ရန္ကုန္တိုင္းေဒသႀကီး၊ ဒလၿမိဳ႕နယ္တြင္ အသက္ ၁၅ အ႐ြယ္ မိန္းကေလးတဦး အလိုမတူပဲ မုဒိမ္းျပဳက်င့္ခံရသည့္အတြက္ဟုဆိုၿပီး သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ထံသို႔ ၂ ရက္တိုင္တိုင္ သြားေရာက္တိုင္တန္းခဲ့ေသာ္လည္း အမႈဖြင့္ေပးျခင္းမရွိေသးပဲ လာမည့္ တနလာေနၤ့မွ အမႈဖြင့္ေတာ့မည္ျဖစ္ေၾကာင္း ကာယကံရွင္မိန္းကေလးႏွင့္ ေဆြမ်ိဳးမ်ားမွ ဧရာဝတီသို႔ ေျပာသည္။

ယေန႕မနက္ပိုင္းတြင္ မုဒိမ္းမႈ က်ဴးလြန္ခံရသည့္ မိန္းကေလးလက္ရွိေနထိုင္ရာ ေနအိမ္သို႔ ဒလၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ဝင္မ်ားက လာေရာက္ေခၚယူၿပီး ကာယကံရွင္မိန္းကေလး၏ အခင္းျဖစ္ပ်က္ခ်ိန္ အဝတ္အစားမ်ားႏွင့္ အိပ္ယာခင္းမ်ားကို သြားေရာက္ သိမ္းဆည္ရမည္ျဖစ္ေၾကာင္း ဒလၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ေျပာဆိုခဲ့သည္ဟု မုဒိမ္းမႈ က်ဴးလြန္ခံလိုက္ရသည့္ မိန္းကေလး၏ အေဒၚျဖစ္သူ ေဒၚခင္သန္းက ေျပာသည္။

ေဒၚခင္သန္းက “ဒီေန႕ပဲ ရဲေတြက လာေခၚတယ္။ က်မလည္း ေဈးေရာင္းကေနတန္းျပန္လာၿပီး ရဲစခန္းကို သြားလိုက္တာ။ ရဲက အမႈေတာ့ ဖြင့္ေပးမယ္။ မနက္ျဖန္ျပန္လာေျပာတယ္။ က်မလည္း ကိုယ့္ေဈးေရာင္းမွ ကိုယ္စားရမွာမို႔ တနလာေနၤ့လာမယ္ေျပာေတာ့ ကိုယ့္သေဘာနဲ႕ကိုယ္ တနလာေနၤ့မွ အမႈဖြင့္မွာဆိုတာကို လက္မွတ္ထိုးေပးလိုက္ရတယ္”ဟု ရွင္းျပသည္။

ကာယကံရွင္သည္ လြန္ခဲ့ေသာ ၄ လခန႔္မွစတင္ၿပီးအလိုမတူပဲ မုဒိမ္းမႈ ၇ ႀကိမ္မွ် က်ဴးလြန္ခံခဲ့ရေၾကာင္း၊ လက္ရွိတြင္ ကိုယ္ဝန္ ၂ လ ရွိေနၿပီျဖစ္ေသာေၾကာင့္ ဒလၿမိဳ႕မရဲစခန္းသို႔ ေမလ ၂၁ ရက္ေန႕ႏွင့္ ၂၂ ရက္ေန႕တို႔တြင္ တိုင္ခ်က္သြားဖြင့္ခဲ့ေသာ္လည္း ေမလ ၂၃ ရက္ေန႕ညေနအထိ အမႈဖြင့္ကာ က်ဴးလြန္ခံရသူကို သြားေရာက္ဖမ္းဆီးျခင္း မရွိေသးေၾကာင္း က်ဴးလြန္ခံရသူ အသက္ ၁၅ ႏွစ္အ႐ြယ္ မခင္(အမည္လႊဲ)က ေျပာဆိုခဲ့သည္။

မခင္က “က်မအေနနဲ႕ ကိုယ့္ကို အလိုမတူပဲ မုဒိမ္းမႈ က်ဴးလြန္သူကို သူနဲ႕ထိုက္သင့္တဲ့အျပစ္ဒဏ္ ခံရေစခ်င္တယ္။ က်မဆိုရင္ အခုဆို သူတို႔က ကိုယ္ဝန္ရွိတယ္ဆိုၿပီး ဖ်က္ခ်ဖိဳ႕ေတာင္လုပ္လိုက္တဲ့ ဒဏ္ေတြေၾကာင့္ ၂ ရက္ျခားတခါ၊ ၃ ရက္ျခားတခါ ကိုက္ခဲနာက်င္တဲ့ဒဏ္ကို ခံစားေနရတုန္းပဲ” ဟု ရွင္းျပသည္။

ဧရာဝတီသတင္းေထာက္က ေမလ ၂၃ ရက္ေန႕ ညေနပိုင္းတြင္ ဒလၿမိဳ႕နယ္ ရဲတပ္ဖြဲ႕႐ုံးသို႔ သြားေရာက္ေမးျမန္းခဲ့ရာတြင္ အမႈမဖြင့္ျခင္းသည္က စုံစမ္းစစ္ေဆးမႈ လုပ္ေနဆဲျဖစ္ၿပီး မုဒိမ္းမႈ က်ဴးလြန္ခံရသည္ဆိုသည့္ မိန္းကေလးသည္ အိမ္ေထာင္က်ဖဴးသူျဖစ္သည့္အျပင္ အိမ္ေထာင္ကြဲသြားခ်ိန္တြင္လည္း ရည္းစားထားသည္ဆိုသည့္ အခ်က္မ်ား စုံစမ္းရၿပီး က်ဴးလြန္သူဟု စြပ္စြဲခံရသူသည္ အသက္ ၅၆ ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ေနျခင္းကို စဥ္းစားေနေၾကာင္း စခန္းမႉး ဒုရဲမႉး အုန္းလြင္က ေျပာသည္။

