




Credit:mmcelesmedia
# Unicode Version # ဖြင့် ဖတ်ပါ #


အိပ်မပျော်မျက်စိကြောင်ခြင်းဟာ တရုတ်လူမျိုးတွေရဲ့ အရှေ့တိုင်းဆေးဝါးဖြင့် ထိရောက်စွာ ကုသနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီအိပ်မပျော်မျက်စိကြောင်ခြင်းကို ပျောက်ဆုံးသွားစေမယ့်နည်းကြောင့် အိပ်ဆေး ဆေးပြားများပါ မေ့သွားပါလိမ့်မယ်။

တရုတ်ရိုးရာဆေးဝါးတွေဟာ သဘာဝပါဝင်ပစ္စည်းတွေနဲ့ အဓိကပြုလုပ်ထားတာကြောင့် အလွန်အမင်း ထိရောက်ကြပါတယ်။ ဒီအင်မတန် အကျိုးဖြစ်စေတဲ့ ရေနွေးကြမ်းက သဘာဝအိပ်ဆေးအဖြစ်သာမက ခန္ဓာကိုယ် တစ်ခုလုံးပါ ပိုမိုကျန်းမာစေပါတယ်။ အရသာကောင်းမွန်တဲ့ ဒီအရည်ကို ပျားရည်တချို့ထည့်လိုက်ပါက အရသာပိုကောင်းသွားအောင် ဖန်တီးနိုင်ပါတယ်။

လာဗင်ဒါရေမွှေးပွင့်ခြောက်
လတ်ဆတ်တဲ့ လိမ္မောသီးခွံ

ပြင်ဆင်ပုံပြင်ဆင်နည်း

ပါဝင်ပစ္စည်းအားလုံးကို ကြိတ်ချေပြီး ရောသမမွှေပါ။ အိပ်ပျော်စေတဲ့ ဒီရေနွေးကြမ်းဖော်စပ်ဖို့ ပွက်ပွက်ဆူနေတဲ့ ရေနွေးတစ်ခွက်ထဲ ထမင်းစားဇွန်း (၁) တစ်ဇွန်း ခပ်ထည့်ပါ။ လတ်ဆတ်တဲ့ လိမ္မော်သီးခွံ သုံးဖို့အရေးပါတယ်။ လိမ္မော်သီးခွံကို မသုံးခင် အရင်ဆေးကြောသန့်စင်ပါ။ ဒီအရှေ့တိုင်း အိပ်ဆေး တစ်ခွက်စာလေးအတွက် လိမ္မော်သီးခွံသေးလေး တစ်ခုဆိုရင် လုံလောက်ပါတယ်။ ဒါကို မအိပ်ခင် တစ်ခွက်သောက်ပေးရမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top