ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ့နယ္၌ ေမ၂၅ ရက္က လင္မယားခ်င္းစကားမ်ားရန္ျဖစ္ရာမွ ခင္ပြန္းျဖစ္သူက ဇနီးအား ဓားျဖင့္ထိုးသတ္ကာ မိမိကိုယ္ကိုဓားျဖင့္ အဆုံးစီရင္မွု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေမ၂၅ ရက္ နံနက္ ၅ နာရီက ဖားကန႔္ၿမိဳ့နယ္ ဆိပ္မူေက်းရြာအုပ္စု သာယာကုန္းေက်းရြာေန ဦးေဇာ္မြန္း(၄၂ ႏွစ္) သည္ ဇနီးျဖစ္သူ ေဒၚဂ်ဳံဆဲ(၄၀ ႏွစ္)ႏွင့္ စကားမ်ားရန္ျဖစ္ရာမွ ဦးေဇာ္မြန္းက ေဒၚဂ်ဳံဆဲ၏ယာဘက္နံၾကားသို့ ဓားျဖင့္ထိုးခဲ့သျဖင့္ ေဒၚဂ်ဳံဆဲမွာ ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး ဦးေဇာ္မြန္းမွ မိမိ၏ဝမ္းဗိုက္အား ဓားျဖင့္ငါးခ်က္ထိုးသြင္းခဲ့၍ ဒဏ္ရာရရွိကာ ေသဆုံးသြားခဲ့သည္။

ေသဆုံးသူ႐ုပ္အေလာင္းမ်ားကို ဖားကန႔္ၿမိဳ့နယ္ျပည္သူ႔ေဆး႐ုံသို့ ပို့ေဆာင္ကာ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဖားကန႔္ၿမိဳ့မရဲစခန္းက ေသမွုေသခင္းေရးဖြင့္ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဝင္းနိုင္(ကခ်င္ေျမ)

#Unicode Version# ျဖင့္ဖတ္ပါ ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ မေ၂၅ ရက်က လင်မယားချင်းစကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးအား ဓားဖြင့်ထိုးသတ်ကာ မိမိကိုယ်ကိုဓားဖြင့် အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ၂၅ ရက် နံနက် ၅ နာရီက ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု သာယာကုန်းကျေးရွာနေ ဦးဇော်မွန်း(၄၂ နှစ်) သည် ဇနီးဖြစ်သူ ဒေါ်ဂျုံဆဲ(၄၀ နှစ်)နှင့် စကားများရန်ဖြစ်ရာမှ ဦးဇော်မွန်းက ဒေါ်ဂျုံဆဲ၏ယာဘက်နံကြားသို့ ဓားဖြင့်ထိုးခဲ့သဖြင့် ဒေါ်ဂျုံဆဲမှာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးဇော်မွန်းမှ မိမိ၏ဝမ်းဗိုက်အား ဓားဖြင့်ငါးချက်ထိုးသွင်းခဲ့၍ ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့သည်။

သေဆုံးသူရုပ်အလောင်းများကို ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖားကန့်မြို့မရဲစခန်းက သေမှုသေခင်းရေးဖွင့်ထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဝင်းနိုင်(ကချင်မြေ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top