ဒုရဲမႉး အုန္းလြင္က “အခု ကိုယ္ဝန္ရတယ္ဆိုတာကလည္း အသက္ ၅၆ ႏွစ္အ႐ြယ္က မုဒိမ္းမႈက်ဴးလြန္တာမွာ အမ်ိဳးသားသုတ္ ထြက္ပါ့မလားလည္း စဥ္းစားစရာ။ ေနာက္ က်ဴးလြန္ခံရတဲ့ ေကာင္မေလးကလည္း အိမ္ေထာင္ကြဲၿပီးေနာက္ ရည္းစားေတြ ထားတယ္ဆိုေတာ့ ဒီကိုယ္ဝန္က ဘယ္သူနဲ႕ရလဲဆိုတာလည္း စဥ္းစားရတယ္။ အမႈကေတာ့ ဖြင့္ေတာ့ ဖြင့္မွာပါ။ သက္ဆိုင္ရာအထက္ဌာနကိုလည္း က်ေနာ္တို႔ အေၾကာင္းၾကားထားတယ္။ အမႈဖြင့္တဲ့အခါ က်ေနာ္တို႔ ဖုန္းျပန္ဆက္ပါ့မယ္။

စြပ္စြဲခံရသူေတြဘက္ကို ေမးေတာ့လည္း သူတို႔မက်ဴးလြန္ဘူးလို႔ ေျပာၾကတယ္ဗ်” ဟု သူကဆိုသည္။တရား႐ုံးမေရာက္မီ စြပ္စြဲခံရသူအေနျဖင့္ သံသယအက်ိဳးကို ခံစားခြင့္ရွိသည္ဟု ဆိုေသာ္လည္း ရဲတပ္ဖြဲကအေနျဖင့္ ယခုလို သက္ငယ္မုဒိမ္းမႈျဖစ္လာၿပီဆိုလွ်င္ တိုင္ၾကားသူအတြက္ နစ္နာမႈမရွိေအာင္ အမႈဖြင့္ေဆာင္႐ြက္ေပးရမည္က တာဝန္တရပ္ပင္ျဖစ္ေၾကာင္း အမ်ိဳးသမီးအခြင့္အေရးကို အစဥ္တစိုက္ ေဆာင္႐ြက္ေနသည့္ Triangle Women အဖြဲ႕ တည္ေထာင္သူ မခင္ေလးက ေျပာသည္။

သက္ငယ္မုဒိမ္းမႈျဖစ္စဥ္မ်ားကို ေလ့လာလွ်င္ ဆင္းရဲႏြမ္းပါးၿပီး ပိုက္ဆံမရွိသူ သူအမ်ားစုအေနျဖင့္ တရားမွ်တမႈအတြက္ ရဲတပ္ဖြဲ႕ကို အားကိုးခဲ့ေသာ္လည္း ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕က ေပါ့ဆစြာ၊ ေလ်ာ့ေပါ့စြာ ေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ တကယ္ခံစားရသူမ်ားမွာ စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္မ်ား ထိခိုက္ေစခဲ့သည္ဟု သူက ဆက္ေျပာသည္။မခင္ေလးက “အဲဒါမ်ိဳးေတြက မ်က္ႏွာမြဲလူတန္းစားေတြမွာ ျဖစ္တတ္တဲ့ဟာ ၾကားေနရတာပဲ။

မွ်တမႈရမလားဆိုၿပီး အားကိုးတႀကီးနဲ႕ သြားတိုင္တာ ေပါ့တိေပါ့ဆ လုပ္ၾကတာေတြ ေတြ႕ရတယ္။ တိုင္တန္းမႈ ရွိလာၿပီဆိုရင္ အမႈဖြင့္ၿပီး ဖမ္းဆီးရမွာက သူတို႔(ရဲတပ္ဖြဲ႕)တာဝန္ပဲ။ တရား႐ုံးေရာက္မွ၊ ေဆးစစ္ခ်က္ေတြနဲ႕အတူ ျဖစ္နိုင္ေခ် ရွိ၊ မရွိကို ဆုံးျဖတ္ရမွာ။ မရွိဘူးဆိုရင္ တိုင္ၾကားသူနဲ႕ ျပန္ေဆြးႏြေးၿပီး ေသခ်ာဆုံးျဖတ္သင့္တယ္။ အထင္နဲ႕ဆုံးျဖတ္လိုက္မယ္ဆိုရင္ အမွန္တကယ္ ခံရသူဘက္က နစ္နာမႈမ်ားတယ္” ဟု သူကဆိုသည္။

