ထုိင္းႏုိင္ငံရဲ႕ ဘုရင္မင္းျမတ္ဟာ ၎ရဲ႕ လုံၿခံဳေရးတပ္ဖြဲ႔စု လက္ေထာက္အႀကီးအကဲကို လက္ထပ္ထားၿပီး မိဖုရားအရာ တင္ေျမွာက္လိုက္ၿပီ ျဖစ္ေၾကာင္း ေတာ္၀င္နန္းေတာ္က ေၾကညာပါတယ္။လာမယ့္ စေနေန႔မွာ စတင္က်င္းပမယ့္ နန္းတက္ပြဲ မတုိင္ခင္ ရက္ပုိင္္းအလိုမွာ ခုလို အံ့အားသင့္စဖြယ္ ေၾကညာလာတာပဲ ျဖစ္ပါတယ္။သက္ေတာ္ ၆၆ ႏွစ္ရွိၿပီျဖစ္တဲ့ ဘုရင္ မဟာ၀ါဇီရေလာင္ကြန္းဟာ ၂၀၁၆ ခုႏွစ္က ခမည္းေတာ္ ဘုရင္ႀကီး ဘူမိေဘာ နတ္ရြာစံၿပီးေနာက္မွာ အ႐ုိက္အရာ ဆက္ခံၿပီး ထီးနန္းစိုးစံလာခဲ့တာပါ။

ဘုရင္ဟာ အရင္္က အိမ္ေထာင္သုံးဆက္ ျပဳခဲ့ၿပီး ကြာရွင္းခဲ့ရတာ ျဖစ္ကာ ကေလး ခုနစ္ဦး ထြန္းကားခဲ့ပါတယ္။ေတာ္၀င္စစ္တပ္မွာ ဗုိလ္ခ်ဳပ္ႀကီးအဆင့္ရွိတဲ့ စုသီဒါ၀ါဇီရေလာင္ကြန္းနာအယုဒၶယဟာ ဘုရင္ရဲ႕ ၾကင္ယာေတာ္အျဖစ္ ကာလရွည္ ရွိေနခ့ဲတာ ျဖစ္ၿပီး ခုအခါမွာေတာ့ မိဖုရား စုသီဒါအျဖစ္ တင္ေျမွာက္ခံရတာေၾကာင့္ သူ႔အေနနဲ႔ ေတာ္၀င္ဘြဲ႔ခံရမွာ ျဖစ္သလို ေတာ္၀င္မိသားစု၀င္လည္း ျဖစ္လာမွာ ျဖစ္ပါတယ္။

မိဖုရား စုသီဒါဟာ ဘုရင္ ၀ါဇီရေလာင္ကြန္းရဲ႕ ေရရွည္္ လက္တြဲေဖာ္အျဖစ္ ရွိေနခဲ့ၿပီး လူျမင္ကြင္းမွာ ဘုရင္နဲ႔ အတူ ေတြ႔ျမင္ေနရတာပါ။ သူတို႔ႏွစ္ဦးၾကား ဆက္ဆံေရးကို တရား၀င္ ၀န္ခံေျပာဆိုတာ မရွိေပမယ့္ လူျမင္သူျမင္ တြဲေနခဲ့ၾကတာပဲ ျဖစ္ပါတယ္။လက္ထပ္ထိမ္းျမားၿပီး မိဖုရားအရာ တင္ေျမွာက္ပြဲကို ဗုဒၶဟူးေန႔က ထုိင္း႐ုပ္ျမင္သံၾကားခ်န္နယ္ကေန ထုတ္လႊင့္ျပသခဲ့ပါတယ္။ ဒီအခမ္းအနားပြဲမွာ ေတာ္၀န္မိသားစုေတြနဲ႔ နန္းေတာ္ အႀကံေပးေတြကို တက္ေရာက္သူေတြအျဖစ္ ျမင္ေတြ႔ရပါတယ္။

ဘုရင္ဟာ မိဖုရားစုသီဒါရဲ႕ ဦးေခါင္းေပၚ ဘိသက္ေရစင္ သြန္းေလာင္းပါတယ္။ ဒီေနာက္မွာ လက္ထပ္မွတ္ပုံတင္မွာ ႏွစ္ဦး လက္မွတ္ေရးထုိးလိုက္တာ ျဖစ္ပါတယ္။Thai Airways ေလေၾကာင္းလိုင္းရဲ႕ ေလယာဥ္မယ္ေဟာင္းတစ္ဦးျဖစ္တဲ့ မိဖုရား စုသီဒါကို ၂၀၁၄ ခုႏွစ္က ဘုရင္က သူ႔ကိုယ္ရံေတာ္တပ္ရဲ႕ လက္ေထာက္အႀကီီးအကဲအျဖစ္ ခန္႔အပ္ခဲ့တာပါ။ ၂၀၁၆ ဒီဇင္ဘာမွာလည္း စစ္တပ္ရဲ႕ တင္းျပည့္ဗိုလ္ခ်ဳပ္ႀကီးအျဖစ္ ဘုရင္က ခန္႔အပ္ျပန္္ပါတယ္။အရင္ ဘုရင္ႀကီး ဘူမိေဘာဟာ နန္းစံသက္ ၇၀ နီးပါး ရွိခဲ့ၿပီး ၂၀၁၆ နတ္ရြာစံခ်ိန္မွာ ကမာၻ႔မွာ သက္တမ္းအရွည္ၾကာဆုံး ထီးနန္းစိုးစံတဲ့ ဘုရင္ႀကီးအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေမာင္သံဆင့္

