ဦးဇင်းကို ကူညီပေးကြသော သာသနာ့ညီတော် နောင်တော်တွေ လူပုဂ္ဂိုလ်အားလုံး အကြံကောင်း ဥာဏ်ကောင်းတွေ ပေးကြတဲ့ သာသနာညီတော် နောင်တော် လူပုဂ္ဂိုလ်များ
7 – 5 – 2019
အရှင်တေဇော သာရ
#Unicode Version#
ညီ မဖြစ်သူနှင့် (၁၀)နှစ်ကျော် ကွဲကွာနေတဲ့ ဦးဇင်းလေးဟာ သူ့ညီမနှင့် အဆက်အသွယ်ပြန်ရသွားပါပြီ..ဦးဇင်း အရှင်တေဇော သာရ က ခုလို Post တင်ထားပါတယ်
ဝိုင်းဝန်ကူညီပေးကြသော သာသနာညီတော် နောင်တော် လူပုဂ္ဂိုလ်များအားလုံး ဦးဇင်းနဲ့အတူတူ ထပ်တူဝမ်းသာစရာပါ (ဘုရား)ဒီနေ့လေးဟာ ဦးဇင်းရဲ့ဘဝမှာ အပျော်ဆုံးသောနေ့လေးတစ်ခုအဖြစ်နဲ့ အမြဲထာဝစဉ် အမှတ်ရနေတော့မှာပါပြောမပြတတ်လောက်အောင် ပျော်နေပါတယ် ဝမ်းသာနေပါတယ်….
၁၀နှစ်ကျော်လောက် ပြန်ဆုံဖို့ စောင့်မျှော်လာခဲ့တာ အခု ၂ရက်အတွင်းနဲ့ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ….နည်းပညာကို ကောင်းကောင်းကြီးအသုံးချနိုင်ခဲ့ပြီပေါ့… 😀
ညီမလေးကို မွေးစားတဲ့မိဘတွေနဲ့ အဆက်အသွယ်ရလို့ ညီမလေးရဲ့ သတင်းအပြည့်အစုံကိုလည်း ကြားရပါပြီ….
ဒီနှစ် ၁၀ တန်းဖြေမှာလို့ သိရပါတယ်…မွေးစားမိဘတွေကလည်း ဦးဇင်းနဲ့ အဆက်သွယ်ရဖို့ ကြိုးစားနေခဲ့တာ ကြားပါပြီ …ညီမလေးကိုလည်း နိုင်ငံခြား ပညာသင် ပို့ဖို့လည်း အစီစဉ်ရှိတယ်လို့ ကြားသိရပါတယ်….
ညီမလေးကို အဆောင်မှာထားတာပါ…အဆောင်က စည်းကမ်းကြီးတယ် ဖုန်းမကိုင်ရဘူးတဲ့ အဲ့ဒါကြောင့် ညီမလေးနဲ့ အခုချိန်ထိ ဖုန်းအဆက်သွယ်မရ စကားမပြောရသေးပါဘူး…
ညီမလေးနေတဲ့အဆောင်နဲ့ မွေးစားမိဘတွေနေတဲ့နေရာနဲ့ မိုင် ၂၀ လောက်ဝေးပါတယ် ဒီ လ ထဲမှာ ဒကာကြီးကိုယ်တိုင် ညီမလေးဆီသွားတွေ့ပြီး ဦးဇင်းနဲ့အဆက်သွယ်လုပ်ပေးမှာပါ….
ဒီ လ ထဲမှာ ညီမလေးနဲ့အဆက်သွယ်ရဖို့ သေချာနေပါပြီ ညီမလေးဓာတ်ပုံရရင်လည်း တင်ပေးပါဦးမယ်…
ဦးဇင်းကို ကူညီပေးကြသော သာသနာ့ညီတော် နောင်တော်တွေ လူပုဂ္ဂိုလ်အားလုံး အကြံကောင်း ဉာဏ်ကောင်းတွေ ပေးကြတဲ့ သာသနာညီတော် နောင်တော် လူပုဂ္ဂိုလ်များ
“ဓမ္မတရား Groups အဖွဲ့သူ အဖွဲ့သားများနှင့် ဆရာတော် သံဃာတော်များ”
“သောတုဇနတို့ဆုံဆည်းရာ Groups အဖွဲ့သူ အဖွဲ့သားများနှင့် ဆရာတော် သံဃာတော်များ”
“ခွန်အားရှိသော စာပေများ Groups အဖွဲ့သူ အဖွဲ့သားများနှင့် ဆရာတော် သံဃာတော်များ”
“Mahar media news သတင်းဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ”အားလုံး အားလုံးတို့ကို အထူးပင် ကျေးဇူးတင်ပါတယ်…။
တချို့ပြောကြတယ် ပျောက်သွားတာလား တဲ့…မဟုတ်ပါဘူး အဆက်သွယ်ပြတ်နေတာပါဘယ်မှာနေလို့ ဘယ်တွေရောက်နေမှန်းမသိလို့ အဆက်သွယ်ပြန်ရဖို့ရည်ရွယ်ပြီး တင်ဖြစ်သွားတာပါ…။
ဦးဇင်းလို မောင်နှမ မိသားစုတွေနဲ့ …သေကွဲ ကွဲရခြင်း ရှင်ကွဲ ကွဲရခြင်းတို့မှကင်းဝေးကြပြီး တကယ်လို့ နှစ်ရှည်လများကွဲကွာနေတဲ့သူတွေရှိကြရင်လည်း ဦးဇင်းလိုဘဲ နည်းပညာကို အသုံးချတတ်ကြပါစေ….။”
ဆိုပြီး တင်ထားတာဖြစ်ပါတယ်
7 – 5 – 2019
အရှင်တေဇော သာရ
တပည့်တော်တို့ အဖွဲ့မှလည်း ဦးဇင်းလေးအတွက် များစွာ ဝမ်းသာမိပါတယ်ဘုရား
ဖိုးသူတော်(www.phothutaw.com)
Credit:မဟာခေတ်သစ်မီဒီယာ