က်ဴးလြန္ခံရသူ

မခင္အသက္ ၉ ႏွစ္အ႐ြယ္ထဲက မိခင္ျဖစ္သူက ေသဆုံးသြားခဲ့ရေၾကာင္း၊အတန္းပညာကလည္း ၃ တန္းမေအာင္ပဲေက်ာင္းထြက္ခဲ့ရသူျဖစ္ေၾကာင္းႏွင့္ဖခင္ျဖစ္သူ ရန္ကုန္ႏွင့္ ဒလၿမိဳ႕နယ္သို႔ သဗၺာန္ေမာင္းသူတဦးျဖစ္ေၾကာင္း သိရသည္။ဖခင္ျဖစ္သူမွာ လြန္ခဲ့ေသာ ၅ ႏွစ္ခန႔္က ေနာက္အိမ္ေထာင္ျပဳခဲ့သျဖင့္ သူက အေဒၚျဖစ္သူ ေဒၚခင္သန္းႏွင့္အတူ ေနထိုင္ခဲ့သည္။မခင္သည္ ယမန္ႏွစ္က အိမ္ေထာင္က်ၿပီး တလခန႔္သာ ေပါင္းသင္းလိုက္ရၿပီးေနာက္ အိမ္ေထာင္ကြဲသြားသည့္အခါ ေဒၚခင္သန္းအိမ္တြင္ မေနခ်င္ေတာ့သျဖင့္ အဖြားျဖစ္သူ ေဒၚျမစိန္၏ ေနအိမ္တြင္ သြားေရာက္ေနထိုင္ခဲ့ၿပီးမွ ယခုကဲ့သို႔ အျဖစ္အပ်က္ကို ေတြ႕ႀကဳံခဲ့ရျခင္းျဖစ္သည္။

ၿပီးခဲ့ေသာ ၄ လခန႔္အတြင္း မခင္အိပ္ေနသည့္ ျခင္ေထာင္ထဲသို႔ အဖြားျဖစ္သူ၏ ေနာက္ အိမ္ေထာင္ ျဖစ္သည့္ အသက္ ၅၆ ႏွစ္အ႐ြယ္ ဦးသန္းျမင့္ဆိုသူက ဝင္ေရာက္လာၿပီး မိမိ၏ ကိုယ္ေပၚသို႔ အတင္းတက္ကာ မုဒိမ္းမႈ က်ဴးလြန္ရန္ ႀကိဳးစားခဲ့ေၾကာင္း မခင္က ေျပာသည္။သူက ႐ုန္းကန္သည့္အခါ တအိမ္ထဲေန အဖြားျဖစ္သူ၏ သမီး(မခင္၏ အေဒၚျဖစ္သူ) မဇာဇာသစ္ဆိုသူက ေျခေထာက္ကို ခ်ဳပ္ေပးခဲ့ေၾကာင္း၊ ထို႔ေနာက္ အလိုမတူပဲ မုဒိမ္းမႈ က်ဴးလြန္ခဲ့ၿပီးေနာက္ ၂ ရက္ျခား တခါ ၄ ႀကိမ္မွ် က်ဴးလြန္ခံခဲ့ရေၾကာင္း မခင္က ဆက္ေျပာသည္။

ယခုအခင္းျဖစ္စဥ္မ်ားကို မိမိ၏ အဖြားျဖစ္သူေဒၚျမစိန္ကိုယ္တိုင္ သိရွိခဲ့ေသာ္လည္း တစုံတရာ တားျမစ္အေရးတယူေဆာင္႐ြက္ျခင္း မရွိခဲ့သည့္အျပင္ မိမိတြင္ ကိုယ္ဝန္ရသြားေၾကာင္း ဆီးစစ္ခ်က္ေပၚလာသည့္အခါ မိမိကို က်ဴးလြန္ေစာ္ကားသူက သူ႕ညီမျဖစ္သူထံေခၚသြားၿပီး ဗိုက္ႏွင့္ ဆီးစပ္မ်ားတြင္ အုန္းဆီလိမ္းကာ ဗိုက္ကို ေအာက္ဘက္သို႔ ႏွိပ္ခ်ခဲ့ေၾကာင္း မခင္က သူႀကဳံေတြ႕ခဲ့ရပုံကို ျပန္ေျပာျပသည္။ဗိုက္ကိုႏွိပ္ခ်ေသာ္လည္း ကေလးမပ်က္က်သည့္အတြက္ ဂ်င္းႏွင့္ ထန္းလွ်က္တို႔ႀကိဳတိုက္ၿပီး ဗိုက္ေပၚမွ မိမိကို က်ဴးလြန္သူ ဦးသန္းျမင့္က တက္နင္းခဲ့ေၾကာင္း သူက ဆက္ေျပာျပသည္။

မခင္က “အဲဒီလို လုပ္တုန္းက က်မမွာ ၅ ရက္ေလာက္အထိ လမ္းေတာင္ မေလွ်ာက္နိုင္ခဲ့ဘူး။ တျခားသူကို ေျပာရင္ က်မကို သတ္မယ္၊ ေနာက္ေဖးက ေခ်ာင္းထဲလႊင့္ပစ္မယ္ဆိုလို႔ က်မမွာ ဘယ္သူမွမကို မေျပာရဲခဲ့ဘူး။ က်မ အဲဒီမွာ ဆက္ေနရင္ တခါတခါ သူ(ဦးသန္းျမင့္)က ျခင္ေထာင္ထဲ ဝင္လာေသးတယ္။ က်မက ထရံေတြကိုေျခေထာက္နဲ႕ကန္ရင္း ေအာ္လႊတ္ေတာ့မွ သူ႕သမီး(မဇာဇာသစ္)က သူသေဘာမတူပဲ ဘာလို႔လုပ္ခ်င္တာလဲ ေအာ္ေတာ့ ျပန္ထြက္သြားတယ္။

