

၁- ဘေကင်ဆိုဒါ နဲ့ ရေ




၂ -ကားမှန်ဆေးရည်






၎- သွားတိုက်ဆေး


၅- ပေါလစ်ဆီ ၊ Vaseline



၆- ငွေထည်အရောင်တင်ဆေး



# Unicode Version # ဖြင့် ဖတ်ပါ #


မျက်မှန်တပ်တဲ့သူတွေအဖို့ မျက်မှန်ပွန်းတဲ့အခါ ကမ္ဘာပျက်တာပါပဲ ။

မျက်မှန်ထပ်ဝယ်ဖို့ကလည်းခက်ခဲနေတဲ့အခါ ဒီပွန်းရာခြစ်ရာတွေကိုဘယ်လိုဖြေရှင်းမလဲ ။

၁- ဘေကင်ဆိုဒါ နဲ့ ရေ

ဒီနည်းလမ်းဟာ အကုန်အကျသက်သာတဲ့အပြင် အစွမ်းထက်တဲ့နည်းလမ်းတစ်ခုဆိုလည်းမမှားပါဘူး

ဘေကင်ဆိုတာ တစ်ဇွန်းကို ရေခွက်တစ်ခွက်နဲ့ဖျော်ပြီး အစင်းကြောင်းပေါ်တွေကို ပွတ်ပါ ။

ပြီးရင် ရေဆေးချပြီး အဝတ်နုနုတစ်ခုနဲ့ ပွတ်တိုက်ပေးပါ ။

၂ -ကားမှန်ဆေးရည်

မျက်မှန်ပေါ်က အကွက်တွေ အစွန်းတွေကို ချွတ်ပေးနိုင်တဲ့အကောင်းဆုံးဆေးရည်ပါ ။

ဒီဆေးရည်ကို တစ်ရှူးပေါ်ဆွတ်ပြီး မျက်မှန်ပေါ်ကိုပွတ်တိုက်ပေးတဲ့အခါ ကြည်လင်တောက်ပနေတဲ့မျက်မှန်လေး ရပါလိမ့်မယ်။

၃- ကွန်ပြူတာစခရင်သန့်ရှင်းရေးဆေးရည်

ကွန်ပြူတာစခရင်သန့်ရှင်းတဲ့ဆေးရည်ဟာ လျပ်စစ်ပစ္စည်းတွေကိုမထိခိုက်စေဖို့ အထူးထုတ်လုပ်ထားတဲ့ဆေးရည်တစ်ခုပါ ။

ဒီဆေးရည်ကို မျက်မှန်ပေါ်သုတ်ပြီး အဝတ်စတစ်ခုနဲ့ပွတ်တိုက်ပေးမယ်ဆိုရင် မျက်မှန်လေး အသစ်အတိုင်းကြည်လင်သွားပါလိမ့်မယ်။

၄- သွားတိုက်ဆေး

ဂျယ်မဟုတ်တဲ့သွားတိုက်ဆေးတစ်မျိုးကို မျက်မှန်ပေါ်ပွတ်ပြီး တစ်ရှူးစနဲ့ပွတ်တိုက်ပေးမယ်ဆိုရင်လည်းအစင်းကြောင်းတွေပျောက်သွားပါလိမ့်မယ်။

၅- ပေါလစ်ဆီ ၊ Vaseline

မှန်ပေါ်မှာ အစင်းကြောင်းတွေအရမ်းများနေတဲ့အခါ ပေါလစ်ဆီ သို့မဟုတ် Vaseline နဲ့မှန်ကိုပွတ်ပြီးတော့ အဝတ်စတစ်ခုသုတ်ပေးလိုက်ပါ ။

အစင်းကြောင်းတွေအတော်လေး လျော့ပါးသွားတာကိုတွေ့ရပါလိမ့်မယ်။

၆- ငွေထည်အရောင်တင်ဆေး

ဒီဆေးရည်ကိုတော့ စတိုးဆိုင်တော်တော်များများမှာဝယ်ယူလို့ရပါတယ် ။

ဆေးရည်ကို ဖိုက်ဘာအဝတ်စတစ်ခုပေါ်ဆွတ်ပြီး အစင်းကြောင်းတွေပျောက်တဲ့အထိ မျက်မှန်ပေါ်ပွတ်တိုက်ပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Min Thu (Daily Hot News )
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top