မစိမ့္ထက္ ရုပ္အေလာင္း ပူတာအိုေဆးရံုသို႔ ျပန္သယ္လာ၊ရဲက ကနဦး ေသမႈေသခင္းအမႈဖြင့္ျပီး စစ္ေဆးရန္ ေစာင့္ဆိုင္းေန

ေထာက္ျပေ၀ဖန္မႈမ်ားစြာ ျဖစ္ေပၚခဲ့တဲ့ မစိမ့္ထက္ ေသဆံုးသြားမႈကို ရဲက ကနဦးအေနနဲ႔ ေသမႈေသခင္းအမႈဖြင့္ျပီး စံုစမ္းစစ္ေဆးဖို႔ လုပ္ေဆာင္ေနျပီလို႔ သိရပါတယ္။

ရုပ္အေလာင္းရွာေဖြမႈ ေအာင္ျမင္ခဲ့ျပီး ေနာက္ မစိမ့္ထက္ ရဲ႕ ရုပ္အေလာင္းဟာ မၾကာခင္မွာပဲ ပူတာအိုေဆးရံုကို ေရာက္ရွိလာေတာ့မယ္လို႔ ပူတာအို ရဲစခန္းက ေျပာပါတယ္။

ရုပ္အေလာင္းေရာက္ရွိတာနဲ႔ တစ္ျပိဳင္နက္ ေသမႈေသခင္းဖြင့္ကာ စံုစမ္းစစ္ေဆးမႈမ်ား ေဆာင္ရြက္မယ္လို႔ ရဲက ေျပာပါတယ္။

ဧျပီလ အတြင္းက ထြက္ခြာခဲ့တဲ့ ကခ်င္ျပည္နယ္ ဖန္ဂရန္ရာဇီ ေရခဲေတာင္တက္ခရီးစဥ္မွာ မစိမ့္ထက္ ပါ၀င္ခဲ့ျပီး၊ေရခဲေတာင္ေပၚကေန မေတာ္တဆ ေအာက္ကို ျပဳတ္က်သြားခဲ့တာလို႔ ေရခဲေတာင္တက္အဖြဲ႕ရဲ႕ ေျပာၾကားမႈေတြအရ သိရပါတယ္။

ရာသီဥတုဆိုးရြားလို႔၊ျပဳတ္က်သြားတဲ့ ေနရာက ဆင္းရွာဖို႔ ခက္ခဲလို႔ ဆိုတဲ့ အေၾကာင္းျပခ်က္ နဲ႔ ေတာင္တက္အဖြဲ႕ ေခါင္းေဆာင္ေတြက ဆင္းျပီး ရွာေဖြတာေတြ မလုပ္ဘဲ ဆံုးပါးသြားတဲ့ သတင္းစကားကိုမိသားစုထံ ေပးပို႔ ခဲ့ပါတယ္။

ကာယကံရွင္ မိသားစု၀င္ေတြက ေက်နပ္မႈ မရွိတာေၾကာင့္ မစိမ့္ထက္ရဲ႕ ရုပ္အေလာင္းကို ရွာေဖြမႈမ်ား လုပ္ေဆာင္ခဲ့ၾကပါတယ္။

ပထမအၾကိမ္ စဥ္ ရုပ္အေလာင္းမေတြ႕ခဲ့ရဘဲ မစိမ့္ထက္ မ်က္မွန္၊အက်ီၤလို႔ ယူဆရတဲ့ အရာေတြသာ ေတြ႕ခဲ့ရပါတယ္။ယခု ဒုတိယအၾကိမ္ ရွာေဖြရာမွာေတာ့ ရုပ္အေလာင္းကို ေတြ႕ခဲ့တာလို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: People Power

#Unicode Version# ျဖင့္ဖတ္ပါ ။

မစိမ့်ထက် ရုပ်အလောင်း ပူတာအိုဆေးရုံသို့ ပြန်သယ်လာ၊ရဲက ကနဦး သေမှုသေခင်းအမှုဖွင့်ပြီး စစ်ဆေးရန် စောင့်ဆိုင်းနေ

ထောက်ပြဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့တဲ့ မစိမ့်ထက် သေဆုံးသွားမှုကို ရဲက ကနဦးအနေနဲ့ သေမှုသေခင်းအမှုဖွင့်ပြီး စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ရုပ်အလောင်းရှာဖွေမှု အောင်မြင်ခဲ့ပြီး နောက် မစိမ့်ထက် ရဲ့ ရုပ်အလောင်းဟာ မကြာခင်မှာပဲ ပူတာအိုဆေးရုံကို ရောက်ရှိလာတော့မယ်လို့ ပူတာအို ရဲစခန်းက ပြောပါတယ်။

ရုပ်အလောင်းရောက်ရှိတာနဲ့ တစ်ပြိုင်နက် သေမှုသေခင်းဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်မယ်လို့ ရဲက ပြောပါတယ်။

ဧပြီလ အတွင်းက ထွက်ခွာခဲ့တဲ့ ကချင်ပြည်နယ် ဖန်ဂရန်ရာဇီ ရေခဲတောင်တက်ခရီးစဉ်မှာ မစိမ့်ထက် ပါဝင်ခဲ့ပြီး၊ရေခဲတောင်ပေါ်ကနေ မတော်တဆ အောက်ကို ပြုတ်ကျသွားခဲ့တာလို့ ရေခဲတောင်တက်အဖွဲ့ရဲ့ ပြောကြားမှုတွေအရ သိရပါတယ်။

ရာသီဥတုဆိုးရွားလို့၊ပြုတ်ကျသွားတဲ့ နေရာက ဆင်းရှာဖို့ ခက်ခဲလို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ တောင်တက်အဖွဲ့ ခေါင်းဆောင်တွေက ဆင်းပြီး ရှာဖွေတာတွေ မလုပ်ဘဲ ဆုံးပါးသွားတဲ့ သတင်းစကားကိုမိသားစုထံ ပေးပို့ ခဲ့ပါတယ်။

ကာယကံရှင် မိသားစုဝင်တွေက ကျေနပ်မှု မရှိတာကြောင့် မစိမ့်ထက်ရဲ့ ရုပ်အလောင်းကို ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြပါတယ်။

ပထမအကြိမ် စဉ် ရုပ်အလောင်းမတွေ့ခဲ့ရဘဲ မစိမ့်ထက် မျက်မှန်၊အကျီၤလို့ ယူဆရတဲ့ အရာတွေသာ တွေ့ခဲ့ရပါတယ်။ယခု ဒုတိယအကြိမ် ရှာဖွေရာမှာတော့ ရုပ်အလောင်းကို တွေ့ခဲ့တာလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: People Power
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top