အဲဒီလို ၅ ႀကိမ္ေလာက္ျဖစ္ခဲ့ေသးတယ္” ဟု သူကဆိုသည္။ေစာ္ကားခံရသူ မခင္ကို လတ္တေလာ ေစာင့္ေရွာက္ေပးေနသည့္ အေဒၚျဖစ္သူ ေဒၚခင္သန္းက မိမိတူမကို ေဈးသြားေနစဥ္ ေအာ့အန္ေၾကာင္း၊ မ်က္ႏွာမွာလည္း ပိန္က်ေနေၾကာင္း၊ တမွိုင္မွိုင္ျဖစ္ေနေၾကာင္း ပတ္ဝန္းက်င္က အသိေပးသည့္အတြက္ မိမိတူမကို အိမ္သို႔ေခၚၿပီး ဆီးစစ္လိုက္သည့္အခါ ကိုယ္ဝန္ရေနသည္ကို ေတြ႕ရသည့္အတြက္ ေသခ်ာစြာ စစ္ေဆးေမးျမန္းရာမွ ယခုျဖစ္စဥ္မ်ိဳးကို သိရွိခဲ့ရသည္ဟု ဧရာဝတီကို ေျပာျပသည္။

ထို႔ေနာက္ မခင္၏ ဖခင္ျဖစ္သူကို အသိမေပးေသးပဲပတ္ဝန္းက်င္မွ လူမ်ား၏ အကူအညီျဖင့္ အမ်ိဳးသမီးေရးအဖြဲ႕ဆိုသည့္ အမ်ိဳးသမီး ၂ ဦးက လိုက္ပါကူညီေနစဥ္ ေနာက္ပိုင္းတြင္ ေငြေၾကး ၁၀ သိန္းျဖင့္ အမႈမဖြင့္ရန္ ညွိႏွိုင္းလာသည့္ သေဘာမ်ား ေတြ႕ရသျဖင့္ မိမိကိုယ္တိုင္ ရဲစခန္းသို႔ သြားေရာက္တိုင္ၾကားခဲ့ေသာ္လည္း တိုင္ခ်က္ကို လက္ခံထားေသာ္လည္း ၂ ရက္ၾကာသည္အထိ အမႈမဖြင့္ေပးေသးေၾကာင္း သူက ဆက္ေျပာသည္။

ေဒၚခင္သန္းက “သူတို႔(ညွိႏွိုင္းေပးသည့္ အမ်ိဳးသမီးအေရးေဆာင္႐ြက္သူ ၂ ဦး) ေျပာတဲ့ပုံစံက က်ပ္ ၁၀ သိန္းကိုေလ်ာ္ေပး၊ လာေလ်ာ္တဲ့ေန႕မွာ ေနာက္ထပ္ ၅ သိန္းေလာက္ထပ္ထည့္ခဲ့၊ ရဲေတြ ဘာေတြ ေပးဖို႔လိုလိုမယ္မယ္ယူခဲ့၊ က်မတို႔အေနနဲ႕က ေက်ေအးတဲ့ လက္မွတ္ကို ထိုးေပးရမယ္။ အဲဒီညွိတဲ့အခါ က်ဴးလြန္သူကို ဖမ္းမယ္ဆိုတဲ့ သေဘာမ်ိဳး။ က်မအေနနဲ႕ သေဘာမတူခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ ေက်ေအးရမယ္လက္မွတ္ဆိုတာ က်မတို႔နားလည္သေလာက္ ဒါေငြနဲ႕ ပိတ္တာပဲလို႔ ယူဆလို႔” ဟု သူက ဆိုသည္။

မုဒိမ္းမႈ က်ဴးလြန္ခံရသည့္ မခင္၏ အေဒၚျဖစ္သူအသိုင္းအဝိုင္းက က်ဴးလြန္သူဦးသန္းျမင့္၏ ပတ္ဝန္းက်င္တြင္ သြားေရာက္ရွာေဖြရာ ေရွာင္တိမ္းေနသည္ဟု ေဒၚခင္သန္းက ေျပာျပသည္။ေငြျဖင့္ ညွိႏွိုင္းျခင္းသည္ ဥပေဒေဘာင္မဝင္သည့္ လုပ္ရပ္တခုျဖစ္သည့္အျပင္ အသက္ငယ္ငယ္ျဖင့္ ကိုယ္ဝန္လြယ္ထားရသူအမ်ိဳးသမီးငယ္အတြက္ အလြန္နစ္နာေစသည့္ ျဖစ္ရပ္ျဖစ္ေၾကာင္း အမ်ိဳးသမီးအခြင့္အေရးကို အစဥ္တစိုက္ ေဆာင္႐ြက္ေနသည့္ Triangle Women အဖြဲ႕ တည္ေထာင္သူ မခင္ေလးကသုံးသပ္သည္။

ယခုကိစၥတြင္ မုဒိမ္းမႈတခုထဲဟု ရႈ႕ျမင္၍မရေတာ့ေၾကာင္း၊ လြယ္ထားရသည့္ ကေလးႏွင့္ မိခင္ျဖစ္လာမည့္သူ၏ အနာဂတ္အတြက္ပါ ထည့္သြင္းစဥ္းစားရမည္ဟု သူက ဆက္ေျပာသည္။မခင္ေလးက ေဒသအလိုက္ လူမႈဝန္ထမ္းဦးစီးဌာန အရာရွိေတြရွိတယ္။ သူတို႔နဲ႕လည္း ဆက္သြယ္ဖို႔လိုတယ္။

