


Video ကြည့်ရန်

Credit:thutasone

#Unicode Version#
 သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ အပြစ်ကင်းစင်တဲ့ မျက်နှာလှလှလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ကြော်ငြာ၊ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာ ရိုက်ကူးခဲ့ရတဲ့ သဉ္ဇာက လက်ရှိမှာတော့ အိမ်ထောင်ကျပြီး သားလေးတစ်ယောက်တောင် ရရှိထားပြီ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ မိသားစုဘဝလေးမှာ ပျော်ရွှင်နေတဲ့ သဉ္ဇာကိုတော့ ပရိသတ်တွေက ဆက်လက်အားပေးနေကြဆဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သဉ္ဇာက သားလေးကို စောင့်ရှောက်ရင်း ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ တွေ့ရပါတယ်။ သဉ္ဇာနွယ်ဝင်းကတော့ ဒုတိယကိုယ်ဝန်လေး လွယ်ထားရတဲ့အကြောင်းကို ပရိသတ်ကိုပြောပြပါလာပါတယ်။ သဉ္ဇာနွယ်ဝင်းက “အနုပညာပိုးကတော့ အမြဲတမ်း ရှိနေဆဲပါ။ အနုပညာ ပြန်လုပ်ချင်တဲ့ စိတ်လည်း ရှိတယ်။ အခု နောက်ထပ် ဒုတိယ ကိုယ်ဝန်လွယ်ထားပြီမို့ အနုပညာအလုပ်တွေ ပြန်လုပ်လို့ မဖြစ်နိုင်တော့ဘူး” လို့ ပြောလာခဲ့ပါတယ်။

ပရိသတ်ကြီးအတွက် သဉ္ဇာနွယ်ဝင်း ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်။ ဒုတိယရင်သွေးလေးလွယ်ထားရတဲ့သဉ္ဇာနွယ်ဝင်း ကိုချစ်ရင် share ပေးကြပါဦးနော်။

Video ကြည့်ရန်

ဖိုးသူတော်(www.phothutaw.com)
Credit:thutasone

Video Source : Myanmar Celebrity
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top