသိရှိခဲ့ရသဖြင့် သီးဖြစ်သူအားသေဆုံးအောင်ဒါးဖြင့်ထိုးသတ်ခဲ့ပြီ

း မြေးဖြစ်သူ ဝေယံဖြိုးအား ဦးခေါင်းဒဏ်ရာ ရရှိအောင်ပြုလုပ်ခဲ့သူ ဝေလင်း(ခ)ဝေလင်းအောင်(၃၅)နှစ် ဇေယျာသီရိ(၂)လမ်း အိုးတန်းရပ်ကွက် တိုက်ကြီးမြို့နေသူ အား ဥပဒေအရအရေးယူပေးပါရန် ဒေါ်သန်အေးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက် ၍ ပြစ်မှုကျူးလွန်သူ ဝေလင်း(ခ)ဝေလင်းအောင် အား တိုက်ကြီးမြို့မရဲစခန်းမှ (ပ)၆၃၅/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၃ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ညီညီ- လှိုင်သာယာ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top