တကယ္လိုအပ္လာရင္ အခု မုဒိန္းက်င့္ခံရတယ္ဆိုတဲ့ မိခင္မိန္းကေလးငယ္ေရာ၊ ဗိုက္ထဲက ကေလးအတြက္ေရာ လိုအပ္တဲ့ျပဳစုေစာင့္ေရွာက္မႈေတြကို လုပ္ေပးဖို႔လိုတယ္။ ေနာက္ၿပီး ဒီမိန္းကေလးငယ္က အခုေနတဲ့အိမ္မွာ ေနရတာ သူ႕အတြက္ အဆင္မေျပဘူးဆိုရင္ လူမႈဝန္ထမ္းရဲ႕ ျပဳစုေစာင့္ေရွာက္မႈ ေဂဟာမွာ ေစာင့္ေရွာက္ထားေပးလို႔ရတယ္။ သူ႕ရဲ႕ စိတ္ပိုင္းဆိုင္ရာခံစားမႈေတြေရာ ျပဳစုေပးဖို႔လိုတယ္။ အမႈတခုျဖစ္လိုက္႐ုံနဲ႕ ဒီေနာက္ဆက္တြဲက ၿပီးသြားရမွာမဟုတ္ဘူး” ဟု သူကဆိုသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: TheIrrawaddyBurmese

#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် အသက် ၁၅ အရွယ် မိန်းကလေးတဦး အလိုမတူပဲ မုဒိမ်းပြုကျင့်ခံရသည့်အတွက်ဟုဆိုပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံသို့ ၂ ရက်တိုင်တိုင် သွားရောက်တိုင်တန်းခဲ့သော်လည်း အမှုဖွင့်ပေးခြင်းမရှိသေးပဲ လာမည့် တနလာင်္နေ့မှ အမှုဖွင့်တော့မည်ဖြစ်ကြောင်း ကာယကံရှင်မိန်းကလေးနှင့် ဆွေမျိုးများမှ ဧရာဝတီသို့ ပြောသည်။

ယနေ့မနက်ပိုင်းတွင် မုဒိမ်းမှု ကျူးလွန်ခံရသည့် မိန်းကလေးလက်ရှိနေထိုင်ရာ နေအိမ်သို့ ဒလမြို့နယ် ရဲတပ်ဖွဲ့ဝင်များက လာရောက်ခေါ်ယူပြီး ကာယကံရှင်မိန်းကလေး၏ အခင်းဖြစ်ပျက်ချိန် အဝတ်အစားများနှင့် အိပ်ယာခင်းများကို သွားရောက် သိမ်းဆည်ရမည်ဖြစ်ကြောင်း ဒလမြို့နယ် ရဲတပ်ဖွဲ့မှ ပြောဆိုခဲ့သည်ဟု မုဒိမ်းမှု ကျူးလွန်ခံလိုက်ရသည့် မိန်းကလေး၏ အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းက ပြောသည်။

ဒေါ်ခင်သန်းက “ဒီနေ့ပဲ ရဲတွေက လာခေါ်တယ်။ ကျမလည်း ဈေးရောင်းကနေတန်းပြန်လာပြီး ရဲစခန်းကို သွားလိုက်တာ။ ရဲက အမှုတော့ ဖွင့်ပေးမယ်။ မနက်ဖြန်ပြန်လာပြောတယ်။ ကျမလည်း ကိုယ့်ဈေးရောင်းမှ ကိုယ်စားရမှာမို့ တနလာင်္နေ့လာမယ်ပြောတော့ ကိုယ့်သဘောနဲ့ကိုယ် တနလာင်္နေ့မှ အမှုဖွင့်မှာဆိုတာကို လက်မှတ်ထိုးပေးလိုက်ရတယ်”ဟု ရှင်းပြသည်။

ကာယကံရှင်သည် လွန်ခဲ့သော ၄ လခန့်မှစတင်ပြီးအလိုမတူပဲ မုဒိမ်းမှု ၇ ကြိမ်မျှ ကျူးလွန်ခံခဲ့ရကြောင်း၊ လက်ရှိတွင် ကိုယ်ဝန် ၂ လ ရှိနေပြီဖြစ်သောကြောင့် ဒလမြို့မရဲစခန်းသို့ မေလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် တိုင်ချက်သွားဖွင့်ခဲ့သော်လည်း မေလ ၂၃ ရက်နေ့ညနေအထိ အမှုဖွင့်ကာ ကျူးလွန်ခံရသူကို သွားရောက်ဖမ်းဆီးခြင်း မရှိသေးကြောင်း ကျူးလွန်ခံရသူ အသက် ၁၅ နှစ်အရွယ် မခင်(အမည်လွှဲ)က ပြောဆိုခဲ့သည်။

မခင်က “ကျမအနေနဲ့ ကိုယ့်ကို အလိုမတူပဲ မုဒိမ်းမှု ကျူးလွန်သူကို သူနဲ့ထိုက်သင့်တဲ့အပြစ်ဒဏ် ခံရစေချင်တယ်။ ကျမဆိုရင် အခုဆို သူတို့က ကိုယ်ဝန်ရှိတယ်ဆိုပြီး ဖျက်ချဖို့တောင်လုပ်လိုက်တဲ့ ဒဏ်တွေကြောင့် ၂ ရက်ခြားတခါ၊ ၃ ရက်ခြားတခါ ကိုက်ခဲနာကျင်တဲ့ဒဏ်ကို ခံစားနေရတုန်းပဲ” ဟု ရှင်းပြသည်။

