





#Unicode Version#
ဖြစ်စဉ်မှာ ၂၀၁၉ မေလ ၅ ရက် နေ.လည် ၁၂ နာရီအချိန်တွင် ပုသိမ်ခရိုင်ပုသိမ်မြို့နယ် ပုသိမ် မမစ မှ ဒုရဲအုပ်ယမငိးထွန်းသည် တာဝန်မှူးတာဝန်ထမ်းဆောင်နေစဉ် ပုသိမ်ဆေးရုံကြီးအရေးပေါ်လူနာဠာနတွင် တင်ဒါသောက်မိ၍သေဆုံးသည့် အလောင်းတစ်လောင်းရောက်ရှိနေကြောင်းဖုန်းဆက်အကြောင်းကြားသဖြင့်

မမစမှူး ၊သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မလှိုင်းထက်နွေ ၂၀ နှစ် (ဘ) ဦးချစ်ဦး၊ဗမာ/ ဗုဒ္ဓ မှီခို ကွမ်းခြံရပ်၊ရကအ (၁)၊ပုသိမ်မြို့နေသူဖြစ်ကြောင်းသိရှိရပြီး အလောင်းအားစစ်ဆေးရာခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာတစ်စုံတရာမတွေ.ရှိရဘဲ သေဆုံးနေကြောင်းစစ်ဆေးတွေရှိခဲ.ပါသည်၊

မလှိုင်းထက်နွေ သေဆုံးမှုနှင့်ပတ်သတ်၍ ခင်ပွန်းဖြစ်သူ စောဖိုးခွား အားမေးမြန်ရာ ၎င်းတို.ဇနီးမောင်နှံသည် ပုသိမ်မြို.ရကအ ၁ ကွမ်းခြံရပ်တွင်ဆိုင်ခန်းငှါးနေထိုင်ပြီး Pathein Mobile ဖုန်းပြုပြင်ရေးဆိုင်ဖွင်.ထားကြောင်း မေလ ၄ ရက် မနက် ၈ နာရီအချိန်တွင် ၎င်းမှဖုန်းပြုပြင်ရာတွင်အသုံးပြုသည့် တင်ဒါရေထည့်ထားသည့် ရေသန့်ဗူးအသေးအား ဖုန်းပြင်သည့် စားပွဲပေါ်တွင်တင်ထားခဲ.ပြီးအလုပ်ကိစ္စဖြင့်အပြင်သို့ထွက်သွားခဲ.ကြောင်း ၊

နေ.လည် ၂ နာရီအချိန်တွင် ဆိုင်ချင်းကပ်လျက်နေထိုင်သည့် ကိုဖြိုးနေအောင် မှ ဖုန်းဆက်ပြီး၎င်း၏ဇနီး လှိုင်းထက်နွေ မှာ တင်ဒါသောက်မိပြီးအန်နေသဖြင့် မင်းကြီးလမ်းရှိကောင်းဆေးခန်းသို့ ပို.ထားကြောင်းသိရှိရသဖြင့် သွားရောက်ခဲ.ရာ

ဆေးခန်းရောက်စဉ် ဆရာဝန်မှ ဆေးရုံကြီးသို့စေလွှတ်သဖြင့် နေ.လည် ၂နာရီ ၃၀ မိနစ်နစ်တွင် ဆေးရုံတက်ကုသမှုခံယူနေစဉ် ည(၁၁) နာရီအချိန်တွင်သေဆုံးသွားခဲ.ကြောင်း မလှိုင်းထက်နွေမှာ အစာအိမ်ရောဂါ ခံစားနေရသူဖြစ်ကြောင်းစစ်မေးသိရှိရပါသည်၊ထို့ကြောင့်၂၀၁၉ မေ ၅ ရက် နေ.လည်၂ ၁၀ မိနစ်တွင် ဒုရဲအုပ် ယမင်းထွန်း ၏ တိုင်တန်းချက်အရ ပုသိမ် မမစ သေမှုသေခင်းအမှတ်စဉ် (၁၀/၂၀၁၉) ဖြင့် ဒုရဲမှူး မျိုးသူ မှ စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:( ပုသိမ် သိန်းသန်း)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top