ဖြစ်စဉ်မှာ ကျခမ်းဆောင် ကျေးရွာတွင် နေထိုင်သည့် ဦးရတု၏ သားဖြစ်သူ မောင်အေးလီစက် အသက် (၇) နှစ် သည် နေအိမ်ရှိ (၅) ပေခန့် အမြင့်တွင် ချိတ်ဆွဲထားသော ၄င်း၏ ဖခင် ကိုင်ဆောင်သည့် တူမီးသေနတ်အား ဖြုတ်ယူပြီး ဆော့ကစား ခဲ့ရာ
#Unicode Version# ဖြင့်ဖတ်ပါ ။
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ် ၂၀၁၉ ခုနှစ် မေလ (၆) ရက် ယနေ့ မနက်ပိုင်း အချိန်ခန့်တွင် ကျခမ်းကျောက် ကျေးရွာ အုပ်စု – ကျခမ်းဆောင် ကျေးရွာ နေသူ အသက် (၇) နှစ်အရွယ် ကလေးငယ် တစ်ဦးသည် ၎င်း၏ နေအိမ်တွင်ရှိသည့် တူမီး သေနတ်အား ဆော့ကစားရာမှ ကျည်ထွက်၍ ၎င်း၏ အမ ဖြစ်သူအား ထိမှန်ကာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောက်း သိရပါသည်။
ဖြစ်စဉ်မှာ ကျခမ်းဆောင် ကျေးရွာတွင် နေထိုင်သည့် ဦးရတု၏ သားဖြစ်သူ မောင်အေးလီစက် အသက် (၇) နှစ် သည် နေအိမ်ရှိ (၅) ပေခန့် အမြင့်တွင် ချိတ်ဆွဲထားသော ၎င်း၏ ဖခင် ကိုင်ဆောင်သည့် တူမီးသေနတ်အား ဖြုတ်ယူပြီး ဆော့ကစား ခဲ့ရာ
ယမ်း ထည့်သွင်းထားခြင်း မရှိဟု ထင်မှတ်သဖြင့် တူမီး သေနတ်မောင်း ခလုတ်အား ဆွဲလိုက်စဉ် အနီးတွင် ရပ်နေသည့် အမဖြစ်သူ မချယ်ရီ အသက် (၉) နှစ် ၏ ရင်ဘတ်သို့ ထိမှန်ခဲ့ရာ ပြင်းထန်ဒဏ်ရာ (စိုးရီမ်ရ) ရရှိ သဖြင့် ကျိုင်းလပ်ဆေးရုံမှ တစ်ဆင့် တာချီလိတ် ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရပါသည်။
သို့ဖြစ်ပါ၍ တူမီး သေနတ်အား မဆင်မချင် ဆော့ကစားခဲ့သူ မောင်အေးလီစက် အသက် (၇) နှစ် ရှိသူအား တရား ဥပဒေ အရ အရေးယူဆောက်ရွက်နိုင်ရေး အတွက် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:* ဇင်ယော် * တာချီလိတ်