ဧရာဝတီသတင်းထောက်က မေလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ဒလမြို့နယ် ရဲတပ်ဖွဲ့ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာတွင် အမှုမဖွင့်ခြင်းသည်က စုံစမ်းစစ်ဆေးမှု လုပ်နေဆဲဖြစ်ပြီး မုဒိမ်းမှု ကျူးလွန်ခံရသည်ဆိုသည့် မိန်းကလေးသည် အိမ်ထောင်ကျဖူးသူဖြစ်သည့်အပြင် အိမ်ထောင်ကွဲသွားချိန်တွင်လည်း ရည်းစားထားသည်ဆိုသည့် အချက်များ စုံစမ်းရပြီး ကျူးလွန်သူဟု စွပ်စွဲခံရသူသည် အသက် ၅၆ နှစ်အရွယ် အမျိုးသားဖြစ်နေခြင်းကို စဉ်းစားနေကြောင်း စခန်းမှူး ဒုရဲမှူး အုန်းလွင်က ပြောသည်။

ဒုရဲမှူး အုန်းလွင်က “အခု ကိုယ်ဝန်ရတယ်ဆိုတာကလည်း အသက် ၅၆ နှစ်အရွယ်က မုဒိမ်းမှုကျူးလွန်တာမှာ အမျိုးသားသုတ် ထွက်ပါ့မလားလည်း စဉ်းစားစရာ။ နောက် ကျူးလွန်ခံရတဲ့ ကောင်မလေးကလည်း အိမ်ထောင်ကွဲပြီးနောက် ရည်းစားတွေ ထားတယ်ဆိုတော့ ဒီကိုယ်ဝန်က ဘယ်သူနဲ့ရလဲဆိုတာလည်း စဉ်းစားရတယ်။ အမှုကတော့ ဖွင့်တော့ ဖွင့်မှာပါ။ သက်ဆိုင်ရာအထက်ဌာနကိုလည်း ကျနော်တို့ အကြောင်းကြားထားတယ်။ အမှုဖွင့်တဲ့အခါ ကျနော်တို့ ဖုန်းပြန်ဆက်ပါ့မယ်။

စွပ်စွဲခံရသူတွေဘက်ကို မေးတော့လည်း သူတို့မကျူးလွန်ဘူးလို့ ပြောကြတယ်ဗျ” ဟု သူကဆိုသည်။တရားရုံးမရောက်မီ စွပ်စွဲခံရသူအနေဖြင့် သံသယအကျိုးကို ခံစားခွင့်ရှိသည်ဟု ဆိုသော်လည်း ရဲတပ်ဖွဲကအနေဖြင့် ယခုလို သက်ငယ်မုဒိမ်းမှုဖြစ်လာပြီဆိုလျှင် တိုင်ကြားသူအတွက် နစ်နာမှုမရှိအောင် အမှုဖွင့်ဆောင်ရွက်ပေးရမည်က တာဝန်တရပ်ပင်ဖြစ်ကြောင်း အမျိုးသမီးအခွင့်အရေးကို အစဉ်တစိုက် ဆောင်ရွက်နေသည့် Triangle Women အဖွဲ့ တည်ထောင်သူ မခင်လေးက ပြောသည်။

သက်ငယ်မုဒိမ်းမှုဖြစ်စဉ်များကို လေ့လာလျှင် ဆင်းရဲနွမ်းပါးပြီး ပိုက်ဆံမရှိသူ သူအများစုအနေဖြင့် တရားမျှတမှုအတွက် ရဲတပ်ဖွဲ့ကို အားကိုးခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်တချို့က ပေါ့ဆစွာ၊ လျော့ပေါ့စွာ ဆောင်ရွက်ခဲ့ခြင်းကြောင့် တကယ်ခံစားရသူများမှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ ထိခိုက်စေခဲ့သည်ဟု သူက ဆက်ပြောသည်။မခင်လေးက “အဲဒါမျိုးတွေက မျက်နှာမွဲလူတန်းစားတွေမှာ ဖြစ်တတ်တဲ့ဟာ ကြားနေရတာပဲ။

မျှတမှုရမလားဆိုပြီး အားကိုးတကြီးနဲ့ သွားတိုင်တာ ပေါ့တိပေါ့ဆ လုပ်ကြတာတွေ တွေ့ရတယ်။ တိုင်တန်းမှု ရှိလာပြီဆိုရင် အမှုဖွင့်ပြီး ဖမ်းဆီးရမှာက သူတို့(ရဲတပ်ဖွဲ့)တာဝန်ပဲ။ တရားရုံးရောက်မှ၊ ဆေးစစ်ချက်တွေနဲ့အတူ ဖြစ်နိုင်ချေ ရှိ၊ မရှိကို ဆုံးဖြတ်ရမှာ။ မရှိဘူးဆိုရင် တိုင်ကြားသူနဲ့ ပြန်ဆွေးနွေးပြီး သေချာဆုံးဖြတ်သင့်တယ်။ အထင်နဲ့ဆုံးဖြတ်လိုက်မယ်ဆိုရင် အမှန်တကယ် ခံရသူဘက်က နစ်နာမှုများတယ်” ဟု သူကဆိုသည်။

