Credit:Duwun
#Unicode Version#
ကမ္ဘာပေါ်မှာ လူတွေကို စိတ်အနှောက်အယှက်ပေးနိုင်ဆုံး သတ္တဝါတွေထဲမှာ ခြင်တွေလည်း ပါဝင်ပါတယ်။ တစ်ချို့က အခြားသူတွေထက်ပိုပြီး ခြင်ကိုက်ခံရလေ့ ရှိပါတယ်။
“ဘာကြောင့် ဒီခြင်တွေ သူများထက် ငါ့ကိုပိုကိုက်နေတာလဲ” ဆိုပြီး လူတစ်ချို့ ညည်းတွားတက်ကြတာ တွေ့ရပါတယ်။ ဒါဟာ အများထင်နေသလို လူတစ်ယောက်နဲ့ တစ်ယောက် သွေးအမျိုးအစား မတူညီလို့ ဆိုတဲ့ အချက်က အဓိက မဟုတ်ပါဘူး။ ခြင်တွေက ချိုတဲ့သွေးရှိတဲ့လူကို ပိုကိုက်တက်ကြတယ်ဆိုတာမလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ခြင်ပိုကိုက်ခံရတာဟာ ခန္ဓာကိုယ်က ထွက်တဲ့ ဘက်တီးရီးယားပိုး အမျိုးအစား မတူညီလို့ ဖြစ်ပါတယ်။ တစ်ချို့ ဘက်တီးရီးယားတွေရဲ့ အနံ့တွေဟာ ခြင်တွေကို ပိုပြီး ဆွဲဆောင်နိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ဒီဘက်တီးရီးယားပိုး ပိုထွက်သူတွေက ခြင်ပိုကိုက်ခံရတာ ဖြစ်ပါတယ်။
လူသားတွေရဲ့ အသက်ရှုခြင်းက ထွက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုက်နဲ့ ခန္ဓာကိုယ် အနွေးဓာတ် ထွက်ခြင်းကြောင့် ခြင်တွေရောက်လာကြတာ ဖြစ်ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:Duwun
တချို့လူတွေ ဘာကြောင့် ခြင်ပိုကိုက်ခံရတာလဲ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။