အလွမယ္ သင္းသင္းက သရုပ္ေဆာင္ ေဝဠဳေက်ာ္ကို ကာမလိမ္လည္ ရယူမႈနဲ႔ တရားစြဲခဲ့ျပီး ဇန္နဝါရီလ (၈) ရက္ေန႔က ပထမအၾကိမ္ ရံုးခ်ိန္း စတင္ခဲ့ပါတယ္။ ေမလ (၆) ရက္ေန႔မွာေတာ့ (၇) ၾကိမ္ေျမာက္ ရံုးခ်ိန္းအျဖစ္ သကၤန္းကၽြန္းျမိဳ႕နယ္ တရားရံုးမွာ ၾကားနာစစ္ေဆးခဲ့ပါတယ္။ ရံုးခ်ိန္းမွာ တရားလို သင္းသင္းဘက္က ေရွ႕ေနက သင္းသင္းနဲ႔ ေဝဠဳေက်ာ္တို႔ ဖုန္းေျပာဆိုထားတဲ့ အသံဖိုင္နဲ႔ ဓာတ္ပံုတစ္ခုကို သက္ေသခံအျဖစ္ တင္သြင္းခဲ့ပါတယ္။

ေဝဠဳေက်ာ္နဲ႔ ဖုန္းေျပာထားတဲ့ အသံဖိုင္ေတြကို ျပန္လည္ေရးထားသားတဲ့ စာရြက္ (၂၃၅) ရြက္ကို လည္း သက္ေသခံအျဖစ္ တစ္ပါတည္း တင္သြင္းခဲ့ေပမဲ့ တရားလိုဘက္က တင္သြင္းတဲ့ စာရြက္စာတမ္းေတြက အမႈနဲ႔ သက္ဆိုင္တဲ့ အခ်က္အလက္ေတြေရာ အမႈနဲ႔ မသက္ဆိုင္တာေတြေရာ ပါဝင္တယ္လို႔ ေဝဠဳေက်ာ္ရဲ႕ ေရွ႕ေနကေတာ့ ဆိုပါတယ္။ေဝဠဳေက်ာ္ရဲ႕ ေရွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးေဝျဖိဳးျမတ္က တရားလိုဘက္က တင္ျပခ်က္ကို ကန္႔ကြက္ေၾကာင္း ခုလို ေျပာသြားပါတယ္။



“တအားၾကီးမ်ားေနလို႔ တရားရံုးရဲ႕ အခ်ိန္ကို ေလးစားေသာအားျဖင့္ အပိုင္းေလးေတြခြဲျပီး တင္ေပးဖို႔ ကန္႔ကြက္တာပါ။ ဒါေပမဲ့ ဒါၾကီးက စပ္ဆိုင္ေနပါတယ္ ဆိုေတာ့ ေနာက္တစ္ပတ္မွ အမိန္႔ခ်မယ္လို႔ သိရပါတယ္။” လို႔ ဆုိပါတယ္။အမွန္တရား မေပၚမခ်င္း သက္ေသခံ ပစၥည္းေတြ တင္ေနမယ့္ အေၾကာင္းကိုေတာ့ အလွမယ္ သင္းသင္းက ခုလို ေျပာၾကားသြားပါတယ္။

“ညီမကေတာ့ ဒီအမႈကို ယံုၾကည္ထားတယ္ေပါ့ေနာ္။ ကိုယ့္ဘက္က လိမ္ျပီး တင္ထားတာ မဟုတ္သည့္အတြက္ ေဖ့စ္ဘြတ္မွာလည္း အေကာင့္တုေတြက အမ်ားၾကီး ကိုယ့္ကို တိုက္ခိုက္ေနၾကတယ္။ သိကၡာခ် ေနၾကတယ္။ သူတို႔ဘက္ကလည္း အမွန္တရား ေပ်ာက္ကြယ္မလားဆိုျပီး လုပ္တယ္။ ညီမကေတာ့ အမွန္တရား မေပၚမခ်င္း သက္ေသခံပစၥည္းကေတာ့ တင္ေနမွာပါ။” ဆိုျပီး ေျပာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


အလှမယ် သင်းသင်းက သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည် ရယူမှုနဲ့ တရားစွဲခဲ့ပြီး ဇန်နဝါရီလ (၈) ရက်နေ့က ပထမအကြိမ် ရုံးချိန်း စတင်ခဲ့ပါတယ်။ မေလ (၆) ရက်နေ့မှာတော့ (၇) ကြိမ်မြောက် ရုံးချိန်းအဖြစ် သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ကြားနာစစ်ဆေးခဲ့ပါတယ်။ ရုံးချိန်းမှာ တရားလို သင်းသင်းဘက်က ရှေ့နေက သင်းသင်းနဲ့ ဝေဠုကျော်တို့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်နဲ့ ဓာတ်ပုံတစ်ခုကို သက်သေခံအဖြစ် တင်သွင်းခဲ့ပါတယ်။

ဝေဠုကျော်နဲ့ ဖုန်းပြောထားတဲ့ အသံဖိုင်တွေကို ပြန်လည်ရေးထားသားတဲ့ စာရွက် (၂၃၅) ရွက်ကို လည်း သက်သေခံအဖြစ် တစ်ပါတည်း တင်သွင်းခဲ့ပေမဲ့ တရားလိုဘက်က တင်သွင်းတဲ့ စာရွက်စာတမ်းတွေက အမှုနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေရော အမှုနဲ့ မသက်ဆိုင်တာတွေရော ပါဝင်တယ်လို့ ဝေဠုကျော်ရဲ့ ရှေ့နေကတော့ ဆိုပါတယ်။ဝေဠုကျော်ရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဝေဖြိုးမြတ်က တရားလိုဘက်က တင်ပြချက်ကို ကန့်ကွက်ကြောင်း ခုလို ပြောသွားပါတယ်။

“တအားကြီးများနေလို့ တရားရုံးရဲ့ အချိန်ကို လေးစားသောအားဖြင့် အပိုင်းလေးတွေခွဲပြီး တင်ပေးဖို့ ကန့်ကွက်တာပါ။ ဒါပေမဲ့ ဒါကြီးက စပ်ဆိုင်နေပါတယ် ဆိုတော့ နောက်တစ်ပတ်မှ အမိန့်ချမယ်လို့ သိရပါတယ်။” လို့ ဆိုပါတယ်။အမှန်တရား မပေါ်မချင်း သက်သေခံ ပစ္စည်းတွေ တင်နေမယ့် အကြောင်းကိုတော့ အလှမယ် သင်းသင်းက ခုလို ပြောကြားသွားပါတယ်။

“ညီမကတော့ ဒီအမှုကို ယုံကြည်ထားတယ်ပေါ့နော်။ ကိုယ့်ဘက်က လိမ်ပြီး တင်ထားတာ မဟုတ်သည့်အတွက် ဖေ့စ်ဘွတ်မှာလည်း အကောင့်တုတွေက အများကြီး ကိုယ့်ကို တိုက်ခိုက်နေကြတယ်။ သိက္ခာချ နေကြတယ်။ သူတို့ဘက်ကလည်း အမှန်တရား ပျောက်ကွယ်မလားဆိုပြီး လုပ်တယ်။ ညီမကတော့ အမှန်တရား မပေါ်မချင်း သက်သေခံပစ္စည်းကတော့ တင်နေမှာပါ။” ဆိုပြီး ပြောသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top