ကျူးလွန်ခံရသူ

မခင်အသက် ၉ နှစ်အရွယ်ထဲက မိခင်ဖြစ်သူက သေဆုံးသွားခဲ့ရကြောင်း၊အတန်းပညာကလည်း ၃ တန်းမအောင်ပဲကျောင်းထွက်ခဲ့ရသူဖြစ်ကြောင်းနှင့်ဖခင်ဖြစ်သူ ရန်ကုန်နှင့် ဒလမြို့နယ်သို့ သဗ္ဗာန်မောင်းသူတဦးဖြစ်ကြောင်း သိရသည်။ဖခင်ဖြစ်သူမှာ လွန်ခဲ့သော ၅ နှစ်ခန့်က နောက်အိမ်ထောင်ပြုခဲ့သဖြင့် သူက အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းနှင့်အတူ နေထိုင်ခဲ့သည်။မခင်သည် ယမန်နှစ်က အိမ်ထောင်ကျပြီး တလခန့်သာ ပေါင်းသင်းလိုက်ရပြီးနောက် အိမ်ထောင်ကွဲသွားသည့်အခါ ဒေါ်ခင်သန်းအိမ်တွင် မနေချင်တော့သဖြင့် အဖွားဖြစ်သူ ဒေါ်မြစိန်၏ နေအိမ်တွင် သွားရောက်နေထိုင်ခဲ့ပြီးမှ ယခုကဲ့သို့ အဖြစ်အပျက်ကို တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သော ၄ လခန့်အတွင်း မခင်အိပ်နေသည့် ခြင်ထောင်ထဲသို့ အဖွားဖြစ်သူ၏ နောက် အိမ်ထောင် ဖြစ်သည့် အသက် ၅၆ နှစ်အရွယ် ဦးသန်းမြင့်ဆိုသူက ဝင်ရောက်လာပြီး မိမိ၏ ကိုယ်ပေါ်သို့ အတင်းတက်ကာ မုဒိမ်းမှု ကျူးလွန်ရန် ကြိုးစားခဲ့ကြောင်း မခင်က ပြောသည်။သူက ရုန်းကန်သည့်အခါ တအိမ်ထဲနေ အဖွားဖြစ်သူ၏ သမီး(မခင်၏ အဒေါ်ဖြစ်သူ) မဇာဇာသစ်ဆိုသူက ခြေထောက်ကို ချုပ်ပေးခဲ့ကြောင်း၊ ထို့နောက် အလိုမတူပဲ မုဒိမ်းမှု ကျူးလွန်ခဲ့ပြီးနောက် ၂ ရက်ခြား တခါ ၄ ကြိမ်မျှ ကျူးလွန်ခံခဲ့ရကြောင်း မခင်က ဆက်ပြောသည်။

ယခုအခင်းဖြစ်စဉ်များကို မိမိ၏ အဖွားဖြစ်သူဒေါ်မြစိန်ကိုယ်တိုင် သိရှိခဲ့သော်လည်း တစုံတရာ တားမြစ်အရေးတယူဆောင်ရွက်ခြင်း မရှိခဲ့သည့်အပြင် မိမိတွင် ကိုယ်ဝန်ရသွားကြောင်း ဆီးစစ်ချက်ပေါ်လာသည့်အခါ မိမိကို ကျူးလွန်စော်ကားသူက သူ့ညီမဖြစ်သူထံခေါ်သွားပြီး ဗိုက်နှင့် ဆီးစပ်များတွင် အုန်းဆီလိမ်းကာ ဗိုက်ကို အောက်ဘက်သို့ နှိပ်ချခဲ့ကြောင်း မခင်က သူကြုံတွေ့ခဲ့ရပုံကို ပြန်ပြောပြသည်။ဗိုက်ကိုနှိပ်ချသော်လည်း ကလေးမပျက်ကျသည့်အတွက် ဂျင်းနှင့် ထန်းလျှက်တို့ကြိုတိုက်ပြီး ဗိုက်ပေါ်မှ မိမိကို ကျူးလွန်သူ ဦးသန်းမြင့်က တက်နင်းခဲ့ကြောင်း သူက ဆက်ပြောပြသည်။

မခင်က “အဲဒီလို လုပ်တုန်းက ကျမမှာ ၅ ရက်လောက်အထိ လမ်းတောင် မလျှောက်နိုင်ခဲ့ဘူး။ တခြားသူကို ပြောရင် ကျမကို သတ်မယ်၊ နောက်ဖေးက ချောင်းထဲလွှင့်ပစ်မယ်ဆိုလို့ ကျမမှာ ဘယ်သူမှမကို မပြောရဲခဲ့ဘူး။ ကျမ အဲဒီမှာ ဆက်နေရင် တခါတခါ သူ(ဦးသန်းမြင့်)က ခြင်ထောင်ထဲ ဝင်လာသေးတယ်။ ကျမက ထရံတွေကိုခြေထောက်နဲ့ကန်ရင်း အော်လွှတ်တော့မှ သူ့သမီး(မဇာဇာသစ်)က သူသဘောမတူပဲ ဘာလို့လုပ်ချင်တာလဲ အော်တော့ ပြန်ထွက်သွားတယ်။

အဲဒီလို ၅ ကြိမ်လောက်ဖြစ်ခဲ့သေးတယ်” ဟု သူကဆိုသည်။စော်ကားခံရသူ မခင်ကို လတ်တလော စောင့်ရှောက်ပေးနေသည့် အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းက မိမိတူမကို ဈေးသွားနေစဉ် အော့အန်ကြောင်း၊ မျက်နှာမှာလည်း ပိန်ကျနေကြောင်း၊ တမှိုင်မှိုင်ဖြစ်နေကြောင်း ပတ်ဝန်းကျင်က အသိပေးသည့်အတွက် မိမိတူမကို အိမ်သို့ခေါ်ပြီး ဆီးစစ်လိုက်သည့်အခါ ကိုယ်ဝန်ရနေသည်ကို တွေ့ရသည့်အတွက် သေချာစွာ စစ်ဆေးမေးမြန်းရာမှ ယခုဖြစ်စဉ်မျိုးကို သိရှိခဲ့ရသည်ဟု ဧရာဝတီကို ပြောပြသည်။

