ပံုမွန္အားျဖင့္ အသားပို၊အသားသီးေတြဟာ ခႏၶာကိုယ္ေနရာအနွ႕ံမွာ ေပါက္နိုင္ျပီး အေရျပားနူးညံ့တဲ့ ေနရာမ်ိဳးမွာ ပိုျပီး အျဖစ္မ်ားၾကပါတယ္ ။ သို႔ေသာ္လည္း ဒီအသားပိုေတြဟာ အႏၱရာယ္မရွိသလို နာၾကင္မႈလည္း မရွိပါဘူး ။ အဓိကအားျဖင့္ အလွကုန္ပစၥည္းေတြေၾကာင့္ ဟု ယူဆရပါတယ္။

အသားပို၊အသားသီးေတြဟာ ပံုမွန္ အသားေရာင္ပံုစံသာရွိတတ္ျပီး ေပ်ာ့အိကာ အရြယ္အစားအားျဖင့္ ကြာျခားတတ္ၾကပါတယ္ ။ လညပင္း ၊ ရင္သား၊ေပါင္ၿခံ ၊ဝမ္းဗိုက္ ၊ မ်က္ခြံနွင့္ ခ်ိဳင္း ေနရာမ်ိဳးေတြမွာ အမ်ားဆံုး ေပါက္ေလ့ရွိၾကပါတယ္ ။ ဒီလို အသားပိုေတြကို ေဆးဘက္ဆိုင္ရာ နည္းပညာမ်ား အသံုးျပဳ၍ ဖယ္ရွားလို႔ရသလို ေငြကုန္ေၾကးက်မမ်ားတဲ့ အိမ္တြင္းနည္းလမ္းေတြကို အသံုးျပဳ၍လည္း ဖယ္ရွားနိုင္ပါတယ္။

၁။ပန္းသီးရွာလကာရည္
အသားပို၊အသားသီးေတြ ဖယ္ရွားဖို႔အတြက္ ပန္းသီးရွာလကာရည္က အေကာင္းဆံုး ပါဝင္ပစၥည္းပါပဲ ။ ပန္းသီးရွာလကာရည္ကို ဂြမ္းျဖင့္ စြတ္ျပီး အသားပိုေပၚမွာ ပြတ္လိမ္းေပးပါ။ ခပ္ဆူးဆူး စိတ္ခံစားမႈ ျဖစ္သည္အထိ မိနစ္အနည္းငယ္ၾကာ ပြတ္ေပးပါ ။ ထို႔ေနာက္ ပြတ္လိမ္းျခင္းကို ရပ္လိုက္ျပီး ၃နာရီ၊ ၄နာရီ ၾကာေအာင္ ထားျပီးလွ်င္ ေရေႏြးေႏြးေလးျဖင့္ ေဆးေၾကာလိုက္ပါ ။ ဒီနည္းလမ္းကို တစ္ေန႔လွ်င္ ၃ၾကိမ္ခန္႔ ျပဳလုပ္ျပီး ၂ပါတ္မွ၄ပါတ္ၾကာသည္အထိ ျပဳလုပ္ေပးရပါမယ္။

၂။ရွားေစာင္းလက္ပက္
ဓါတ္တိုးဆန္႔က်င္မႈေတြ မ်ားစြာၾကြယ္ဝတဲ့ ရွွားေစာင္းလက္ပက္ကို အသားပိုဖယ္ရွားရာမွာလည္း အသံုးျပဳေပးနိုင္ပါတယ္ ။ ရွားေစာင္းလက္ပက္ အနွစ္ဂ်ယ္လ္ကို အသားပိုေတြရွိရာမွာ တုိက္ရိုက္သုတ္လိမ္းျပီး စက္ဝိုင္းပံုစံအတုိင္း အနည္းငယ္ၾကာ နွိပ္နယ္ေပးပါ ။ ထို႔ေနာက္ အေရျပားထဲစိမ့္ဝင္သြားသည္အထိ ထားျပီးလွ်င္ ေရျဖင့္ ေဆးလိုက္ပါ ။ ဤနည္းအတုိင္း တစ္ေန႔သံုးၾကိမ္ ျပဳလုပ္ေပးပါ။

၃။ၾကက္သြန္ျဖဴ
လတ္ဆတ္တဲ့ ၾကက္သြန္ျဖဴ အနည္းငယ္ကို ၾကိတ္ေျချပီး ရလာတဲ့ အနွစ္ကို အသားပို၊အသားသီး ရွိရာမွာ အံုေပး ၊ လိမ္းေပးပါ ။ ထို႔ေနာက္ အဝတ္ (သို႔) ပတ္တီးျဖင့္ စည္းေနွာင္ျပီး တစ္ညလံုးထားလို္က္ပါ ။ ေနာက္တစ္ေန႔ မနက္ခင္းေရာက္ေသာအခါ ပတ္တီးေျဖျပီး ေရေႏြးေလးျဖင့္ ေဆးေၾကာလိုက္ပါ။ အသားပိုမ်ား ကြာက်သည္အထိ ညအိပ္ရာဝင္တိုင္း ေန႔စဥ္ပံုမွန္ ျပဳလုပ္ေပးနိုင္ပါသည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN

