













Credit:Steven Zaya

#Unicode Version# ဖြင့်ဖတ်ပါ ။

မီးပွိုင့်မှာ ကိုယ့်ကိုကိုယ်သေကြောင်းကြံတဲ့သူ သူဘာကြောင့်သေချင်တာလဲပြောပြီ

၁.၅.၂၀၁၉နေ့က ကသာညဈေးတန်းပေါက်ဝမီးပွိုင့်မှာ ကိုယ့်ကိုကိုယ်သေကြောင်းကြံတဲ့သူအကြောင်း

သူဘာကြောင့်သေချင်တာလဲ

ဂွင်ဖန်တာလား အမျိုးမျိုးထင်ကြေးတွေပေးလာတော့ အတိအကျလေးဖြစ်အောင် စုံစမ်းပီး ရေးသားလိုက်ပါတယ်ခင်ဗျ

သူ့နာမည်က…ဦးစိုးညွန့် အသက်က ၅၂နှစ်

သားသမီးနှစ်ယောက်ရှိပါတယ် သမီးကအသက်၁၁နှစ်သားလေးက၇နှစ်ပါ သူတို့မိသားစုဟာမဘိမ်းမြို့နယ် ရွှေကျောင်းကုန်းကျေးရွာမှာနေထိုင်ကြပါတယ်

သူ့အမျိုးသမီးက သူ့သားအငယ်လေး၁နှစ်သားမှာ ဆုံးသွားပြီး သားသမီးတွေကိုလယ်ယာလုပ် ကြုံရာအလုပ်တွေလုပ်ပီးပြုစုပျိုးထောင် ပေးခဲ့တယ်…

အာ့လိုနဲ့ လွန်ခဲ့တဲ့၃လကျော်ကသူဟာအခင်းထဲသွားတဲ့လမ်းမှာ ဆိုင်ကယ်မှောက်ပြီးသူ့ညာဘက်ခြေဖနောင့်ရိုးကျိ ုးကြေသွားလို့ ဗန်းမော်ဆေးရုံမှာသွားရောက်ကုသခဲ့ပါတယ်

ငွေကြေးအခက်ခဲကြောင့် ဆေးရုံကဆင်းခဲ့ပြီးရွာပြန်ခဲ့အလုပ်ကမလုပ်နိုင်စားဝတ်နေရေးခက်ခဲလာနေတဲ့အချိန်😔

ငါးအိုးကျေးရွာမှာ သီလရှင်ဝတ်နေသောအမကြီးဖြစ်သူဒေါ်ရူပစံမှအလှူ ခံရသမျှလေးနဲ့ဆေးကုပေးဖို့ကသာကိုလေးယောက်စလုံးတက်လာကြပါတယ်…

ကသာဆေးရုံမှာဆေးကုသခံနေတုန်းသားလေးကိုခေါ်ရပ်ကွက်ထဲလှည့်လည်တောင်းစားရင်း အမဆွမ်းခံကြွေးတာလေးစားနေရတာစိတ်မကောင်းလို့ထင်ပါရဲ့

သူ့အမကိုလဲချစ်ကြောက်ရိုသေ ရောဂါဝေဒနာလဲခံစားရ သားသမီးတွေလဲစားချင်တိုင်းမစားရ အာ့ဘဝတွေကိုသူမခံစားနိုင်ပဲ ရူးမိုက်လိုက်ခြင်းဖြစ်မှာပါ သူ့ရဲ့ရူးမိုက်မှုဟာ တပါးသူပါဒုက္ခရောက်မယ်လို့ အာ့အချိန်သူစဉ်းစားမိရဲ့လား

ဘာပဲဖြစ်ဖြစ်မြန်မာလူမျိုးတွေရဲ့စာနာစိတ်ကလုပ်ယူစရာမလိုပါဘူးလေ

ခုလိုစိတ်ရှည်လက်ရှည်ပြောပြသော လူနာရှင်နဲ့မိသားစုကိုမနက်ညထမင်းကိုလူသားချင်းစာနာစွာကျွေးမွေးခဲ့သော ကသာ မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးအောင်အားလူနာရှင်ကိုယ်စားကျေးဇူးတင်လျှက်-

ဖိုးသူတော် (www.phothutaw.com)
Credit:Steven Zaya
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top