#Unicode Version# ျဖင့္ဖတ္ပါ ။

ထိုင်းနိုင်ငံရဲ့ ဘုရင်မင်းမြတ်ဟာ ၎င်းရဲ့ လုံခြုံရေးတပ်ဖွဲ့စု လက်ထောက်အကြီးအကဲကို လက်ထပ်ထားပြီး မိဖုရားအရာ တင်မြှောက်လိုက်ပြီ ဖြစ်ကြောင်း တော်ဝင်နန်းတော်က ကြေညာပါတယ်။လာမယ့် စနေနေ့မှာ စတင်ကျင်းပမယ့် နန်းတက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ ခုလို အံ့အားသင့်စဖွယ် ကြေညာလာတာပဲ ဖြစ်ပါတယ်။သက်တော် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဘုရင် မဟာဝါဇီရလောင်ကွန်းဟာ ၂၀၁၆ ခုနှစ်က ခမည်းတော် ဘုရင်ကြီး ဘူမိဘော နတ်ရွာစံပြီးနောက်မှာ အရိုက်အရာ ဆက်ခံပြီး ထီးနန်းစိုးစံလာခဲ့တာပါ။

ဘုရင်ဟာ အရင်က အိမ်ထောင်သုံးဆက် ပြုခဲ့ပြီး ကွာရှင်းခဲ့ရတာ ဖြစ်ကာ ကလေး ခုနစ်ဦး ထွန်းကားခဲ့ပါတယ်။တော်ဝင်စစ်တပ်မှာ ဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့ စုသီဒါဝါဇီရလောင်ကွန်းနာအယုဒ္ဓယဟာ ဘုရင်ရဲ့ ကြင်ယာတော်အဖြစ် ကာလရှည် ရှိနေခဲ့တာ ဖြစ်ပြီး ခုအခါမှာတော့ မိဖုရား စုသီဒါအဖြစ် တင်မြှောက်ခံရတာကြောင့် သူ့အနေနဲ့ တော်ဝင်ဘွဲ့ခံရမှာ ဖြစ်သလို တော်ဝင်မိသားစုဝင်လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

မိဖုရား စုသီဒါဟာ ဘုရင် ဝါဇီရလောင်ကွန်းရဲ့ ရေရှည် လက်တွဲဖော်အဖြစ် ရှိနေခဲ့ပြီး လူမြင်ကွင်းမှာ ဘုရင်နဲ့ အတူ တွေ့မြင်နေရတာပါ။ သူတို့နှစ်ဦးကြား ဆက်ဆံရေးကို တရားဝင် ဝန်ခံပြောဆိုတာ မရှိပေမယ့် လူမြင်သူမြင် တွဲနေခဲ့ကြတာပဲ ဖြစ်ပါတယ်။လက်ထပ်ထိမ်းမြားပြီး မိဖုရားအရာ တင်မြှောက်ပွဲကို ဗုဒ္ဓဟူးနေ့က ထိုင်းရုပ်မြင်သံကြားချန်နယ်ကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒီအခမ်းအနားပွဲမှာ တော်ဝန်မိသားစုတွေနဲ့ နန်းတော် အကြံပေးတွေကို တက်ရောက်သူတွေအဖြစ် မြင်တွေ့ရပါတယ်။

ဘုရင်ဟာ မိဖုရားစုသီဒါရဲ့ ဦးခေါင်းပေါ် ဘိသက်ရေစင် သွန်းလောင်းပါတယ်။ ဒီနောက်မှာ လက်ထပ်မှတ်ပုံတင်မှာ နှစ်ဦး လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။Thai Airways လေကြောင်းလိုင်းရဲ့ လေယာဉ်မယ်ဟောင်းတစ်ဦးဖြစ်တဲ့ မိဖုရား စုသီဒါကို ၂၀၁၄ ခုနှစ်က ဘုရင်က သူ့ကိုယ်ရံတော်တပ်ရဲ့ လက်ထောက်အကြီးအကဲအဖြစ် ခန့်အပ်ခဲ့တာပါ။ ၂၀၁၆ ဒီဇင်ဘာမှာလည်း စစ်တပ်ရဲ့ တင်းပြည့်ဗိုလ်ချုပ်ကြီးအဖြစ် ဘုရင်က ခန့်အပ်ပြန်ပါတယ်။အရင် ဘုရင်ကြီး ဘူမိဘောဟာ နန်းစံသက် ၇၀ နီးပါး ရှိခဲ့ပြီး ၂၀၁၆ နတ်ရွာစံချိန်မှာ ကမ္ဘာ့မှာ သက်တမ်းအရှည်ကြာဆုံး ထီးနန်းစိုးစံတဲ့ ဘုရင်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  မောင်သံဆင့်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top