ထို့နောက် မခင်၏ ဖခင်ဖြစ်သူကို အသိမပေးသေးပဲပတ်ဝန်းကျင်မှ လူများ၏ အကူအညီဖြင့် အမျိုးသမီးရေးအဖွဲ့ဆိုသည့် အမျိုးသမီး ၂ ဦးက လိုက်ပါကူညီနေစဉ် နောက်ပိုင်းတွင် ငွေကြေး ၁၀ သိန်းဖြင့် အမှုမဖွင့်ရန် ညှိနှိုင်းလာသည့် သဘောများ တွေ့ရသဖြင့် မိမိကိုယ်တိုင် ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း တိုင်ချက်ကို လက်ခံထားသော်လည်း ၂ ရက်ကြာသည်အထိ အမှုမဖွင့်ပေးသေးကြောင်း သူက ဆက်ပြောသည်။

ဒေါ်ခင်သန်းက “သူတို့(ညှိနှိုင်းပေးသည့် အမျိုးသမီးအရေးဆောင်ရွက်သူ ၂ ဦး) ပြောတဲ့ပုံစံက ကျပ် ၁၀ သိန်းကိုလျော်ပေး၊ လာလျော်တဲ့နေ့မှာ နောက်ထပ် ၅ သိန်းလောက်ထပ်ထည့်ခဲ့၊ ရဲတွေ ဘာတွေ ပေးဖို့လိုလိုမယ်မယ်ယူခဲ့၊ ကျမတို့အနေနဲ့က ကျေအေးတဲ့ လက်မှတ်ကို ထိုးပေးရမယ်။ အဲဒီညှိတဲ့အခါ ကျူးလွန်သူကို ဖမ်းမယ်ဆိုတဲ့ သဘောမျိုး။ ကျမအနေနဲ့ သဘောမတူခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျေအေးရမယ်လက်မှတ်ဆိုတာ ကျမတို့နားလည်သလောက် ဒါငွေနဲ့ ပိတ်တာပဲလို့ ယူဆလို့” ဟု သူက ဆိုသည်။

မုဒိမ်းမှု ကျူးလွန်ခံရသည့် မခင်၏ အဒေါ်ဖြစ်သူအသိုင်းအဝိုင်းက ကျူးလွန်သူဦးသန်းမြင့်၏ ပတ်ဝန်းကျင်တွင် သွားရောက်ရှာဖွေရာ ရှောင်တိမ်းနေသည်ဟု ဒေါ်ခင်သန်းက ပြောပြသည်။ငွေဖြင့် ညှိနှိုင်းခြင်းသည် ဥပဒေဘောင်မဝင်သည့် လုပ်ရပ်တခုဖြစ်သည့်အပြင် အသက်ငယ်ငယ်ဖြင့် ကိုယ်ဝန်လွယ်ထားရသူအမျိုးသမီးငယ်အတွက် အလွန်နစ်နာစေသည့် ဖြစ်ရပ်ဖြစ်ကြောင်း အမျိုးသမီးအခွင့်အရေးကို အစဉ်တစိုက် ဆောင်ရွက်နေသည့် Triangle Women အဖွဲ့ တည်ထောင်သူ မခင်လေးကသုံးသပ်သည်။

ယခုကိစ္စတွင် မုဒိမ်းမှုတခုထဲဟု ရှု့မြင်၍မရတော့ကြောင်း၊ လွယ်ထားရသည့် ကလေးနှင့် မိခင်ဖြစ်လာမည့်သူ၏ အနာဂတ်အတွက်ပါ ထည့်သွင်းစဉ်းစားရမည်ဟု သူက ဆက်ပြောသည်။မခင်လေးက ဒေသအလိုက် လူမှုဝန်ထမ်းဦးစီးဌာန အရာရှိတွေရှိတယ်။ သူတို့နဲ့လည်း ဆက်သွယ်ဖို့လိုတယ်။

တကယ်လိုအပ်လာရင် အခု မုဒိန်းကျင့်ခံရတယ်ဆိုတဲ့ မိခင်မိန်းကလေးငယ်ရော၊ ဗိုက်ထဲက ကလေးအတွက်ရော လိုအပ်တဲ့ပြုစုစောင့်ရှောက်မှုတွေကို လုပ်ပေးဖို့လိုတယ်။ နောက်ပြီး ဒီမိန်းကလေးငယ်က အခုနေတဲ့အိမ်မှာ နေရတာ သူ့အတွက် အဆင်မပြေဘူးဆိုရင် လူမှုဝန်ထမ်းရဲ့ ပြုစုစောင့်ရှောက်မှု ဂေဟာမှာ စောင့်ရှောက်ထားပေးလို့ရတယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေရော ပြုစုပေးဖို့လိုတယ်။ အမှုတခုဖြစ်လိုက်ရုံနဲ့ ဒီနောက်ဆက်တွဲက ပြီးသွားရမှာမဟုတ်ဘူး” ဟု သူကဆိုသည်။


ဖိုးသူတော်(www.phothutaw.com)
Credit: TheIrrawaddyBurmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top