#Unicode Version#
 ပုံမှန်အားဖြင့် အသားပို၊အသားသီးတွေဟာ ခန္ဓာကိုယ်နေရာအနှံ့မှာ ပေါက်နိုင်ပြီး အရေပြားနူးညံ့တဲ့ နေရာမျိုးမှာ ပိုပြီး အဖြစ်များကြပါတယ် ။ သို့သော်လည်း ဒီအသားပိုတွေဟာ အန္တရာယ်မရှိသလို နာကြင်မှုလည်း မရှိပါဘူး ။ အဓိကအားဖြင့် အလှကုန်ပစ္စည်းတွေကြောင့် ဟု ယူဆရပါတယ်။

အသားပို၊အသားသီးတွေဟာ ပုံမှန် အသားရောင်ပုံစံသာရှိတတ်ပြီး ပျော့အိကာ အရွယ်အစားအားဖြင့် ကွာခြားတတ်ကြပါတယ် ။ လညပင်း ၊ ရင်သား၊ပေါင်ခြံ ၊ဝမ်းဗိုက် ၊ မျက်ခွံနှင့် ချိုင်း နေရာမျိုးတွေမှာ အများဆုံး ပေါက်လေ့ရှိကြပါတယ် ။ ဒီလို အသားပိုတွေကို ဆေးဘက်ဆိုင်ရာ နည်းပညာများ အသုံးပြု၍ ဖယ်ရှားလို့ရသလို ငွေကုန်ကြေးကျမများတဲ့ အိမ်တွင်းနည်းလမ်းတွေကို အသုံးပြု၍လည်း ဖယ်ရှားနိုင်ပါတယ်။

၁။ပန်းသီးရှာလကာရည်
အသားပို၊အသားသီးတွေ ဖယ်ရှားဖို့အတွက် ပန်းသီးရှာလကာရည်က အကောင်းဆုံး ပါဝင်ပစ္စည်းပါပဲ ။ ပန်းသီးရှာလကာရည်ကို ဂွမ်းဖြင့် စွတ်ပြီး အသားပိုပေါ်မှာ ပွတ်လိမ်းပေးပါ။ ခပ်ဆူးဆူး စိတ်ခံစားမှု ဖြစ်သည်အထိ မိနစ်အနည်းငယ်ကြာ ပွတ်ပေးပါ ။ ထို့နောက် ပွတ်လိမ်းခြင်းကို ရပ်လိုက်ပြီး ၃နာရီ၊ ၄နာရီ ကြာအောင် ထားပြီးလျှင် ရေနွေးနွေးလေးဖြင့် ဆေးကြောလိုက်ပါ ။ ဒီနည်းလမ်းကို တစ်နေ့လျှင် ၃ကြိမ်ခန့် ပြုလုပ်ပြီး ၂ပါတ်မှ၄ပါတ်ကြာသည်အထိ ပြုလုပ်ပေးရပါမယ်။

၂။ရှားစောင်းလက်ပက်
ဓါတ်တိုးဆန့်ကျင်မှုတွေ များစွာကြွယ်ဝတဲ့ ရှားစောင်းလက်ပက်ကို အသားပိုဖယ်ရှားရာမှာလည်း အသုံးပြုပေးနိုင်ပါတယ် ။ ရှားစောင်းလက်ပက် အနှစ်ဂျယ်လ်ကို အသားပိုတွေရှိရာမှာ တိုက်ရိုက်သုတ်လိမ်းပြီး စက်ဝိုင်းပုံစံအတိုင်း အနည်းငယ်ကြာ နှိပ်နယ်ပေးပါ ။ ထို့နောက် အရေပြားထဲစိမ့်ဝင်သွားသည်အထိ ထားပြီးလျှင် ရေဖြင့် ဆေးလိုက်ပါ ။ ဤနည်းအတိုင်း တစ်နေ့သုံးကြိမ် ပြုလုပ်ပေးပါ။

၃။ကြက်သွန်ဖြူ
လတ်ဆတ်တဲ့ ကြက်သွန်ဖြူ အနည်းငယ်ကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ကို အသားပို၊အသားသီး ရှိရာမှာ အုံပေး ၊ လိမ်းပေးပါ ။ ထို့နောက် အဝတ် (သို့) ပတ်တီးဖြင့် စည်းနှောင်ပြီး တစ်ညလုံးထားလိုက်ပါ ။ နောက်တစ်နေ့ မနက်ခင်းရောက်သောအခါ ပတ်တီးဖြေပြီး ရေနွေးလေးဖြင့် ဆေးကြောလိုက်ပါ။ အသားပိုများ ကွာကျသည်အထိ ညအိပ်ရာဝင်တိုင်း နေ့စဉ်ပုံမှန် ပြုလုပ်ပေးနိုင်ပါသည် ။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top